ရန်ကုန် လောင်စာတောင့်ဈေးကွက်တွင် သိန်းရာချီအထိရင်းသည့် လုပ်ငန်းရှင်များရှိလာ

749

ထိုက်စံ(NP News)-ဇန်နဝါရီ-၇
ရန်ကုန်မြို့တွင် လောင်စာတောင့်ဈေး ကွက်တွင်ကျယ်လာပြီး သိန်းရာနှင့်ချီရင်းနှီးသည့် စီးပွားရေးလုပ်ငန်းရှင် များပြားလာကြောင်း လောင်စာတောင့်လုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသောက်ဆိုင်လုပ်ငန်းများတွင် မီးသွေးအစား ဈေးနှုန်း သက်သာ၍ တာရှည်ခံသည့်အတွက် လောင်စာတောင့်ကို ပိုမိုသုံးစွဲလာကြကြောင်း သိရ သည်။
‘သုံးတဲ့လူကလည်းတစ်နှစ်ထက်တစ်နှစ်ကို ပိုများလာတယ်။ ရန်ကုန်မြို့မှာ ရွှေ့ပြောင်းလူဦး ရေက များများ လာတာကိုး။ အဲဒီရွှေ့ပြောင်းလူဦးရေ များလာတဲ့နေရာမှာ လက်ဖက်ရည်ဆိုင်၊ စားသောက် ဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ အကြော်အလှော်ဆိုင်စတဲ့ နေရာတိုင်းမှာ သူကလိုက်လိုက်လာမှာလေ။ မီးသွေးက ကုန်တာလည်းမြန်တယ်။ လောင်စာ တောင့်မီးသွေး ကျတော့ တော်တော်ကိုကောင်းတဲ့ လောင်စာတောင့် ဆိုရင် ညဦးပိုင်းမှာထည့်ထားလို့ရှိရင် မနက် လောက် အထိတောင် မီးက မသေဘူးလေ။ မနက်ကျရင် မီးဖို မှာကြည့်လိုက်လို့ရှိရင် မီးက ရဲနေအောင်ကျန်သေး တယ်။ အဲဒါကြောင့် ဒီပစ္စည်းကို ပိုပိုပြီးတော့ သုံးလာတယ်’ဟု ၎င်းကပြောသည်။ လက်ရှိ လောင်စာ တောင့်၏ဈေးနှုန်းသည် (၁၀)ပိဿာ (၁)အိတ်လျှင် (၁၅၀ဝဝ)ကျပ်ဖြစ်ပြီး မီးသွေးသည် (၁၀)ပိဿာလျှင် (၂၅၀ဝဝ)ကျပ်ရှိ ကြောင်းသိရသည်။
လောင်စာတောင့်များကို အသုံးပြုမှုများ ပြားလာသည်နှင့်အမျှ ထုတ်လုပ်မှုလည်း များပြားလာပြီး တစ်နိုင် တစ်ပိုင်လုပ်ကိုင်သည့်လုပ်ငန်းရှင်များအပြင် ငွေလုံးငွေရင်းအများအပြားဖြင့် ရင်းနှီးလုပ်ကိုင် လာသည့်လုပ်ငန်းရှင်များ လည်း တိုးပွားလာကြောင်း သိရသည်။ ‘လုပ်တဲ့လုပ်ငန်းရှင်လေးတွေလည်းများလာတယ်။ ဒီနှစ်ပိုင်းဆိုရင် သိန်းပေါင်း များစွာရင်းပြီးတော့ကို လုပ်ငန်းရှင်တွေက လုပ်လာတာကိုး။ အရင် ပြီးခဲ့တဲ့နှစ်တွေကျတော့ မိသားစုတစ်ပိုင်တစ်နိုင်ပဲ လုပ်ကြတာ။ အခုကျတော့ သိန်းပေါင်းများစွာရင်းပြီးတော့ လုပ်ငန်းရှင်ကြီးတွေတောင်လုပ်လာတာကိုး’ဟု ၎င်းက ပြောသည်။
ယခုနှစ်အတွင်း လောင်စာတောင့်လုပ်ကိုင် မှုပိုမိုများပြားလာသဖြင့် ကုန်ကြမ်းပစ္စည်းပြတ်လပ် သောကြောင့် ဈေးကြီးပေး၍ ဝယ်ယူလုပ်ကိုင်နေရ ကြောင်းသိရသည်။
လောင်စာတောင့်လုပ်ငန်းအများစုမှာ လှိုင်သာယာမြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)တို့တွင် လုပ်ကိုင်လျက်ရှိပြီး လောင်စာတောင့်လုပ်ငန်းသည် ရာသီမရွေးလည်ပတ် နိုင်သော်လည်း မိုးရာသီတွင် အခြောက်ခံရန်အခက် အခဲများရှိသဖြင့် ပွင့်လင်းရာသီတွင် ကြိုတင်၍ လောင်စာတောင့်များကို စုဆောင်း ထုတ်လုပ်ခြင်းဖြင့် လည်ပတ်နေကြောင်းသိရသည်။

