ဖြူဖြူကျော်သိန်း နှင့် ချမ်းချမ်းတို့ ဖွင့်ဟလာသည့် တော်လှန်ရေးလုပ်စားသမားများ ဇာတ်ခေါင်းကွဲခြင်း

1477

သုတကျော် (NP News) - ဖေဖော်ဝါရီ ၁ဝ
အဆိုတော်နှစ်ဦးဖြစ်သည့် ချမ်းချမ်းနှင့်ဖြူဖြူကျော်သိန်းတို့က ယခုရက်ပိုင်းအတွင်း အသံများ ထွက်လာ၏။ တော်လှန်ရေးဟုအမည်တပ်ထားသော ခေါင်းစဉ်အောက်မှ အက်ကြောင်းသံများပင်။
“(၂၀၂၁)ခုနှစ် နောက်ဆုံး CDM၊ CDM ပြောလာတဲ့အချိန်မှာ ကျွန်မရဲ့အဖေတို့ တစ်ရက်လောက် ကလေးနောက်ကျသွားတာမှာ ဘယ်လောက်အထိ နစ်နာသွားခဲ့ရတယ်။ အဲဒီတစ်ရက်ကိုတောင့်ခံပြီး CDM သာလုပ်လိုက်ရင် ဘာညာဆိုပြီး ဖြူဖြူကျော်သိန်းပို့စ်တင်ခဲ့တယ်”ဟုပြောလာသူက နိုင်ငံရေး စောင့်ကြည့်လေ့လာသုံးသပ်သူတစ်ဦး ဖြစ်သည်။
CDM လုပ်လျှင် တိုင်းပြည်ကြီး နေ့ချင်းညချင်း ပြောင်းလဲ၊ တိုးတက်သွားတော့မတတ် ပြောကြား ခဲ့ကြသော်လည်း မြေပြင်တွင်ကား ယင်းစကားလုံးသည် ဘဝတို့ကို ပျက်ပြားစေသောအရာ ဖြစ်လာခဲ့ သည်။ CDM လုပ်ရန် ဆော်ဩမှုများနောက်တွင် ထက်ကြပ် မပါသည့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကြောင့် ဘဝပေါင်းများစွာ နစ်နာဆုံးရှုံးခဲ့ရသည်။ အချို့က ပြည်ပတွင် အလုပ်အလုပ်ကိုင်နေကြရသည်။ အချို့က ပြည်တွင်းတွင် ချို့တဲ့စွာ။
ထို့ပြင် ကျောင်းမတက်ရန် လှုံ့ဆော်မှုများစွာရှိခဲ့ရာ ကလေးငယ်များ ပညာရေးနှောင့်နှေးခဲ့ရ သည်။ “ကျောင်းမတက်နှင့်၊ စစ်ကျွန်ပညာရေးကိုမသင်နှင့်” ဆိုသောစကားလုံးများ၏အောက်တွင် ကလေးငယ်များ၏အနာဂတ် မှေးမှိန်လုမတတ်ဖြစ်ခဲ့ရသည်။ အချို့ကလေးငယ်များမှာ စိတ်လေပြီး ပညာရေးကို လုံးဝမလှည့်နိုင်တော့ပေ။
“ကျောင်းတက်ဖို့ကို စိတ်မပါတော့ဘူး။ ပြန်တက်ဖို့ကျတော့လည်း အတန်းဖော်တွေထက် ကိုယ် က အသက်ကြီးနေပြီ။ စာလည်း စိတ်မဝင်စားတော့ဘူး။ ပြန်မကျက်ချင်ဘူး။ ဒါကြောင့် အပြင်မှာပဲ အလုပ်လုပ်တော့မယ်ဆိုပြီးဆုံးဖြတ်လိုက်တာ” ဟု အသက်(၁၈)နှစ်အရွယ်ကျောင်းသားဟောင်းတစ်ဦး က NP News သို့ပြောသည်။ သို့သော် ယင်းနှင့်ပတ်သက်၍ ယခုအခါ ပြည်ပတွင်ရောက်နေပြီး တစ်ချိန် က CDM လုပ်ရန်လှုံ့ဆော်ဖူးသူ၊ တော်လှန်ရေးအကြောင်းပြဖျော်ဖြေမှုများပြုလုပ်ခဲ့သူ ဖြူဖြူကျော်သိန်း က ၎င်း၏လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ယခင်ကပြောကြားထားသမျှကို ပြည်ဖုံးကား ချကာ ငြင်းဆန်ထားသည်။
“ရဲရဲတောက်တွေလည်း မပြောတတ်ဘူး။ ဖြတ်လမ်းလည်းမလိုက်ဘူး”ဟူ၏။ ပြီးခဲ့သည့် (၂၀၂၁) ခုနှစ်နောက်ပိုင်းကစတင်၍ NUG အပါအဝင် တစ်ဖက်အဖွဲ့အစည်းများဘက်က ယခုထက်တိုင်ပြော ကြားခဲ့သောစကားများအနက် တော်လှန်ရေးအောင် မည်ဆိုသောစကားမှာ မျှော်လင့်ချက်ထက် ရယ် စရာ စကားလုံးတစ်ခုသဖွယ်ဖြစ်လာနေသည်။ (၂၀၂၂)ခုနှစ်တွင်တော်လှန်ရေးအောင်မည်ဖြစ်ကြောင်း NUG ဘက်ကဝန်ကြီးဟု မိမိတို့ဘာသာခန့်အပ်ထားသည့် ရည်မွန်နှင့် ဇင်မာအောင်တို့က (၂၀၂၁) ခုနှစ် အတွင်း ကပင်ပြောကြားခဲ့ကြ၏။ ထို့နောက် ယင်းသတ်မှတ်ကာလတွင် မအောင်သောအခါ NUG ဘက် တော်သားတို့က သတ်မှတ်ရက်များကို နောက်ဆုတ်ပြီးပြောကြားခဲ့ကြသည်။ သို့သော် ၎င်းတို့ဆိုလိုသည့် တော်လှန်ရေးကား မအောင်ခဲ့ပါ။
