ရေခဲခေတ်မှသည် လက်တွေ့ဆန်သောနွေးထွေးမှုဆီသို့ ဦးတည်လာသည့် စတာမာ၏ တရုတ်ခရီးစဉ်နှင့် ပထဝီနိုင်ငံရေး ဟန်ချက် (နိုင်ငံတကာ အတွေးအမြင် ဆောင်းပါး)

279

သန်းထိုက်စိုး (NP News) - ဖေဖော်ဝါရီလ ၁၂
တရုတ်-ဗြိတိန် ဆက်ဆံရေးသမိုင်းကြောင်းကို ပြန်ကြည့်လျှင် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း သိသာထင်ရှားသော အနိမ့်အမြင့်အတက်အကျများ ကို တွေ့ရမည်ဖြစ်သည်။ (၂၀၁၅) ခုနှစ် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းလက်ထက်က သမ္မတ ရှီကျင့်ဖျင်၏ ဗြိတိန်နိုင်ငံတော်ခရီးစဉ်အတွင်း ခေါင်းဆောင်နှစ်ဦး သည် ဝန်ကြီးချုပ်၏ အပန်းဖြေအိမ်တော်အနီးရှိ ရိုး ရာဧည့်ရိပ်သာတစ်ခုတွင် အစဉ်အလာမပျက် ရင်းနှီး ပွင့်လင်းစွာတွေ့ဆုံဧည့်ခံခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံ ရေး "ရွှေရောင်ခေတ်"(Golden Era)သို့ဆိုက် ရောက်ပြီဟုကြွေးကြော်ခဲ့ကြသည်။ ထိုစဉ်ကဖြစ်ရပ် သည် နှစ်နိုင်ငံကြား အရင်းနှီးဆုံးနှင့် သံတမန်ရေးရာ အထွတ်အထိပ်သို့ရောက်ရှိခဲ့သည့်အချိန် ဖြစ်ခဲ့သည်။
သို့သော် ထိုရင်းနှီးမှုမှာ ကြာရှည်မခံခဲ့ဘဲ ဟောင် ကောင်၏ အမျိုးသားလုံခြုံရေးဥပဒေ အငြင်းပွားမှု၊ ရှင်းကျန်းဒေသ လူ့အခွင့်အရေးကိစ္စများနှင့် ဗြိတိန်၏ 5G ကွန်ရက်မှ Huawei ကိုပယ်ဖျက်ခဲ့သည့်ဆုံးဖြတ် ချက်များကြောင့် ဆက်ဆံရေးမှာ အောက်ဆုံးသို့ထိုး ဆင်းသွားခဲ့သည်။ ပြီးခဲ့သည့် ရီရှီဆူးနက်ခ်အစိုးရလက် ထက်တွင် တရုတ်ကို "စနစ်တကျစိန်ခေါ်သူ"(Systemic Challenge)အဖြစ်သတ်မှတ်ခဲ့ပြီး နိုင်ငံရေး အရ အဆက်အသွယ်ဖြတ်တောက်ထားသလောက် ဖြစ်ခဲ့သည့်အတွက် ယင်းကာလကို ဝန်ကြီးချုပ် စတာမာက " ရေခဲခေတ် " ဟု တင်စားခဲ့ခြင်းဖြစ်သည်။
ဗြိတိန်ဝန်ကြီးချုပ် စတာမာ၏ ယခုတစ်ခေါက် တရုတ်ခရီးစဉ်သည် ပြီးခဲ့သည့် ရှစ်နှစ်တာ ကာလအတွင်း တရုတ်-ဗြိတိန် ဆက်ဆံရေး၌ အေးခဲ ခဲ့သည့် "ရေခဲခေတ်"ကိုအဆုံးသတ်ရန် ကြိုးပမ်းသည့် အလှည့်အပြောင်းကြီးတစ်ခုဖြစ်လာခဲ့သည်။ ဝန်ကြီး ချုပ်ဟောင်း ဒေးဗစ်ကင်မရွန်းလက်ထက်က "ရွှေ ရောင်ခေတ်"(Systemic Challenge)ဟုတင်စားခဲ့သည့် အ ကန့်အသတ်မရှိ ရင်းနှီးမှုမျိုးမဟုတ်သလို၊ ရီရှီဆူး နက်ခ်လက်ထက်ကဲ့သို့ အေးစက်လှသောအနေအ ထားမျိုးလည်းမဟုတ်တော့ဘဲ " လက်တွေ့ကျသော စေ့စပ်ညှိနှိုင်းမှု " ဟူသည့် လမ်းကြောင်းအသစ်ကို စ တာမာက