တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးဈေးကွက် သုံးသပ်ချက်

 793

ပြည့်ဖြိုး(NP News)ဖေဖော်ဝါရီ ၈
မြန်မာနိုင်ငံတွင် ပွင့်လင်းရာသီချိန်ဖြစ်သောကြောင့် ကုန်စည်အရောင်းအဝယ်များ ပုံမှန်သွက် လက်နေသော် လည်း ပြည်ပမှတင်သွင်းရသော ကုန်စည်အများစုမှာ ဆက်လက် ဈေးမြင့်တက်နေဆဲဖြစ်သည်။ ဗဟိုဘဏ်၏ ငွေ‌ကြေး မူဝါဒအပြောင်းအလဲ မရှိသော်လည်း နိုင်ငံခြားငွေများ ဆက်တိုက်ထုတ် ရောင်းနေခြင်းကြောင့် ပြင်ပဒေါ်လာဈေး တည်ငြိမ်ပြီး ဈေးနှုန်း အနည်းငယ်ကျဆင်းနေသည်။
ဗဟိုဘဏ်၏ငွေကြေးမူဝါဒနှင့် ပို့ကုန်/သွင်း ကုန်မူဝါဒများသည် ကာလတို ယာယီသတ်မှတ်ချက်များမဟုတ်ဘဲ ရေရှည်ပုံစံကျင့်သုံးလာခြင်းကြောင့် အခြေခံကုန်ဈေးနှုန်းမှာ ဆက်တိုက်မြင့်မားနေခြင်း ဖြစ်သည်။ ပို့ကုန်/သွင်းကုန်မူဝါဒ များအရ အရေးကြီး ကုန်စည်များသတ်မှတ်ချက်ကြောင့် ဒေါ်လာ၊ စက်သုံး ဆီနှင့် စားအုန်းဆီ စသည့်ကုန်စည်များမှာ ဈေးနှုန်း တည်ငြိမ်နေကြောင်းသိရသည်။
မြန်မာနိုင်ငံ၏ အခြေခံစားသောက်ကုန်မဟုတ် သောကုန်စည်အများစုမှာ ပြည်ပမှတင်သွင်းရောင်းချ ခြင်းဖြစ် ရာ ထုတ်လုပ်မှုနှင့် နောက်ဆုံးအသုံးပြုသူအကြား ဈေးကွာခြားချက် ကြီးမားနေခြင်းဖြစ်သည်။ လတ်တလော ဈေးကွက် အခြေအနေများအရ လာမည့်ရက်ပိုင်းအတွင်း အခြေခံကုန်စည်နှင့် အခြားကုန် စည်ဈေးနှုန်းများ ဈေးနှုန်းအမြင့်ပိုင်းတွင် ဆက်လက် ရပ်တည်နေမည်ဖြစ်ပြီး အထွေထွေကုန်ဈေးနှုန်းကြီး မြင့်မှုကို ပြည်သူများ ဆက်လက်ခံစားနေရမည်ဖြစ် သည်။
(ရွှေဈေးကွက်ပေါက်ဈေး အပြောင်းအလဲ)
မြန်မာနိုင်ငံတွင် ရွှေဈေးကွက်ကို အင်္ဂလိပ်အစိုး ရခေတ်မှစတင်ကာ မြန်မာ့ရိုးရာအချိန်အတွယ်များဖြင့် ရန်ကုန်မြို့ရွှေဘုံသာလမ်းတွင် အရောင်းအဝယ် များစတင်ခဲ့သည်။ မြန်မာရိုးရာအချိန်အတွယ်တွင် ကျပ်သားဖြင့်ဆောင် ရွက်သော်လည်း နိုင်ငံတကာတွင် အလေးချိန်ဂရမ်ဖြင့် အရောင်းအဝယ်ပြုလုပ်ကြသည်။ လက်ရှိတွင် ရွှေသန့်စင်သည့် လုပ်ငန်းများမှ ထွက်ရှိလာသော အခေါက်ရွှေတစ်ကျပ်သားအပေါ် သတ်မှတ်သောဈေးနှုန်းကို တစ်နိုင်ငံလုံးရှိရွှေဆိုင် များက အခေါက်ရွှေဈေးအဖြစ်သတ်မှတ်ကာ အရောင်း အဝယ်ပြုလုပ်ခြင်းဖြစ်သည်။
