ယခုနှစ်အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ကားများကို လာမည့် ဖေဖော်ဝါရီ(၁၃)မှစ၍ မြဝတီမီဒီယာစင်တာတွင် ပြသသွားမည်

429

Pearl (NP News) - ဖေဖော်ဝါရီ ၁၀
ယခုနှစ်အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ကားများကို လာမည့် ဖေဖော်ဝါရီ (၁၃) မှစ၍ မြဝတီမီဒီယာစင်တာတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
နှစ်(၈ဝ) ပြည့် မြန်မာ့ရုပ်ရှင်အစည်းအရုံးနှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၆ ခုနှစ် မြန်မာ့ရုပ်ရှင် ရက်သတ္တပတ်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာတွင် ကျင်းပမည်ဖြစ်ပြီး ယခုနှစ်အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ကားများကို ပြသမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ပြသမည်ဖြစ်ရာ လာမည့် ဖေဖော်ဝါရီ (၁၃) ရက် နှင့် (၁၄) ရက်တွင် နှင်းပွင့်စေရာ ကိုလည်းကောင်း၊ ဖေဖော်ဝါရီ (၁၄) ရက် နှင့် (၁၅) ရက်တွင် မြေစာရုပ်ရှင်ကားကိုလည်းကောင်း ၊ ဖေဖော်ဝါရီ (၁၇) ရက် နှင့် (၁၈) ရက်တွင် ဗြောသံရုပ်ရှင်ကားကိုလည်းကောင်း ပြသမည်ဖြစ်ကြောင်း သိရသည် ။
အလားတူ ဖေဖော်ဝါရီ (၁၉) ရက် နှင့် (၂၀) ရက်တွင် မြို့ပြထဲက လမ်းမများ၊ ဖေဖော်ဝါရီ (၂၁) ရက် နှင့် (၂၂) ရက်တွင် မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်၊ ဖေဖော်ဝါရီ (၂၃) ရက် နှင့် (၂၄) ရက်တွင် မောင့်မိဖုရား၊ ဖေဖော်ဝါရီ (၂၅) ရက် နှင့် (၂၆) ရက်တွင် ပန်းပြိုင်လယ်မှ ဥယာဉ်မှူး နှင့် ဖေဖော်ဝါရီ (၂၇) ရက် နှင့် (၂၈) ရက်တွင် နတ်ဝင်သည်တို့ကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
၂ဝ၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၇)ရက်က နေပြည်တော်ကောင်စီနယ်မြေ MICC-1 တွင် ကျင်းပခဲ့ပြီး အကယ်ဒမီ မြင့်မြတ် နှင့် ရတနာဗိုလ် တို့က ၂ဝ၂၅ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု နှင့် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတို့ကို ထိုက်တန်စွာရရှိခဲ့ကြသည်။

Zawgyi Version;
ယခုႏွစ္အကယ္ဒမီစာရင္းဝင္ ႐ုပ္ရွင္ကားမ်ားကို လာမည့္ ေဖေဖာ္ဝါရီ(၁၃)မွစ၍ ျမဝတီမီဒီယာစင္တာတြင္ ျပသသြားမည္
Pearl (NP News) - ေဖေဖာ္ဝါရီ ၁၀
ယခုႏွစ္အကယ္ဒမီစာရင္းဝင္ ႐ုပ္ရွင္ကားမ်ားကို လာမည့္ ေဖေဖာ္ဝါရီ (၁၃) မွစ၍ ျမဝတီမီဒီယာစင္တာတြင္ ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။
ႏွစ္(၈ဝ) ျပည့္ ျမန္မာ့႐ုပ္ရွင္အစည္းအ႐ုံးႏွစ္ပတ္လည္ေန႔ကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင့္ ၂၀၂၆ ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ ရက္သတၱပတ္ပြဲေတာ္ကို ရန္ကုန္တိုင္းေဒသႀကီး ၊ ရန္ကင္းၿမိဳ႕နယ္ရွိ ျမဝတီမီဒီယာစင္တာတြင္ က်င္းပမည္ျဖစ္ၿပီး ယခုႏွစ္အကယ္ဒမီစာရင္းဝင္ ႐ုပ္ရွင္ကားမ်ားကို ျပသမည္ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ျပသမည္ျဖစ္ရာ လာမည့္ ေဖေဖာ္ဝါရီ (၁၃) ရက္ ႏွင့္ (၁၄) ရက္တြင္ ႏွင္းပြင့္ေစရာ ကိုလည္းေကာင္း၊ ေဖေဖာ္ဝါရီ (၁၄) ရက္ ႏွင့္ (၁၅) ရက္တြင္ ေျမစာ႐ုပ္ရွင္ကားကိုလည္းေကာင္း ၊ ေဖေဖာ္ဝါရီ (၁၇) ရက္ ႏွင့္ (၁၈) ရက္တြင္ ေျဗာသံ႐ုပ္ရွင္ကားကိုလည္းေကာင္း ျပသမည္ျဖစ္ေၾကာင္း သိရသည္ ။
အလားတူ ေဖေဖာ္ဝါရီ (၁၉) ရက္ ႏွင့္ (၂၀) ရက္တြင္ ၿမိဳ႕ျပထဲက လမ္းမမ်ား၊ ေဖေဖာ္ဝါရီ (၂၁) ရက္ ႏွင့္ (၂၂) ရက္တြင္ ျမစ္လက္တက္ေပမဲ့ ေရစီးကၾကမ္းတယ္၊ ေဖေဖာ္ဝါရီ (၂၃) ရက္ ႏွင့္ (၂၄) ရက္တြင္ ေမာင့္မိဖုရား၊ ေဖေဖာ္ဝါရီ (၂၅) ရက္ ႏွင့္ (၂၆) ရက္တြင္ ပန္းၿပိဳင္လယ္မွ ဥယာဥ္မႉး ႏွင့္ ေဖေဖာ္ဝါရီ (၂၇) ရက္ ႏွင့္ (၂၈) ရက္တြင္ နတ္ဝင္သည္တို႔ကို ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။
၂ဝ၂၅ ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု ခ်ီးျမႇင့္ပြဲအခမ္းအနားကို ေဖေဖာ္ဝါရီလ (၇)ရက္က ေနျပည္ေတာ္ေကာင္စီနယ္ေျမ MICC-1 တြင္ က်င္းပခဲ့ၿပီး အကယ္ဒမီ ျမင့္ျမတ္ ႏွင့္ ရတနာဗိုလ္ တို႔က ၂ဝ၂၅ ခုႏွစ္အတြက္ အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆု ႏွင့္ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုတို႔ကို ထိုက္တန္စြာရရွိခဲ့ၾကသည္။