Zawgyi Version:
ရန္ကုန္ ေလာင္စာေတာင့္ေဈးကြက္တြင္ သိန္းရာခ်ီအထိရင္းသည့္ လုပ္ငန္းရွင္မ်ားရွိလာ
ထိုက္စံ(NP News)-ဇန္နဝါရီ-၇
ရန္ကုန္ၿမိဳ႕တြင္ ေလာင္စာေတာင့္ေဈး ကြက္တြင္က်ယ္လာၿပီး သိန္းရာႏွင့္ခ်ီရင္းႏွီးသည့္ စီးပြားေရးလုပ္ငန္းရွင္ မ်ားျပားလာေၾကာင္း ေလာင္စာေတာင့္လုပ္ငန္းရွင္တစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ စားေသာက္ဆိုင္လုပ္ငန္းမ်ားတြင္ မီးေသြးအစား ေဈးႏႈန္း သက္သာ၍ တာရွည္ခံသည့္အတြက္ ေလာင္စာေတာင့္ကို ပိုမိုသုံးစြဲလာၾကေၾကာင္း သိရ သည္။
‘သုံးတဲ့လူကလည္းတစ္ႏွစ္ထက္တစ္ႏွစ္ကို ပိုမ်ားလာတယ္။ ရန္ကုန္ၿမိဳ႕မွာ ေ႐ႊ႕ေျပာင္းလူဦး ေရက မ်ားမ်ား လာတာကိုး။ အဲဒီေ႐ႊ႕ေျပာင္းလူဦးေရ မ်ားလာတဲ့ေနရာမွာ လက္ဖက္ရည္ဆိုင္၊ စားေသာက္ ဆိုင္၊ မုန႔္ဟင္းခါးဆိုင္၊ အေၾကာ္အေလွာ္ဆိုင္စတဲ့ ေနရာတိုင္းမွာ သူကလိုက္လိုက္လာမွာေလ။ မီးေသြးက ကုန္တာလည္းျမန္တယ္။ ေလာင္စာ ေတာင့္မီးေသြး က်ေတာ့ ေတာ္ေတာ္ကိုေကာင္းတဲ့ ေလာင္စာေတာင့္ ဆိုရင္ ညဦးပိုင္းမွာထည့္ထားလို႔ရွိရင္ မနက္ ေလာက္ အထိေတာင္ မီးက မေသဘူးေလ။ မနက္က်ရင္ မီးဖို မွာၾကည့္လိုက္လို႔ရွိရင္ မီးက ရဲေနေအာင္က်န္ေသး တယ္။ အဲဒါေၾကာင့္ ဒီပစၥည္းကို ပိုပိုၿပီးေတာ့ သုံးလာတယ္’ဟု ၎ကေျပာသည္။ လက္ရွိ ေလာင္စာ ေတာင့္၏ေဈးႏႈန္းသည္ (၁၀)ပိႆာ (၁)အိတ္လွ်င္ (၁၅၀ဝဝ)က်ပ္ျဖစ္ၿပီး မီးေသြးသည္ (၁၀)ပိႆာလွ်င္ (၂၅၀ဝဝ)က်ပ္ရွိ ေၾကာင္းသိရသည္။
ေလာင္စာေတာင့္မ်ားကို အသုံးျပဳမႈမ်ား ျပားလာသည္ႏွင့္အမွ် ထုတ္လုပ္မႈလည္း မ်ားျပားလာၿပီး တစ္ႏိုင္ တစ္ပိုင္လုပ္ကိုင္သည့္လုပ္ငန္းရွင္မ်ားအျပင္ ေငြလုံးေငြရင္းအမ်ားအျပားျဖင့္ ရင္းႏွီးလုပ္ကိုင္ လာသည့္လုပ္ငန္းရွင္မ်ား လည္း တိုးပြားလာေၾကာင္း သိရသည္။ ‘လုပ္တဲ့လုပ္ငန္းရွင္ေလးေတြလည္းမ်ားလာတယ္။ ဒီႏွစ္ပိုင္းဆိုရင္ သိန္းေပါင္း မ်ားစြာရင္းၿပီးေတာ့ကို လုပ္ငန္းရွင္ေတြက လုပ္လာတာကိုး။ အရင္ ၿပီးခဲ့တဲ့ႏွစ္ေတြက်ေတာ့ မိသားစုတစ္ပိုင္တစ္ႏိုင္ပဲ လုပ္ၾကတာ။ အခုက်ေတာ့ သိန္းေပါင္းမ်ားစြာရင္းၿပီးေတာ့ လုပ္ငန္းရွင္ႀကီးေတြေတာင္လုပ္လာတာကိုး’ဟု ၎က ေျပာသည္။
ယခုႏွစ္အတြင္း ေလာင္စာေတာင့္လုပ္ကိုင္ မႈပိုမိုမ်ားျပားလာသျဖင့္ ကုန္ၾကမ္းပစၥည္းျပတ္လပ္ ေသာေၾကာင့္ ေဈးႀကီးေပး၍ ဝယ္ယူလုပ္ကိုင္ေနရ ေၾကာင္းသိရသည္။
ေလာင္စာေတာင့္လုပ္ငန္းအမ်ားစုမွာ လႈိင္သာယာၿမိဳ႕နယ္၊ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္ႏွင့္ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)တို႔တြင္ လုပ္ကိုင္လ်က္ရွိၿပီး ေလာင္စာေတာင့္လုပ္ငန္းသည္ ရာသီမေ႐ြးလည္ပတ္ ႏိုင္ေသာ္လည္း မိုးရာသီတြင္ အေျခာက္ခံရန္အခက္ အခဲမ်ားရွိသျဖင့္ ပြင့္လင္းရာသီတြင္ ႀကိဳတင္၍ ေလာင္စာေတာင့္မ်ားကို စုေဆာင္း ထုတ္လုပ္ျခင္းျဖင့္ လည္ပတ္ေနေၾကာင္းသိရသည္။