လက်ရှိတွင် ရွှေကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ပြီး သက်ဆိုင်ရာက အရောင်းအဝယ်များကို ထိန်းချုပ်နေသည်ဖြစ်ရာ မိရိုးဖလာလုပ်ငန်းများနှင့် အရေးကြီးကုန်စည်အဖြစ်အ‌ရောင်းအဝယ်ပြုလုပ် မည့်လုပ်ငန်းများ အကြား ဈေးနှုန်းကွာခြားချက်ဖြစ် ပေါ်လာနိုင်သည်။ လတ်တလောတွင် ရန်ကုန်တိုင်း ရွှေအသင်းရုံးက အခေါက်ရွှေ တစ်ကျပ်သားလျှင် (၆၉)သိန်းဝန်းကျင်ဖြင့် ရည်ညွှန်း‌ဈေးသတ်မှတ်ထား သော်လည်း ပြင်ပဈေးကွက်တွင် သိန်း(၁၀ဝ) ကျော် ပေါက်ဈေးရှိနေသည်။
ပြည်တွင်းပြည်ပရွှေဈေးနှင့် အမေရိကန်ဒေါ်လာ ပေါက်ဈေးအပေါ်မူတည်ကာ သတ်မှတ်ရည်ညွှန်း ဈေးများ ထုတ်ပြန်နေခြင်းဖြစ်သော်လည်း အမှန်တကယ် အရောင်းအဝယ်လုပ်ငန်းအများစုမှာ ရပ်တန့်နေဆဲဖြစ်သည်။ ‌ပြည်တွင်း ရှိ ရွှေလှော်ဖိုများနှင့် ရွှေသန့်စင်သည့်လုပ်ငန်းများက အကယ်ဒမီရွှေ၊ မီးလင်း ရွှေအဖြစ် သန့်စင်ရောင်းချမှုမှာ ပြင်ပပေါက်ဈေးများ ဖြင့် ပြန်လည်တွက်ချက်ပြီး ပြည်တွင်းအခေါက်ရွှေဈေး ကိုသတ်မှတ်ကြသည်။ သို့သော်လည်း ဗဟိုဘဏ်က တရားဝင်ငွေလဲနှုန်းကို တိတိကျကျ ထုတ်ပြန်ခြင်းမရှိသောကြောင့် ပြင်ပရွှေပေါက်ဈေးနှင့် ရန်ကုန်တိုင်း ရွှေ အသင်းရုံးမှထုတ်ပြန်သောရည်ညွှန်းဈေးဟူ၍ ကွာ ခြားနေလေသည်။ လာမည့်ရက်ပိုင်းအတွင်း ‌ရွှေဈေးကွက်အတွင်း အခေါက်ရွှေရောင်းချမှုများ ဆက်လက် နည်းပါးနေမည်ဖြစ်ပြီး (၁၅)ပဲရည်ကိုသာ အဓိက ရောင်းချနေမည်ဖြစ်သည်။ ‌ရွှေဈေးကွက်အပြောင်း အလဲသည် မည်သည့်ပုံစံသို့ဆက်လက်ပြောင်းလဲ သွားမည်ကို ခန့်မှန်းရခက်ခဲသော်လည်း အရေးကြီး ကုန်စည်အဖြစ်ကြေညာကာ စီမံခန့်ခွဲခြင်းသည် အောင်မြင်နိုင်ရန် ရာခိုင်နှုန်းနည်းပါးသည်။

(ကားဈေးကွက်အတွင်း ဈေးတက်နေသော်လည်း အရောင်းအဝယ်ရှိနေ)
မော်တော်ကားဈေးကွက်အတွင်းတွင် ကားဈေးနှုန်းများမြင့်တက်လာခဲ့သော်လည်း အရောင်းအဝယ် ဖြစ်မှု လည်းများပြားလာကြောင်း ရန်ကုန်နှင့် မန္တလေးဒေသခံကားပွဲစားများထံမှသိရသည်။ ပြည်တွင်းရွှေ ဈေးနှုန်းများ မြင့်တက်လာပြီး အရောင်းအဝယ် ခက်ခဲလာမှုကြောင့် ဇန်နဝါရီလအလယ်ပိုင်းမှစ တင်ကာ မော်တော်ကား ရောင်းဝယ်မှု များ ပိုမိုအလုပ် ဖြစ်လာခြင်းဖြစ်သည်။ ကားဈေးများတက်နေခြင်းသည် ရွှေဝယ်ယူမှုအစား အိမ်ခြံမြေနှင့်ကားဈေး ကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုများကြောင့် အရောင်းအဝယ်မြင့်တက်နေကြောင်းသိရသည်။ အရောင်းအဝယ် ဖြစ်နေခြင်း ကြောင့် လက်လွှဲရောင်းချရုံဖြင့် အကျိုးအမြတ်လည်းများနေသည့်အတွက် ကားဈေးကွက်တွင် မြှုပ်နှံလုပ်ကိုင်သူ လည်းများလာခဲ့သည်။
