အကယ်ဒမီမြင့်မြတ် နှင့် ရတနာဗိုလ်တို့က ၂ဝ၂၅ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသား/အမျိုးသမီးဇာတ်ဆောင် ဆုရှင်များအဖြစ် ချီးမြှင့်ခံရ

 442

အိဖြူ (NP News) - ဖေဖော်ဝါရီ ၇
အကယ်ဒမီ မြင့်မြတ်နှင့် ရတနာဗိုလ်တို့က ၂ဝ၂၅ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု နှင့် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတို့ကို ထိုက်တန်စွာရရှိခဲ့ကြသည်။
၂ဝ၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကြီးအောင်မြင်စွာဖြစ်မြောက်ရေးအတွက် မြန်မာနိုင်ငံအစည်းအရုံး(ဗဟို) မှ ကြီးမှူးကျင်းပကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပွဲအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး(ဗဟို)ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့်တကွ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ရုပ်ရှင်အသိပညာရှင်၊ အတတ်ပညာ ရှင်ကြီးများ၊ အနုပညာရှင်များ တက်ရောက်ချီးမြှင့်ခဲ့ကြပါသည်။
၂ဝ၂၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်တစ်သက်တာဆုကို ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ အသက် (၉၃) နှစ်အရွယ် ဦးဌေးအောင် (မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက)၊ အသက်(၉၄)နှစ်အရွယ် ရုပ်ရှင်သရုပ်ဆောင် ဒေါ်ခင်လေး ဆွေ၊ အသက်(၈၁)နှစ်အရွယ် ဒါရိုက်တာ ဦးကြည်စိုးထွန်း (မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ နှင့် နာယက) တို့ က ရရှိခဲ့သည်။
၂ဝ၂၅ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်ဓါတ်ပုံဆုကို “နှင်းပွင့်စေရာ” ဇာတ်ကားဖြင့် သားကျော်၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို “မြစ်လက်တက်ပေမယ့် ရေစီးကကြမ်းတမ်း” ဇာတ်ကားဖြင့် ဟန်ထူးဇင်၊ အကောင်းဆုံး ရုပ်ရှင်အသံဆုကို “နတ်ဝင်သည်” ဇာတ်ကားဖြင့် ကိုဂျိုး၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို “မြို့ပြထဲက လမ်းမ” ဇာတ်ကားဖြင့် ခွန်၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုကို “မောင့်မိဖုရား” ဇာတ်ကားဖြင့် သီလံ၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို ဆန်ခါတင်စာရင်းဝင် “ပန်းမြိုင်လယ်မှ ဥယျာဥ်မှူး၊ နှင်းပွင့်စေရာ၊ ဗြောသံ၊ ပုဂံမြေ” ဇာတ်ကားများအနက် “ပန်းမြိုင်လယ်မှ ဥယျာဥ်မှူး” ဇာတ်ကားတို့က အကယ်ဒမီထူးချွန်ဆုများ ချီးမြှင့်ခံခဲ့ရသည်။
