ပြည်ထောင်စုအတိုင်ပင်ခံကောင်စီနှင့် ဦးမင်းအောင်လှိုင် လက်ထဲက စာရွက်တစ်ရွက်

2010

မျိုးမင်း (မကျည်းလဟာ) (NP News) - ဖေဖော်ဝါရီ ၁ဝ
(၂၀၂၆) ဖေဖော်ဝါရီ(၃)ရက်၌ ပြည်ထောင်စု အတိုင်ပင်ခံကောင်စီဥပဒေထွက်သည်။ အခန်း (၄) ခန်းသာပါသည့်ထိုဥပဒေအတွက် နယ်ပယ်အစုံမှ ပုဂ္ဂိုလ်အသီးသီးကခန့်မှန်းသုံးသပ်မှုမျိုးစုံထွက်လာ၏။ ခန့်မှန်းချက်တိုင်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဗဟိုပြုထားကြသည်။ မည်သည့်နေရာ၌ ထိုင်မည်နည်းဆိုသည်ပင်။ မည်သို့ပင်ဖြစ်စေ ဦးမင်းအောင်လှိုင်တော်သည်၊ လည်သည်။ ပြည်တွင်းပြည်ပ အသိုင်းအဝိုင်းအစုံအား အတွေးမျိုးစုံဝင်စေရန် လှည့်စားလိုက်နိုင်သည်။
ထွက်ပေါ်လာသော သုံးသပ်ချက်များ
ဦးမင်းအောင်လှိုင်သည် ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ၏ ဥက္ကဋ္ဌလုပ်မည်၊ ယခင် တပ်ချုပ် ဟောင်း ဦးသန်းရွှေနှင့် ဒုချုပ်ဦးမောင်အေးတို့စီစဉ်ခဲ့ဖူးသော နိုင်ငံ့ဦးသျှောင်အဖွဲ့ကဲ့သို့ ရုံးအမှတ်(၂၇)တွင် ထိုင်မည်ဟု တွက်ချက်ကြသူများရှိ၏။ အချို့ကမူ ဦးမင်းအောင်လှိုင် သမ္မတလုပ်မည်၊ ဒုချုပ် ဦးစိုးဝင်းနှင့် အခြားသော အငြိမ်းစားယူပေးကြရမည့် ဗိုလ်ချုပ်ကြီးများအတွက် ကောင်စီကို စီစဉ်ပေးထားခြင်းဟု သုံးသပ်သည်။
ထိုကောင်စီတွင် တိုင်းရင်းသားအချို့ကိုလည်း ထည့်မည်၊ ရွေးကောက်ပွဲရှုံးခဲ့သောပုဂ္ဂိုလ်အချို့ လည်း ပါဝင်နိုင်ခြေရှိသည်ဟု ခန့်မှန်းကြသည်။ မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲအနိုင်ရပါတီဥက္ကဋ္ဌ ဦးခင်ရီကို ထည့်စဉ်းစားခြင်းမရှိဘဲ တပ်ချုပ် ဦးမင်းအောင်လှိုင်ကိုဗဟိုပြု၍ ခန့်မှန်းနေကြခြင်းဖြစ်၏။
လွှတ်တော်အခင်းအကျင်းနှင့် လူစာရင်း
မတ်လလယ်၌ လွှတ်တော်စတင်မည်ဟု ဦးမင်းအောင်လှိုင်က ရုရှားဘက်သို့ သတင်းစကားပါး ထားသည်။ ထိုလွှတ်တော်အတွင်း၌ တပ်မတော်သားကိုယ်စားလှယ်(၁၆၆)ဦး (၁၁၀+၅၆)ရှိသည်။ ရွေး ကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် (၄၂၀)ဦးရှိသည်။ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်(၂၆၃)ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၅၇)ဦးဖြင့် အလွန်လှ၍ အဓိပ္ပာယ်ရှိသောကိန်း ဂဏန်းအဖြစ် (၄၂၀)ဦးရှိနေခြင်းပင်။ ရွေးချယ်ခံတပ် မတော်သားနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စား လှယ် နှစ်ရပ်ပေါင်း (၅၈၆)ဦးက ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတအား ရွေးချယ်တင် မြှောက်ပေးရမည်ဖြစ်၏။ လုပ်ငန်းစဉ်အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ပထမဆုံးအလုပ်အ ဖြစ် ၎င်းတို့၏ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌအား ရွေးချယ်ပေးရမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ကလည်း ထိုနည်းတူပင်။ ပြည်သူ့လွှတ်တော်၌ ဥက္ကဋ္ဌ ဖြစ်နိုင်ခြေရှိသူ အများအပြားရှိသည်။ အများဆုံးအနိုင်ရပါတီ ပြည်ခိုင်ဖြိုး၏ကိုယ်စား လှယ်များဖြစ်သော ဦးခင်ရီ၊ ဦးမြထွန်းဦး၊ ဦးညို စော၊ ဦးမျိုးဇော်သိန်း၊ ဦးသောင်းအေးအပါအဝင် အကျော် အမော်များစွာက ပြည်သူ့လွှတ်တော်၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နေရာများကို ဆက်ခံရနိုင်ခြေရှိသည်။ ထိုပုဂ္ဂိုလ်များ ထဲမှတစ်ဦးဦးအား မတ်လလယ် ပြည်သူ့ လွှတ်တော်၌ ဥက္ကဋ္ဌနေရာထောက်ခံကြသူများရှိနေပါက သမ္မတ လောင်းမျှော်မှန်းချက် ပျယ်ပြယ်မည် ဖြစ်၏။ ဥပမာအားဖြင့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ၎င်း၏(၃၃၉)ဦးသော ပြည်ခိုင်ဖြိုး လွှတ် တော်ကိုယ်စားလှယ်များအား ညွှန်ကြားချက်ပေး၍ သမ္မတလောင်းနေရာ အဆိုတင်သွင်းခိုင်းပါက ရနိုင် သည်။
သို့သော် သမ္မတအဖြစ် မျှော်မှန်းထားခြင်းမျိုးမရှိကြောင်း ဦးခင်ရီက အခိုင်အမာပြောထားသည်။ သမ္မတနေရာကို တစ်စုံတစ်ဦးအတွက် ဦးခင်ရီက ချန် ထားပေးပုံရ၏။ အစဉ်အလာအရ အနိုင်ရပါတီ ဥက္ကဋ္ဌများက သမ္မတဖြစ်ခွင့်ရှိသော်လည်း ဦးခင်ရီက မမျှော်မှန်းခြင်းသည် တစ်စုံတစ်ဦးကြောင့်ဖြစ်နိုင် သည်။ ထို သူ မည်သူနည်း။ ထိုသူအတွက် သမ္မတနေရာချန်ထားသည်ဆိုလျှင် ဦးခင်ရီ၏ အမြင့်ဆုံး မျှော် မှန်းခွင့်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာပင်။ သို့သော် ဦးမြထွန်းဦး၊ ဦးသောင်းအေးတို့ကလည်း ၎င်း၏ အနီးကပ်ဆုံးပြိုင်ဘက်များ ဖြစ်နေသည်။