ထို့ပြင် မီနီအိုးဝေသုံးဘီးယာဉ်များမှာလည်း ဈေးနှုန်းများမြင့်တက်လာပြီး ယခင်ကထက် ဝယ်ယူ သူများပြားလာ ကြောင်းသိရသည်။ လက်ရှိ ရန်ကုန်ကားဈေးကွက်အတွင်း ပြည်တွင်းတပ်ဆင် ဘယ်မောင်း ကားများထုတ်လုပ်သည့် နိုင်ငံအစုံအလင်ဖြင့် ဈေးကွက်တွင်းဝင်ရောက်လာသဖြင့် အခွန်သက်သာမှုအရ ဝယ်ယူစီးသူ၊ စာရင်းကြိုပေးသူ ပိုမိုများပြား လာကြောင်းသိရသည်။
မိုဒယ်လ်မြင့်ကားလေးများဈေးကွက်တွင်လည်း အပေါ်ပိုင်းမှကားများဈေးမြင့်လာသည့်အတွက် အနည်းဆုံး သိန်း ဆယ်ဂဏန်းအထိမြင့်တက်ပြီး အထူးသဖြင့် ဈေးကွက်ရှိ လူကြိုက်များသောကားများဖြစ် သည့် ဟွန်ဒါဖစ်၊ မာဒါဒီမိုယို၊ တိုယိုတာဗဇ်၊ ဆူဇူကီး၊ ဆွစ်စသည့်ကားလေးများမှာ မြို့တွင်းသုံးအဖြစ် လူကြိုက်များပြီး ဈေးတန်းမြင့် တက်နေသော်လည်း အဝယ်ရှိကြောင်းသိရသည်။ လတ်တလော ကားလေး ဈေးကွက်ထဲတွင် လက်ရှိကားများကို အစားထိုးဝင် ရောက်လာသောအနောက်နိုင်ငံထုတ် ချက်ဗလက် အမှတ်တံဆိပ် စပတ်(ခ်)ကားများ ဈေးကွက်နေရာရ လာပြီး နယ်လိုင်စင်၊ ရန်ကုန်လိပ်စာပေါက်ရောက်ရှိ နောက်ဆုံးအက္ခရာရရှိသဖြင့် ရွေးချယ်စရာများလာပြီး ကီလို နည်းနည်း နောက်ဆုံးနံပါတ်နှစ်သက်သည့် သူများ ဈေးတန်း ကျပ်သိန်း(၅၆၀)မှစတင်၍ ဝယ်ယူ လာကြကြောင်း ဝါရင့် ယာဉ်ဝယ်ရောင်းများကပြောသည်။ လာမည့်ရက်ပိုင်းအတွင်း ကားဈေးကွက်၌ ဈေးနှုန်းများ ဆက်လက်မြင့်တက် နေမည်ဖြစ်သည်။
(အခြေခံကုန်စည်ဈေးနှုန်းများ)
ဝက်သားဈေး အနည်းငယ်ကျနေသည်။ ဝက်သားသုံးထပ်သားနှင့် ဝက်ပေါင်သား(၁၀)သား (၃၀ဝဝ)ကျပ် ဈေးဖြင့်ရရှိပြီး စားသုံသူများကြသည်။ အချို့ဈေးများတွင် ဝက်သုံးထပ်သားနှင့် ဝက်ပေါင်သား တစ်ဆယ်သား (၃၅၀ဝ) ကျပ်ဈေးရှိကြသဖြင့် ဈေးတစ်ခုနှင့်တစ်ခုမတူညီကြောင်းသိရသည်။ ဝက်ခေါင်းသား တစ်ဆယ်သား (၂၈၀ဝ-၃၀ဝဝ) ကျပ်၊ ဝက်နံရိုး တစ်ဆယ်သား (၂၈၀ဝ)ကျပ်၊ ဝက်မြီး တစ်ဆယ်သား (၂၈၀ဝ-၂၉၀ဝ)ကျပ်၊ ဝက်ကလီစာ တစ်ဆယ်သား (၃၀ဝဝ) ကျပ်ဈေးများရှိကြသည်။
