ဝဒေသအတွင်းသေဒဏ်ချမှတ်ခံရသူ (၂) ဦးမှာ အသက်မပြည့်သေးသူများဖြစ်နေ

 514

သန့်မင်းအိမ်(NP News)-ဖေဖော်ဝါရီ ၇
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မိုင်းပေါက်ခရိုင်အတွင်း တက္ကစီယာဉ်မောင်းတစ်ဦးကို သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်မှု ကျူးလွန်ခဲ့သည့် လူငယ် ၃ ဦးအား ထဲမှအဓိကကျူးလွန်သူ လူငယ် ၂ ဦးကို သေဒဏ် ချမှတ်လိုက်ကြောင်း ဝ"ပြည်နယ်တရားစီရင်ရေးကော်မတီ-WSP ၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။
လွန်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် တရားခံ ၃ ဦးဖြစ်သော ပေါက်ယန့်ကွမ်း (Bao Yanguang) ၊ကျာပျယ် (Zhao Bie) နှင့် ပေါက်ရှီးလိုင် (Bao Xilai) တို့သည် လောင်းကစားအကြွေးများ တင်ရှိနေသဖြင့် ငွေကြေးလုယက်ရန် ကြံစည်ခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။
၎င်းတို့သည် တက္ကစီငှားရမ်းစီးနင်းဟန်ဆောင်ကာ ယာဉ်မောင်းဖြစ်သူကို လူသူကင်းဝေးသည့်နေရာသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် လည်ပင်းညှစ်၍ အကြမ်းဖက်လုယက်ခဲ့ကြပြီး ထိုသို့ လုယက်စဉ် ယာဉ်မောင်းက အပြင်းအထန် ခုခံသည့်အတွက် တရားခံ ၃ ဦးက ဝိုင်းဝန်းသတ်ဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
လူသတ်မှုကျူးလွန်ပြီးနောက် တရားခံများသည် သေဆုံးသူပိုင်ဆိုင်သည့် တရုတ်ငွေ ယွမ် (၇၀၀) ကို လုယူခဲ့ကြပြီး ပြစ်မှုကို ဖုံးကွယ်ရန်အတွက် အလောင်းအား စွန့်ပစ်ဖျောက်ဖျက်ခြင်း၊ မော်တော်ယာဉ်အမှတ်အသားများ ဖျက်ဆီးခြင်းနှင့် သေဆုံးသူ၏ အသုံးအဆောင်ပစ္စည်းများကို လွှင့်ပစ်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးချက်များအရ သိရကြောင်း WSP ကထုတ်ပြန်ထားသည်။
WSP ၏ ထုတ်ပြန်ချက်အရ အမှုတွင် အဓိကဦးဆောင်ကြံစည်သူများဖြစ်သည့် ပေါက်ယန့်ကွမ်း (Bao Yanguang) နှင့် ကျာပျယ် (Zhao Bie) တို့ကို "သေဒဏ်" ချမှတ်လိုက်ပြီး၊ ကျန်တရားခံတစ်ဦးဖြစ်သူ ပေါက်ရှီးလိုင် (Bao Xilai) ကိုမူ ထောင်ဒဏ်"တစ်သက်တစ်ကျွန်း" ပြစ်ဒဏ် ချမှတ်ခဲ့သည်။
သေဒဏ်ချမှတ်ခံရသူ ၂ ဦးမှာ အသက် (၁၇) နှစ်အရွယ်များ ဖြစ်နေသော်လည်း ကျူးလွန်သည့် ရာဇဝတ်မှုမှာ အလွန်ရက်စက်ကြမ်းကြုတ်သည့်အတွက် ယခုကဲ့သို့ ပြင်းထန်သော ပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ယခုဖြစ်စဉ်သည် လူငယ်များအကြား ဥပဒေအသိနှင့် မိသားစုဆုံးမမှု လိုအပ်နေခြင်းကို ထင်ဟပ်နေသည်" ဟု WSP က ဝေဖန်ပြောကြားထားပြီး မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ ဥပဒေချိုးဖောက်ပါက ဆင်ခြေပေး၍မရဘဲ ပြင်းထန်စွာ ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားကြောင်း သိရသည်။