တစ်စုံတစ်ဦးကသာ ဦးခင်ရီအား လွှတ်တော်ဥက္ကဋ္ဌလည်းမဖြစ်စေလိုပါက လွှတ်တော်ကိုယ်စား လှယ်များ၏ အဆိုတင်သွင်းမည့်စာအိတ်အတွင်း၌ အခြားနာမည်များဖြစ်နေနိုင်ပြီး ဦးခင်ရီ၏နိုင်ငံရေး ဇာတ်က လွှတ်တော်ကိုယ်စားလှယ်ဘဝဖြင့်သာ သိမ်း မည်ဖြစ်သည်။ ဦးခင်ရီအတွက် ရင်နာဖွယ်ပင်။ အမျိုးသားလွှတ်တော်တွင်လည်း ဦးအောင်လင်းဒွေးက ဦးဆောင်နေသည်။ အခြားနာမည်ကျော်များ ရှိ နေသော်လည်း သမ္မတဖြစ်လာမည့်သူအား အတည်ပြုပေးရမည့် ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနေရာသည် ဦးအောင်လင်းဒွေးသာ အဖြစ်သင့်ဆုံးဟု ဆိုရမည်ပင်။ လွှတ် တော်နှစ်ရပ်၏ ဥက္ကဋ္ဌများရွေးချယ်ပြီးသည်နှင့် ပထမဆုံးလုပ်ရမည့် အလုပ်သည် သမ္မတရွေးချယ် တင် မြှောက်ရေးအစုအဖွဲ့သုံးခုကတင်ပြလာမည့်သမ္မတလောင်းများကို ပွဲထုတ်ခြင်းဖြစ်၏။ တပ်မတော် သား အစုအဖွဲ့ဘက်က အဆိုတင်သွင်းမည့်ပုဂ္ဂိုလ်ကို တပ်ချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ရွေးချယ် ထားပြီးဖြစ်သည်။
ပြည်သူ့လွှတ်တော်ဘက်မှ ဒုသမ္မတလောင်း၊ အမျိုးသားလွှတ်တော်ဘက်မှ ဒုသမ္မတလောင်း တို့ကိုမူ မည်သူက အဓိကဦးဆောင်အဆိုတင်သွင်းမည်နည်း။ နိုင်ငံတော်သမ္မတနေရာ၊ ဒုတိယသမ္မတ နေရာ၊ လွှတ်တော်ဥက္ကဋ္ဌများနေရာအတွက် ရေပန်းစားနေသော လူစာရင်းရှိသည်။ ထိပ်ဆုံးမှစတင် ရေတွက်လျှင် ဤသို့ရှိ၏။ ဦးမင်းအောင်လှိုင်၊ ဦးစိုးဝင်း၊ ဦးညိုစော၊ ဦးအောင်လင်းဒွေး၊ ဦးခင်ရီ၊ ဦးမြ ထွန်းဦး၊ ဦးတင်အောင်စန်း၊ ဦးသောင်းအေးနှင့် အခြားနာမည်ကျော် ဗိုလ်ချုပ်ကြီးများရှိသည်။ သမ္မတ နေရာအတွက် အနိုင်ရပါတီနှင့်တပ်မတော်တို့က ရွေးချယ်ထားပြီးဖြစ် နိုင်သကဲ့သို့ တိုင်းရင်းသား ဒုတိယ သမ္မတ တစ်ဦးအား အစဉ်အလာအတိုင်းပေးမည်ဆိုပါက လွှတ်တော်တွင်း၌လည်းရှိသည်၊ လွှတ်တော် ပြင်ပ၌လည်း ရှိသည်။ ရှမ်းနှင့်ချင်းတိုင်းရင်းသားတို့က ဒုတိယ သမ္မတလုပ်ဖူးကြ၏။
ယခုတစ်ကြိမ်သည် မြန်မာပြည်မြောက်ဖျားမှ ဆင်းလာမည်လော သို့မဟုတ် အနောက်ဘက်မှ လာမည်လော သို့မဟုတ် ထိုင်းနယ်စပ်ဒေသများမှ လာမည်လော မသေချာပေ။ ကချင်ကိုပေးလိမ့်မည်ဟု ခန့်မှန်းမှုများရှိ၏။ မည်သို့ပင်ဖြစ်စေ သမ္မတထိုင်ခုံအား ဦးခင်ရီပင်လျှင် မျက်စောင်းမထိုးဝံ့။
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ပေါ်လာရခြင်း ခန့်မှန်းချက်
ဖြစ်နိုင်ခြေ နှစ်ရပ်ရှိ၏။ ဦးမင်းအောင်လှိုင် သမ္မတမလုပ်ဖြစ်ခဲ့ပါက တပ်ချုပ်ရာထူးဖြင့် ကောင်စီ ဥက္ကဋ္ဌနေရာတွင်ဆက်နေရန်ဖြစ်ပြီး သမ္မတလုပ်ဖြစ်ခဲ့ပါက အငြိမ်းစားယူပေးရမည့် ဗိုလ်ချုပ်ကြီးများနှင့် နိုင်ငံရေးနယ်ပယ်အစုံမှအင်အားများကို ကောင်စီအတွင်း၌ ထည့်သွင်းနေရာပေးရန်ဖြစ်နိုင်သည်။ ဤနေ ရာတွင် ကောင်စီဥပဒေပါဖော်ပြချက်များကို လေ့လာကြည့်ရန်လည်းလိုအပ်သည်။ ဥပဒေပါ ရည်ရွယ် ချက်တွင် ဤသို့ရှိ၏။ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့်ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းပြည်သာယာဝပြောရေး၊ စားရေးရိက္ခာ ပေါများ ရေးဆိုသည့်အချက်များပင်။ အခန်း(၃)၌ ပြည်ထောင်စုလွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ က အာဏာခွဲဝေအပ်နှင်းထားသည့် အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကိုမထိခိုက်စေဘဲ ဤဥပဒေ၏ရည်ရွယ်ချက်များနှင့်အညီ ပြည်ထောင်စုလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ် များ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပြဋ္ဌာန်းရေး ဆိုင်ရာ ကိစ္စရပ်များကို အကြံပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ပြုနိုင်ရန်အတွက် ကောင်စီကို ဖွဲ့စည်း ရန် နိုင်ငံတော်သမ္မတအား အခွင့်အာဏာအပ်နှင်းသည်ဟု ဖော်ပြထားသည်။