လွန်ခဲ့သည့်တစ်ပတ်က ဝက်သား တစ်ဆယ် သား (၃၈၀ဝ)ကျပ်ဈေးအထိမြင့်တက်ခဲ့သည်။ ကျန်သည့် အသား ဈေးများမှာ အမြင့်ဈေးများဖြင့် ပုံမှန်အတိုင်းရှိသည်။ အာပြဲခြောက်အမျှင် အကောင်သေး များက တစ်ဆယ်သား (၄၀ဝဝ)ကျပ်ဈေးဖြင့် ပေါပေါ များများတွေ့ရသည်။ အာပြဲခြောက်အကောင်ကြီးများက တစ်ဆယ်သား (၆၀ဝဝ) ကျပ်ဈေးဖြစ်သည်။ ငါးနီတူခြောက်များက ခေါင်းပါလျှင် တစ်ဆယ်သား (၃၀ဝဝ)ကျပ်ဈေးဖြင့်ရရှိပြီး ခေါင်းခြွေပြီးသား ငါးနီ တူခြောက်များမှာ တစ်ဆယ်သား (၄၅၀ဝ-၅၀ဝဝ) ကျပ်ဈေးဖြစ်သည်။ ခေါင်းခြွေပြီးသား ငါးမြီးတံသွယ် ခြောက်များ လည်း တစ်ဆယ်သား (၂၅၀ဝ-၃၀ဝဝ) ကျပ်ဈေးများဖြင့် ပေါပေါများများတွေ့ရပြီး စားသုံးသူ များပြားကြောင်းသိရသည်။
ငါးပုတ်သင်ခြောက် တစ်ဆယ်သား (၃၅၀ဝ)ကျပ်ဈေးဖြင့် ပေါပေါများများတွေ့ရသည်။ ငါးတံခွန် ခြောက် တစ်ဆယ်သား(၂၀ဝဝ-၃၀ဝဝ)ကျပ်ဈေး ဖြင့် စားသုံးသူများသည်။ ငါးမဲလုံးခြောက် တစ်ဆယ် သား (၃၅၀ဝ)ကျပ်၊ ပလာတူးခြောက် တစ်ဆယ်သား (၃၀ဝဝ-၄၀ဝဝ)ကျပ်ဈေးဖြင့် ပေါပေါများများတွေ့ရ သည်။ အခြားငါးခြောက်များမှာ အမြင့်ဈေးတွင်ရှိ သည်။ ငါးမြွေထိုးခြောက် တစ်ဆယ်သား (၈၀ဝဝ)ကျပ်ဈေးဖြင့် ဈေးမြင့်တက်သည်။ ငါးကျည်းခြောက် တစ်ဆယ်သား (၁၃၀ဝဝ)ကျပ်၊ ငါးရံ့ခြောက် တစ် ဆယ်သား (၁၀ဝဝဝ-၁၅၀ဝဝ) ကျပ်ဈေးများဖြင့် ဈေးမြင့်တက်သည်။ ပုစွန်ခြောက်အမှုန့်များမှာ တစ်ဆယ်သား (၆၀ဝဝ-၈၀ဝဝ)ကျပ်ဈေးရှိသည်။ ပုစွန် ခြောက်များမှာ တစ်ဆယ်သား (၁၂၀ဝဝ- ၁၃၀ဝဝ)ကျပ်ဈေးမှ တစ်ဆယ်သား (၂၅၀ဝဝ-၃၀ဝဝဝ) ကျပ်ဈေးအထိ ပုံမှန်အမြင့်ဈေးများအတိုင်း ရှိသည်။
အာလူးအလုံးကြီးများက တစ်ပိဿာ (၁၀ဝဝဝ) ကျပ်ဈေးဖြင့် အမြင့်ဈေးအတိုင်းရှိသည်။ အာလူး အလုံလတ် တစ်ပိဿာ(၈၀ဝဝ)ကျပ်၊ အာလူး အလုံး သေး တစ်ပိဿာ(၆၀ဝဝ)ကျပ် စသည်ဖြင့် ဈေးများ အသီးသီးရှိနေသည်။ မြစ်သားကြက်သွန်နီများက တစ်ပိဿာ (၃၀ဝဝ-၃၅၀ဝ)ကျပ်ဈေးမှ (၄၅၀ဝ) ကျပ်ဈေးများအထိ အမြင့်ဈေးနှုန်းများဖြင့် ရှိသည်။ ကြက်သွန်ဖြူများတွင် ကြူကုတ်ကြက်သွန်ဖြူ တစ်ပိဿာ (၂၀ဝဝဝ)ကျပ်ဈေးရှိပြီး ဗမာ-ထူး ကြက်သွန် ဖြူများက တစ်ပိဿာ (၁၀ဝဝဝ-၁၂၀ဝဝ) ကျပ်ဈေး များဖြင့် ဈေးအနည်းငယ်ကျသည်။ ဥတစ်လုံး ကြက်သွန်ဖြူ တစ်ပိဿာ (၁၇၀ဝဝ-၁၈၀ဝဝ) ကျပ်ဈေး ရှိပြီး ရှားပါးသည်။ လာမည့်ရက်ပိုင်းအတွင်း အခြေခံ စားသောက်ကုန်စည်များ ဈေးနှုန်းအပြောင်းအလဲ နည်းပါးနိုင်ကြောင်း ဈေးကွက်အတွင်းမှသိရသည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရးေဈးကြက္ သုံးသပ္ခ်က္