မြန်မာရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်လာကြသည့် အနုပညာရှင်များထဲမှ အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို ထပ်ဆင့်အကယ်ဒမီ နေတိုး၊ အကောင်းဆုံး အမျိုးသမီး ဝတ်စားဆင်ယင်မှု အကြီးတန်းဆု ထပ်ဆင့်အကယ်ဒမီ မေသန်းနု၊ အကောင်းဆုံးအမျိုးသား ဝတ်စား ဆင်ယင်မှု အငယ်တန်းဆု ကောင်းမြတ်စံ၊ အကောင်းဆုံးအမျိုးသမီး ဝတ်စားဆင်ယင်မှု အငယ်တန်းဆု ရတနာဗိုလ် တို့က ဆွတ်ခူးရရှိခဲ့ပါသည်။
၂ဝ၂၅ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင် ဒါရိုက်တာဆုကို “ဗြောသံ” ဇာတ်ကားဖြင့် အကယ်ဒမီ ဒါရိုက်တာ သြရသ က ရရှိခဲ့သည်။
၂ဝ၂၅ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်အမျိုးသမီးဇာတ်ပို့ဆုကို ဒါရိုက်တာမယ်မင်းဘုံရိုက်ကူးတဲ့ “မောင့်မိဖုရား” ဇာတ်ကားဖြင့် အကယ်ဒမီခိုင်နှင်းဝေ၊ အကောင်းဆုံးရုပ်ရှင်အမျိုးသားဇာတ်ပို့ဆုကို “မြစ်လက်တက်ပေမယ့် ရေစီးက ကြမ်းတယ်” ဇာတ်ကားဖြင့် နေမျိုးအောင် က ရရှိခဲ့ပြီး “အနုပညာသက်တမ်း နှစ်(၃ဝ)ကျော်မှာ ပထမဆုံး ရရှိခဲ့တဲ့ အကယ်ဒမီထူးချွန်ဆုပဲဖြစ်တာမို့ အရမ်းဝမ်းသာပျော်ရွှင်ကြောင်း” စင်မြင့်ထက်မှာ ဖွင့်ဟပြောကြားခဲ့ သည်။
၂ဝ၂၅ ခုနှစ် အကောင်းဆုံးရုပ်ရှင်အမျိုးသမီးဇာတ်ဆောင်ဆု အတွက် ဆန်ခါတင်စာရင်းဝင် “နတ်ဝင်သည်၊ မောင်မိဖုရား၊ ကံ့ကော်နီ၊ ဗြောသံ” ဇာတ်ကား(၄)ကားထဲမှ “မောင့်မိဖုရား” ဇာတ်ကားဖြင့် ရတနာဗိုလ်က ထိုက်တန်စွာ ရရှိခဲ့သည်။
ရတနာဗိုလ်က “မှတ်တိုင်တစ်ခုဖြစ်တဲ့ ဒီအကယ်ဒမီဆုကြီးကို ငယ်ငယ်ကတည်းက ဖေဖေနဲ့ မေမေအတွက် ဆုဆိုလို့ ဘာဆုမှကို မယူပေးနိုင်ခဲ့ပါဘူး။ အခုတော့ ဒီဆုကြီးကို ဖေဖေနဲ့မေမေအတွက် ယူပေးနိုင်ခဲ့ပါပြီ” လို့ ရင်ခုန်စိတ်လှုပ်ရှားစွာပြောကြားခဲ့သည်။
၂ဝ၂၅ ခုနှစ် အကောင်းဆုံးရုပ်ရှင်အမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ခါတင်စာရင်းဝင် “ဗြောသံ၊ မြေစာ၊ ကံ့ကော်နီ၊ မြစ်လက်တက်ပေမယ့် ရေစီးကကြမ်းတယ်” ဇာတ်ကား(၄)ကားထဲမှ “မြေစာ” ဇာတ်ကားဖြင့် မြင့်မြတ်က ရရှိခဲ့သည်။
၂ဝ၂၅ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား(၇၂)ကားထဲမှ ဒုတိယအကြိမ်အဖြစ် ဇာတ်ကား(၂၂)ကားကို ဆန်ခါတင်အဖြစ်သတ်မှတ်၍ အကယ်ဒမီထူးချွန်ဆုများချီးမြှင့်ရန်အတွက် ထပ်မံကြည့်ရှုအကဲဖြတ်စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
၂ဝ၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ (၇)ရက်နေ့ စနေနေ့ ညနေ ၅ နာရီ ၃ဝ မိနစ်အချိန်မှစ၍ ည ၁ဝ နာရီ ၃ဝ မိနစ်အချိန်အထိ နေပြည်တော်ကောင်စီနယ်မြေ MICC-1 တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