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးကို နိုင်ငံတော်သမ္မတက တိုက် ရိုက်ရွေးချယ်သတ်မှတ်၍ (၅)ဦးထက်မနည်းသော အစုအဖွဲ့ ဖွဲ့စည်းရမည်ဟုဆိုသည်။ အခန်း(၄)တွင်မူ ကောင်စီဝင်များ၏ လစာနှင့်ချီးမြှင့်ငွေအဆောင်အယောင် အသုံးစရိတ်တို့ကို ပြည်ထောင်စု အစိုးရအဖွဲ့ က သတ်မှတ်ပေးရမည်ဟုဖော်ပြထားသည်။ ကောင်စီ၏သက်တမ်းသည် နိုင်ငံတော်သမ္မတသက်တမ်း အတိုင်းဖြစ်ပြီး ကောင်စီရုံးလုပ်ငန်းများအတွက် နိုင်ငံတော်သမ္မတရုံးကစီစဉ်ဆောင်ရွက်၍ နိုင်ငံတော် သမ္မတက ပုဒ်မ (၄)ခေါ် အခန်း(၄)ပါဖော်ပြချက်များကို သတ်မှတ်ပေးရမည်ဟု ထုတ်ပြန်ထားသည်။ ကောင်စီတာဝန်နှင့် လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတက သတ်မှတ်ပေး ရမည်ဟုဆိုခြင်းပင်။ ဖော်ပြ ထားချက်များအရ ကောင်စီသည် သမ္မတ၏အထက်တွင်ရှိနေမည့်ပုံမရပေ။ အချို့သောသုံးသပ်ချက်များ၌ ဦးမင်းအောင်လှိုင်က ကောင်စီဥက္ကဋ္ဌနေရာယူ၍ သမ္မတအထက်တွင်နေလိမ့်မည်ဟုဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်ရယူခဲ့ဖူးသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံတော်အင်္ဂါစဉ် အမှတ် (၂) နှင့် ခပ်ဆင်ဆင်တူမည်ဟု ခန့်မှန်းကြခြင်းပင်။ ကောင်စီပေါ်ပေါက်လာခြင်းဖြစ်နိုင်ခြေသည် နိုင်ငံ ရေး၊ စစ်ရေးနှင့် တိုင်းရင်းသားအရေး အစရှိသည့် နယ်ပယ်အသီးသီးမှဦးနှောက်များကိုပေါင်းစည်း၍ နိုင်ငံ တော်သမ္မတနှင့်အတူ တိုင်းပြည်တည်ဆောက်ရေးအတွက် ရည်မှန်းထားပုံရ၏။ တစ်နည်းအားဖြင့် ဦး သန်းရွှေပြင်ဆင်ခဲ့ဖူးသော နိုင်ငံ့ဦးသျှောင်အဖွဲ့နှင့် တူညီသယောင်ယောင်၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တူညီသယောင်ယောင်ပုံဖော်ထားသော နှစ်မျိုးစပ် မူကွဲတစ်ခုဖြစ် နိုင်သည်။ တူညီသယောင်ယောင်နှင့် ထိပ်တန်းပုဂ္ဂိုလ် အလွှာအသီးသီးမှ စွမ်းဆောင်ရည်မြင့်မားကြ သူများကို ကောင်စီအတွင်း၌ ထည့်သွင်းသွားရန် စီစဉ်ထားခြင်းမျိုးဖြစ်နိုင်သည်။
ဤအစီအစဉ်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သီးခြားစိတ်ကူးဖြစ်နိုင်ပြီး ကိုယ်တိုင် ဥက္ကဋ္ဌ လုပ်လျှင်လည်း အသင့်ဖြစ်နိုင်သကဲ့သို့ အခြားသူ တစ်ဦးဦးအား ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးထားမည် ဆိုပါကလည်း ဖြစ်နိုင်သည်။ ဥပမာအားဖြင့် အတိုင်ပင် ခံကောင်စီဥက္ကဋ္ဌနေရာအတွက် ဒုချုပ် ဦးစိုးဝင်း အား ထားရှိ၍ အတွင်းရေးမှူးအဖြစ် ဦးရဲဝင်းဦးအား နေရာပေးနိုင်ခြေရှိခြင်းမျိုးပင်။ သို့သော် အစီအစဉ် နှင့် လူစာရင်းသည် ဦးမင်းအောင်လှိုင်၏လက်ထဲတွင်သာ ရှိနေသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကဏ္ဍနှင့်တာဝန်
ဦးမင်းအောင်လှိုင် သမ္မတလုပ်လျှင်လည်း ရသည်၊ အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌလုပ်လျှင်လည်း ရသည်၊ တပ်ချုပ်နေရာ ဆက်နေလိုလျှင်လည်း ရသည်။ အထွတ်အထိပ်အာဏာရယူထားသူတစ်ဦးအ တွက် မည်သည့်နေရာမဆို မတန်သည်မရှိပေ။ တရုတ် သုံးပြည်ထောင်ခေတ်၌ အမတ်ချုပ်ကြီး ချောင်မုံ့ သဲခေါ် ချောင်ချောင်အား ဘုရင်လုပ်ရန် အမတ်များက တိုက်တွန်းဖူး၏။ သုံးကြိမ်မကတိုက်တွန်းသော် လည်း ချောင်ချောင်က ဘုရင်ကိုကိုင်၍ တိုင်းပြည်အုပ်ချုပ်ခြင်းက ဘုရင်လုပ်ခြင်းထက် အပြစ်လွတ်၏ ဟု ဆိုမိန့်ခဲ့ဖူးသည်။ သားဖြစ်သူ ချောင်ဖီ လက်ထက်အရောက်တွင်လည်း ဘုရင်လုပ်ရန်တိုက်တွန်းသူ များ ရှိပြန်သည်။ ချောင်ဖီသည်ကား ချောင်ချောင်ထက်ပို၍ လောဘကြီး၏။ သုံးကြိမ်သုံးခါ ဟန်ဆောင် ငြင်းပြီးနောက် ဘုရင်အဖြစ်ခံယူလိုက်၏။
အကြံပေးအရာရှိ စစ်မာရီက တိုင်းပြည်ကို ချောင်ဖီထံရောင်းလိုသည်ဟုအကြံပေးခဲ့ပြီး အမတ် ချုပ် ဟန်ရှင်းကို ချောင်ဖီဘုရင်ဖြစ်ရေးအတွက် ဦး ဆောင်တင်ပြသူ၊ ဟန်မင်းဆက် နောက်ဆုံးဘုရင်ကို ရာထူးမှအနားယူစေသူ ဖြစ်စေခဲ့သည်။ ဤနေရာတွင် ချောင်ဖီက ဘုရင်ဖြစ်လိုသော်လည်း ကိုယ်တိုင် ဘုရင်ဖြစ်လိုကြောင်းမကြေညာခဲ့ပေ။ ဘုရင်အဖြစ် ဝိုင်းဝန်းတင်မြှောက်စေရန်သာ စစ်မာရီမှတစ်ဆင့် လမ်းစပြခဲ့သည်။ ဦးမင်းအောင်လှိုင်သည်လည်း သမ္မတမလုပ်လိုဟု မည်သည့်အခါမျှမပြောခဲ့ပေ။ သမ္မတ လုပ်လိုသည်ဟုလည်း မပြောခဲ့ပေ။ သမ္မတလုပ်လိုခြင်း မလုပ်လိုခြင်းသည် ဦးမင်းအောင်လှိုင်နှင့် မဆိုင်။ ချောင်ဖီအား ဘုရင်ဖြစ်စေလိုသူ၊ ဘုရင်အဖြစ်တင်မြှောက်လိုသူ အမတ်များရှိသည်။ ဦးမင်းအောင်လှိုင် တွင်လည်း ချောင်ဖီ၏အမတ်များကဲ့သို့ ပုဂ္ဂိုလ်အများအပြားရှိနိုင်သည်။ လွှတ်တော်တစ်ရပ်လုံးက ဆန္ဒရှိ သောကြောင့် ဦးမင်းအောင်လှိုင် သမ္မတဖြစ်ရသည်ဆိုလျှင် ဇာတ်လမ်းလှ၏။ သို့ရာတွင် လွှတ်တော်က လိုလားသည့်သတင်းကြောင့် တပ်ချုပ်ရာထူးမှအ နားယူလိုက်သော ဦးမင်းအောင်လှိုင်အား နာရီပိုင်းအ တွင်း၌ပင် လွှတ်တော်ကအလိုမရှိတော့ပါက တပ်ချုပ်လည်းမဖြစ်၊ သမ္မတလည်းမဖြစ်ဆိုသည့် အထိနာမှု မျိုးလည်းမရှိဟု မဆိုနိုင်။ ထို့အတွက် ဦးမင်းအောင်လှိုင်က သေချာပြင်ဆင်တွက်ချက်နေပုံရသည်။