အဆိုပါစကားများကို တိုက်ရိုက်ရည်ရွယ်သည်ဟု ဝန်ခံထားခြင်းမဟုတ်သော်လည်း အဆိုတော် ချမ်းချမ်းက ၎င်း၏လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှပို့စ်အတွင်း “ပြည်သူကို မက်လုံးတွေပေးတာ၊ မျှော်လင့်ချက်တွေပေးတာ ရပ်ကြပါတော့”ဟုဆိုထား သည်။ တော်လှန်ရေး အောင်ခြင်း၊ မအောင်ခြင်း ထက် NUG တွင်ပါဝင်သူများအတွက်မူ အောင်မြင်မှုတို့ရရှိခဲ့သည်ဟုဆိုနိုင်၏။ အဆိုပါအဖွဲ့အစည်းတွင် ပါဝင်သူ၊ ယင်းအဖွဲ့အစည်းနှင့်နှီးနွယ်သူတို့၏ သားသမီးတို့မှာ ပြည်ပတွင် ပညာသင်ကြားခွင့်များရခဲ့ သည်။ NUG နှင့် အပေါင်းအပါတစ်စုတို့အတွက် ငွေကြေးများ စုမိဆောင်းမိရှိခဲ့ကြသည်။
တော်လှန်ရေးဗန်းပြအလှူခံခြင်းများနောက်ကွယ်တွင် ငွေကြေးဖြတ်ခုတ်ခြင်း၊ ခိုးခြင်း၊ မသမာ ခြင်းတို့ရှိခဲ့ကြောင်း အင်တာနက်လူမှုကွန်ရက်စာ မျက်နှာများထက်တွင် သတင်းများထွက်ပေါ်နေသည် ကား ကြာမြင့်လှပြီဖြစ်သည်။ ယင်းနောက်တွင်မူ တစ်ချိန်က တော်လှန်ရေးတွင် ရဲရဲတောက်ပါဝင်ခဲ့ကြ သော ချမ်းချမ်းနှင့် ဖြူဖြူကျော်သိန်းတို့က ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာအသီးသီးတွင် တော်လှန် ရေးအကြောင်းပြ ကိုယ်ကျိုးရှာသူများအကြောင်း ပွင့်အံရေးသားလာကြသည်ကို တွေ့မြင်ရသည်။
သို့သော် တစ်ဖက်တွင် ၎င်းတို့နှစ်ဦး၏ရေးသားချက်များသည် တော်လှန်ရေးလှေပျက်ပေါ်တွင် ဆီဦးထောပတ်စားပြီးနောက် လှေမြုပ်မှ အသက်ကယ် လှေပေါ်ခုန်ဆင်းခြင်းဖြစ်သည်ဟုလည်း ဝေဖန်မှု များရှိနေသည်။ အဘယ်ကြောင့်ဆိုသော ငါးနှစ်အကြာမှ ယင်း စကားများထွက်လာခြင်းကြောင့်ဟုပြော ကြသည်။ သေချာသည်ကား တော်လှန်ရေးဗန်းပြလုပ်စားသူတို့၏အကြောင်းများမှာ ၎င်းတို့ဘက်သား ထင်ရှားသူ နှစ်ဦးထံက ထွက်ပေါ်လာခြင်းဖြစ်သည်။
“ဖြူဖြူ့ရဲ့ (၂၀၂၆) အတွက် missionကတော့ တစ်လဂျင်းတွေ၊ တစ်လဂိုဏ်းစတားတွေ ကိုယ့် ပတ်ဝန်းကျင်မှာ အပြီးခွာချမယ်။ ဒါတွေရှိနေသရွေ့ခရီးဖင့် နေမှာပဲ။ အဲဒီလိုလူတွေ ကိုယ့်အကြောင်း ကိုယ်သိပြီး အချိုးတွေ အချိန်မီပြင်နိုင်ကြဖို့ မျှော်လင့်ပါတယ်။ ဘယ်အဖွဲ့အစည်းကမှ တလရထက်၊ ပြည် သူထက် ပိုအရေးမကြီးဘူး။ ဖြူဖြူသည် ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းနဲ့မှလည်း ဘယ်ခေတ်ကမှ ဘာ အကျိုးစီးပွားမှစပ်ယှက်မှုမရှိတဲ့အတွက် ဘာမျက်နှာမှလည်း ထောက်စရာမရှိဘူး” ဟုဆိုကာ ဖြူဖြူ ကျော်သိန်းက ၎င်း၏လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ရေးသားလာသည်။ မကျွမ်းကျင် သည့်နယ်ပယ်ဖြစ်သော နိုင်ငံရေးများ၊ လှုပ်ရှားမှုများတွင် ဝင်ရောက်ပြော ကြားခြင်းမျိုးမရှိကြောင်း လည်း ဖြူဖြူကျော်သိန်းကရေးသားထားပြီး တော်လှန်ရေးနှင့်ပတ်သက်၍ကိုယ်ကျိုးရှာသူများကိုလည်း ဖြူဖြူကျော်သိန်းက ၎င်း၏အကောင့်တွင် ပုံမှန်အတိုင်းရေးဟန်မဟုတ်ဘဲ ရှားရှားပါးပါး “အမှိုက်”ဟု သုံးနှုန်းထားသည်။