အကယ္ဒမီျမင့္ျမတ္ ႏွင့္ ရတနာဗိုလ္တို႔က ၂ဝ၂၅ ခုႏွစ္အတြက္ အေကာင္းဆုံးအမ်ိဳးသား/အမ်ိဳးသမီးဇာတ္ေဆာင္ ဆုရွင္မ်ားအျဖစ္ ခ်ီးျမႇင့္ခံရ
အိျဖဴ (NP News) - ေဖေဖာ္ဝါရီ ၇
အကယ္ဒမီ ျမင့္ျမတ္ႏွင့္ ရတနာဗိုလ္တို႔က ၂ဝ၂၅ ခုႏွစ္အတြက္ အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆု ႏွင့္ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုတို႔ကို ထိုက္တန္စြာရရွိခဲ့ၾကသည္။
၂ဝ၂၅ ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအခမ္းအနားႀကီးေအာင္ျမင္စြာျဖစ္ေျမာက္ေရးအတြက္ ျမန္မာႏိုင္ငံအစည္းအ႐ုံး(ဗဟို) မွ ႀကီးမႉးက်င္းပကာ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး ပြဲအခမ္းအနားသို႔ ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္း၊ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္း အ႐ုံး(ဗဟို)ဥကၠ႒ ဦးၾကည္စိုးထြန္းႏွင့္တကြ ဌာနဆိုင္ရာတာဝန္ရွိပုဂၢိဳလ္မ်ား၊ ႐ုပ္ရွင္အသိပညာရွင္၊ အတတ္ပညာ ရွင္ႀကီးမ်ား၊ အႏုပညာရွင္မ်ား တက္ေရာက္ခ်ီးျမႇင့္ခဲ့ၾကပါသည္။
၂ဝ၂၆ ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္တစ္သက္တာဆုကို ႐ုပ္ရွင္သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာ အသက္ (၉၃) ႏွစ္အ႐ြယ္ ဦးေဌးေအာင္ (ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးနာယက)၊ အသက္(၉၄)ႏွစ္အ႐ြယ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေဒၚခင္ေလး ေဆြ၊ အသက္(၈၁)ႏွစ္အ႐ြယ္ ဒါ႐ိုက္တာ ဦးၾကည္စိုးထြန္း (ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးဥကၠ႒ ႏွင့္ နာယက) တို႔ က ရရွိခဲ့သည္။
၂ဝ၂၅ ခုႏွစ္အတြက္ အေကာင္းဆုံး႐ုပ္ရွင္ဓါတ္ပုံဆုကို “ႏွင္းပြင့္ေစရာ” ဇာတ္ကားျဖင့္ သားေက်ာ္၊ အေကာင္းဆုံး ႐ုပ္ရွင္ေတးဂီတဆုကို “ျမစ္လက္တက္ေပမယ့္ ေရစီးကၾကမ္းတမ္း” ဇာတ္ကားျဖင့္ ဟန္ထူးဇင္၊ အေကာင္းဆုံး ႐ုပ္ရွင္အသံဆုကို “နတ္ဝင္သည္” ဇာတ္ကားျဖင့္ ကိုဂ်ိဳး၊ အေကာင္းဆုံး ႐ုပ္ရွင္တည္းျဖတ္ဆုကို “ၿမိဳ႕ျပထဲက လမ္းမ” ဇာတ္ကားျဖင့္ ခြန္၊ အေကာင္းဆုံး႐ုပ္ရွင္ဇာတ္ၫႊန္းဆုကို “ေမာင့္မိဖုရား” ဇာတ္ကားျဖင့္ သီလံ၊ အေကာင္းဆုံး႐ုပ္ရွင္ဇာတ္ကားဆုကို ဆန္ခါတင္စာရင္းဝင္ “ပန္းၿမိဳင္လယ္မွ ဥယ်ာဥ္မႉး၊ ႏွင္းပြင့္ေစရာ၊ ေျဗာသံ၊ ပုဂံေျမ” ဇာတ္ကားမ်ားအနက္ “ပန္းၿမိဳင္လယ္မွ ဥယ်ာဥ္မႉး” ဇာတ္ကားတို႔က အကယ္ဒမီထူးခြၽန္ဆုမ်ား ခ်ီးျမႇင့္ခံခဲ့ရသည္။