လက်ရှိခေါင်းဆောင်လည်းဖြစ်သည့်အတွက် နောက်လိုက်ငယ်ပါများအား နေရာချထားရေးကို ဦးမင်းအောင်လှိုင်စဉ်းစားရမည်မှာ သေချာသည်။ ၎င်းတွင် ဦးစိုးဝင်း၊ ဦးအောင်လင်းဒွေး၊ ဦးညိုစော၊ ဦးရဲဝင်းဦး၊ ဦးမောင်မောင်အေး၊ ဦးကျော်စွာလင်း၊ ဦးတင်အောင်စန်း၊ ဦးမြထွန်းဦး အပါအဝင် ရာထူး နေရာချထားပေးရမည့်ပုဂ္ဂိုလ်ပေါင်း များစွာရှိသည်။ အချို့ကို ဝန်ကြီးနေရာပေး၍ရသော်လည်း အချို့ကို မူ ဝန်ကြီးထက် မြင့်ရန်လိုနေ၏။ နေရာချထားပေးမှု အဆင်မပြေပါက ဦးမင်းအောင်လှိုင်သွားမည့် ခရီး အတွက် လေးဖင့်နေနိုင်သည်။ တပ်မတော်ဘက်အခြမ်းတွင်လည်း ကိုယ်တိုင်ဦးမဆောင်ဖြစ်တော့ပါက တပ်ချုပ်လောင်းလျာအသစ်အတွက် ပြင်ဆင်ရမည်များရှိနေနိုင်သည်။ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား တပ်ချုပ်လောင်းအဖြစ် အများစုကတွက်ဆကြသည်။ ဒုချုပ် ဦးစိုးဝင်းကိုမူ တပ်ချုပ်ဖြစ်လာနိုင်သည်ဟု အများစုက စဉ်းစားထားပုံမရ။ အလားတူ ဦးမင်း အောင်လှိုင်က ကောင်စီဥက္ကဋ္ဌနေရာဖြင့် တပ်ချုပ်ရာ ထူးကိုပါ တွဲကိုင်နိုင်ခြေ ရှိမရှိကိုလည်း မတွေး၍ မရပြန်။ မည်သို့ပင်ဖြစ်စေ ဗိုလ်ချုပ်မှူးကြီး ဦးမင်း အောင်လှိုင်သာလျှင် ထိုအဖြေများကို ပေးနိုင်မည်ဖြစ်၏။ ထည့်စဉ်းစားရမည့် နောက်ထပ်အချက် တစ်ခု အဖြစ် ရုရှားသမ္မတ၊ တရုတ်သမ္မတ၊ အိန္ဒိယဝန်ကြီးချုပ်၊ ဘီလာရုစ်သမ္မတတို့နှင့် ဗိုလ်ချုပ်မှူးကြီး၏ ဆက်ဆံရေးလည်းရှိသည်။ တရုတ်နိုင်ငံအနေဖြင့် ဦးမင်းအောင်လှိုင်မဟုတ်သော ဦးမင်းအောင်လှိုင်ခန့် သမ္မတတစ်ဦးနှင့် စီးပွားရေး-နိုင်ငံရေးတွဲလုပ်ရန် ဆန္ဒ ရှိမရှိ ထည့်စဉ်းစားရန်လိုသည်။
တရုတ်တွင် ရှီကျင့်ဖျင်၊ ရုရှားတွင် ပူတင်တို့က လည်း ခေါင်းဆောင်များအဖြစ်ဆက်ရှိနေချိန်၌ မြန်မာတွင် ဦးမင်းအောင်လှိုင်မဟုတ်သော နိုင်ငံ့ဦးသျှောင် တစ်ဦးပေါ်ပေါက်လာခြင်းက အဆင်ပြေ မပြေ မသိနိုင်ပေ။ ဦးမင်းအောင်လှိုင်ကိုသာ သမ္မတဖြစ်စေလိုမည်ဟု ခန့်မှန်းချင်သည်။ ဦးမင်းအောင် လှိုင်အနေဖြင့် တပ်မတော်ဘက်ခြမ်းကိုလည်း လှမ်းမျှော်ကြည့်ရမည်ဖြစ်သကဲ့သို့ မျိုးဆက်သစ်များအား နေရာချထား ခြင်း၊ မျိုးဆက်မပြတ်စေခြင်းနှင့် အထက်အောက် အမိန့်၊ လေးစားမှု စီးဆင်းခြင်းများကိုပါ ပုံဖော်ခဲ့ရန် တာဝန်ရှိနေသည်။ အလားတူ အစိုးရဘက်ခြမ်းအတွက်လည်း ကိုယ်တိုင်မဟုတ်ပါက စိတ်ချ ရသော ဦးဆောင်စီမံခန့်ခွဲသူဖြစ်စေရန် စောင့်ကြည့်ပြင်ဆင်ရမည်လည်းဖြစ်သည်။
ယတိပြတ်ဟောကိန်း သို့မဟုတ် သုံးသပ်ချက်
ဦးမင်းအောင်လှိုင်အနေဖြင့် သမ္မတတာဝန်ယူလိမ့်မည်ဟု ဟောကိန်းထုတ်လိုသည်။ အလားတူ ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီဥက္ကဋ္ဌနေရာကိုလည်း လိုအပ်ပါကရယူနိုင်သည်။ တစ်နည်းအားဖြင့် သမ္မတတာဝန်နှင့် ဥက္ကဋ္ဌတာဝန်ကို ပူးတွဲရယူခြင်းမျိုးပင်။ ကောင်စီအတွင်းရေးမှူးကို တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်အား အပ်နှင်း၍ ဦးရဲဝင်းဦးအား တွဲဖက် အတွင်းရေးမှူးအဖြစ် ဆက်လက်ထားရှိနိုင် ခြေရှိသည်။
ဦးစိုးဝင်းက တပ်ချုပ်အသစ်အဖြစ် ယာယီဝင်ရောက်ထိန်းကျောင်းပေးရနိုင်ခြေရှိနေပြီး ဦးမင်း အောင်လှိုင်က (၁၅)နှစ်ကြာသည်အထိ သက်တမ်းရှည်ကြာ ရယူထားသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (တပ်ချုပ်)ရာထူးကို ဦးသန်းရွှေ၏တပည့် သစ္စာခံတစ် ဦးဦးအား စွန့်ကြဲခဲ့ဖွယ်ရှိသည်။ သို့ သော်လည်း ဒုတပ် ချုပ်နှင့်ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးကိုမူ ဦးမင်းအောင် လှိုင်၏သစ္စာခံများဖြင့် ထား ရှိခဲ့ဖွယ်ရှိနေသည်။ ဦးမင်းအောင်လှိုင်၏အလုပ်သည် တစ်ခုတည်းသာရှိ၏။ ထိုအလုပ်သည်ကား ၎င်း၏ ကိုယ်ပိုင်အနာဂတ်အတွက် အစီအစဉ်ချနေသည့် တစ်ပြိုင်နက်တည်းမှာပင် လာမည့်ဆယ်စုနှစ်များ အတွင်းဦးဆောင်မည့် သစ္စာရှိ သစ္စာခံ စစ်ဘက်အရပ်ဘက် ခေါင်းဆောင်ငယ်၊ ခေါင်းဆောင်လောင်းလျာ များကိုရှာဖွေခြင်းပင်။ မည်သို့ပင်ဖြစ်စေ ဦးမင်းအောင်လှိုင်၏လက်ထဲတွင် စာရွက်တစ်ခုကိုင်ထားပြီးသား ဖြစ်နေသည်။