“စည်းလုံးမှုပြိုကွဲမှာစိုးလို့ အမှိုက်တွေကိုဖုံးပေးထားရမယ်ဆိုတာ အဲဒီအမှိုက်တွေနဲ့ အကျိုး စီးပွားတူသူတွေက ပြည်သူကိုထည့်တဲ့ ဂျင်းပါ။ ဒါမှ သူတို့လုပ်ချင်ရာလုပ်လို့ရနေမှာလေ။ တကယ်က အကျင့်ပျက်တဲ့သူတွေကိုဖယ်ထုတ်လိုက်မှသာ လူထုယုံကြည်မှု ပိုရမှာပါ” ဟုဆိုထားသည်။ သို့သော် တစ်ဖက်တွင် နာမည်ကျော် ပန်ဆယ်လိုကဲ့သို့ ၎င်း၏အပြစ်များအတွက် ဝေဖန်ပြောဆိုသူတိုင်းကို အဆဲ ဖြင့်ဖိကာ ပြောတတ်သူကို တိုက်ရိုက်ဝေဖန်ခြင်းမျိုးမတွေ့ရပေ။ ရယ်စကားကောင်းသောအချက်မှာ ဖြူဖြူကျော်သိန်းက မည်သူဟု ရည်ရွယ်ပြောကြားခြင်းမျိုးမရှိသော်လည်း စာဖတ်သူများက NUG နှင့် ပန်ဆယ်လိုတို့ကို ပြောသည်ဟု တစ်ထစ်ချကောက်ယူနေကြခြင်းမျိုးကလည်း မပြေးသော်ကာရန် ရှိဆို သကဲ့သို့ဖြစ်နေသည်။ “ရှေ့မှာ ကေ့စ်တွေ အများကြီးရှိခဲ့တယ်။ သူတို့ပြောတဲ့သူပုန်ကော်ဖီကိစ္စ၊ နောက် ပြီးတော့ မိန်းကလေးတွေကို ဗလက္ကာရလုပ်ခဲ့တာ သူတို့ နာမည်ကျော်တစ်ယောက်ပဲ။ အဲဒါကို ဘာများ အရေးယူတာလုပ်ခဲ့လဲ။ ပန်ဆယ်လိုဆိုရင် စာရင်းမရှင်းဘဲ ကျွန်မနားပါပြီတို့ ဘာတို့။ ဘာများလုပ်လို့လဲ။ ဖြူဖြူကျော်သိန်းလိုလူ တွေက ဆရာဝန်တစ်ယောက်လည်းဖြစ်တယ်၊ ပညာတတ်တစ်ယောက်လည်း ဖြစ်တယ်၊ ငါးနှစ်ကြာမှ အသိတရားရသလား။ ဘာကြောင့်လိမ်ပါသလဲ။ ကျန်တာ အပြစ်မဟုတ်ဘူး။ ပြည်သူကိုလိမ်တာအပြစ်ဗျ။ ပြောရမယ်ဆိုရင် အမှန်တရားကိုထောက်ပြပြီး ခွာဖို့ ပြင်လာတာ။ အထုပ် ပိုက်ပြီးခွာဖို့ပြင်လာတာ”ဟု နိုင်ငံရေးစောင့်ကြည်လေ့လာ၊ သုံးသပ်သူက ဆိုသည်။
လက်ရှိ ပြည်ပတွင်အခြေချနေထိုင်နေပြီး တော် လှန်ရေးဘက်တော်သားဟု မိမိကိုယ်ကိုယ် ရပ်တည်ထားသည့် အဆိုတော်ချမ်းချမ်းကလည်း မြန်မာနိုင်ငံမှ တော်လှန်ရေးဗန်းပြ ကိုယ်ကျိုးရှာမှုများ နှင့်ပတ်သက်၍ “မျက်နှာဖုံးတွေကွာကျလာကြပြီ”ဟု ခေါင်းစဉ်ပေးထားသောပို့စ်ကို ၎င်း၏လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင်ရေးသားထားသည်။
တော်လှန်ရေးအကြောင်းပြကာ ကိုယ်ကျိုးဆောင်ရွက်မှုများနှင့်ပတ်သက်၍ ချမ်းချမ်းရေးက ရေး သားရာတွင် တစ်ခုခုသိလို၍မေးလျှင် “ ဒီတော်လှန်ရေးအကြောင်း ဘယ်လောက်နားလည်လို့လဲ” ဟု ပြန်လှန်မေးခွန်းထုတ်ခြင်းကိုခံခဲ့ရဖူးကြောင်း ဖွင့်ချ ရေးသားထားသည်။
ထို့ပြင် အချို့သော တော်လှန်ရေးအကြောင်းပြ ရန်ပုံငွေရှာဖွေပွဲများတွင်သီချင်းဆိုပါက အဆင့်အ တန်းခွဲခြားခြင်းခံခဲ့ရပြီး လုပ်စားတော်လှန်ရေးသမား ဆိုသောအသုံးအနှုန်းကို သုံးနှုန်းထားကြောင်းလည်း မြင်ရသည်။ ထို့ပြင် ပညာတတ်ပြီး ပြည်သူကို ကျွန်ပြုချင်သူများဟုလည်း သွယ်ဝိုက်ကာ ရေးသားထား သေးသည်။
“တချို့ဆို တော်လှန်ရေးပွဲအတွက်မို့ သူတို့ထားရာနေ သူတို့ကျွေးတာစား သူတို့ခေါ်လို့ဆိုရတယ် ဆိုတဲ့ပုံစံတွေနဲ့ အနုပညာရှင်တွေကို ခေါင်းချိုးကြတယ်။ အနုပညာသမားဆိုရင် အဆင့်နိမ့်တယ်သတ် မှတ်ထားကြပုံပေါ်တယ်။ လုပ်စားတော်လှန်ရေးသမား ဟန်ဆောင်အနုပညာရှင်တွေကြား မျက်နှာငယ် ခဲ့ရဖူးတယ်။ အတွေးအခေါ်ဆိုတာ လူတိုင်း တစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။ ပညာတတ်မှ အတွေးအ ခေါ်မြင့်တာမဟုတ်သလို ပညာတတ်ပြီး ပြည်သူတွေ ကိုကျွန်ပြုချင်နေတဲ့ပညာတတ်တွေမှ အများကြီးပါ” ဟုရေးသားထားသည်။
