အစိုးရအပြောင်းအလဲပြီးနောက် မဘသ ပြန်လည် ပေါ်ပေါက်လာဖွယ်ရှိ

 3875

Pearl (NP News)-ဇန်နဝါရီ-၈
NLD လက်ထက်ကဖျက်သိမ်းခံခဲ့ရသည့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)သည် (၂၀၂၅) ခုနှစ် ရွေးကောက်ပွဲအခင်းအကျင်း ပြီးနောက်ထွက်ပေါ်လာမည့် အစိုးရသစ်လက်ထက်တွင် ပြန်လည်ပေါ် ပေါက်လာဖွယ်ရှိကြောင်း အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ကိုဝင်းကိုကိုလတ်က NP News သို့ ပြောသည်။
ဒီဘက်ခေတ်မှာ မဘသက ‘အမျိုးသား ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း’လို့ နာမည်ပြောင်း လိုက်ပြီးနောက်ပိုင်း ကရင်ပြည်နယ်နဲ့မန္တလေးက မပြောင်းဘူး။ အစဉ်ထာဝရမဘသ ဆိုပြီးတော့ မဘသ ကိုပြန်လုပ်ဖို့ ကြိုးစားကြပါတယ်။ တည်ငြိမ်အေးချမ်းမှုနဲ့ လုံခြုံရေးအခြေအနေမကောင်းတော့ တကယ်လို့ ရန်ကုန်နဲ့ မန္တလေးကဆက်ပြီး Run ကြမယ်ဆိုရင် နယ်မြို့တွေလည်းလုပ်ချင်မှာလေ။ သူ့ဟာနဲ့သူ ထွက် ပေါ်လာကြမှာပေါ့။ တချို့နေရာတွေက လုံခြုံရေး အခြေအနေကသိပ်မကောင်းဘူးလေ။ သိပ်မကောင်းတော့ ဆရာတော်ကြီးတွေက အခြေအနေအချိန်အခါကိုကြည့်ပြီး တော့ လုပ်သင့်လုပ်ထိုက်တဲ့အချိန်မှာ လုပ်ပါမယ်ဆိုတဲ့သဘောတော့တွေ့ရတယ်‌’ဟု ပြော သည်။
လက်ရှိတွင် နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးအခြေအနေအချို့ကိုစောင့်ကြည့်နေ ပြီး အစိုးရအပြောင်း အလဲပြီးမှသာ ဦးဆောင်ဆရာ တော်ကြီးများ ပြန်လည်လွှဲပြောင်း၍ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင် ကြောင်းလည်း ၎င်းကပြောသည်။ ‘ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ပွဲမှာတော့ အမျိုးသားအင်အားစု မဘသ ဆိုတဲ့ခေါင်းစဉ်နဲ့လာတယ်။ အဲဒီအပေါ်မှာ အားလုံးကတော့ မဘသကြီး ပြန်လည်ပေါ်ထွန်းလာပြီ လို့ပြောကြတာပေါ့နော်။ အခုလက်ရှိက ‌ရွေး ကောက်ပွဲ လည်းပြီးပြီဆိုတော့ နိုင်ငံရေးအခြေအနေ တွေလည်း တဖြည်းဖြည်းနဲ့တည်ငြိမ်လာရင် ပြန်ပြီးပေါ်ပေါက် လာဖွယ်ရှိနိုင် တယ်လို့သုံးသပ်ပါတယ်။ ဆရာတော်ကြီးတွေက လက်ရှိ သံဃနာယကအဖွဲ့တွေ နဲ့ရော မဘသဆရာတော်ကြီး တွေနဲ့ပါအဆင်ပြေ တယ်လေ။ သံဃနာယကဆရာတော်တွေကလည်း လုပ်မယ်ဆိုရင် ကန့်ကွက်မယ်တော့မထင်ဘူး။ ဆရာ တော်ကြီးတွေက ငယ်တဲ့ဆရာတော်တွေကိုလွှဲပေးပြီး လုပ်မယ်လို့လည်းယူဆပါတယ်’ဟုပြောသည်။
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ)ကို NLD အစိုးရက တရားမဝင်အဖွဲ့ အဖြစ် သတ်မှတ်ပြီးနောက် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေး ရှင်းအဖြစ် နာမည်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

