အမေရိကန်တွင် ဆက်နေထိုင်ခွင့်ရရေးအတွက် ပန်ဆယ်လို ဟန်ဆောင်လက်ထပ်ဟုဆို

 1215

ပီယ (NP News) - ဖေဖော်ဝါရီ ၁၁

အမေရိကန်တွင် ဆက်နေထိုင်ခွင့်ရရေးအတွက် ပန်ဆယ်လို ဟန်ဆောင်လက်ထပ်ထားကြောင်း သရုပ်ဆောင် ဥက္ကာမင်းမောင်က ၎င်း၏ လူမှုကွန်ယက် TikTok စာမျက်နှာထက်တွင် ဗွီဒီယိုတင်ကာ ပြောထားသည်။
ဥက္ကာမင်းမောင် က ပြောကြားရာတွင် မည်သူဟု နာမည်တပ်ခြင်း မရှိသော်လည်း ဥက္ကာမင်းမောင် က သူခိုးမ ဟု ပြောသည်နှင့် ပန်ဆယ်လိုကို ပြောခြင်းဖြစ်သည်ဟု ၎င်း၏ ပရိသတ်များက နားလည်ထားကြသည်။
“ပရိသတ်ကြီးသိပြီးသွားပြီလား။ တော်လှန်ရေးသူခိုးမတွေကလေ အမေရိကန်နိုင်ငံသားတစ်ယောက်နဲ့ ခိုးကြောင်ခိုးဝှက်မင်္ဂလာဆောင်ပြီးသွားပြီဆိုတာကို။ ဘယ်မှာမင်္ဂလာဆောင်လည်းသိချင်သေးလား။ သူရဲမဟာမိတ်သူငယ်ချင်း Rock အဆိုတော်ကြီးရဲ့ ရာမန်ခေါက်ဆွဲဆိုင်ကြီးမှာ မင်္ဂလာဆောင်တာ” ဟု ဥက္ကာမင်းမောင်က ပြောထားသည်။
အဆိုပါပွဲမှာ အမှန်တကယ် လက်ထပ်ခြင်းမျိုးမဟုတ်ဘဲ လူဝင်မှုကြီးကြပ်ရေး အင်တာဗျူး (Interview Date) တွင် တင်ပြရန်အတွက် လိုအပ်သော ဓာတ်ပုံအထောက်အထားများ ရရှိရန်သာ ရည်ရွယ်၍ အခုမှ ကောက်ရိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“အင်တာဗျူးမှာလည်း သံသယရှိတယ်ဆိုရင်လေ ချက်ချင်းပေးမှာမဟုတ်ဘူး။ အမလေး၊ အခေါက်ခေါက်အခါခါ အိမ်တိုင်ရာရောက် လာစစ်တာနော်။ မေးခွန်းပေါင်းများစွာ မေးတာ။ အခုက သူခိုးမက အင်တာဗျူးဒိတ်ရလို့၊ အင်တာဗျူးတဲ့အခါကျရင် ဓာတ်ပုံတွေ တောင်းတယ်။ ဟို အဲဒီဟာ အကုန်လုံးကို လိုလို့ သူက အခုမှ ဓာတ်ပုံ ကောက်ရိုက်တာ” ဟု ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် ပန်ဆယ်လိုအနေဖြင့် အထောက်အထားပြရန်အတွက်သာ ယခုကဲ့သို့ မင်္ဂလာအတုဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဥက္ကာမင်းမောင်က ဆိုသည်။
ယခုကဲ့သို့ ဟန်ဆောင်လက်ထပ်ခြင်းသည် ပန်ဆယ်လို တစ်ဦးတည်းအတွက်သာ နေထိုင်ခွင့်ရရှိနိုင်မည်ဖြစ်ပြီး ၎င်းနှင့်အတူပါလာသော ခင်ပွန်းဖြစ်သူ၊ မိဘများ နှင့် မွေးစားသမီးဖြစ်သူတို့အတွက် အကျိုးခံစားခွင့်မရှိကြောင်း သိရသည်။
အမေရိကန်တွင် နေထိုင်ခွင့်အတွက် ဟန်ဆောင်လက်ထပ်ခြင်းသည် ကြီးလေးသောပြစ်မှုဖြစ်ပြီး အမှန်တကယ် စစ်ဆေးတွေ့ရှိပါက ပြည်နှင်ဒဏ်ခံရနိုင်ကြောင်း သိရသည်။
သို့သော် ယင်းနှင့်ပတ်သက်၍ သတင်းမှားဖြစ်ကြောင်း ပန်ဆယ်လိုက ၎င်း၏ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ရေးသားထားသည်။