တော်လှန်ရေးကိုအကြောင်းပြု၍ ကိုယ်ကျိုးအသုံးချသူများ၊ နာမည်ကောင်းရရေး အသုံးချခြင်း များကို ကြုံဖူးပြီဖြစ်သည့်အတွက် နောက်ပိုင်းတွင် အွန် လိုင်းမှအကူအညီတောင်းသော မည်သည့်အဖွဲ့ အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကိုမျှမကူညီတော့ဟု ချမ်းချမ်းကဆိုသည်။ ယခုဆောင်ရွက်နေကြသည့် တော် လှန်ရေးဆိုသောအရာနှင့်ပတ်သက်၍ ယင်းမှာ နာမည်ခံ၍ အလှူခံနေသူများက လုပ်စားနေကြသည့် အတွက် “တော်ခံရေး” ဖြစ်နေပြီဟုလည်း ချမ်းချမ်းကဆိုပြီး အပြုတ်ဖော်ထုတ်ဖြုတ်ချရမည်ဟုလည်းဆို သည်။ သို့သော် ဖြူဖြူကျော်သိန်းကဲ့သို့ ချမ်းချမ်းသည်လည်း မည်သူမည်ဝါဟု နာမည်တပ် ရေးခြင်းမျိုး မဟုတ်သည့်အတွက် လူအများစုကို ဆိုလိုခြင်းဖြစ်မည်ဟု နားလည်ရသည်။
“အစက မသိလို့ အကုန်စွန့်လွှတ်၊ ဖွင့်သမျှ ကမ်ပိန်းတွေထဲ အကုန်ပါ၊ အကုန်ဘာပြောပြော လိုက်လုပ်ခဲ့ကြတာ တုံးလို့မဟုတ် ယုံလို့လုပ်ခဲ့ကြတာ”ဟု ချမ်းချမ်းကဆိုသည်။ လက်ရှိပြည်ပတွင် နေထိုင်အခြေကျနေပြီး ပြည်သူများအား ခိုင်းစေနေသူတို့နှင့်ပတ်သက်၍ “အသပြာ ဘက်တော်သား များဖြစ်သွားပြီ”ဟုပြောထားသည်။ ထို့ပြင် တော်လှန်ရေးသည် “မိသားစုစီးပွားရေးမဟုတ်”ဟုဆိုသည်။ ယင်းစကားလုံး၏အနက်အဓိပ္ပာယ်ကို ချမ်းချမ်းက ဖွင့်ပြခြင်းမရှိသည့်တိုင် လတ်တလောဖြစ်စဉ်များနှင့် ပတ်သက်၍ချိန်ထိုးကြည့်ပါက ရုံးဝန်ထမ်းများကို အခိုင်းအစေသဖွယ်ခိုင်းပြီး ခွေးမွေးနေ့ပွဲ ကျင်းပခဲ့ဖူး သည့်အပြင် ရုံးကို ကိုယ်ပိုင်အိမ်သဖွယ်ပြုလုပ်ပြီး ဝန်ထမ်းများအတွက်နေရာမပေးသော NUG မှ အတွင်း ဝန် ကြည်ပြာကို ဆိုလိုဟန်ရှိသည်။
ကြည်ပြာ၏အမှုကား တိုင်ကြားသူများက တိုင်ပြီးသည့် တိုင်၊ အချက်အလက်များ အင်တာနက် တွင် ပြန့်ပြီးသည့်တိုင် ယခုအထိ အရေးယူခြင်းမျိုး မကြားရသေးပေ။ ယင်းကဲ့သို့ အမှုများစွာ မည်မျှရှိ သည်ဟု ကားမသိနိုင်။ မြေပြင်တွင် ပြည်သူများကား လက်နက်ကိုင်သူပုန်တို့တောင်းခံသော အခွန် အမည်ခံဆက်ကြေးပေးရသည်ကား အဖြစ်မှန်ဖြစ်သည်။ တစ်ချိန်က အင်တာနက်တွင်ထွက်ပေါ်ဖူးသည့် PDF နှင့် ပြည်သူများအကြား အငြင်းပွားနေသော ဗီဒီယိုတစ်ခုအတွင်း ပြည်သူထဲမှအမျိုးသမီးတစ်ဦးက “ငါတို့ဝယ်ပေးထားတဲ့သေနတ်နဲ့ ငါတို့ကိုပြန်ပစ်ချင်ရင် ပစ်လိုက်ပါ” ဆိုသောစကားသည် မြေပြင် အခြေ အနေမှန် ဖြစ်သည်။ “ပြည်သူကိုချနင်းတယ်။ ကျေးလက်ဒေသမှာရှိတဲ့လူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်း စိမ်။ တောထဲရောက်နေ တဲ့လူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ချနင်းတယ်။ ပြည်သူတွေရဲ့ ဘဝတွေ ကိုဖျက်ပစ်လိုက်တယ်”ဟု နိုင်ငံရေးစောင့်ကြည့်၊ လေ့လာသူကဆိုသည်။
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော CDM ဝန်ထမ်းတစ်ဦးက အိမ်ပြန်လိုသည်ဟု NP News က လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြော ကြားသည်။ သို့သော် ၎င်းတွင် ပြန်စရာ အိမ်မရှိတော့ပါ။ တိုက်ပွဲကြောင့် ပျက်စီးခဲ့ပြီဖြစ်သည်။ ၎င်း၏ မိသားစုမှာ အဆင်မပြေသည့်ကြားမှ သူပုန်ကိုဆက်ကြေးပေးပြီး ဘဝရှင်သန်ရေး အသက် မွေးနေရ သည်။ “အလုပ်က ရွေးစရာမရှိဘူး။ ပညာနဲ့ လားလားမှမဆိုင်တဲ့အလုပ်လုပ်နေရတယ်။ အရင်က စိတ် ဓာတ်တွေတက်ကြွခဲ့တာတောင် ငါမှ ဟုတ်ရဲ့လား လို့ သံသယဝင်တယ်။ မှားခဲ့တယ်။ ပြန်ပြင်ဖို့ ကြိုးစား ရမှာခက်ခဲတယ်”ဟုဆိုသည်။
