ရုရှားနှင့် အမေရိကန် နျူလျှော့ချရေးစာချုပ် (New START) သက်တမ်းကုန်ခြင်းသည် စစ်အေးခေတ်အလွန် လုံခြုံရေးအပြီးသတ်ပြိုလဲခြင်းဖြစ်

 283

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၇

အမေရိကန်နှင့် ရုရှားတို့ကြား နောက်ဆုံး လက်ကျန် မဟာဗျူဟာမြောက် နျူကလီးယား လက် နက်လျှော့ချရေး စာချုပ် (New START) သက်တမ်း ကုန်ဆုံးသွားခြင်းသည် စစ်အေးခေတ်လွန် လုံခြုံရေး ၏အပြီးသတ်ပြိုလဲမှုကိုဖော်ပြ နေကြောင်းသိရသည်။
ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂေး ရီယာကော့ဗ်၏ ‘ထိန်းချုပ်မှုမရှိသော ကမ္ဘာအတွက် အသင့်ရှိသည်’ ဟူသော မှတ်ချက်သည် သံတမန် ရေးစကားလုံးသက်သက် မဟုတ်ဘဲ ရုရှား၏နျူကလီးယား ကြေညာစာတမ်း အပြောင်းအလဲကို ဖော်ပြနေခြင်းလည်း ဖြစ်သည်။
New START ၏ သဘောတူညီများထဲတွင် နျူကလီးယားလက်နက်အရေအတွက် (၁,၅၅၀) အထိသာ ပိုင်ဆိုင် ထားရန် ကန့်သတ်ချက်ရှိနေပြီး နှစ်နိုင်ငံကြားအပြန်အလှန် စစ်ဆေးခွင့်ရှိကြောင်း သိရသည်။ ယခင်က ရုရှားနှင့် အမေရိကန်နိုင်ငံကြား ဒုံးကျည်တည်နေရာ၊ စမ်းသပ်မှုနှင့် ပြောင်းရွှေ့မှုများကို (၆) လတစ်ကြိမ် အချက်အလက် ဖလှယ်ခဲ့သော်လည်း လက်ရှိအချိန်တွင် အဆိုပါလမ်းကြောင်း ပြတ်တောက် သွားပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ သဘောတူစာချုပ် ရပ်ဆိုင်းသွားခြင်းကြောင့် အမေရိကန်နှင့်ရုရှားတို့သည် အခြား နိုင်ငံ၏လုပ်ဆောင် ချက်ကိုခန့်မှန်းရန် ဂြိုဟ်တုနှင့် အီလက်ထရွန်နစ် ထောက်လှမ်းရေး (SIGINT) ကိုသာ အားကိုးရဖွယ်ရှိနေသည်။ နျူကလီးယား လက်နက်ပိုင်မှု စာချုပ်သက်တမ်းကုန်ဆုံးသွားသည့်အတွက် အမေရိကန်နှင့် ရုရှားနိုင်ငံတို့သည် ICBM တိုက်ချင်းပစ် ဒုံးကျည်များတွင် ထိပ်ဖူးများကို လိုသလို တိုး မြှင့်တပ်ဆင်ခွင့်ရရှိသွားကြောင်း သိရသည်။
ရုရှား၏ Sarmat (Satan-II) ကဲ့သို့သော လေးလံသော တိုက်ချင်းပစ် ဒုံးကျည် ICBM ကြီးများသည် စာချုပ်ကန့်သတ်ချက်ကြောင့် ထိပ်ဖူးအ နည်းငယ်သာ သယ်ဆောင်ထားသော်လည်း လက်ရှိအချိန်တွင် အဆိုပါ ဒုံးကျည်၏စွမ်းရည်အပြည့် ဖြစ်စေရန် ထိပ်ဖူး (၁၀) ခုနှင့်အထက်တပ်ဆင်လာဖွယ် ရှိနေကြောင်း သုံးသပ်မှုများရှိနေ သည်။ နျူကလီးယား လက်နက်လျှော့ချရေး သဘောတူစာချုပ် New START မရှိတော့သည့်အတွက် အမေရိကန်သည် ရုရှားနှင့်တရုတ် နှစ်နိုင်ငံပေါင်း၏ ခြိမ်းခြောက်မှုကို ဟန်ချက်ညီစေရန် ၎င်း၏ နျူကလီးယားအင်အားကို အရှိန်မြှင့် တင်ဖွယ် ရှိနေကြောင်း သိရသည်။
New START သဘောတူစာချုပ်သက် တမ်းကုန်ဆုံးခြင်းသည် “လက်နက်ထိန်းချုပ်ရေး ခေတ်” Era of Arms Control တရားဝင် ပြီးဆုံးခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version;
႐ုရွားႏွင့္ အေမရိကန္ န်ဴေလွ်ာ့ခ်ေရးစာခ်ဳပ္ (New START) သက္တမ္းကုန္ျခင္းသည္ စစ္ေအးေခတ္အလြန္ လုံၿခဳံေရးအၿပီးသတ္ၿပိဳလဲျခင္းျဖစ္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၇