ထိုစာရွက်ထဲတွင် မည်သည့်ပုဂ္ဂိုလ်များ၏ နာမည်စာရင်းများပါဝင်နေသည်ကိုမူ မတ်လကုန်ပိုင်း မှ သာသိနိုင်မည်ဖြစ်သည်။ ထိုသို့သိရန်လည်း လပိုင်းသာကျန်တော့သည်။ မတ်လလယ် လွှတ်တော် စတင်သည်နှင့် အဖြေသည်ကား ထွက်နှင့်ပြီးဖြစ်၏။ ဦးမင်းအောင်လှိုင်အတွက်လည်း မတ်လ နောက် ဆုံးပတ်က အဖြေဖြစ်လာမည်ဟုဆိုချင်မိသည်။ ဤမျှသာ။

Zawgyi Version;
ျပည္ေထာင္စုအတိုင္ပင္ခံေကာင္စီႏွင့္ ဦးမင္းေအာင္လႈိင္ လက္ထဲက စာ႐ြက္တစ္႐ြက္
မ်ိဳးမင္း (မက်ည္းလဟာ) (NP News) - ေဖေဖာ္ဝါရီ ၁ဝ
(၂၀၂၆) ေဖေဖာ္ဝါရီ(၃)ရက္၌ ျပည္ေထာင္စု အတိုင္ပင္ခံေကာင္စီဥပေဒထြက္သည္။ အခန္း (၄) ခန္းသာပါသည့္ထိုဥပေဒအတြက္ နယ္ပယ္အစုံမွ ပုဂၢိဳလ္အသီးသီးကခန႔္မွန္းသုံးသပ္မႈမ်ိဳးစုံထြက္လာ၏။ ခန႔္မွန္းခ်က္တိုင္းသည္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အား ဗဟိုျပဳထားၾကသည္။ မည္သည့္ေနရာ၌ ထိုင္မည္နည္းဆိုသည္ပင္။ မည္သို႔ပင္ျဖစ္ေစ ဦးမင္းေအာင္လႈိင္ေတာ္သည္၊ လည္သည္။ ျပည္တြင္းျပည္ပ အသိုင္းအဝိုင္းအစုံအား အေတြးမ်ိဳးစုံဝင္ေစရန္ လွည့္စားလိုက္ႏိုင္သည္။
ထြက္ေပၚလာေသာ သုံးသပ္ခ်က္မ်ား
ဦးမင္းေအာင္လႈိင္သည္ ျပည္ေထာင္စု အတိုင္ပင္ခံေကာင္စီ၏ ဥကၠ႒လုပ္မည္၊ ယခင္ တပ္ခ်ဳပ္ ေဟာင္း ဦးသန္းေ႐ႊႏွင့္ ဒုခ်ဳပ္ဦးေမာင္ေအးတို႔စီစဥ္ခဲ့ဖူးေသာ ႏိုင္ငံ့ဦးေသွ်ာင္အဖြဲ႕ကဲ့သို႔ ႐ုံးအမွတ္(၂၇)တြင္ ထိုင္မည္ဟု တြက္ခ်က္ၾကသူမ်ားရွိ၏။ အခ်ိဳ႕ကမူ ဦးမင္းေအာင္လႈိင္ သမၼတလုပ္မည္၊ ဒုခ်ဳပ္ ဦးစိုးဝင္းႏွင့္ အျခားေသာ အၿငိမ္းစားယူေပးၾကရမည့္ ဗိုလ္ခ်ဳပ္ႀကီးမ်ားအတြက္ ေကာင္စီကို စီစဥ္ေပးထားျခင္းဟု သုံးသပ္သည္။
ထိုေကာင္စီတြင္ တိုင္းရင္းသားအခ်ိဳ႕ကိုလည္း ထည့္မည္၊ ေ႐ြးေကာက္ပြဲရႈံးခဲ့ေသာပုဂၢိဳလ္အခ်ိဳ႕ လည္း ပါဝင္ႏိုင္ေျခရွိသည္ဟု ခန႔္မွန္းၾကသည္။ မည္သို႔ပင္ျဖစ္ေစ ေ႐ြးေကာက္ပြဲအႏိုင္ရပါတီဥကၠ႒ ဦးခင္ရီကို ထည့္စဥ္းစားျခင္းမရွိဘဲ တပ္ခ်ဳပ္ ဦးမင္းေအာင္လႈိင္ကိုဗဟိုျပဳ၍ ခန႔္မွန္းေနၾကျခင္းျဖစ္၏။
လႊတ္ေတာ္အခင္းအက်င္းႏွင့္ လူစာရင္း
မတ္လလယ္၌ လႊတ္ေတာ္စတင္မည္ဟု ဦးမင္းေအာင္လႈိင္က ႐ုရွားဘက္သို႔ သတင္းစကားပါး ထားသည္။ ထိုလႊတ္ေတာ္အတြင္း၌ တပ္မေတာ္သားကိုယ္စားလွယ္(၁၆၆)ဦး (၁၁၀+၅၆)ရွိသည္။ ေ႐ြး ေကာက္တင္ေျမႇာက္ခံရသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ (၄၂၀)ဦးရွိသည္။ ျပည္သူ႔လႊတ္ေတာ္ကိုယ္စား လွယ္(၂၆၃)ဦးႏွင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္(၁၅၇)ဦးျဖင့္ အလြန္လွ၍ အဓိပၸာယ္ရွိေသာကိန္း ဂဏန္းအျဖစ္ (၄၂၀)ဦးရွိေနျခင္းပင္။ ေ႐ြးခ်ယ္ခံတပ္ မေတာ္သားႏွင့္ ေ႐ြးေကာက္ခံလႊတ္ေတာ္ကိုယ္စား လွယ္ ႏွစ္ရပ္ေပါင္း (၅၈၆)ဦးက ျပည္ေထာင္စုလႊတ္ေတာ္တြင္ ႏိုင္ငံေတာ္သမၼတအား ေ႐ြးခ်ယ္တင္ ေျမႇာက္ေပးရမည္ျဖစ္၏။ လုပ္ငန္းစဥ္အရ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ ပထမဆုံးအလုပ္အ ျဖစ္ ၎တို႔၏ဥကၠ႒ႏွင့္ ဒုဥကၠ႒အား ေ႐ြးခ်ယ္ေပးရမည္ျဖစ္ၿပီး အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ား ကလည္း ထိုနည္းတူပင္။ ျပည္သူ႔လႊတ္ေတာ္၌ ဥကၠ႒ ျဖစ္ႏိုင္ေျခရွိသူ အမ်ားအျပားရွိသည္။ အမ်ားဆုံးအႏိုင္ရပါတီ ျပည္ခိုင္ၿဖိဳး၏ကိုယ္စား လွယ္မ်ားျဖစ္ေသာ ဦးခင္ရီ၊ ဦးျမထြန္းဦး၊ ဦးညိဳ ေစာ၊ ဦးမ်ိဳးေဇာ္သိန္း၊ ဦးေသာင္းေအးအပါအဝင္ အေက်ာ္ အေမာ္မ်ားစြာက ျပည္သူ႔လႊတ္ေတာ္၏ ဥကၠ႒၊ ဒုဥကၠ႒ ေနရာမ်ားကို ဆက္ခံရႏိုင္ေျခရွိသည္။ ထိုပုဂၢိဳလ္မ်ား ထဲမွတစ္ဦးဦးအား မတ္လလယ္ ျပည္သူ႔ လႊတ္ေတာ္၌ ဥကၠ႒ေနရာေထာက္ခံၾကသူမ်ားရွိေနပါက သမၼတ ေလာင္းေမွ်ာ္မွန္းခ်က္ ပ်ယ္ျပယ္မည္ ျဖစ္၏။ ဥပမာအားျဖင့္ ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီသည္ ၎၏(၃၃၉)ဦးေသာ ျပည္ခိုင္ၿဖိဳး လႊတ္ ေတာ္ကိုယ္စားလွယ္မ်ားအား ၫႊန္ၾကားခ်က္ေပး၍ သမၼတေလာင္းေနရာ အဆိုတင္သြင္းခိုင္းပါက ရႏိုင္ သည္။
သို႔ေသာ္ သမၼတအျဖစ္ ေမွ်ာ္မွန္းထားျခင္းမ်ိဳးမရွိေၾကာင္း ဦးခင္ရီက အခိုင္အမာေျပာထားသည္။ သမၼတေနရာကို တစ္စုံတစ္ဦးအတြက္ ဦးခင္ရီက ခ်န္ ထားေပးပုံရ၏။ အစဥ္အလာအရ အႏိုင္ရပါတီ ဥကၠ႒မ်ားက သမၼတျဖစ္ခြင့္ရွိေသာ္လည္း ဦးခင္ရီက မေမွ်ာ္မွန္းျခင္းသည္ တစ္စုံတစ္ဦးေၾကာင့္ျဖစ္ႏိုင္ သည္။ ထို သူ မည္သူနည္း။ ထိုသူအတြက္ သမၼတေနရာခ်န္ထားသည္ဆိုလွ်င္ ဦးခင္ရီ၏ အျမင့္ဆုံး ေမွ်ာ္ မွန္းခြင့္က ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ေနရာပင္။ သို႔ေသာ္ ဦးျမထြန္းဦး၊ ဦးေသာင္းေအးတို႔ကလည္း ၎၏ အနီးကပ္ဆုံးၿပိဳင္ဘက္မ်ား ျဖစ္ေနသည္။