ယခုဆိုလျှင် တော်လှန်ရေးခေါင်းစဉ်ဖြင့်လုပ်စားကြသော ထိုလူအုပ်စုအကြား ဇာတ်ခေါင်းကွဲချိန် စတင်လေပြီဟု ဆိုရမည်ပင်။

Zawgyi Version;
ျဖဴျဖဴေက်ာ္သိန္း ႏွင့္ ခ်မ္းခ်မ္းတို႔ ဖြင့္ဟလာသည့္ ေတာ္လွန္ေရးလုပ္စားသမားမ်ား ဇာတ္ေခါင္းကြဲျခင္း
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁ဝ
အဆိုေတာ္ႏွစ္ဦးျဖစ္သည့္ ခ်မ္းခ်မ္းႏွင့္ျဖဴျဖဴေက်ာ္သိန္းတို႔က ယခုရက္ပိုင္းအတြင္း အသံမ်ား ထြက္လာ၏။ ေတာ္လွန္ေရးဟုအမည္တပ္ထားေသာ ေခါင္းစဥ္ေအာက္မွ အက္ေၾကာင္းသံမ်ားပင္။
“(၂၀၂၁)ခုႏွစ္ ေနာက္ဆုံး CDM၊ CDM ေျပာလာတဲ့အခ်ိန္မွာ ကြၽန္မရဲ႕အေဖတို႔ တစ္ရက္ေလာက္ ကေလးေနာက္က်သြားတာမွာ ဘယ္ေလာက္အထိ နစ္နာသြားခဲ့ရတယ္။ အဲဒီတစ္ရက္ကိုေတာင့္ခံၿပီး CDM သာလုပ္လိုက္ရင္ ဘာညာဆိုၿပီး ျဖဴျဖဴေက်ာ္သိန္းပို႔စ္တင္ခဲ့တယ္”ဟုေျပာလာသူက ႏိုင္ငံေရး ေစာင့္ၾကည့္ေလ့လာသုံးသပ္သူတစ္ဦး ျဖစ္သည္။
CDM လုပ္လွ်င္ တိုင္းျပည္ႀကီး ေန႔ခ်င္းညခ်င္း ေျပာင္းလဲ၊ တိုးတက္သြားေတာ့မတတ္ ေျပာၾကား ခဲ့ၾကေသာ္လည္း ေျမျပင္တြင္ကား ယင္းစကားလုံးသည္ ဘဝတို႔ကို ပ်က္ျပားေစေသာအရာ ျဖစ္လာခဲ့ သည္။ CDM လုပ္ရန္ ေဆာ္ဩမႈမ်ားေနာက္တြင္ ထက္ၾကပ္ မပါသည့္ တာဝန္ယူမႈ၊ တာဝန္ခံမႈတို႔ေၾကာင့္ ဘဝေပါင္းမ်ားစြာ နစ္နာဆုံးရႈံးခဲ့ရသည္။ အခ်ိဳ႕က ျပည္ပတြင္ အလုပ္အလုပ္ကိုင္ေနၾကရသည္။ အခ်ိဳ႕က ျပည္တြင္းတြင္ ခ်ိဳ႕တဲ့စြာ။
ထို႔ျပင္ ေက်ာင္းမတက္ရန္ လႈံ႕ေဆာ္မႈမ်ားစြာရွိခဲ့ရာ ကေလးငယ္မ်ား ပညာေရးေႏွာင့္ေႏွးခဲ့ရ သည္။ “ေက်ာင္းမတက္ႏွင့္၊ စစ္ကြၽန္ပညာေရးကိုမသင္ႏွင့္” ဆိုေသာစကားလုံးမ်ား၏ေအာက္တြင္ ကေလးငယ္မ်ား၏အနာဂတ္ ေမွးမွိန္လုမတတ္ျဖစ္ခဲ့ရသည္။ အခ်ိဳ႕ကေလးငယ္မ်ားမွာ စိတ္ေလၿပီး ပညာေရးကို လုံးဝမလွည့္ႏိုင္ေတာ့ေပ။
“ေက်ာင္းတက္ဖို႔ကို စိတ္မပါေတာ့ဘူး။ ျပန္တက္ဖို႔က်ေတာ့လည္း အတန္းေဖာ္ေတြထက္ ကိုယ္ က အသက္ႀကီးေနၿပီ။ စာလည္း စိတ္မဝင္စားေတာ့ဘူး။ ျပန္မက်က္ခ်င္ဘူး။ ဒါေၾကာင့္ အျပင္မွာပဲ အလုပ္လုပ္ေတာ့မယ္ဆိုၿပီးဆုံးျဖတ္လိုက္တာ” ဟု အသက္(၁၈)ႏွစ္အ႐ြယ္ေက်ာင္းသားေဟာင္းတစ္ဦး က NP News သို႔ေျပာသည္။ သို႔ေသာ္ ယင္းႏွင့္ပတ္သက္၍ ယခုအခါ ျပည္ပတြင္ေရာက္ေနၿပီး တစ္ခ်ိန္ က CDM လုပ္ရန္လႈံ႕ေဆာ္ဖူးသူ၊ ေတာ္လွန္ေရးအေၾကာင္းျပေဖ်ာ္ေျဖမႈမ်ားျပဳလုပ္ခဲ့သူ ျဖဴျဖဴေက်ာ္သိန္း က ၎၏လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ယခင္ကေျပာၾကားထားသမွ်ကို ျပည္ဖုံးကား ခ်ကာ ျငင္းဆန္ထားသည္။
“ရဲရဲေတာက္ေတြလည္း မေျပာတတ္ဘူး။ ျဖတ္လမ္းလည္းမလိုက္ဘူး”ဟူ၏။ ၿပီးခဲ့သည့္ (၂၀၂၁) ခုႏွစ္ေနာက္ပိုင္းကစတင္၍ NUG အပါအဝင္ တစ္ဖက္အဖြဲ႕အစည္းမ်ားဘက္က ယခုထက္တိုင္ေျပာ ၾကားခဲ့ေသာစကားမ်ားအနက္ ေတာ္လွန္ေရးေအာင္ မည္ဆိုေသာစကားမွာ ေမွ်ာ္လင့္ခ်က္ထက္ ရယ္ စရာ စကားလုံးတစ္ခုသဖြယ္ျဖစ္လာေနသည္။ (၂၀၂၂)ခုႏွစ္တြင္ေတာ္လွန္ေရးေအာင္မည္ျဖစ္ေၾကာင္း NUG ဘက္ကဝန္ႀကီးဟု မိမိတို႔ဘာသာခန႔္အပ္ထားသည့္ ရည္မြန္ႏွင့္ ဇင္မာေအာင္တို႔က (၂၀၂၁) ခုႏွစ္ အတြင္း ကပင္ေျပာၾကားခဲ့ၾက၏။ ထို႔ေနာက္ ယင္းသတ္မွတ္ကာလတြင္ မေအာင္ေသာအခါ NUG ဘက္ ေတာ္သားတို႔က သတ္မွတ္ရက္မ်ားကို ေနာက္ဆုတ္ၿပီးေျပာၾကားခဲ့ၾကသည္။ သို႔ေသာ္ ၎တို႔ဆိုလိုသည့္ ေတာ္လွန္ေရးကား မေအာင္ခဲ့ပါ။