ျပည့္ၿဖိဳး(NP News)ေဖေဖာ္ဝါရီ ၈
ျမန္မာႏိုင္ငံတြင္ ပြင့္လင္းရာသီခ်ိန္ျဖစ္ေသာေၾကာင့္ ကုန္စည္အေရာင္းအဝယ္မ်ား ပုံမွန္သြက္ လက္ေနေသာ္ လည္း ျပည္ပမွတင္သြင္းရေသာ ကုန္စည္အမ်ားစုမွာ ဆက္လက္ ေဈးျမင့္တက္ေနဆဲျဖစ္သည္။ ဗဟိုဘဏ္၏ ေငြ‌ေၾကး မူဝါဒအေျပာင္းအလဲ မရွိေသာ္လည္း ႏိုင္ငံျခားေငြမ်ား ဆက္တိုက္ထုတ္ ေရာင္းေနျခင္းေၾကာင့္ ျပင္ပေဒၚလာေဈး တည္ၿငိမ္ၿပီး ေဈးႏႈန္း အနည္းငယ္က်ဆင္းေနသည္။
ဗဟိုဘဏ္၏ေငြေၾကးမူဝါဒႏွင့္ ပို႔ကုန္/သြင္း ကုန္မူဝါဒမ်ားသည္ ကာလတို ယာယီသတ္မွတ္ခ်က္မ်ားမဟုတ္ဘဲ ေရရွည္ပုံစံက်င့္သုံးလာျခင္းေၾကာင့္ အေျခခံကုန္ေဈးႏႈန္းမွာ ဆက္တိုက္ျမင့္မားေနျခင္း ျဖစ္သည္။ ပို႔ကုန္/သြင္းကုန္မူဝါဒ မ်ားအရ အေရးႀကီး ကုန္စည္မ်ားသတ္မွတ္ခ်က္ေၾကာင့္ ေဒၚလာ၊ စက္သုံး ဆီႏွင့္ စားအုန္းဆီ စသည့္ကုန္စည္မ်ားမွာ ေဈးႏႈန္း တည္ၿငိမ္ေနေၾကာင္းသိရသည္။
ျမန္မာႏိုင္ငံ၏ အေျခခံစားေသာက္ကုန္မဟုတ္ ေသာကုန္စည္အမ်ားစုမွာ ျပည္ပမွတင္သြင္းေရာင္းခ် ျခင္းျဖစ္ ရာ ထုတ္လုပ္မႈႏွင့္ ေနာက္ဆုံးအသုံးျပဳသူအၾကား ေဈးကြာျခားခ်က္ ႀကီးမားေနျခင္းျဖစ္သည္။ လတ္တေလာ ေဈးကြက္ အေျခအေနမ်ားအရ လာမည့္ရက္ပိုင္းအတြင္း အေျခခံကုန္စည္ႏွင့္ အျခားကုန္ စည္ေဈးႏႈန္းမ်ား ေဈးႏႈန္းအျမင့္ပိုင္းတြင္ ဆက္လက္ ရပ္တည္ေနမည္ျဖစ္ၿပီး အေထြေထြကုန္ေဈးႏႈန္းႀကီး ျမင့္မႈကို ျပည္သူမ်ား ဆက္လက္ခံစားေနရမည္ျဖစ္ သည္။
(ေ႐ႊေဈးကြက္ေပါက္ေဈး အေျပာင္းအလဲ)
ျမန္မာႏိုင္ငံတြင္ ေ႐ႊေဈးကြက္ကို အဂၤလိပ္အစိုး ရေခတ္မွစတင္ကာ ျမန္မာ့႐ိုးရာအခ်ိန္အတြယ္မ်ားျဖင့္ ရန္ကုန္ၿမိဳ႕ေ႐ႊဘုံသာလမ္းတြင္ အေရာင္းအဝယ္ မ်ားစတင္ခဲ့သည္။ ျမန္မာ႐ိုးရာအခ်ိန္အတြယ္တြင္ က်ပ္သားျဖင့္ေဆာင္ ႐ြက္ေသာ္လည္း ႏိုင္ငံတကာတြင္ အေလးခ်ိန္ဂရမ္ျဖင့္ အေရာင္းအဝယ္ျပဳလုပ္ၾကသည္။ လက္ရွိတြင္ ေ႐ႊသန႔္စင္သည့္ လုပ္ငန္းမ်ားမွ ထြက္ရွိလာေသာ အေခါက္ေ႐ႊတစ္က်ပ္သားအေပၚ သတ္မွတ္ေသာေဈးႏႈန္းကို တစ္ႏိုင္ငံလုံးရွိေ႐ႊဆိုင္ မ်ားက အေခါက္ေ႐ႊေဈးအျဖစ္သတ္မွတ္ကာ အေရာင္း အဝယ္ျပဳလုပ္ျခင္းျဖစ္သည္။
