လှိုင်မြို့နယ်၊ စိန်ဂေဟာ ကုန်တိုက်အနီးရှိ ရှစ်ထပ်တိုက် အပေါ်ဆုံးထပ်တွင် မီးလောင်မှုဖြစ်

 204

သန့်ဇင်၊ သန့်မင်းအိမ် (NP News) - ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ၊ စိန်ဂေဟာ ကုန်တိုက်အနီးရှိ ရှစ်ထပ်တိုက် အပေါ်ဆုံးထပ်တွင် မီးလောင်မှု တစ်ခု ယနေ့ (ဖေဖော်ဝါရီလ ၁၀) ရက် မွန်းလွဲပိုင်းတွင်ဖြစ်ပွားခဲ့သည်။
မီးလောင်မှုသည် မွန်းလွဲ ၁၂ နာရီ ၁၇ မိနစ်အချိန်ခန့်က လှိုင်မြို့နယ်၊ ပါရမီလမ်း၊ စိန်ဂေဟာကုန်တိုက်အနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ဝါယာရှော့ပေါ့။ အိမ်မှာကလည်း ဆိုလာတွေရှိတယ်။ အဲဒီကနေ စလောင်တာ။ မီးခိုးတွေတော့ အများကြီးထွက်တယ်။ လူထိခိုက်တာတော့ မရှိပါဘူး" ဟု အထက်ပါသတင်းရင်းမြစ်က NP News ကို ပြောသည်။
မီးလောင်မှုတွင် လူခိုက်မှုမရှိခဲ့သော်လည်း အတွင်းခန်းပစ္စည်းအချို့ ပျက်းစီးသွားခဲ့ကြောင်း သိရသည်။
"မီးလောင်တာကို သူတို့ဟာသူတို့ကြိတ်ပြီး ငြိမ်းနေတာဖြစ်မယ်။ မီးခိုးတွေ အပြင်ထွက်လာမှ မီးသတ်ကို ဖုန်းဆက်ရတာ" ဟု အဆိုပါ လမ်းအတွင်း နေထိုင်သူက ပြောသည်။
မီးလောင်မှုအား လှိုင်မြို့နယ်မီးသတ်တပ်ဖွဲ့ မရမ်းကုန်မြို့နယ် မီးသတ်တပ်ဖွဲ့တို့ ထွက်ခွာမီးငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

Zawgyi Version;
လႈိင္ၿမိဳ႕နယ္၊ စိန္ေဂဟာ ကုန္တိုက္အနီးရွိ ရွစ္ထပ္တိုက္ အေပၚဆုံးထပ္တြင္ မီးေလာင္မႈျဖစ္
သန႔္ဇင္၊ သန႔္မင္းအိမ္ (NP News) - ေဖေဖာ္ဝါရီ ၁၀
ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္ ၊ စိန္ေဂဟာ ကုန္တိုက္အနီးရွိ ရွစ္ထပ္တိုက္ အေပၚဆုံးထပ္တြင္ မီးေလာင္မႈ တစ္ခု ယေန႔ (ေဖေဖာ္ဝါရီလ ၁၀) ရက္ မြန္းလြဲပိုင္းတြင္ျဖစ္ပြားခဲ့သည္။
မီးေလာင္မႈသည္ မြန္းလြဲ ၁၂ နာရီ ၁၇ မိနစ္အခ်ိန္ခန႔္က လႈိင္ၿမိဳ႕နယ္၊ ပါရမီလမ္း၊ စိန္ေဂဟာကုန္တိုက္အနီးတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
"ဝါယာေရွာ့ေပါ့။ အိမ္မွာကလည္း ဆိုလာေတြရွိတယ္။ အဲဒီကေန စေလာင္တာ။ မီးခိုးေတြေတာ့ အမ်ားႀကီးထြက္တယ္။ လူထိခိုက္တာေတာ့ မရွိပါဘူး" ဟု အထက္ပါသတင္းရင္းျမစ္က NP News ကို ေျပာသည္။
မီးေလာင္မႈတြင္ လူခိုက္မႈမရွိခဲ့ေသာ္လည္း အတြင္းခန္းပစၥည္းအခ်ိဳ႕ ပ်က္းစီးသြားခဲ့ေၾကာင္း သိရသည္။
"မီးေလာင္တာကို သူတို႔ဟာသူတို႔ႀကိတ္ၿပီး ၿငိမ္းေနတာျဖစ္မယ္။ မီးခိုးေတြ အျပင္ထြက္လာမွ မီးသတ္ကို ဖုန္းဆက္ရတာ" ဟု အဆိုပါ လမ္းအတြင္း ေနထိုင္သူက ေျပာသည္။
မီးေလာင္မႈအား လႈိင္ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ မရမ္းကုန္ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕တို႔ ထြက္ခြာမီးၿငိမ္းသတ္ခဲ့ၿပီး မီးေလာင္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ သက္ဆိုင္ရာက စုံစမ္းစစ္ေဆးေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.