အဆိုပါစကားမ်ားကို တိုက္႐ိုက္ရည္႐ြယ္သည္ဟု ဝန္ခံထားျခင္းမဟုတ္ေသာ္လည္း အဆိုေတာ္ ခ်မ္းခ်မ္းက ၎၏လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွပို႔စ္အတြင္း “ျပည္သူကို မက္လုံးေတြေပးတာ၊ ေမွ်ာ္လင့္ခ်က္ေတြေပးတာ ရပ္ၾကပါေတာ့”ဟုဆိုထား သည္။ ေတာ္လွန္ေရး ေအာင္ျခင္း၊ မေအာင္ျခင္း ထက္ NUG တြင္ပါဝင္သူမ်ားအတြက္မူ ေအာင္ျမင္မႈတို႔ရရွိခဲ့သည္ဟုဆိုႏိုင္၏။ အဆိုပါအဖြဲ႕အစည္းတြင္ ပါဝင္သူ၊ ယင္းအဖြဲ႕အစည္းႏွင့္ႏွီးႏြယ္သူတို႔၏ သားသမီးတို႔မွာ ျပည္ပတြင္ ပညာသင္ၾကားခြင့္မ်ားရခဲ့ သည္။ NUG ႏွင့္ အေပါင္းအပါတစ္စုတို႔အတြက္ ေငြေၾကးမ်ား စုမိေဆာင္းမိရွိခဲ့ၾကသည္။
ေတာ္လွန္ေရးဗန္းျပအလႉခံျခင္းမ်ားေနာက္ကြယ္တြင္ ေငြေၾကးျဖတ္ခုတ္ျခင္း၊ ခိုးျခင္း၊ မသမာ ျခင္းတို႔ရွိခဲ့ေၾကာင္း အင္တာနက္လူမႈကြန္ရက္စာ မ်က္ႏွာမ်ားထက္တြင္ သတင္းမ်ားထြက္ေပၚေနသည္ ကား ၾကာျမင့္လွၿပီျဖစ္သည္။ ယင္းေနာက္တြင္မူ တစ္ခ်ိန္က ေတာ္လွန္ေရးတြင္ ရဲရဲေတာက္ပါဝင္ခဲ့ၾက ေသာ ခ်မ္းခ်မ္းႏွင့္ ျဖဴျဖဴေက်ာ္သိန္းတို႔က ၎တို႔၏လူမႈကြန္ရက္စာမ်က္ႏွာအသီးသီးတြင္ ေတာ္လွန္ ေရးအေၾကာင္းျပ ကိုယ္က်ိဳးရွာသူမ်ားအေၾကာင္း ပြင့္အံေရးသားလာၾကသည္ကို ေတြ႕ျမင္ရသည္။
သို႔ေသာ္ တစ္ဖက္တြင္ ၎တို႔ႏွစ္ဦး၏ေရးသားခ်က္မ်ားသည္ ေတာ္လွန္ေရးေလွပ်က္ေပၚတြင္ ဆီဦးေထာပတ္စားၿပီးေနာက္ ေလွျမဳပ္မွ အသက္ကယ္ ေလွေပၚခုန္ဆင္းျခင္းျဖစ္သည္ဟုလည္း ေဝဖန္မႈ မ်ားရွိေနသည္။ အဘယ္ေၾကာင့္ဆိုေသာ ငါးႏွစ္အၾကာမွ ယင္း စကားမ်ားထြက္လာျခင္းေၾကာင့္ဟုေျပာ ၾကသည္။ ေသခ်ာသည္ကား ေတာ္လွန္ေရးဗန္းျပလုပ္စားသူတို႔၏အေၾကာင္းမ်ားမွာ ၎တို႔ဘက္သား ထင္ရွားသူ ႏွစ္ဦးထံက ထြက္ေပၚလာျခင္းျဖစ္သည္။
“ျဖဴျဖဴ႕ရဲ႕ (၂၀၂၆) အတြက္ missionကေတာ့ တစ္လဂ်င္းေတြ၊ တစ္လဂိုဏ္းစတားေတြ ကိုယ့္ ပတ္ဝန္းက်င္မွာ အၿပီးခြာခ်မယ္။ ဒါေတြရွိေနသေ႐ြ႕ခရီးဖင့္ ေနမွာပဲ။ အဲဒီလိုလူေတြ ကိုယ့္အေၾကာင္း ကိုယ္သိၿပီး အခ်ိဳးေတြ အခ်ိန္မီျပင္ႏိုင္ၾကဖို႔ ေမွ်ာ္လင့္ပါတယ္။ ဘယ္အဖြဲ႕အစည္းကမွ တလရထက္၊ ျပည္ သူထက္ ပိုအေရးမႀကီးဘူး။ ျဖဴျဖဴသည္ ဘယ္ပုဂၢိဳလ္၊ ဘယ္အဖြဲ႕အစည္းနဲ႔မွလည္း ဘယ္ေခတ္ကမွ ဘာ အက်ိဳးစီးပြားမွစပ္ယွက္မႈမရွိတဲ့အတြက္ ဘာမ်က္ႏွာမွလည္း ေထာက္စရာမရွိဘူး” ဟုဆိုကာ ျဖဴျဖဴ ေက်ာ္သိန္းက ၎၏လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ေရးသားလာသည္။ မကြၽမ္းက်င္ သည့္နယ္ပယ္ျဖစ္ေသာ ႏိုင္ငံေရးမ်ား၊ လႈပ္ရွားမႈမ်ားတြင္ ဝင္ေရာက္ေျပာ ၾကားျခင္းမ်ိဳးမရွိေၾကာင္း လည္း ျဖဴျဖဴေက်ာ္သိန္းကေရးသားထားၿပီး ေတာ္လွန္ေရးႏွင့္ပတ္သက္၍ကိုယ္က်ိဳးရွာသူမ်ားကိုလည္း ျဖဴျဖဴေက်ာ္သိန္းက ၎၏အေကာင့္တြင္ ပုံမွန္အတိုင္းေရးဟန္မဟုတ္ဘဲ ရွားရွားပါးပါး “အမႈိက္”ဟု သုံးႏႈန္းထားသည္။