ျမန္မာ႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအခမ္းအနားသို႔တက္ေရာက္လာၾကသည့္ အႏုပညာရွင္မ်ားထဲမွ အေကာင္းဆုံး အမ်ိဳးသားဝတ္စားဆင္ယင္မႈ အႀကီးတန္းဆုကို ထပ္ဆင့္အကယ္ဒမီ ေနတိုး၊ အေကာင္းဆုံး အမ်ိဳးသမီး ဝတ္စားဆင္ယင္မႈ အႀကီးတန္းဆု ထပ္ဆင့္အကယ္ဒမီ ေမသန္းႏု၊ အေကာင္းဆုံးအမ်ိဳးသား ဝတ္စား ဆင္ယင္မႈ အငယ္တန္းဆု ေကာင္းျမတ္စံ၊ အေကာင္းဆုံးအမ်ိဳးသမီး ဝတ္စားဆင္ယင္မႈ အငယ္တန္းဆု ရတနာဗိုလ္ တို႔က ဆြတ္ခူးရရွိခဲ့ပါသည္။
၂ဝ၂၅ ခုႏွစ္အတြက္ အေကာင္းဆုံး႐ုပ္ရွင္ ဒါ႐ိုက္တာဆုကို “ေျဗာသံ” ဇာတ္ကားျဖင့္ အကယ္ဒမီ ဒါ႐ိုက္တာ ၾသရသ က ရရွိခဲ့သည္။
၂ဝ၂၅ ခုႏွစ္အတြက္ အေကာင္းဆုံး႐ုပ္ရွင္အမ်ိဳးသမီးဇာတ္ပို႔ဆုကို ဒါ႐ိုက္တာမယ္မင္းဘုံ႐ိုက္ကူးတဲ့ “ေမာင့္မိဖုရား” ဇာတ္ကားျဖင့္ အကယ္ဒမီခိုင္ႏွင္းေဝ၊ အေကာင္းဆုံး႐ုပ္ရွင္အမ်ိဳးသားဇာတ္ပို႔ဆုကို “ျမစ္လက္တက္ေပမယ့္ ေရစီးက ၾကမ္းတယ္” ဇာတ္ကားျဖင့္ ေနမ်ိဳးေအာင္ က ရရွိခဲ့ၿပီး “အႏုပညာသက္တမ္း ႏွစ္(၃ဝ)ေက်ာ္မွာ ပထမဆုံး ရရွိခဲ့တဲ့ အကယ္ဒမီထူးခြၽန္ဆုပဲျဖစ္တာမို႔ အရမ္းဝမ္းသာေပ်ာ္႐ႊင္ေၾကာင္း” စင္ျမင့္ထက္မွာ ဖြင့္ဟေျပာၾကားခဲ့ သည္။
၂ဝ၂၅ ခုႏွစ္ အေကာင္းဆုံး႐ုပ္ရွင္အမ်ိဳးသမီးဇာတ္ေဆာင္ဆု အတြက္ ဆန္ခါတင္စာရင္းဝင္ “နတ္ဝင္သည္၊ ေမာင္မိဖုရား၊ ကံ့ေကာ္နီ၊ ေျဗာသံ” ဇာတ္ကား(၄)ကားထဲမွ “ေမာင့္မိဖုရား” ဇာတ္ကားျဖင့္ ရတနာဗိုလ္က ထိုက္တန္စြာ ရရွိခဲ့သည္။
ရတနာဗိုလ္က “မွတ္တိုင္တစ္ခုျဖစ္တဲ့ ဒီအကယ္ဒမီဆုႀကီးကို ငယ္ငယ္ကတည္းက ေဖေဖနဲ႔ ေမေမအတြက္ ဆုဆိုလို႔ ဘာဆုမွကို မယူေပးႏိုင္ခဲ့ပါဘူး။ အခုေတာ့ ဒီဆုႀကီးကို ေဖေဖနဲ႔ေမေမအတြက္ ယူေပးႏိုင္ခဲ့ပါၿပီ” လို႔ ရင္ခုန္စိတ္လႈပ္ရွားစြာေျပာၾကားခဲ့သည္။
၂ဝ၂၅ ခုႏွစ္ အေကာင္းဆုံး႐ုပ္ရွင္အမ်ိဳးသားဇာတ္ေဆာင္ဆုအတြက္ ဆန္ခါတင္စာရင္းဝင္ “ေျဗာသံ၊ ေျမစာ၊ ကံ့ေကာ္နီ၊ ျမစ္လက္တက္ေပမယ့္ ေရစီးကၾကမ္းတယ္” ဇာတ္ကား(၄)ကားထဲမွ “ေျမစာ” ဇာတ္ကားျဖင့္ ျမင့္ျမတ္က ရရွိခဲ့သည္။
၂ဝ၂၅ ခုႏွစ္အတြင္း ႐ုံတင္ျပသခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကား(၇၂)ကားထဲမွ ဒုတိယအႀကိမ္အျဖစ္ ဇာတ္ကား(၂၂)ကားကို ဆန္ခါတင္အျဖစ္သတ္မွတ္၍ အကယ္ဒမီထူးခြၽန္ဆုမ်ားခ်ီးျမႇင့္ရန္အတြက္ ထပ္မံၾကည့္ရႈအကဲျဖတ္စိစစ္ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္သည္။
၂ဝ၂၅ ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု ခ်ီးျမႇင့္ပြဲအခမ္းအနားကို ယေန႔ ေဖေဖာ္ဝါရီလ (၇)ရက္ေန႔ စေနေန႔ ညေန ၅ နာရီ ၃ဝ မိနစ္အခ်ိန္မွစ၍ ည ၁ဝ နာရီ ၃ဝ မိနစ္အခ်ိန္အထိ ေနျပည္ေတာ္ေကာင္စီနယ္ေျမ MICC-1 တြင္ က်င္းပခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.