လက္ရွိတြင္ ေ႐ႊကို အေရးႀကီးကုန္စည္အျဖစ္ သတ္မွတ္ၿပီး သက္ဆိုင္ရာက အေရာင္းအဝယ္မ်ားကို ထိန္းခ်ဳပ္ေနသည္ျဖစ္ရာ မိ႐ိုးဖလာလုပ္ငန္းမ်ားႏွင့္ အေရးႀကီးကုန္စည္အျဖစ္အ‌ေရာင္းအဝယ္ျပဳလုပ္ မည့္လုပ္ငန္းမ်ား အၾကား ေဈးႏႈန္းကြာျခားခ်က္ျဖစ္ ေပၚလာႏိုင္သည္။ လတ္တေလာတြင္ ရန္ကုန္တိုင္း ေ႐ႊအသင္း႐ုံးက အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ (၆၉)သိန္းဝန္းက်င္ျဖင့္ ရည္ၫႊန္း‌ေဈးသတ္မွတ္ထား ေသာ္လည္း ျပင္ပေဈးကြက္တြင္ သိန္း(၁၀ဝ) ေက်ာ္ ေပါက္ေဈးရွိေနသည္။
ျပည္တြင္းျပည္ပေ႐ႊေဈးႏွင့္ အေမရိကန္ေဒၚလာ ေပါက္ေဈးအေပၚမူတည္ကာ သတ္မွတ္ရည္ၫႊန္း ေဈးမ်ား ထုတ္ျပန္ေနျခင္းျဖစ္ေသာ္လည္း အမွန္တကယ္ အေရာင္းအဝယ္လုပ္ငန္းအမ်ားစုမွာ ရပ္တန႔္ေနဆဲျဖစ္သည္။ ‌ျပည္တြင္း ရွိ ေ႐ႊေလွာ္ဖိုမ်ားႏွင့္ ေ႐ႊသန႔္စင္သည့္လုပ္ငန္းမ်ားက အကယ္ဒမီေ႐ႊ၊ မီးလင္း ေ႐ႊအျဖစ္ သန႔္စင္ေရာင္းခ်မႈမွာ ျပင္ပေပါက္ေဈးမ်ား ျဖင့္ ျပန္လည္တြက္ခ်က္ၿပီး ျပည္တြင္းအေခါက္ေ႐ႊေဈး ကိုသတ္မွတ္ၾကသည္။ သို႔ေသာ္လည္း ဗဟိုဘဏ္က တရားဝင္ေငြလဲႏႈန္းကို တိတိက်က် ထုတ္ျပန္ျခင္းမရွိေသာေၾကာင့္ ျပင္ပေ႐ႊေပါက္ေဈးႏွင့္ ရန္ကုန္တိုင္း ေ႐ႊ အသင္း႐ုံးမွထုတ္ျပန္ေသာရည္ၫႊန္းေဈးဟူ၍ ကြာ ျခားေနေလသည္။ လာမည့္ရက္ပိုင္းအတြင္း ‌ေ႐ႊေဈးကြက္အတြင္း အေခါက္ေ႐ႊေရာင္းခ်မႈမ်ား ဆက္လက္ နည္းပါးေနမည္ျဖစ္ၿပီး (၁၅)ပဲရည္ကိုသာ အဓိက ေရာင္းခ်ေနမည္ျဖစ္သည္။ ‌ေ႐ႊေဈးကြက္အေျပာင္း အလဲသည္ မည္သည့္ပုံစံသို႔ဆက္လက္ေျပာင္းလဲ သြားမည္ကို ခန႔္မွန္းရခက္ခဲေသာ္လည္း အေရးႀကီး ကုန္စည္အျဖစ္ေၾကညာကာ စီမံခန႔္ခြဲျခင္းသည္ ေအာင္ျမင္ႏိုင္ရန္ ရာခိုင္ႏႈန္းနည္းပါးသည္။

(ကားေဈးကြက္အတြင္း ေဈးတက္ေနေသာ္လည္း အေရာင္းအဝယ္ရွိေန)
ေမာ္ေတာ္ကားေဈးကြက္အတြင္းတြင္ ကားေဈးႏႈန္းမ်ားျမင့္တက္လာခဲ့ေသာ္လည္း အေရာင္းအဝယ္ ျဖစ္မႈ လည္းမ်ားျပားလာေၾကာင္း ရန္ကုန္ႏွင့္ မႏၲေလးေဒသခံကားပြဲစားမ်ားထံမွသိရသည္။ ျပည္တြင္းေ႐ႊ ေဈးႏႈန္းမ်ား ျမင့္တက္လာၿပီး အေရာင္းအဝယ္ ခက္ခဲလာမႈေၾကာင့္ ဇန္နဝါရီလအလယ္ပိုင္းမွစ တင္ကာ ေမာ္ေတာ္ကား ေရာင္းဝယ္မႈ မ်ား ပိုမိုအလုပ္ ျဖစ္လာျခင္းျဖစ္သည္။ ကားေဈးမ်ားတက္ေနျခင္းသည္ ေ႐ႊဝယ္ယူမႈအစား အိမ္ၿခံေျမႏွင့္ကားေဈး ကြက္အတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားေၾကာင့္ အေရာင္းအဝယ္ျမင့္တက္ေနေၾကာင္းသိရသည္။ အေရာင္းအဝယ္ ျဖစ္ေနျခင္း ေၾကာင့္ လက္လႊဲေရာင္းခ်႐ုံျဖင့္ အက်ိဳးအျမတ္လည္းမ်ားေနသည့္အတြက္ ကားေဈးကြက္တြင္ ျမႇဳပ္ႏွံလုပ္ကိုင္သူ လည္းမ်ားလာခဲ့သည္။
