ကမ္ဘာ့အချမ်းသာဆုံး လူသားအဖြစ် အီလွန်မက်စ် သတ်မှတ်ခံရ

 820

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၈

ဘီလျံနာ အီလွန်မက်စ်သည် ကမ္ဘာ့အချမ်း ဆုံးပုဂ္ဂိုလ်အဖြစ်သတ်မှတ်ခံရကြောင်း သိရသည်။ ဘဏ္ဍာရေးအစီရင် ခံစာများအရ အီလွန်မက်စ်၏အ သားတင်ကြွယ်ဝချမ်းသာမှုသည် အမေရိကန်ဒေါ်လာ (၈၅၂) ဘီလျံကို ကျော်လွန်သွားခဲ့ ပြီး လူသားသမိုင်း တစ်လျှောက် မကြုံစဖူး စံချိန်တင်ပမာဏဖြစ်ကာ အမေရိကန်ဒေါ်လာ (၁) ထရီလျံပိုင်ဆိုင်သူဖြစ် လာရန် ပိုမိုနီးစပ်လာကြောင်းသိရသည်။
အီလွန်မက်စ်ပိုင်ဆိုင်သည့် Tesla ကုမ္ပဏီ၏ စတော့ရှယ်ယာ ဈေးနှုန်းများသည်မယုံနိုင်လောက် အောင်မြင့် တက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် (၂၀၂၆) ခုနှစ်အတွင်းတွင် အီလွန်မက်စ်၏ Tesla ကုမ္ပဏီ၏ အလိုအလျောက် မောင်းနှင်စနစ် (FSD) နှင့် Optimus စက်ရုပ် စီမံကိန်းများသည်မျှော်မှန်းသည့်ထက် ပိုမိုအောင်မြင်လာ ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံသူများသည် လက်ရှိအချိန်တွင် Tesla ရှယ်ယာတွေကို အလုအယက် ဝယ်ယူ နေကြကြောင်း သိရသည်။ ထို့ပြင် အီလွန်မက်စ်၏အာကာသသယ်ယူပို့ဆောင်ရေးလုပ်ငန်း SpaceX သည် Starship ဒုံးပျံ အောင်မြင်မှု များရရှိနေပြီး ကုမ္ပဏီတန်ဖိုးက ဈေးကွက်ထဲတွင် အဆမတန် မြင့်တက်လာနေကြောင်း သိရသည်။ တွစ်တာ (X) ပလက် ဖောင်း၏ဘဏ္ဍာရေးအခြေအနေက ပြန်လည် ကောင်းမွန်လာခြင်းက အီလွန်မက်စ်၏ ကြွယ်ဝချမ်းသာမှုကို ပိုမိုမြင့် တက်လာစေခဲ့ကြောင်းသိရသည်။
အီလွန်မက်စ်၏ လက်ရှိကြွယ်ဝမှုအမေရိ ကန်ဒေါ်လာ (၈၅၂) ဘီလျံသည် ဆွစ်ဇာလန်၊ ဆော်ဒီ အာရေဗျနိုင်ငံ သို့မဟုတ် တူရကီနိုင်ငံတို့၏ တစ်နှစ်တာ GDP ထက်များနေကြောင်းသိရသည်။ အီလွန် မက်စ်၏ လက်ရှိကြွယ်ဝမှုသည် ကမ္ဘာ့အချမ်းဆုံးစာ ရင်းရှိ ဒုတိယနေရာတွင် ရပ်တည်နေသည့် ပြိုင်ဘက် များကိုအပြတ်အသတ် ဖြတ်ကျော်ထား ကြောင်းသိရသည်။ (၂၀၂၆) ခုနှစ်၏နည်းပညာနှင့် နိုင်ငံရေး အခင်းအကျင်းတွင် အီလွန်မက်စ်၏ဩဇာအာဏာသည် ငွေကြေးပမာဏအတိုင်း ပိုမိုကြီးထွားလာရန်ရှိနေသည်။

Zawgyi Version;
ကမာၻ႔အခ်မ္းသာဆုံး လူသားအျဖစ္ အီလြန္မက္စ္ သတ္မွတ္ခံရ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၈

