ဝက်မွေးမြူရေးလုပ်ငန်းအတွင်းအခက်အခဲများဖြစ်ပေါ်နေ
 518
ကိုဖြိုး(NP News) ဖေဖေါ်ဝါရီ -၁၂
ပြည်တွင်းဝက်မွေးမြူရေးကဏ္ဍအတွင်း အစာစျေးနှုန်း ၊ ဝက်သားပေါက်စျေး မြင့်တက်နေပြီး ဝက်အရှင်ခြံဖမ်းစျေး ကျဆင်းနေခြင်းကြောင့် ဝက်မွေးမြူရေးလုပ်ကိုင်သူများ တွက်ခြေမကိုက် အခက်အခဲဖြစ်နေရကြောင်း သိရသည်။
လက်ရှိမှာ ဝက်အစာစျေးနှုန်း ဆက်တိုက် မြင့်တက်လာနေပြီး ကုမ္ပဏီထုတ် ဝက်အစာတောင့် တစ်အိတ်လျှင် အမျိုးအစားအလိုက် (၁၅၀၀ မှ ၂၅၀၀) ကျပ်ခန့် ဈေးတက်လာကြောင်း သိရသည်။
ကုမ္ပဏီထုတ် ဝက်စာစျေးနှုန်းမှာ ယခင် (25 Kg) တစ်အိတ်လျှင် (၃၀၀၀၀ ကျော်မှ ၄၀၀၀၀) ကျပ်ကျော်ခန့်သာရှိသော်လည်း လက်ရှိတွင် (25 Kg) တစ်အိတ်လျှင် (၆၀၀၀၀ ကျပ်ကျော်မှ ၁ သိန်း)ကျပ်ကျော်အထိ စျေးမြင့်တက်လာကြောင်း သိရသည်။
" အစာစျေးက လတိုင်းလိုလို တက်လာတယ်။ ဝက်စျေးကတော့ (၂၀၀၀၀) ကနေ ပြန်ကျသွားတယ်။ အစာစျေးနဲ့ ဝက်သားပေါက်စျေးက မြင့်နေတော့ မကိုက်ပါဘူး ။ (၁၈၀၀၀) စျေးရောင်းရတောင်ရှုံးပါတယ်။ အစာစျေးတွေက ထက်ဝက်တွေကို တက်သွားတာ။ ဒီတော့ အရင်က ဝက်တစ်ကောင်ကို အစာစရိတ်က (၃) သိန်း ငါးသောင်း ကုန်ရင် အခု (၇) သိန်းကုန်မယ်။ အဲဒါအစာဖိုးပဲရှိသေးတယ်။ ဝက်သားပေါက်ဖိုး ၊ ဆေးဖိုး မပါသေးဘူး " ဟု ပဲခူးအရှေ့ခြမ်းရှိ ဝက်မွေးမြူရေးလုပ်ကိုင်သူ ကိုစိုးနိုင်က ပြောသည်။
လက်ရှိတွင် ဝက်သားပေါက်စျေးနှုန်းသည် ဝက်အသက် တစ်လသားအရွယ် ဝက်သားပေါက် တစ်ကောင်လျှင် (၃၅၀၀၀၀) ကျပ်မှ (၄၀၀၀၀၀) ကျပ်ရှိနေကြောင်း ယခင်က ဝက်သားပေါက်တစ်ကောင်လျှင် (၁၂၀၀၀၀) မှ (၁၆၀၀၀၀) ကျပ်ခန့်သာ ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဝက်ကြီး အရှင်ခြံဖမ်းစျေးမှာ နေရာဒေသအပေါ်မူတည်ကာ စျေးနှုန်းကွာဟမှုရှိနေပြီး တစ်ပိဿာလျှင် (၁၂၀၀၀) မှ (၁၇၀၀၀) ကျပ်အတွင်း စျေးပေးဝယ်ယူမှု ရှိနေကြောင်းသိရသည်။
ဝက်သားပေါက် တစ်လသားအရွယ်မှ ရောင်းတန်းဝင် ဝက်ကြီးအရွယ် ရောက်သည်အထိ အချိန်ကာလ (၄) လမှ (၅) လဝန်းကျင် မွေးမြူရခြင်း ဖြစ်ကြောင်း မွေးမြူစဥ်အတွင်း ဝက်အသေအပျောက် မရှိဘဲ ဝက်ကြီးထွားနှုန်း ကောင်းပြီး တစ်ကောင်လျှင် ပိဿာချိန် (၆၀)ခန့်ရှိပြီး ခြံဖမ်းစျေးမှာ တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ် အထက်ကျော်ဈေးရရှိမှ မွေးမြူရေးလုပ်ကိုင်သူများ အဆင်ပြေနိုင်မည် ဖြစ်ကြောင်းသိရသည်။