ထို႔ျပင္ မီနီအိုးေဝသုံးဘီးယာဥ္မ်ားမွာလည္း ေဈးႏႈန္းမ်ားျမင့္တက္လာၿပီး ယခင္ကထက္ ဝယ္ယူ သူမ်ားျပားလာ ေၾကာင္းသိရသည္။ လက္ရွိ ရန္ကုန္ကားေဈးကြက္အတြင္း ျပည္တြင္းတပ္ဆင္ ဘယ္ေမာင္း ကားမ်ားထုတ္လုပ္သည့္ ႏိုင္ငံအစုံအလင္ျဖင့္ ေဈးကြက္တြင္းဝင္ေရာက္လာသျဖင့္ အခြန္သက္သာမႈအရ ဝယ္ယူစီးသူ၊ စာရင္းႀကိဳေပးသူ ပိုမိုမ်ားျပား လာေၾကာင္းသိရသည္။
မိုဒယ္လ္ျမင့္ကားေလးမ်ားေဈးကြက္တြင္လည္း အေပၚပိုင္းမွကားမ်ားေဈးျမင့္လာသည့္အတြက္ အနည္းဆုံး သိန္း ဆယ္ဂဏန္းအထိျမင့္တက္ၿပီး အထူးသျဖင့္ ေဈးကြက္ရွိ လူႀကိဳက္မ်ားေသာကားမ်ားျဖစ္ သည့္ ဟြန္ဒါဖစ္၊ မာဒါဒီမိုယို၊ တိုယိုတာဗဇ္၊ ဆူဇူကီး၊ ဆြစ္စသည့္ကားေလးမ်ားမွာ ၿမိဳ႕တြင္းသုံးအျဖစ္ လူႀကိဳက္မ်ားၿပီး ေဈးတန္းျမင့္ တက္ေနေသာ္လည္း အဝယ္ရွိေၾကာင္းသိရသည္။ လတ္တေလာ ကားေလး ေဈးကြက္ထဲတြင္ လက္ရွိကားမ်ားကို အစားထိုးဝင္ ေရာက္လာေသာအေနာက္ႏိုင္ငံထုတ္ ခ်က္ဗလက္ အမွတ္တံဆိပ္ စပတ္(ခ္)ကားမ်ား ေဈးကြက္ေနရာရ လာၿပီး နယ္လိုင္စင္၊ ရန္ကုန္လိပ္စာေပါက္ေရာက္ရွိ ေနာက္ဆုံးအကၡရာရရွိသျဖင့္ ေ႐ြးခ်ယ္စရာမ်ားလာၿပီး ကီလို နည္းနည္း ေနာက္ဆုံးနံပါတ္ႏွစ္သက္သည့္ သူမ်ား ေဈးတန္း က်ပ္သိန္း(၅၆၀)မွစတင္၍ ဝယ္ယူ လာၾကေၾကာင္း ဝါရင့္ ယာဥ္ဝယ္ေရာင္းမ်ားကေျပာသည္။ လာမည့္ရက္ပိုင္းအတြင္း ကားေဈးကြက္၌ ေဈးႏႈန္းမ်ား ဆက္လက္ျမင့္တက္ ေနမည္ျဖစ္သည္။
(အေျခခံကုန္စည္ေဈးႏႈန္းမ်ား)
ဝက္သားေဈး အနည္းငယ္က်ေနသည္။ ဝက္သားသုံးထပ္သားႏွင့္ ဝက္ေပါင္သား(၁၀)သား (၃၀ဝဝ)က်ပ္ ေဈးျဖင့္ရရွိၿပီး စားသုံသူမ်ားၾကသည္။ အခ်ိဳ႕ေဈးမ်ားတြင္ ဝက္သုံးထပ္သားႏွင့္ ဝက္ေပါင္သား တစ္ဆယ္သား (၃၅၀ဝ) က်ပ္ေဈးရွိၾကသျဖင့္ ေဈးတစ္ခုႏွင့္တစ္ခုမတူညီေၾကာင္းသိရသည္။ ဝက္ေခါင္းသား တစ္ဆယ္သား (၂၈၀ဝ-၃၀ဝဝ) က်ပ္၊ ဝက္နံ႐ိုး တစ္ဆယ္သား (၂၈၀ဝ)က်ပ္၊ ဝက္ၿမီး တစ္ဆယ္သား (၂၈၀ဝ-၂၉၀ဝ)က်ပ္၊ ဝက္ကလီစာ တစ္ဆယ္သား (၃၀ဝဝ) က်ပ္ေဈးမ်ားရွိၾကသည္။