“စည္းလုံးမႈၿပိဳကြဲမွာစိုးလို႔ အမႈိက္ေတြကိုဖုံးေပးထားရမယ္ဆိုတာ အဲဒီအမႈိက္ေတြနဲ႔ အက်ိဳး စီးပြားတူသူေတြက ျပည္သူကိုထည့္တဲ့ ဂ်င္းပါ။ ဒါမွ သူတို႔လုပ္ခ်င္ရာလုပ္လို႔ရေနမွာေလ။ တကယ္က အက်င့္ပ်က္တဲ့သူေတြကိုဖယ္ထုတ္လိုက္မွသာ လူထုယုံၾကည္မႈ ပိုရမွာပါ” ဟုဆိုထားသည္။ သို႔ေသာ္ တစ္ဖက္တြင္ နာမည္ေက်ာ္ ပန္ဆယ္လိုကဲ့သို႔ ၎၏အျပစ္မ်ားအတြက္ ေဝဖန္ေျပာဆိုသူတိုင္းကို အဆဲ ျဖင့္ဖိကာ ေျပာတတ္သူကို တိုက္႐ိုက္ေဝဖန္ျခင္းမ်ိဳးမေတြ႕ရေပ။ ရယ္စကားေကာင္းေသာအခ်က္မွာ ျဖဴျဖဴေက်ာ္သိန္းက မည္သူဟု ရည္႐ြယ္ေျပာၾကားျခင္းမ်ိဳးမရွိေသာ္လည္း စာဖတ္သူမ်ားက NUG ႏွင့္ ပန္ဆယ္လိုတို႔ကို ေျပာသည္ဟု တစ္ထစ္ခ်ေကာက္ယူေနၾကျခင္းမ်ိဳးကလည္း မေျပးေသာ္ကာရန္ ရွိဆို သကဲ့သို႔ျဖစ္ေနသည္။ “ေရွ႕မွာ ေက့စ္ေတြ အမ်ားႀကီးရွိခဲ့တယ္။ သူတို႔ေျပာတဲ့သူပုန္ေကာ္ဖီကိစၥ၊ ေနာက္ ၿပီးေတာ့ မိန္းကေလးေတြကို ဗလကၠာရလုပ္ခဲ့တာ သူတို႔ နာမည္ေက်ာ္တစ္ေယာက္ပဲ။ အဲဒါကို ဘာမ်ား အေရးယူတာလုပ္ခဲ့လဲ။ ပန္ဆယ္လိုဆိုရင္ စာရင္းမရွင္းဘဲ ကြၽန္မနားပါၿပီတို႔ ဘာတို႔။ ဘာမ်ားလုပ္လို႔လဲ။ ျဖဴျဖဴေက်ာ္သိန္းလိုလူ ေတြက ဆရာဝန္တစ္ေယာက္လည္းျဖစ္တယ္၊ ပညာတတ္တစ္ေယာက္လည္း ျဖစ္တယ္၊ ငါးႏွစ္ၾကာမွ အသိတရားရသလား။ ဘာေၾကာင့္လိမ္ပါသလဲ။ က်န္တာ အျပစ္မဟုတ္ဘူး။ ျပည္သူကိုလိမ္တာအျပစ္ဗ်။ ေျပာရမယ္ဆိုရင္ အမွန္တရားကိုေထာက္ျပၿပီး ခြာဖို႔ ျပင္လာတာ။ အထုပ္ ပိုက္ၿပီးခြာဖို႔ျပင္လာတာ”ဟု ႏိုင္ငံေရးေစာင့္ၾကည္ေလ့လာ၊ သုံးသပ္သူက ဆိုသည္။
လက္ရွိ ျပည္ပတြင္အေျခခ်ေနထိုင္ေနၿပီး ေတာ္ လွန္ေရးဘက္ေတာ္သားဟု မိမိကိုယ္ကိုယ္ ရပ္တည္ထားသည့္ အဆိုေတာ္ခ်မ္းခ်မ္းကလည္း ျမန္မာႏိုင္ငံမွ ေတာ္လွန္ေရးဗန္းျပ ကိုယ္က်ိဳးရွာမႈမ်ား ႏွင့္ပတ္သက္၍ “မ်က္ႏွာဖုံးေတြကြာက်လာၾကၿပီ”ဟု ေခါင္းစဥ္ေပးထားေသာပို႔စ္ကို ၎၏လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ေရးသားထားသည္။
ေတာ္လွန္ေရးအေၾကာင္းျပကာ ကိုယ္က်ိဳးေဆာင္႐ြက္မႈမ်ားႏွင့္ပတ္သက္၍ ခ်မ္းခ်မ္းေရးက ေရး သားရာတြင္ တစ္ခုခုသိလို၍ေမးလွ်င္ “ ဒီေတာ္လွန္ေရးအေၾကာင္း ဘယ္ေလာက္နားလည္လို႔လဲ” ဟု ျပန္လွန္ေမးခြန္းထုတ္ျခင္းကိုခံခဲ့ရဖူးေၾကာင္း ဖြင့္ခ် ေရးသားထားသည္။
ထို႔ျပင္ အခ်ိဳ႕ေသာ ေတာ္လွန္ေရးအေၾကာင္းျပ ရန္ပုံေငြရွာေဖြပြဲမ်ားတြင္သီခ်င္းဆိုပါက အဆင့္အ တန္းခြဲျခားျခင္းခံခဲ့ရၿပီး လုပ္စားေတာ္လွန္ေရးသမား ဆိုေသာအသုံးအႏႈန္းကို သုံးႏႈန္းထားေၾကာင္းလည္း ျမင္ရသည္။ ထို႔ျပင္ ပညာတတ္ၿပီး ျပည္သူကို ကြၽန္ျပဳခ်င္သူမ်ားဟုလည္း သြယ္ဝိုက္ကာ ေရးသားထား ေသးသည္။
“တခ်ိဳ႕ဆို ေတာ္လွန္ေရးပြဲအတြက္မို႔ သူတို႔ထားရာေန သူတို႔ေကြၽးတာစား သူတို႔ေခၚလို႔ဆိုရတယ္ ဆိုတဲ့ပုံစံေတြနဲ႔ အႏုပညာရွင္ေတြကို ေခါင္းခ်ိဳးၾကတယ္။ အႏုပညာသမားဆိုရင္ အဆင့္နိမ့္တယ္သတ္ မွတ္ထားၾကပုံေပၚတယ္။ လုပ္စားေတာ္လွန္ေရးသမား ဟန္ေဆာင္အႏုပညာရွင္ေတြၾကား မ်က္ႏွာငယ္ ခဲ့ရဖူးတယ္။ အေတြးအေခၚဆိုတာ လူတိုင္း တစ္ေယာက္နဲ႔ တစ္ေယာက္မတူၾကပါဘူး။ ပညာတတ္မွ အေတြးအ ေခၚျမင့္တာမဟုတ္သလို ပညာတတ္ၿပီး ျပည္သူေတြ ကိုကြၽန္ျပဳခ်င္ေနတဲ့ပညာတတ္ေတြမွ အမ်ားႀကီးပါ” ဟုေရးသားထားသည္။