Zawgyi Version:
အစိုးရအေျပာင္းအလဲၿပီးေနာက္ မဘသ ျပန္လည္ ေပၚေပါက္လာဖြယ္ရွိ
Pearl (NP News)-ဇန္နဝါရီ-၈
NLD လက္ထက္ကဖ်က္သိမ္းခံခဲ့ရသည့္ အမ်ိဳးဘာသာသာသနာေစာင့္ေရွာက္ေရးအဖြဲ႕ (မဘသ)သည္ (၂၀၂၅) ခုႏွစ္ ေ႐ြးေကာက္ပြဲအခင္းအက်င္း ၿပီးေနာက္ထြက္ေပၚလာမည့္ အစိုးရသစ္လက္ထက္တြင္ ျပန္လည္ေပၚ ေပါက္လာဖြယ္ရွိေၾကာင္း အမ်ိဳးသားေရး တက္ႂကြလႈပ္ရွားသူ ကိုဝင္းကိုကိုလတ္က NP News သို႔ ေျပာသည္။
ဒီဘက္ေခတ္မွာ မဘသက ‘အမ်ိဳးသား ဗုဒၶဓမၼပရဟိတေဖာင္ေဒးရွင္း’လို႔ နာမည္ေျပာင္း လိုက္ၿပီးေနာက္ပိုင္း ကရင္ျပည္နယ္နဲ႔မႏၲေလးက မေျပာင္းဘူး။ အစဥ္ထာဝရမဘသ ဆိုၿပီးေတာ့ မဘသ ကိုျပန္လုပ္ဖို႔ ႀကိဳးစားၾကပါတယ္။ တည္ၿငိမ္ေအးခ်မ္းမႈနဲ႔ လုံၿခဳံေရးအေျခအေနမေကာင္းေတာ့ တကယ္လို႔ ရန္ကုန္နဲ႔ မႏၲေလးကဆက္ၿပီး Run ၾကမယ္ဆိုရင္ နယ္ၿမိဳ႕ေတြလည္းလုပ္ခ်င္မွာေလ။ သူ႔ဟာနဲ႔သူ ထြက္ ေပၚလာၾကမွာေပါ့။ တခ်ိဳ႕ေနရာေတြက လုံၿခဳံေရး အေျခအေနကသိပ္မေကာင္းဘူးေလ။ သိပ္မေကာင္းေတာ့ ဆရာေတာ္ႀကီးေတြက အေျခအေနအခ်ိန္အခါကိုၾကည့္ၿပီး ေတာ့ လုပ္သင့္လုပ္ထိုက္တဲ့အခ်ိန္မွာ လုပ္ပါမယ္ဆိုတဲ့သေဘာေတာ့ေတြ႕ရတယ္‌’ဟု ေျပာ သည္။
လက္ရွိတြင္ ႏိုင္ငံေရးတည္ၿငိမ္ေအးခ်မ္းမႈႏွင့္ လုံၿခဳံေရးအေျခအေနအခ်ိဳ႕ကိုေစာင့္ၾကည့္ေန ၿပီး အစိုးရအေျပာင္း အလဲၿပီးမွသာ ဦးေဆာင္ဆရာ ေတာ္ႀကီးမ်ား ျပန္လည္လႊဲေျပာင္း၍ အမ်ိဳးဘာသာ သာသနာ ေစာင့္ေရွာက္ေရးအဖြဲ႕ (မဘသ)အေနျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ႏိုင္ ေၾကာင္းလည္း ၎ကေျပာသည္။ ‘ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ပြဲမွာေတာ့ အမ်ိဳးသားအင္အားစု မဘသ ဆိုတဲ့ေခါင္းစဥ္နဲ႔လာတယ္။ အဲဒီအေပၚမွာ အားလုံးကေတာ့ မဘသႀကီး ျပန္လည္ေပၚထြန္းလာၿပီ လို႔ေျပာၾကတာေပါ့ေနာ္။ အခုလက္ရွိက ‌ေ႐ြး ေကာက္ပြဲ လည္းၿပီးၿပီဆိုေတာ့ ႏိုင္ငံေရးအေျခအေန ေတြလည္း တျဖည္းျဖည္းနဲ႔တည္ၿငိမ္လာရင္ ျပန္ၿပီးေပၚေပါက္ လာဖြယ္ရွိႏိုင္ တယ္လို႔သုံးသပ္ပါတယ္။ ဆရာေတာ္ႀကီးေတြက လက္ရွိ သံဃနာယကအဖြဲ႕ေတြ နဲ႔ေရာ မဘသဆရာေတာ္ႀကီး ေတြနဲ႔ပါအဆင္ေျပ တယ္ေလ။ သံဃနာယကဆရာေတာ္ေတြကလည္း လုပ္မယ္ဆိုရင္ ကန႔္ကြက္မယ္ေတာ့မထင္ဘူး။ ဆရာ ေတာ္ႀကီးေတြက ငယ္တဲ့ဆရာေတာ္ေတြကိုလႊဲေပးၿပီး လုပ္မယ္လို႔လည္းယူဆပါတယ္’ဟုေျပာသည္။
အမ်ိဳးဘာသာသာသနာ ေစာင့္ေရွာက္ေရး အဖြဲ႕(မဘသ)ကို NLD အစိုးရက တရားမဝင္အဖြဲ႕ အျဖစ္ သတ္မွတ္ၿပီးေနာက္ ဗုဒၶဓမၼပရဟိတေဖာင္ေဒး ရွင္းအျဖစ္ နာမည္ေျပာင္းလဲခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.