လြန္ခဲ့သည့္တစ္ပတ္က ဝက္သား တစ္ဆယ္ သား (၃၈၀ဝ)က်ပ္ေဈးအထိျမင့္တက္ခဲ့သည္။ က်န္သည့္ အသား ေဈးမ်ားမွာ အျမင့္ေဈးမ်ားျဖင့္ ပုံမွန္အတိုင္းရွိသည္။ အာၿပဲေျခာက္အမွ်င္ အေကာင္ေသး မ်ားက တစ္ဆယ္သား (၄၀ဝဝ)က်ပ္ေဈးျဖင့္ ေပါေပါ မ်ားမ်ားေတြ႕ရသည္။ အာၿပဲေျခာက္အေကာင္ႀကီးမ်ားက တစ္ဆယ္သား (၆၀ဝဝ) က်ပ္ေဈးျဖစ္သည္။ ငါးနီတူေျခာက္မ်ားက ေခါင္းပါလွ်င္ တစ္ဆယ္သား (၃၀ဝဝ)က်ပ္ေဈးျဖင့္ရရွိၿပီး ေခါင္းေႁခြၿပီးသား ငါးနီ တူေျခာက္မ်ားမွာ တစ္ဆယ္သား (၄၅၀ဝ-၅၀ဝဝ) က်ပ္ေဈးျဖစ္သည္။ ေခါင္းေႁခြၿပီးသား ငါးၿမီးတံသြယ္ ေျခာက္မ်ား လည္း တစ္ဆယ္သား (၂၅၀ဝ-၃၀ဝဝ) က်ပ္ေဈးမ်ားျဖင့္ ေပါေပါမ်ားမ်ားေတြ႕ရၿပီး စားသုံးသူ မ်ားျပားေၾကာင္းသိရသည္။
ငါးပုတ္သင္ေျခာက္ တစ္ဆယ္သား (၃၅၀ဝ)က်ပ္ေဈးျဖင့္ ေပါေပါမ်ားမ်ားေတြ႕ရသည္။ ငါးတံခြန္ ေျခာက္ တစ္ဆယ္သား(၂၀ဝဝ-၃၀ဝဝ)က်ပ္ေဈး ျဖင့္ စားသုံးသူမ်ားသည္။ ငါးမဲလုံးေျခာက္ တစ္ဆယ္ သား (၃၅၀ဝ)က်ပ္၊ ပလာတူးေျခာက္ တစ္ဆယ္သား (၃၀ဝဝ-၄၀ဝဝ)က်ပ္ေဈးျဖင့္ ေပါေပါမ်ားမ်ားေတြ႕ရ သည္။ အျခားငါးေျခာက္မ်ားမွာ အျမင့္ေဈးတြင္ရွိ သည္။ ငါးေႁမြထိုးေျခာက္ တစ္ဆယ္သား (၈၀ဝဝ)က်ပ္ေဈးျဖင့္ ေဈးျမင့္တက္သည္။ ငါးက်ည္းေျခာက္ တစ္ဆယ္သား (၁၃၀ဝဝ)က်ပ္၊ ငါးရံ႕ေျခာက္ တစ္ ဆယ္သား (၁၀ဝဝဝ-၁၅၀ဝဝ) က်ပ္ေဈးမ်ားျဖင့္ ေဈးျမင့္တက္သည္။ ပုစြန္ေျခာက္အမႈန႔္မ်ားမွာ တစ္ဆယ္သား (၆၀ဝဝ-၈၀ဝဝ)က်ပ္ေဈးရွိသည္။ ပုစြန္ ေျခာက္မ်ားမွာ တစ္ဆယ္သား (၁၂၀ဝဝ- ၁၃၀ဝဝ)က်ပ္ေဈးမွ တစ္ဆယ္သား (၂၅၀ဝဝ-၃၀ဝဝဝ) က်ပ္ေဈးအထိ ပုံမွန္အျမင့္ေဈးမ်ားအတိုင္း ရွိသည္။
အာလူးအလုံးႀကီးမ်ားက တစ္ပိႆာ (၁၀ဝဝဝ) က်ပ္ေဈးျဖင့္ အျမင့္ေဈးအတိုင္းရွိသည္။ အာလူး အလုံလတ္ တစ္ပိႆာ(၈၀ဝဝ)က်ပ္၊ အာလူး အလုံး ေသး တစ္ပိႆာ(၆၀ဝဝ)က်ပ္ စသည္ျဖင့္ ေဈးမ်ား အသီးသီးရွိေနသည္။ ျမစ္သားၾကက္သြန္နီမ်ားက တစ္ပိႆာ (၃၀ဝဝ-၃၅၀ဝ)က်ပ္ေဈးမွ (၄၅၀ဝ) က်ပ္ေဈးမ်ားအထိ အျမင့္ေဈးႏႈန္းမ်ားျဖင့္ ရွိသည္။ ၾကက္သြန္ျဖဴမ်ားတြင္ ၾကဴကုတ္ၾကက္သြန္ျဖဴ တစ္ပိႆာ (၂၀ဝဝဝ)က်ပ္ေဈးရွိၿပီး ဗမာ-ထူး ၾကက္သြန္ ျဖဴမ်ားက တစ္ပိႆာ (၁၀ဝဝဝ-၁၂၀ဝဝ) က်ပ္ေဈး မ်ားျဖင့္ ေဈးအနည္းငယ္က်သည္။ ဥတစ္လုံး ၾကက္သြန္ျဖဴ တစ္ပိႆာ (၁၇၀ဝဝ-၁၈၀ဝဝ) က်ပ္ေဈး ရွိၿပီး ရွားပါးသည္။ လာမည့္ရက္ပိုင္းအတြင္း အေျခခံ စားေသာက္ကုန္စည္မ်ား ေဈးႏႈန္းအေျပာင္းအလဲ နည္းပါးႏိုင္ေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။

Related news

© 2021. All rights reserved.