မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော ဦးဝင်းမြ ကွယ်လွန်

 620

သန့်မင်းအိမ် (NP News) - ဖေဖော်ဝါရီ ၁၀

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော ဦးဝင်းမြ ကွယ်လွန်သွားခဲ့ ကြောင်း ကျန်ရစ်သူမိသားစုက နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်းထားချက်အရ သိရသည်။
ဦးဝင်းမြ သည် ကွယ်လွန်ချိန်တွင် အသက် ၈၄ နှစ် အရွယ်ရှိပြီ ဖြစ်ကာ ဖေဖော်ဝါရီခ ၇ ရက် ညပိုင်းက ရန်ကုန်မြို့၊ Victoria ဆေးရုံ၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ရုပ်အလောင်းကို လာမည့် ဖေဖော်ဝါရီလ ၁၁ ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲ (၁) နာရီ အချိန်တွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဦးဝင်းမြသည် သံအမတ်ကြီး (အငြိမ်းစား) သံအမတ်ကြီးတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်တွင်လည်း အငြိမ်းစားယူခဲ့သူဖြစ်ကာ နိုင်ငံတော်က ပေးအပ် သော သီရိပျံချီဘွဲ့ကို ရရှိခဲ့သည်။

Zawgyi Version;
ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ ဥကၠ႒အျဖစ္ ေဆာင္႐ြက္ခဲ့ေသာ ဦးဝင္းျမ ကြယ္လြန္
သန႔္မင္းအိမ္ (NP News) - ေဖေဖာ္ဝါရီ ၁၀
ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ဥကၠ႒အျဖစ္ ေဆာင္႐ြက္ခဲ့ေသာ ဦးဝင္းျမ ကြယ္လြန္သြားခဲ့ ေၾကာင္း က်န္ရစ္သူမိသားစုက ႏိုင္ငံပိုင္သတင္းစာတြင္ ထည့္သြင္းထားခ်က္အရ သိရသည္။
ဦးဝင္းျမ သည္ ကြယ္လြန္ခ်ိန္တြင္ အသက္ ၈၄ ႏွစ္ အ႐ြယ္ရွိၿပီ ျဖစ္ကာ ေဖေဖာ္ဝါရီခ ၇ ရက္ ညပိုင္းက ရန္ကုန္ၿမိဳ႕၊ Victoria ေဆး႐ုံ၌ ကြယ္လြန္သြားခဲ့ျခင္းျဖစ္သည္။
႐ုပ္အေလာင္းကို လာမည့္ ေဖေဖာ္ဝါရီလ ၁၁ ရက္ (ဗုဒၶဟူးေန႔) မြန္းလြဲ (၁) နာရီ အခ်ိန္တြင္ ေရေဝးသုသာန္၌ မီးသၿဂႋဳဟ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ဦးဝင္းျမသည္ သံအမတ္ႀကီး (အၿငိမ္းစား) သံအမတ္ႀကီးတစ္ဦးျဖစ္ၿပီး ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရး ေကာ္မရွင္ဥကၠ႒အျဖစ္ တာဝန္ထမ္းေဆာင္ၿပီးေနာက္တြင္လည္း အၿငိမ္းစားယူခဲ့သူျဖစ္ကာ ႏိုင္ငံေတာ္က ေပးအပ္ ေသာ သီရိပ်ံခ်ီဘြဲ႕ကို ရရွိခဲ့သည္။

Related news

© 2021. All rights reserved.