Zawgyi Version;
အေမရိကန္တြင္ ဆက္ေနထိုင္ခြင့္ရေရးအတြက္ ပန္ဆယ္လို ဟန္ေဆာင္လက္ထပ္ဟုဆို
ပီယ (NP News) - ေဖေဖာ္ဝါရီ ၁၁
အေမရိကန္တြင္ ဆက္ေနထိုင္ခြင့္ရေရးအတြက္ ပန္ဆယ္လို ဟန္ေဆာင္လက္ထပ္ထားေၾကာင္း သ႐ုပ္ေဆာင္ ဥကၠာမင္းေမာင္က ၎၏ လူမႈကြန္ယက္ TikTok စာမ်က္ႏွာထက္တြင္ ဗြီဒီယိုတင္ကာ ေျပာထားသည္။
ဥကၠာမင္းေမာင္ က ေျပာၾကားရာတြင္ မည္သူဟု နာမည္တပ္ျခင္း မရွိေသာ္လည္း ဥကၠာမင္းေမာင္ က သူခိုးမ ဟု ေျပာသည္ႏွင့္ ပန္ဆယ္လိုကို ေျပာျခင္းျဖစ္သည္ဟု ၎၏ ပရိသတ္မ်ားက နားလည္ထားၾကသည္။
“ပရိသတ္ႀကီးသိၿပီးသြားၿပီလား။ ေတာ္လွန္ေရးသူခိုးမေတြကေလ အေမရိကန္ႏိုင္ငံသားတစ္ေယာက္နဲ႔ ခိုးေၾကာင္ခိုးဝွက္မဂၤလာေဆာင္ၿပီးသြားၿပီဆိုတာကို။ ဘယ္မွာမဂၤလာေဆာင္လည္းသိခ်င္ေသးလား။ သူရဲမဟာမိတ္သူငယ္ခ်င္း Rock အဆိုေတာ္ႀကီးရဲ႕ ရာမန္ေခါက္ဆြဲဆိုင္ႀကီးမွာ မဂၤလာေဆာင္တာ” ဟု ဥကၠာမင္းေမာင္က ေျပာထားသည္။
အဆိုပါပြဲမွာ အမွန္တကယ္ လက္ထပ္ျခင္းမ်ိဳးမဟုတ္ဘဲ လူဝင္မႈႀကီးၾကပ္ေရး အင္တာဗ်ဴး (Interview Date) တြင္ တင္ျပရန္အတြက္ လိုအပ္ေသာ ဓာတ္ပုံအေထာက္အထားမ်ား ရရွိရန္သာ ရည္႐ြယ္၍ အခုမွ ေကာက္႐ိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
“အင္တာဗ်ဴးမွာလည္း သံသယရွိတယ္ဆိုရင္ေလ ခ်က္ခ်င္းေပးမွာမဟုတ္ဘူး။ အမေလး၊ အေခါက္ေခါက္အခါခါ အိမ္တိုင္ရာေရာက္ လာစစ္တာေနာ္။ ေမးခြန္းေပါင္းမ်ားစြာ ေမးတာ။ အခုက သူခိုးမက အင္တာဗ်ဴးဒိတ္ရလို႔၊ အင္တာဗ်ဴးတဲ့အခါက်ရင္ ဓာတ္ပုံေတြ ေတာင္းတယ္။ ဟို အဲဒီဟာ အကုန္လုံးကို လိုလို႔ သူက အခုမွ ဓာတ္ပုံ ေကာက္႐ိုက္တာ” ဟု ၎က ဆက္ေျပာသည္။
ထို႔ေၾကာင့္ ပန္ဆယ္လိုအေနျဖင့္ အေထာက္အထားျပရန္အတြက္သာ ယခုကဲ့သို႔ မဂၤလာအတုေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း ဥကၠာမင္းေမာင္က ဆိုသည္။
ယခုကဲ့သို႔ ဟန္ေဆာင္လက္ထပ္ျခင္းသည္ ပန္ဆယ္လို တစ္ဦးတည္းအတြက္သာ ေနထိုင္ခြင့္ရရွိႏိုင္မည္ျဖစ္ၿပီး ၎ႏွင့္အတူပါလာေသာ ခင္ပြန္းျဖစ္သူ၊ မိဘမ်ား ႏွင့္ ေမြးစားသမီးျဖစ္သူတို႔အတြက္ အက်ိဳးခံစားခြင့္မရွိေၾကာင္း သိရသည္။
အေမရိကန္တြင္ ေနထိုင္ခြင့္အတြက္ ဟန္ေဆာင္လက္ထပ္ျခင္းသည္ ႀကီးေလးေသာျပစ္မႈျဖစ္ၿပီး အမွန္တကယ္ စစ္ေဆးေတြ႕ရွိပါက ျပည္ႏွင္ဒဏ္ခံရႏိုင္ေၾကာင္း သိရသည္။
သို႔ေသာ္ ယင္းႏွင့္ပတ္သက္၍ သတင္းမွားျဖစ္ေၾကာင္း ပန္ဆယ္လိုက ၎၏ လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ေရးသားထားသည္။

Related news

© 2021. All rights reserved.