ဘီလ်ံနာ အီလြန္မက္စ္သည္ ကမာၻ႔အခ်မ္း ဆုံးပုဂၢိဳလ္အျဖစ္သတ္မွတ္ခံရေၾကာင္း သိရသည္။ ဘ႑ာေရးအစီရင္ ခံစာမ်ားအရ အီလြန္မက္စ္၏အ သားတင္ႂကြယ္ဝခ်မ္းသာမႈသည္ အေမရိကန္ေဒၚလာ (၈၅၂) ဘီလ်ံကို ေက်ာ္လြန္သြားခဲ့ ၿပီး လူသားသမိုင္း တစ္ေလွ်ာက္ မႀကဳံစဖူး စံခ်ိန္တင္ပမာဏျဖစ္ကာ အေမရိကန္ေဒၚလာ (၁) ထရီလ်ံပိုင္ဆိုင္သူျဖစ္ လာရန္ ပိုမိုနီးစပ္လာေၾကာင္းသိရသည္။
အီလြန္မက္စ္ပိုင္ဆိုင္သည့္ Tesla ကုမၸဏီ၏ စေတာ့ရွယ္ယာ ေဈးႏႈန္းမ်ားသည္မယုံႏိုင္ေလာက္ ေအာင္ျမင့္ တက္လာျခင္းေၾကာင့္ျဖစ္ေၾကာင္း သိရသည္။ အထူးသျဖင့္ (၂၀၂၆) ခုႏွစ္အတြင္းတြင္ အီလြန္မက္စ္၏ Tesla ကုမၸဏီ၏ အလိုအေလ်ာက္ ေမာင္းႏွင္စနစ္ (FSD) ႏွင့္ Optimus စက္႐ုပ္ စီမံကိန္းမ်ားသည္ေမွ်ာ္မွန္းသည့္ထက္ ပိုမိုေအာင္ျမင္လာ ေၾကာင္း သိရသည္။
ရင္းႏွီးျမႇဳပ္ႏွံသူမ်ားသည္ လက္ရွိအခ်ိန္တြင္ Tesla ရွယ္ယာေတြကို အလုအယက္ ဝယ္ယူ ေနၾကေၾကာင္း သိရသည္။ ထို႔ျပင္ အီလြန္မက္စ္၏အာကာသသယ္ယူပို႔ေဆာင္ေရးလုပ္ငန္း SpaceX သည္ Starship ဒုံးပ်ံ ေအာင္ျမင္မႈ မ်ားရရွိေနၿပီး ကုမၸဏီတန္ဖိုးက ေဈးကြက္ထဲတြင္ အဆမတန္ ျမင့္တက္လာေနေၾကာင္း သိရသည္။ တြစ္တာ (X) ပလက္ ေဖာင္း၏ဘ႑ာေရးအေျခအေနက ျပန္လည္ ေကာင္းမြန္လာျခင္းက အီလြန္မက္စ္၏ ႂကြယ္ဝခ်မ္းသာမႈကို ပိုမိုျမင့္ တက္လာေစခဲ့ေၾကာင္းသိရသည္။
အီလြန္မက္စ္၏ လက္ရွိႂကြယ္ဝမႈအေမရိ ကန္ေဒၚလာ (၈၅၂) ဘီလ်ံသည္ ဆြစ္ဇာလန္၊ ေဆာ္ဒီ အာေရဗ်ႏိုင္ငံ သို႔မဟုတ္ တူရကီႏိုင္ငံတို႔၏ တစ္ႏွစ္တာ GDP ထက္မ်ားေနေၾကာင္းသိရသည္။ အီလြန္ မက္စ္၏ လက္ရွိႂကြယ္ဝမႈသည္ ကမာၻ႔အခ်မ္းဆုံးစာ ရင္းရွိ ဒုတိယေနရာတြင္ ရပ္တည္ေနသည့္ ၿပိဳင္ဘက္ မ်ားကိုအျပတ္အသတ္ ျဖတ္ေက်ာ္ထား ေၾကာင္းသိရသည္။ (၂၀၂၆) ခုႏွစ္၏နည္းပညာႏွင့္ ႏိုင္ငံေရး အခင္းအက်င္းတြင္ အီလြန္မက္စ္၏ဩဇာအာဏာသည္ ေငြေၾကးပမာဏအတိုင္း ပိုမိုႀကီးထြားလာရန္ရွိေနသည္။

Related news

© 2021. All rights reserved.