လက်ရှိအချိန်တွင် ဝက်ကြီး အရှင်ခြံဖမ်းစျေးများ ကျဆင်းနေပြီး အစာစျေးနှင့် ဝက်သားပေါက်စျေးများမြင့်မားနေရာ ဈေးကွက်အတွင်းတွက်ချေမကိုက်သောကြောင့် တနိုင်တပိုင် ဝက်မွေးမြူရေးလုပ်ကိုင်သူ နည်းပါးလာကြောင်းသိရသည်။
Zawgyi version:
ပြည်တွင်းဝက်မွေးမြူရေးကဏ္ဍအတွင်း အစာဈေးနှုန်း ၊ ဝက်သားပေါက်ဈေး မြင့်တက်နေပြီး ဝက်အရှင်ခြံဖမ်းဈေး ကျဆင်းနေခြင်းကြောင့် ဝက်မွေးမြူရေးလုပ်ကိုင်သူများ တွက်ခြေမကိုက် အခက်အခဲဖြစ်နေရကြောင်း သိရသည်။
လက်ရှိမှာ ဝက်အစာဈေးနှုန်း ဆက်တိုက် မြင့်တက်လာနေပြီး ကုမ္ပဏီထုတ် ဝက်အစာတောင့် တစ်အိတ်လျှင် အမျိုးအစားအလိုက် (၁၅၀၀ မှ ၂၅၀၀) ကျပ်ခန့် ဈေးတက်လာကြောင်း သိရသည်။
ကုမ္ပဏီထုတ် ဝက်စာဈေးနှုန်းမှာ ယခင် (25 Kg) တစ်အိတ်လျှင် (၃၀၀၀၀ ကျော်မှ ၄၀၀၀၀) ကျပ်ကျော်ခန့်သာရှိသော်လည်း လက်ရှိတွင် (25 Kg) တစ်အိတ်လျှင် (၆၀၀၀၀ ကျပ်ကျော်မှ ၁ သိန်း)ကျပ်ကျော်အထိ ဈေးမြင့်တက်လာကြောင်း သိရသည်။
လက်ရှိတွင် ဝက်သားပေါက်ဈေးနှုန်းသည် ဝက်အသက် တစ်လသားအရွယ် ဝက်သားပေါက် တစ်ကောင်လျှင် (၃၅၀၀၀၀) ကျပ်မှ (၄၀၀၀၀၀) ကျပ်ရှိနေကြောင်း ယခင်က ဝက်သားပေါက်တစ်ကောင်လျှင် (၁၂၀၀၀၀) မှ (၁၆၀၀၀၀) ကျပ်ခန့်သာ ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဝက်ကြီး အရှင်ခြံဖမ်းဈေးမှာ နေရာဒေသအပေါ်မူတည်ကာ ဈေးနှုန်းကွာဟမှုရှိနေပြီး တစ်ပိဿာလျှင် (၁၂၀၀၀) မှ (၁၇၀၀၀) ကျပ်အတွင်း ဈေးပေးဝယ်ယူမှု ရှိနေကြောင်းသိရသည်။
ဝက်သားပေါက် တစ်လသားအရွယ်မှ ရောင်းတန်းဝင် ဝက်ကြီးအရွယ် ရောက်သည်အထိ အချိန်ကာလ (၄) လမှ (၅) လဝန်းကျင် မွေးမြူရခြင်း ဖြစ်ကြောင်း မွေးမြူစဉ်အတွင်း ဝက်အသေအပျောက် မရှိဘဲ ဝက်ကြီးထွားနှုန်း ကောင်းပြီး တစ်ကောင်လျှင် ပိဿာချိန် (၆၀)ခန့်ရှိပြီး ခြံဖမ်းဈေးမှာ တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ် အထက်ကျော်ဈေးရရှိမှ မွေးမြူရေးလုပ်ကိုင်သူများ အဆင်ပြေနိုင်မည် ဖြစ်ကြောင်းသိရသည်။
လက်ရှိအချိန်တွင် ဝက်ကြီး အရှင်ခြံဖမ်းဈေးများ ကျဆင်းနေပြီး အစာဈေးနှင့် ဝက်သားပေါက်ဈေးများမြင့်မားနေရာ ဈေးကွက်အတွင်းတွက်ချေမကိုက်သောကြောင့် တနိုင်တပိုင် ဝက်မွေးမြူရေးလုပ်ကိုင်သူ နည်းပါးလာကြောင်းသိရသည်။
Related news
© 2021. All rights reserved.