တစ္စုံတစ္ဦးကသာ ဦးခင္ရီအား လႊတ္ေတာ္ဥကၠ႒လည္းမျဖစ္ေစလိုပါက လႊတ္ေတာ္ကိုယ္စား လွယ္မ်ား၏ အဆိုတင္သြင္းမည့္စာအိတ္အတြင္း၌ အျခားနာမည္မ်ားျဖစ္ေနႏိုင္ၿပီး ဦးခင္ရီ၏ႏိုင္ငံေရး ဇာတ္က လႊတ္ေတာ္ကိုယ္စားလွယ္ဘဝျဖင့္သာ သိမ္း မည္ျဖစ္သည္။ ဦးခင္ရီအတြက္ ရင္နာဖြယ္ပင္။ အမ်ိဳးသားလႊတ္ေတာ္တြင္လည္း ဦးေအာင္လင္းေဒြးက ဦးေဆာင္ေနသည္။ အျခားနာမည္ေက်ာ္မ်ား ရွိ ေနေသာ္လည္း သမၼတျဖစ္လာမည့္သူအား အတည္ျပဳေပးရမည့္ ျပည္ေထာင္စုလႊတ္ေတာ္နာယက အမ်ိဳးသား လႊတ္ေတာ္ဥကၠ႒ေနရာသည္ ဦးေအာင္လင္းေဒြးသာ အျဖစ္သင့္ဆုံးဟု ဆိုရမည္ပင္။ လႊတ္ ေတာ္ႏွစ္ရပ္၏ ဥကၠ႒မ်ားေ႐ြးခ်ယ္ၿပီးသည္ႏွင့္ ပထမဆုံးလုပ္ရမည့္ အလုပ္သည္ သမၼတေ႐ြးခ်ယ္ တင္ ေျမႇာက္ေရးအစုအဖြဲ႕သုံးခုကတင္ျပလာမည့္သမၼတေလာင္းမ်ားကို ပြဲထုတ္ျခင္းျဖစ္၏။ တပ္မေတာ္ သား အစုအဖြဲ႕ဘက္က အဆိုတင္သြင္းမည့္ပုဂၢိဳလ္ကို တပ္ခ်ဳပ္ ဗိုလ္ခ်ဳပ္မႉး ႀကီးမင္းေအာင္လႈိင္က ေ႐ြးခ်ယ္ ထားၿပီးျဖစ္သည္။
ျပည္သူ႔လႊတ္ေတာ္ဘက္မွ ဒုသမၼတေလာင္း၊ အမ်ိဳးသားလႊတ္ေတာ္ဘက္မွ ဒုသမၼတေလာင္း တို႔ကိုမူ မည္သူက အဓိကဦးေဆာင္အဆိုတင္သြင္းမည္နည္း။ ႏိုင္ငံေတာ္သမၼတေနရာ၊ ဒုတိယသမၼတ ေနရာ၊ လႊတ္ေတာ္ဥကၠ႒မ်ားေနရာအတြက္ ေရပန္းစားေနေသာ လူစာရင္းရွိသည္။ ထိပ္ဆုံးမွစတင္ ေရတြက္လွ်င္ ဤသို႔ရွိ၏။ ဦးမင္းေအာင္လႈိင္၊ ဦးစိုးဝင္း၊ ဦးညိဳေစာ၊ ဦးေအာင္လင္းေဒြး၊ ဦးခင္ရီ၊ ဦးျမ ထြန္းဦး၊ ဦးတင္ေအာင္စန္း၊ ဦးေသာင္းေအးႏွင့္ အျခားနာမည္ေက်ာ္ ဗိုလ္ခ်ဳပ္ႀကီးမ်ားရွိသည္။ သမၼတ ေနရာအတြက္ အႏိုင္ရပါတီႏွင့္တပ္မေတာ္တို႔က ေ႐ြးခ်ယ္ထားၿပီးျဖစ္ ႏိုင္သကဲ့သို႔ တိုင္းရင္းသား ဒုတိယ သမၼတ တစ္ဦးအား အစဥ္အလာအတိုင္းေပးမည္ဆိုပါက လႊတ္ေတာ္တြင္း၌လည္းရွိသည္၊ လႊတ္ေတာ္ ျပင္ပ၌လည္း ရွိသည္။ ရွမ္းႏွင့္ခ်င္းတိုင္းရင္းသားတို႔က ဒုတိယ သမၼတလုပ္ဖူးၾက၏။
ယခုတစ္ႀကိမ္သည္ ျမန္မာျပည္ေျမာက္ဖ်ားမွ ဆင္းလာမည္ေလာ သို႔မဟုတ္ အေနာက္ဘက္မွ လာမည္ေလာ သို႔မဟုတ္ ထိုင္းနယ္စပ္ေဒသမ်ားမွ လာမည္ေလာ မေသခ်ာေပ။ ကခ်င္ကိုေပးလိမ့္မည္ဟု ခန႔္မွန္းမႈမ်ားရွိ၏။ မည္သို႔ပင္ျဖစ္ေစ သမၼတထိုင္ခုံအား ဦးခင္ရီပင္လွ်င္ မ်က္ေစာင္းမထိုးဝံ့။
ျပည္ေထာင္စုအတိုင္ပင္ခံေကာင္စီ ေပၚလာရျခင္း ခန႔္မွန္းခ်က္
ျဖစ္ႏိုင္ေျခ ႏွစ္ရပ္ရွိ၏။ ဦးမင္းေအာင္လႈိင္ သမၼတမလုပ္ျဖစ္ခဲ့ပါက တပ္ခ်ဳပ္ရာထူးျဖင့္ ေကာင္စီ ဥကၠ႒ေနရာတြင္ဆက္ေနရန္ျဖစ္ၿပီး သမၼတလုပ္ျဖစ္ခဲ့ပါက အၿငိမ္းစားယူေပးရမည့္ ဗိုလ္ခ်ဳပ္ႀကီးမ်ားႏွင့္ ႏိုင္ငံေရးနယ္ပယ္အစုံမွအင္အားမ်ားကို ေကာင္စီအတြင္း၌ ထည့္သြင္းေနရာေပးရန္ျဖစ္ႏိုင္သည္။ ဤေန ရာတြင္ ေကာင္စီဥပေဒပါေဖာ္ျပခ်က္မ်ားကို ေလ့လာၾကည့္ရန္လည္းလိုအပ္သည္။ ဥပေဒပါ ရည္႐ြယ္ ခ်က္တြင္ ဤသို႔ရွိ၏။ စစ္မွန္၍စည္းကမ္းျပည့္ဝသည့္ ပါတီစုံဒီမိုကေရစီစနစ္ခိုင္မာေရး၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ကိုအေျခခံသည့္ျပည္ေထာင္စု တည္ေဆာက္ေရး၊ တိုင္းျပည္သာယာဝေျပာေရး၊ စားေရးရိကၡာ ေပါမ်ား ေရးဆိုသည့္အခ်က္မ်ားပင္။ အခန္း(၃)၌ ျပည္ေထာင္စုလႊတ္ေတာ္သည္ ဖြဲ႕စည္းပုံအေျခခံဥပေဒ က အာဏာခြဲေဝအပ္ႏွင္းထားသည့္ အုပ္ခ်ဳပ္ေရးအာဏာႏွင့္ တရားစီရင္ေရးအာဏာတို႔ကိုမထိခိုက္ေစဘဲ ဤဥပေဒ၏ရည္႐ြယ္ခ်က္မ်ားႏွင့္အညီ ျပည္ေထာင္စုလုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရးဆိုင္ရာ ကိစၥရပ္ မ်ား၊ ႏိုင္ငံတကာဆက္ဆံေရးဆိုင္ရာကိစၥရပ္မ်ား၊ ၿငိမ္းခ်မ္းေရးဆိုင္ရာကိစၥရပ္မ်ား၊ ဥပေဒျပ႒ာန္းေရး ဆိုင္ရာ ကိစၥရပ္မ်ားကို အႀကံေပးျခင္း၊ ညႇိႏႈိင္းေဆာင္႐ြက္ျခင္းတို႔ျပဳႏိုင္ရန္အတြက္ ေကာင္စီကို ဖြဲ႕စည္း ရန္ ႏိုင္ငံေတာ္သမၼတအား အခြင့္အာဏာအပ္ႏွင္းသည္ဟု ေဖာ္ျပထားသည္။