Zawgyi Version:
ဝေဒသအတြင္းေသဒဏ္ခ်မွတ္ခံရသူ (၂) ဦးမွာ အသက္မျပည့္ေသးသူမ်ားျဖစ္ေန
သန႔္မင္းအိမ္(NP News)-ေဖေဖာ္ဝါရီ ၇
"ဝ" ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း၊ မိုင္းေပါက္ခ႐ိုင္အတြင္း တကၠစီယာဥ္ေမာင္းတစ္ဦးကို သတ္ျဖတ္ကာ အေလာင္းေဖ်ာက္ဖ်က္မႈ က်ဴးလြန္ခဲ့သည့္ လူငယ္ ၃ ဦးအား ထဲမွအဓိကက်ဴးလြန္သူ လူငယ္ ၂ ဦးကို ေသဒဏ္ ခ်မွတ္လိုက္ေၾကာင္း ဝ"ျပည္နယ္တရားစီရင္ေရးေကာ္မတီ-WSP ၏ ယေန႔ထုတ္ျပန္ခ်က္အရ သိရသည္။
လြန္ခဲ့သည့္ ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ ၁၂ ရက္ေန႔တြင္ တရားခံ ၃ ဦးျဖစ္ေသာ ေပါက္ယန႔္ကြမ္း (Bao Yanguang) ၊က်ာပ်ယ္ (Zhao Bie) ႏွင့္ ေပါက္ရွီးလိုင္ (Bao Xilai) တို႔သည္ ေလာင္းကစားအေႂကြးမ်ား တင္ရွိေနသျဖင့္ ေငြေၾကးလုယက္ရန္ ႀကံစည္ခဲ့ၾကေၾကာင္း ထုတ္ျပန္ထားသည္။
၎တို႔သည္ တကၠစီငွားရမ္းစီးနင္းဟန္ေဆာင္ကာ ယာဥ္ေမာင္းျဖစ္သူကို လူသူကင္းေဝးသည့္ေနရာသို႔ ေခၚေဆာင္သြားခဲ့ၿပီးေနာက္ လည္ပင္းညႇစ္၍ အၾကမ္းဖက္လုယက္ခဲ့ၾကၿပီး ထိုသို႔ လုယက္စဥ္ ယာဥ္ေမာင္းက အျပင္းအထန္ ခုခံသည့္အတြက္ တရားခံ ၃ ဦးက ဝိုင္းဝန္းသတ္ျဖတ္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
လူသတ္မႈက်ဴးလြန္ၿပီးေနာက္ တရားခံမ်ားသည္ ေသဆုံးသူပိုင္ဆိုင္သည့္ တ႐ုတ္ေငြ ယြမ္ (၇၀၀) ကို လုယူခဲ့ၾကၿပီး ျပစ္မႈကို ဖုံးကြယ္ရန္အတြက္ အေလာင္းအား စြန႔္ပစ္ေဖ်ာက္ဖ်က္ျခင္း၊ ေမာ္ေတာ္ယာဥ္အမွတ္အသားမ်ား ဖ်က္ဆီးျခင္းႏွင့္ ေသဆုံးသူ၏ အသုံးအေဆာင္ပစၥည္းမ်ားကို လႊင့္ပစ္ျခင္းတို႔ လုပ္ေဆာင္ခဲ့ေၾကာင္း စုံစမ္းစစ္ေဆးခ်က္မ်ားအရ သိရေၾကာင္း WSP ကထုတ္ျပန္ထားသည္။
WSP ၏ ထုတ္ျပန္ခ်က္အရ အမႈတြင္ အဓိကဦးေဆာင္ႀကံစည္သူမ်ားျဖစ္သည့္ ေပါက္ယန႔္ကြမ္း (Bao Yanguang) ႏွင့္ က်ာပ်ယ္ (Zhao Bie) တို႔ကို "ေသဒဏ္" ခ်မွတ္လိုက္ၿပီး၊ က်န္တရားခံတစ္ဦးျဖစ္သူ ေပါက္ရွီးလိုင္ (Bao Xilai) ကိုမူ ေထာင္ဒဏ္"တစ္သက္တစ္ကြၽန္း" ျပစ္ဒဏ္ ခ်မွတ္ခဲ့သည္။
ေသဒဏ္ခ်မွတ္ခံရသူ ၂ ဦးမွာ အသက္ (၁၇) ႏွစ္အ႐ြယ္မ်ား ျဖစ္ေနေသာ္လည္း က်ဴးလြန္သည့္ ရာဇဝတ္မႈမွာ အလြန္ရက္စက္ၾကမ္းၾကဳတ္သည့္အတြက္ ယခုကဲ့သို႔ ျပင္းထန္ေသာ ျပစ္ဒဏ္ကို ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
"ယခုျဖစ္စဥ္သည္ လူငယ္မ်ားအၾကား ဥပေဒအသိႏွင့္ မိသားစုဆုံးမမႈ လိုအပ္ေနျခင္းကို ထင္ဟပ္ေနသည္" ဟု WSP က ေဝဖန္ေျပာၾကားထားၿပီး မည္သည့္အေၾကာင္းျပခ်က္ျဖင့္ျဖစ္ေစ ဥပေဒခ်ိဳးေဖာက္ပါက ဆင္ေျခေပး၍မရဘဲ ျပင္းထန္စြာ ဆက္လက္ႏွိမ္နင္းသြားမည္ျဖစ္ေၾကာင္း သတိေပးထုတ္ျပန္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.