ေတာ္လွန္ေရးကိုအေၾကာင္းျပဳ၍ ကိုယ္က်ိဳးအသုံးခ်သူမ်ား၊ နာမည္ေကာင္းရေရး အသုံးခ်ျခင္း မ်ားကို ႀကဳံဖူးၿပီျဖစ္သည့္အတြက္ ေနာက္ပိုင္းတြင္ အြန္ လိုင္းမွအကူအညီေတာင္းေသာ မည္သည့္အဖြဲ႕ အစည္း၊ မည္သည့္ပုဂၢိဳလ္ကိုမွ်မကူညီေတာ့ဟု ခ်မ္းခ်မ္းကဆိုသည္။ ယခုေဆာင္႐ြက္ေနၾကသည့္ ေတာ္ လွန္ေရးဆိုေသာအရာႏွင့္ပတ္သက္၍ ယင္းမွာ နာမည္ခံ၍ အလႉခံေနသူမ်ားက လုပ္စားေနၾကသည့္ အတြက္ “ေတာ္ခံေရး” ျဖစ္ေနၿပီဟုလည္း ခ်မ္းခ်မ္းကဆိုၿပီး အျပဳတ္ေဖာ္ထုတ္ျဖဳတ္ခ်ရမည္ဟုလည္းဆို သည္။ သို႔ေသာ္ ျဖဴျဖဴေက်ာ္သိန္းကဲ့သို႔ ခ်မ္းခ်မ္းသည္လည္း မည္သူမည္ဝါဟု နာမည္တပ္ ေရးျခင္းမ်ိဳး မဟုတ္သည့္အတြက္ လူအမ်ားစုကို ဆိုလိုျခင္းျဖစ္မည္ဟု နားလည္ရသည္။
“အစက မသိလို႔ အကုန္စြန႔္လႊတ္၊ ဖြင့္သမွ် ကမ္ပိန္းေတြထဲ အကုန္ပါ၊ အကုန္ဘာေျပာေျပာ လိုက္လုပ္ခဲ့ၾကတာ တုံးလို႔မဟုတ္ ယုံလို႔လုပ္ခဲ့ၾကတာ”ဟု ခ်မ္းခ်မ္းကဆိုသည္။ လက္ရွိျပည္ပတြင္ ေနထိုင္အေျခက်ေနၿပီး ျပည္သူမ်ားအား ခိုင္းေစေနသူတို႔ႏွင့္ပတ္သက္၍ “အသျပာ ဘက္ေတာ္သား မ်ားျဖစ္သြားၿပီ”ဟုေျပာထားသည္။ ထို႔ျပင္ ေတာ္လွန္ေရးသည္ “မိသားစုစီးပြားေရးမဟုတ္”ဟုဆိုသည္။ ယင္းစကားလုံး၏အနက္အဓိပၸာယ္ကို ခ်မ္းခ်မ္းက ဖြင့္ျပျခင္းမရွိသည့္တိုင္ လတ္တေလာျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ခ်ိန္ထိုးၾကည့္ပါက ႐ုံးဝန္ထမ္းမ်ားကို အခိုင္းအေစသဖြယ္ခိုင္းၿပီး ေခြးေမြးေန႔ပြဲ က်င္းပခဲ့ဖူး သည့္အျပင္ ႐ုံးကို ကိုယ္ပိုင္အိမ္သဖြယ္ျပဳလုပ္ၿပီး ဝန္ထမ္းမ်ားအတြက္ေနရာမေပးေသာ NUG မွ အတြင္း ဝန္ ၾကည္ျပာကို ဆိုလိုဟန္ရွိသည္။
ၾကည္ျပာ၏အမႈကား တိုင္ၾကားသူမ်ားက တိုင္ၿပီးသည့္ တိုင္၊ အခ်က္အလက္မ်ား အင္တာနက္ တြင္ ျပန႔္ၿပီးသည့္တိုင္ ယခုအထိ အေရးယူျခင္းမ်ိဳး မၾကားရေသးေပ။ ယင္းကဲ့သို႔ အမႈမ်ားစြာ မည္မွ်ရွိ သည္ဟု ကားမသိႏိုင္။ ေျမျပင္တြင္ ျပည္သူမ်ားကား လက္နက္ကိုင္သူပုန္တို႔ေတာင္းခံေသာ အခြန္ အမည္ခံဆက္ေၾကးေပးရသည္ကား အျဖစ္မွန္ျဖစ္သည္။ တစ္ခ်ိန္က အင္တာနက္တြင္ထြက္ေပၚဖူးသည့္ PDF ႏွင့္ ျပည္သူမ်ားအၾကား အျငင္းပြားေနေသာ ဗီဒီယိုတစ္ခုအတြင္း ျပည္သူထဲမွအမ်ိဳးသမီးတစ္ဦးက “ငါတို႔ဝယ္ေပးထားတဲ့ေသနတ္နဲ႔ ငါတို႔ကိုျပန္ပစ္ခ်င္ရင္ ပစ္လိုက္ပါ” ဆိုေသာစကားသည္ ေျမျပင္ အေျခ အေနမွန္ ျဖစ္သည္။ “ျပည္သူကိုခ်နင္းတယ္။ ေက်းလက္ေဒသမွာရွိတဲ့လူေတြရဲ႕ အသက္၊ အိုးအိမ္၊ စည္း စိမ္။ ေတာထဲေရာက္ေန တဲ့လူေတြရဲ႕ အသက္၊ အိုးအိမ္၊ စည္းစိမ္ကို ခ်နင္းတယ္။ ျပည္သူေတြရဲ႕ ဘဝေတြ ကိုဖ်က္ပစ္လိုက္တယ္”ဟု ႏိုင္ငံေရးေစာင့္ၾကည့္၊ ေလ့လာသူကဆိုသည္။
ထိုင္းႏိုင္ငံအတြင္း ေရာက္ရွိေနေသာ CDM ဝန္ထမ္းတစ္ဦးက အိမ္ျပန္လိုသည္ဟု NP News က လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္မွတစ္ဆင့္ ဆက္သြယ္ေမးျမန္းမႈကို ျပန္လည္ေျဖၾကားရာတြင္ ထည့္သြင္း ေျပာ ၾကားသည္။ သို႔ေသာ္ ၎တြင္ ျပန္စရာ အိမ္မရွိေတာ့ပါ။ တိုက္ပြဲေၾကာင့္ ပ်က္စီးခဲ့ၿပီျဖစ္သည္။ ၎၏ မိသားစုမွာ အဆင္မေျပသည့္ၾကားမွ သူပုန္ကိုဆက္ေၾကးေပးၿပီး ဘဝရွင္သန္ေရး အသက္ ေမြးေနရ သည္။ “အလုပ္က ေ႐ြးစရာမရွိဘူး။ ပညာနဲ႔ လားလားမွမဆိုင္တဲ့အလုပ္လုပ္ေနရတယ္။ အရင္က စိတ္ ဓာတ္ေတြတက္ႂကြခဲ့တာေတာင္ ငါမွ ဟုတ္ရဲ႕လား လို႔ သံသယဝင္တယ္။ မွားခဲ့တယ္။ ျပန္ျပင္ဖို႔ ႀကိဳးစား ရမွာခက္ခဲတယ္”ဟုဆိုသည္။
ယခုဆိုလွ်င္ ေတာ္လွန္ေရးေခါင္းစဥ္ျဖင့္လုပ္စားၾကေသာ ထိုလူအုပ္စုအၾကား ဇာတ္ေခါင္းကြဲခ်ိန္ စတင္ေလၿပီဟု ဆိုရမည္ပင္။