ျပည္ေထာင္စုအတိုင္ပင္ခံေကာင္စီ၏ ဥကၠ႒ႏွင့္ အတြင္းေရးမႉးကို ႏိုင္ငံေတာ္သမၼတက တိုက္ ႐ိုက္ေ႐ြးခ်ယ္သတ္မွတ္၍ (၅)ဦးထက္မနည္းေသာ အစုအဖြဲ႕ ဖြဲ႕စည္းရမည္ဟုဆိုသည္။ အခန္း(၄)တြင္မူ ေကာင္စီဝင္မ်ား၏ လစာႏွင့္ခ်ီးျမႇင့္ေငြအေဆာင္အေယာင္ အသုံးစရိတ္တို႔ကို ျပည္ေထာင္စု အစိုးရအဖြဲ႕ က သတ္မွတ္ေပးရမည္ဟုေဖာ္ျပထားသည္။ ေကာင္စီ၏သက္တမ္းသည္ ႏိုင္ငံေတာ္သမၼတသက္တမ္း အတိုင္းျဖစ္ၿပီး ေကာင္စီ႐ုံးလုပ္ငန္းမ်ားအတြက္ ႏိုင္ငံေတာ္သမၼတ႐ုံးကစီစဥ္ေဆာင္႐ြက္၍ ႏိုင္ငံေတာ္ သမၼတက ပုဒ္မ (၄)ေခၚ အခန္း(၄)ပါေဖာ္ျပခ်က္မ်ားကို သတ္မွတ္ေပးရမည္ဟု ထုတ္ျပန္ထားသည္။ ေကာင္စီတာဝန္ႏွင့္ လုပ္ပိုင္ခြင့္မ်ားကို ႏိုင္ငံေတာ္သမၼတက သတ္မွတ္ေပး ရမည္ဟုဆိုျခင္းပင္။ ေဖာ္ျပ ထားခ်က္မ်ားအရ ေကာင္စီသည္ သမၼတ၏အထက္တြင္ရွိေနမည့္ပုံမရေပ။ အခ်ိဳ႕ေသာသုံးသပ္ခ်က္မ်ား၌ ဦးမင္းေအာင္လႈိင္က ေကာင္စီဥကၠ႒ေနရာယူ၍ သမၼတအထက္တြင္ေနလိမ့္မည္ဟုဆိုထားသည္။
ေဒၚေအာင္ဆန္းစုၾကည္ရယူခဲ့ဖူးေသာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ႏိုင္ငံေတာ္အဂၤါစဥ္ အမွတ္ (၂) ႏွင့္ ခပ္ဆင္ဆင္တူမည္ဟု ခန႔္မွန္းၾကျခင္းပင္။ ေကာင္စီေပၚေပါက္လာျခင္းျဖစ္ႏိုင္ေျခသည္ ႏိုင္ငံ ေရး၊ စစ္ေရးႏွင့္ တိုင္းရင္းသားအေရး အစရွိသည့္ နယ္ပယ္အသီးသီးမွဦးေႏွာက္မ်ားကိုေပါင္းစည္း၍ ႏိုင္ငံ ေတာ္သမၼတႏွင့္အတူ တိုင္းျပည္တည္ေဆာက္ေရးအတြက္ ရည္မွန္းထားပုံရ၏။ တစ္နည္းအားျဖင့္ ဦး သန္းေ႐ႊျပင္ဆင္ခဲ့ဖူးေသာ ႏိုင္ငံ့ဦးေသွ်ာင္အဖြဲ႕ႏွင့္ တူညီသေယာင္ေယာင္၊ ေဒၚေအာင္ဆန္းစုၾကည္၏ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ တူညီသေယာင္ေယာင္ပုံေဖာ္ထားေသာ ႏွစ္မ်ိဳးစပ္ မူကြဲတစ္ခုျဖစ္ ႏိုင္သည္။ တူညီသေယာင္ေယာင္ႏွင့္ ထိပ္တန္းပုဂၢိဳလ္ အလႊာအသီးသီးမွ စြမ္းေဆာင္ရည္ျမင့္မားၾက သူမ်ားကို ေကာင္စီအတြင္း၌ ထည့္သြင္းသြားရန္ စီစဥ္ထားျခင္းမ်ိဳးျဖစ္ႏိုင္သည္။
ဤအစီအစဥ္သည္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ သီးျခားစိတ္ကူးျဖစ္ႏိုင္ၿပီး ကိုယ္တိုင္ ဥကၠ႒ လုပ္လွ်င္လည္း အသင့္ျဖစ္ႏိုင္သကဲ့သို႔ အျခားသူ တစ္ဦးဦးအား ဥကၠ႒ႏွင့္အတြင္းေရးမႉးထားမည္ ဆိုပါကလည္း ျဖစ္ႏိုင္သည္။ ဥပမာအားျဖင့္ အတိုင္ပင္ ခံေကာင္စီဥကၠ႒ေနရာအတြက္ ဒုခ်ဳပ္ ဦးစိုးဝင္း အား ထားရွိ၍ အတြင္းေရးမႉးအျဖစ္ ဦးရဲဝင္းဦးအား ေနရာေပးႏိုင္ေျခရွိျခင္းမ်ိဳးပင္။ သို႔ေသာ္ အစီအစဥ္ ႏွင့္ လူစာရင္းသည္ ဦးမင္းေအာင္လႈိင္၏လက္ထဲတြင္သာ ရွိေနသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က႑ႏွင့္တာဝန္
ဦးမင္းေအာင္လႈိင္ သမၼတလုပ္လွ်င္လည္း ရသည္၊ အတိုင္ပင္ခံေကာင္စီ ဥကၠ႒လုပ္လွ်င္လည္း ရသည္၊ တပ္ခ်ဳပ္ေနရာ ဆက္ေနလိုလွ်င္လည္း ရသည္။ အထြတ္အထိပ္အာဏာရယူထားသူတစ္ဦးအ တြက္ မည္သည့္ေနရာမဆို မတန္သည္မရွိေပ။ တ႐ုတ္ သုံးျပည္ေထာင္ေခတ္၌ အမတ္ခ်ဳပ္ႀကီး ေခ်ာင္မုံ႔ သဲေခၚ ေခ်ာင္ေခ်ာင္အား ဘုရင္လုပ္ရန္ အမတ္မ်ားက တိုက္တြန္းဖူး၏။ သုံးႀကိမ္မကတိုက္တြန္းေသာ္ လည္း ေခ်ာင္ေခ်ာင္က ဘုရင္ကိုကိုင္၍ တိုင္းျပည္အုပ္ခ်ဳပ္ျခင္းက ဘုရင္လုပ္ျခင္းထက္ အျပစ္လြတ္၏ ဟု ဆိုမိန႔္ခဲ့ဖူးသည္။ သားျဖစ္သူ ေခ်ာင္ဖီ လက္ထက္အေရာက္တြင္လည္း ဘုရင္လုပ္ရန္တိုက္တြန္းသူ မ်ား ရွိျပန္သည္။ ေခ်ာင္ဖီသည္ကား ေခ်ာင္ေခ်ာင္ထက္ပို၍ ေလာဘႀကီး၏။ သုံးႀကိမ္သုံးခါ ဟန္ေဆာင္ ျငင္းၿပီးေနာက္ ဘုရင္အျဖစ္ခံယူလိုက္၏။
အႀကံေပးအရာရွိ စစ္မာရီက တိုင္းျပည္ကို ေခ်ာင္ဖီထံေရာင္းလိုသည္ဟုအႀကံေပးခဲ့ၿပီး အမတ္ ခ်ဳပ္ ဟန္ရွင္းကို ေခ်ာင္ဖီဘုရင္ျဖစ္ေရးအတြက္ ဦး ေဆာင္တင္ျပသူ၊ ဟန္မင္းဆက္ ေနာက္ဆုံးဘုရင္ကို ရာထူးမွအနားယူေစသူ ျဖစ္ေစခဲ့သည္။ ဤေနရာတြင္ ေခ်ာင္ဖီက ဘုရင္ျဖစ္လိုေသာ္လည္း ကိုယ္တိုင္ ဘုရင္ျဖစ္လိုေၾကာင္းမေၾကညာခဲ့ေပ။ ဘုရင္အျဖစ္ ဝိုင္းဝန္းတင္ေျမႇာက္ေစရန္သာ စစ္မာရီမွတစ္ဆင့္ လမ္းစျပခဲ့သည္။ ဦးမင္းေအာင္လႈိင္သည္လည္း သမၼတမလုပ္လိုဟု မည္သည့္အခါမွ်မေျပာခဲ့ေပ။ သမၼတ လုပ္လိုသည္ဟုလည္း မေျပာခဲ့ေပ။ သမၼတလုပ္လိုျခင္း မလုပ္လိုျခင္းသည္ ဦးမင္းေအာင္လႈိင္ႏွင့္ မဆိုင္။ ေခ်ာင္ဖီအား ဘုရင္ျဖစ္ေစလိုသူ၊ ဘုရင္အျဖစ္တင္ေျမႇာက္လိုသူ အမတ္မ်ားရွိသည္။ ဦးမင္းေအာင္လႈိင္ တြင္လည္း ေခ်ာင္ဖီ၏အမတ္မ်ားကဲ့သို႔ ပုဂၢိဳလ္အမ်ားအျပားရွိႏိုင္သည္။ လႊတ္ေတာ္တစ္ရပ္လုံးက ဆႏၵရွိ ေသာေၾကာင့္ ဦးမင္းေအာင္လႈိင္ သမၼတျဖစ္ရသည္ဆိုလွ်င္ ဇာတ္လမ္းလွ၏။ သို႔ရာတြင္ လႊတ္ေတာ္က လိုလားသည့္သတင္းေၾကာင့္ တပ္ခ်ဳပ္ရာထူးမွအ နားယူလိုက္ေသာ ဦးမင္းေအာင္လႈိင္အား နာရီပိုင္းအ တြင္း၌ပင္ လႊတ္ေတာ္ကအလိုမရွိေတာ့ပါက တပ္ခ်ဳပ္လည္းမျဖစ္၊ သမၼတလည္းမျဖစ္ဆိုသည့္ အထိနာမႈ မ်ိဳးလည္းမရွိဟု မဆိုႏိုင္။ ထို႔အတြက္ ဦးမင္းေအာင္လႈိင္က ေသခ်ာျပင္ဆင္တြက္ခ်က္ေနပုံရသည္။