အေမရိကန္ႏွင့္ ႐ုရွားတို႔ၾကား ေနာက္ဆုံး လက္က်န္ မဟာဗ်ဴဟာေျမာက္ န်ဴကလီးယား လက္ နက္ေလွ်ာ့ခ်ေရး စာခ်ဳပ္ (New START) သက္တမ္း ကုန္ဆုံးသြားျခင္းသည္ စစ္ေအးေခတ္လြန္ လုံၿခဳံေရး ၏အၿပီးသတ္ၿပိဳလဲမႈကိုေဖာ္ျပ ေနေၾကာင္းသိရသည္။
႐ုရွား ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂး ရီယာေကာ့ဗ္၏ ‘ထိန္းခ်ဳပ္မႈမရွိေသာ ကမာၻအတြက္ အသင့္ရွိသည္’ ဟူေသာ မွတ္ခ်က္သည္ သံတမန္ ေရးစကားလုံးသက္သက္ မဟုတ္ဘဲ ႐ုရွား၏န်ဴကလီးယား ေၾကညာစာတမ္း အေျပာင္းအလဲကို ေဖာ္ျပေနျခင္းလည္း ျဖစ္သည္။
New START ၏ သေဘာတူညီမ်ားထဲတြင္ န်ဴကလီးယားလက္နက္အေရအတြက္ (၁,၅၅၀) အထိသာ ပိုင္ဆိုင္ ထားရန္ ကန႔္သတ္ခ်က္ရွိေနၿပီး ႏွစ္ႏိုင္ငံၾကားအျပန္အလွန္ စစ္ေဆးခြင့္ရွိေၾကာင္း သိရသည္။ ယခင္က ႐ုရွားႏွင့္ အေမရိကန္ႏိုင္ငံၾကား ဒုံးက်ည္တည္ေနရာ၊ စမ္းသပ္မႈႏွင့္ ေျပာင္းေ႐ႊ႕မႈမ်ားကို (၆) လတစ္ႀကိမ္ အခ်က္အလက္ ဖလွယ္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ အဆိုပါလမ္းေၾကာင္း ျပတ္ေတာက္ သြားၿပီျဖစ္ေၾကာင္းသိရသည္။
အဆိုပါ သေဘာတူစာခ်ဳပ္ ရပ္ဆိုင္းသြားျခင္းေၾကာင့္ အေမရိကန္ႏွင့္႐ုရွားတို႔သည္ အျခား ႏိုင္ငံ၏လုပ္ေဆာင္ ခ်က္ကိုခန႔္မွန္းရန္ ၿဂိဳဟ္တုႏွင့္ အီလက္ထ႐ြန္နစ္ ေထာက္လွမ္းေရး (SIGINT) ကိုသာ အားကိုးရဖြယ္ရွိေနသည္။ န်ဴကလီးယား လက္နက္ပိုင္မႈ စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားသည့္အတြက္ အေမရိကန္ႏွင့္ ႐ုရွားႏိုင္ငံတို႔သည္ ICBM တိုက္ခ်င္းပစ္ ဒုံးက်ည္မ်ားတြင္ ထိပ္ဖူးမ်ားကို လိုသလို တိုး ျမႇင့္တပ္ဆင္ခြင့္ရရွိသြားေၾကာင္း သိရသည္။
႐ုရွား၏ Sarmat (Satan-II) ကဲ့သို႔ေသာ ေလးလံေသာ တိုက္ခ်င္းပစ္ ဒုံးက်ည္ ICBM ႀကီးမ်ားသည္ စာခ်ဳပ္ကန႔္သတ္ခ်က္ေၾကာင့္ ထိပ္ဖူးအ နည္းငယ္သာ သယ္ေဆာင္ထားေသာ္လည္း လက္ရွိအခ်ိန္တြင္ အဆိုပါ ဒုံးက်ည္၏စြမ္းရည္အျပည့္ ျဖစ္ေစရန္ ထိပ္ဖူး (၁၀) ခုႏွင့္အထက္တပ္ဆင္လာဖြယ္ ရွိေနေၾကာင္း သုံးသပ္မႈမ်ားရွိေန သည္။ န်ဴကလီးယား လက္နက္ေလွ်ာ့ခ်ေရး သေဘာတူစာခ်ဳပ္ New START မရွိေတာ့သည့္အတြက္ အေမရိကန္သည္ ႐ုရွားႏွင့္တ႐ုတ္ ႏွစ္ႏိုင္ငံေပါင္း၏ ၿခိမ္းေျခာက္မႈကို ဟန္ခ်က္ညီေစရန္ ၎၏ န်ဴကလီးယားအင္အားကို အရွိန္ျမႇင့္ တင္ဖြယ္ ရွိေနေၾကာင္း သိရသည္။
New START သေဘာတူစာခ်ဳပ္သက္ တမ္းကုန္ဆုံးျခင္းသည္ “လက္နက္ထိန္းခ်ဳပ္ေရး ေခတ္” Era of Arms Control တရားဝင္ ၿပီးဆုံးျခင္းျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.