စွဲလမ်းစေတဲ့ ဒီဇိုင်းတွေကြောင့် TikTok ရဲ့ အက်ပ်ဒီဇိုင်း ပြင်ဆင်ဖို့ လိုတယ်လို့ EU ပြော

169

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၈
လူငယ်တွေကြားမှာ ရေပန်းအစားဆုံးဖြစ်တဲ့ TikTok အက်ပ်ဟာ အသုံးပြုသူတွေကို အက်ပ်ထဲမှာပဲ အချိန်ကုန်မှန်းမသိ စွဲလမ်းနေအောင် တမင်ဖန်တီးထားတာကြောင့် အက်ပ်ဒီဇိုင်း ပြောင်းလဲဖို့ လိုတယ်လို့ ဥရောပသမဂ္ဂ (EU) က ထောက်ပြလာပါတယ်။
EU ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ TikTok မှာပါဝင်တဲ့ အဆုံးမရှိ ပွတ်ဆွဲကြည့်နိုင်တဲ့စနစ် (Infinite Scroll)၊ ဗီဒီယိုတွေ အလိုအလျောက်ပွင့်လာမှုနဲ့ ခဏခဏ တက်လာတဲ့ Notification တွေဟာ အသုံးပြုသူတွေကို မူးယစ်ဆေးဝါးလိုမျိုး စွဲလမ်းသွားအောင်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဒီလိုစွဲလမ်းစေတဲ့ စနစ်တွေကြောင့် ဆယ်ကျော်သက်တွေရဲ့စိတ်ကျန်းမာရေးကို ထိခိုက်စေသလို၊ အိပ်ချိန်တွေကိုပါ ထိခိုက်စေတဲ့အတွက် TikTok အနေနဲ့ ကလေးသူငယ်တွေကို ကာကွယ်ပေးနိုင်ဖို့လည်း ပျက်ကွက်ခဲ့တယ်လို့ EU က ထောက်ပြထားပါတယ်။ တကယ်လို့ ဒီစွပ်စွဲချက်တွေကသာ မှန်ကန်ကြောင်း သက်သေပြနိုင်ရင်တော့ TikTok ဟာ သူတို့ရဲ့ တစ်ကမ္ဘာလုံး ဆိုင်ရာ ဝင်ငွေရဲ့ ၆ ရာခိုင်နှုန်း (ဒေါ်လာသန်းပေါင်းများစွာ) အထိ ကြီးမားတဲ့ ဒဏ်ကြေးငွေ ပေးဆောင်ရမှာ ဖြစ်သလို၊ အက်ပ်ဒီဇိုင်းတွေကိုပါ ပြောင်းလဲပစ်ရဖို့ ရှိနေပါတယ်။
TikTok ကတော့ Screen Time ကန့်သတ်ချက်တွေနဲ့ အကာအကွယ်တွေ ထားရှိထားပြီးသားဖြစ်ကြောင်း ပြန်လည်ခုခံထားပေမဲ့၊ EU ကတော့ ဒါဟာ လုံလောက်မှု မရှိဘူးလို့ ယူဆထားပါတယ်။ ဒါဟာ ဥရောပသမဂ္ဂက မကြာသေးမီနှစ်တွေအတွင်း ပြဌာန်းလိုက်တဲ့ Digital Services Act (DSA) ဆိုတဲ့ ဥပဒေလက်နက်သစ်ကိုအသုံးပြုပြီး နည်းပညာကုမ္ပဏီကြီး (Big Tech) တွေရဲ့အလွန်အကျွံလုပ်ဆောင်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းချက်တစ်ခုလည်းဖြစ်ပါတယ်။

Zawgyi Version;
စြဲလမ္းေစတဲ့ ဒီဇိုင္းေတြေၾကာင့္ TikTok ရဲ႕ အက္ပ္ဒီဇိုင္း ျပင္ဆင္ဖို႔ လိုတယ္လို႔ EU ေျပာ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၈
လူငယ္ေတြၾကားမွာ ေရပန္းအစားဆုံးျဖစ္တဲ့ TikTok အက္ပ္ဟာ အသုံးျပဳသူေတြကို အက္ပ္ထဲမွာပဲ အခ်ိန္ကုန္မွန္းမသိ စြဲလမ္းေနေအာင္ တမင္ဖန္တီးထားတာေၾကာင့္ အက္ပ္ဒီဇိုင္း ေျပာင္းလဲဖို႔ လိုတယ္လို႔ ဥေရာပသမဂၢ (EU) က ေထာက္ျပလာပါတယ္။
EU ရဲ႕ စုံစမ္းစစ္ေဆးမႈေတြအရ TikTok မွာပါဝင္တဲ့ အဆုံးမရွိ ပြတ္ဆြဲၾကည့္ႏိုင္တဲ့စနစ္ (Infinite Scroll)၊ ဗီဒီယိုေတြ အလိုအေလ်ာက္ပြင့္လာမႈနဲ႔ ခဏခဏ တက္လာတဲ့ Notification ေတြဟာ အသုံးျပဳသူေတြကို မူးယစ္ေဆးဝါးလိုမ်ိဳး စြဲလမ္းသြားေအာင္ျပဳလုပ္ေနတယ္လို႔ ဆိုပါတယ္။ ဒီလိုစြဲလမ္းေစတဲ့ စနစ္ေတြေၾကာင့္ ဆယ္ေက်ာ္သက္ေတြရဲ႕စိတ္က်န္းမာေရးကို ထိခိုက္ေစသလို၊ အိပ္ခ်ိန္ေတြကိုပါ ထိခိုက္ေစတဲ့အတြက္ TikTok အေနနဲ႔ ကေလးသူငယ္ေတြကို ကာကြယ္ေပးႏိုင္ဖို႔လည္း ပ်က္ကြက္ခဲ့တယ္လို႔ EU က ေထာက္ျပထားပါတယ္။ တကယ္လို႔ ဒီစြပ္စြဲခ်က္ေတြကသာ မွန္ကန္ေၾကာင္း သက္ေသျပႏိုင္ရင္ေတာ့ TikTok ဟာ သူတို႔ရဲ႕ တစ္ကမာၻလုံး ဆိုင္ရာ ဝင္ေငြရဲ႕ ၆ ရာခိုင္ႏႈန္း (ေဒၚလာသန္းေပါင္းမ်ားစြာ) အထိ ႀကီးမားတဲ့ ဒဏ္ေၾကးေငြ ေပးေဆာင္ရမွာ ျဖစ္သလို၊ အက္ပ္ဒီဇိုင္းေတြကိုပါ ေျပာင္းလဲပစ္ရဖို႔ ရွိေနပါတယ္။
TikTok ကေတာ့ Screen Time ကန႔္သတ္ခ်က္ေတြနဲ႔ အကာအကြယ္ေတြ ထားရွိထားၿပီးသားျဖစ္ေၾကာင္း ျပန္လည္ခုခံထားေပမဲ့၊ EU ကေတာ့ ဒါဟာ လုံေလာက္မႈ မရွိဘူးလို႔ ယူဆထားပါတယ္။ ဒါဟာ ဥေရာပသမဂၢက မၾကာေသးမီႏွစ္ေတြအတြင္း ျပဌာန္းလိုက္တဲ့ Digital Services Act (DSA) ဆိုတဲ့ ဥပေဒလက္နက္သစ္ကိုအသုံးျပဳၿပီး နည္းပညာကုမၸဏီႀကီး (Big Tech) ေတြရဲ႕အလြန္အကြၽံလုပ္ေဆာင္မႈေတြကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းခ်က္တစ္ခုလည္းျဖစ္ပါတယ္။