လက္ရွိေခါင္းေဆာင္လည္းျဖစ္သည့္အတြက္ ေနာက္လိုက္ငယ္ပါမ်ားအား ေနရာခ်ထားေရးကို ဦးမင္းေအာင္လႈိင္စဥ္းစားရမည္မွာ ေသခ်ာသည္။ ၎တြင္ ဦးစိုးဝင္း၊ ဦးေအာင္လင္းေဒြး၊ ဦးညိဳေစာ၊ ဦးရဲဝင္းဦး၊ ဦးေမာင္ေမာင္ေအး၊ ဦးေက်ာ္စြာလင္း၊ ဦးတင္ေအာင္စန္း၊ ဦးျမထြန္းဦး အပါအဝင္ ရာထူး ေနရာခ်ထားေပးရမည့္ပုဂၢိဳလ္ေပါင္း မ်ားစြာရွိသည္။ အခ်ိဳ႕ကို ဝန္ႀကီးေနရာေပး၍ရေသာ္လည္း အခ်ိဳ႕ကို မူ ဝန္ႀကီးထက္ ျမင့္ရန္လိုေန၏။ ေနရာခ်ထားေပးမႈ အဆင္မေျပပါက ဦးမင္းေအာင္လႈိင္သြားမည့္ ခရီး အတြက္ ေလးဖင့္ေနႏိုင္သည္။ တပ္မေတာ္ဘက္အျခမ္းတြင္လည္း ကိုယ္တိုင္ဦးမေဆာင္ျဖစ္ေတာ့ပါက တပ္ခ်ဳပ္ေလာင္းလ်ာအသစ္အတြက္ ျပင္ဆင္ရမည္မ်ားရွိေနႏိုင္သည္။ ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္စြာလင္းအား တပ္ခ်ဳပ္ေလာင္းအျဖစ္ အမ်ားစုကတြက္ဆၾကသည္။ ဒုခ်ဳပ္ ဦးစိုးဝင္းကိုမူ တပ္ခ်ဳပ္ျဖစ္လာႏိုင္သည္ဟု အမ်ားစုက စဥ္းစားထားပုံမရ။ အလားတူ ဦးမင္း ေအာင္လႈိင္က ေကာင္စီဥကၠ႒ေနရာျဖင့္ တပ္ခ်ဳပ္ရာ ထူးကိုပါ တြဲကိုင္ႏိုင္ေျခ ရွိမရွိကိုလည္း မေတြး၍ မရျပန္။ မည္သို႔ပင္ျဖစ္ေစ ဗိုလ္ခ်ဳပ္မႉးႀကီး ဦးမင္း ေအာင္လႈိင္သာလွ်င္ ထိုအေျဖမ်ားကို ေပးႏိုင္မည္ျဖစ္၏။ ထည့္စဥ္းစားရမည့္ ေနာက္ထပ္အခ်က္ တစ္ခု အျဖစ္ ႐ုရွားသမၼတ၊ တ႐ုတ္သမၼတ၊ အိႏၵိယဝန္ႀကီးခ်ဳပ္၊ ဘီလာ႐ုစ္သမၼတတို႔ႏွင့္ ဗိုလ္ခ်ဳပ္မႉးႀကီး၏ ဆက္ဆံေရးလည္းရွိသည္။ တ႐ုတ္ႏိုင္ငံအေနျဖင့္ ဦးမင္းေအာင္လႈိင္မဟုတ္ေသာ ဦးမင္းေအာင္လႈိင္ခန႔္ သမၼတတစ္ဦးႏွင့္ စီးပြားေရး-ႏိုင္ငံေရးတြဲလုပ္ရန္ ဆႏၵ ရွိမရွိ ထည့္စဥ္းစားရန္လိုသည္။
တ႐ုတ္တြင္ ရွီက်င့္ဖ်င္၊ ႐ုရွားတြင္ ပူတင္တို႔က လည္း ေခါင္းေဆာင္မ်ားအျဖစ္ဆက္ရွိေနခ်ိန္၌ ျမန္မာတြင္ ဦးမင္းေအာင္လႈိင္မဟုတ္ေသာ ႏိုင္ငံ့ဦးေသွ်ာင္ တစ္ဦးေပၚေပါက္လာျခင္းက အဆင္ေျပ မေျပ မသိႏိုင္ေပ။ ဦးမင္းေအာင္လႈိင္ကိုသာ သမၼတျဖစ္ေစလိုမည္ဟု ခန႔္မွန္းခ်င္သည္။ ဦးမင္းေအာင္ လႈိင္အေနျဖင့္ တပ္မေတာ္ဘက္ျခမ္းကိုလည္း လွမ္းေမွ်ာ္ၾကည့္ရမည္ျဖစ္သကဲ့သို႔ မ်ိဳးဆက္သစ္မ်ားအား ေနရာခ်ထား ျခင္း၊ မ်ိဳးဆက္မျပတ္ေစျခင္းႏွင့္ အထက္ေအာက္ အမိန႔္၊ ေလးစားမႈ စီးဆင္းျခင္းမ်ားကိုပါ ပုံေဖာ္ခဲ့ရန္ တာဝန္ရွိေနသည္။ အလားတူ အစိုးရဘက္ျခမ္းအတြက္လည္း ကိုယ္တိုင္မဟုတ္ပါက စိတ္ခ် ရေသာ ဦးေဆာင္စီမံခန႔္ခြဲသူျဖစ္ေစရန္ ေစာင့္ၾကည့္ျပင္ဆင္ရမည္လည္းျဖစ္သည္။
ယတိျပတ္ေဟာကိန္း သို႔မဟုတ္ သုံးသပ္ခ်က္
ဦးမင္းေအာင္လႈိင္အေနျဖင့္ သမၼတတာဝန္ယူလိမ့္မည္ဟု ေဟာကိန္းထုတ္လိုသည္။ အလားတူ ျပည္ေထာင္စုအတိုင္ပင္ခံ ေကာင္စီဥကၠ႒ေနရာကိုလည္း လိုအပ္ပါကရယူႏိုင္သည္။ တစ္နည္းအားျဖင့္ သမၼတတာဝန္ႏွင့္ ဥကၠ႒တာဝန္ကို ပူးတြဲရယူျခင္းမ်ိဳးပင္။ ေကာင္စီအတြင္းေရးမႉးကို တပ္မေတာ္ ကာ ကြယ္ေရးဦးစီးခ်ဳပ္အား အပ္ႏွင္း၍ ဦးရဲဝင္းဦးအား တြဲဖက္ အတြင္းေရးမႉးအျဖစ္ ဆက္လက္ထားရွိႏိုင္ ေျခရွိသည္။
ဦးစိုးဝင္းက တပ္ခ်ဳပ္အသစ္အျဖစ္ ယာယီဝင္ေရာက္ထိန္းေက်ာင္းေပးရႏိုင္ေျခရွိေနၿပီး ဦးမင္း ေအာင္လႈိင္က (၁၅)ႏွစ္ၾကာသည္အထိ သက္တမ္းရွည္ၾကာ ရယူထားေသာ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ (တပ္ခ်ဳပ္)ရာထူးကို ဦးသန္းေ႐ႊ၏တပည့္ သစၥာခံတစ္ ဦးဦးအား စြန႔္ႀကဲခဲ့ဖြယ္ရွိသည္။ သို႔ ေသာ္လည္း ဒုတပ္ ခ်ဳပ္ႏွင့္ညႇိႏႈိင္းကြပ္ကဲေရးမႉးရာထူးကိုမူ ဦးမင္းေအာင္ လႈိင္၏သစၥာခံမ်ားျဖင့္ ထား ရွိခဲ့ဖြယ္ရွိေနသည္။ ဦးမင္းေအာင္လႈိင္၏အလုပ္သည္ တစ္ခုတည္းသာရွိ၏။ ထိုအလုပ္သည္ကား ၎၏ ကိုယ္ပိုင္အနာဂတ္အတြက္ အစီအစဥ္ခ်ေနသည့္ တစ္ၿပိဳင္နက္တည္းမွာပင္ လာမည့္ဆယ္စုႏွစ္မ်ား အတြင္းဦးေဆာင္မည့္ သစၥာရွိ သစၥာခံ စစ္ဘက္အရပ္ဘက္ ေခါင္းေဆာင္ငယ္၊ ေခါင္းေဆာင္ေလာင္းလ်ာ မ်ားကိုရွာေဖြျခင္းပင္။ မည္သို႔ပင္ျဖစ္ေစ ဦးမင္းေအာင္လႈိင္၏လက္ထဲတြင္ စာ႐ြက္တစ္ခုကိုင္ထားၿပီးသား ျဖစ္ေနသည္။
ထိုစာ႐ြက္ထဲတြင္ မည္သည့္ပုဂၢိဳလ္မ်ား၏ နာမည္စာရင္းမ်ားပါဝင္ေနသည္ကိုမူ မတ္လကုန္ပိုင္း မွ သာသိႏိုင္မည္ျဖစ္သည္။ ထိုသို႔သိရန္လည္း လပိုင္းသာက်န္ေတာ့သည္။ မတ္လလယ္ လႊတ္ေတာ္ စတင္သည္ႏွင့္ အေျဖသည္ကား ထြက္ႏွင့္ၿပီးျဖစ္၏။ ဦးမင္းေအာင္လႈိင္အတြက္လည္း မတ္လ ေနာက္ ဆုံးပတ္က အေျဖျဖစ္လာမည္ဟုဆိုခ်င္မိသည္။ ဤမွ်သာ။