စတင်ဖောက်လုပ်လိုက်ခြင်းဖြစ်သည်။ ဤ ခရီးစဉ်သည် စီးပွားရေးမုန်တိုင်းများကြားမှ ဗြိတိန်၏ အရေးအပါဆုံး ကုန်သွယ်ဖက်တစ်ဦးနှင့် ဆက်ဆံရေး နွေးထွေးလာစေရန် "ညင်သာစွာချဉ်းကပ်ခြင်း" (Softly-softly approach) မဟာဗျူဟာကိုအခြေခံ ထားပြီး နှစ်ဦးနှစ်ဖက် လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးအမြတ်များကိုရှေးရှုကာ ရေးဆွဲထားခြင်းဖြစ် သည်။
ခရီးစဉ်အတွင်း နှစ်ဦးနှစ်ဖက် လက်ဆုပ်လက် ကိုင်ပြနိုင်သော အောင်မြင်မှုများစွာကိုရရှိခဲ့သည်။ ဗြိ တိန်အတွက်အရေးပါသောရလဒ်တစ်ခုမှာ ဗြိတိန်ခရီး သွားများနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ရက် ပေါင်း(၃၀) ဗီဇာကင်းလွတ်ခွင့် ရရှိခြင်းဖြစ်ပြီး၊ ယင်း သည် အခြားသော ဥရောပအင်အားကြီးနိုင်ငံများနှင့် တန်းတူအခွင့်အရေးရရှိခြင်းဖြစ်ကာ စီးပွားရေးအဟန့် အတားများကို သိသိသာသာလျှော့ချပေးနိုင်သည်။ ထို့ပြင် စကော့တလန်ဝီစကီအခွန်နှုန်းကို (၁၀)ရာခိုင် နှုန်းမှ (၅)ရာခိုင်နှုန်းအထိ ထက်ဝက်လျှော့ချနိုင်ခဲ့ ခြင်းက ဗြိတိန်၏ အဓိကပို့ကုန်ကဏ္ဍကို အသက်ရှူ ချောင်စေခဲ့သည်။ အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံ သည် ဗြိတိန်ဆေးဝါးကုမ္ပဏီကြီး AstraZeneca ထံ မှ ဒေါ်လာ(၁၅)ဘီလျံတန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုကို ရရှိခဲ့သည်။ ၎င်းသည် တရုတ်၏ ဇီဝဆေးဝါးကဏ္ဍအတွက် ကြီးမားသော အောင်မြင်မှုဖြစ်သကဲ့သို့၊ အ မေရိကန်နှင့်တင်းမာနေသောတရုတ်အတွက် နိုင်ငံ တကာရင်းနှီးမြှုပ်နှံသူများ၏ယုံကြည်မှုကို ပြန်လည် ရယူနိုင်သည့် နိုင်ငံရေးအရအသာစီးရမှုတစ်ခုလည်း ဖြစ်သည်။ ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှု၊ဘဏ္ဍာ ရေး၊ ဥပဒေရေးရာနှင့်ပညာရေး စသည့်ကဏ္ဍများ တွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံ ဝန်ဆောင်မှု ဆိုင်ရာသဘောတူညီချက် (Bilateral services agreement) အတွက် ဖြစ်နိုင်ခြေလေ့လာမှုများ ပြု လုပ်ရန်လည်းသဘောတူခဲ့ကြသည်။
သို့သော် ဤစီးပွားရေးအောင်မြင်မှုများ၏နောက်ကွယ်တွင် ကြီးမားသော နိုင်ငံရေးအကျပ်အ တည်းများနှင့်ဝေဖန်မှုများက အရိပ်လိုလိုက်ပါနေ သည်။ သမ္မတရှီကျင့်ဖျင်အား ဗြိတိန်သို့ ဖိတ်ခေါ်နိုင် ခြေနှင့်ပတ်သက်၍ ဗြိတိန်ပြည်တွင်း၌ ကန့်ကွက်မှု များ ပြင်းထန်လျက်ရှိသည်။ တရုတ်၏ ပိတ်ဆို့အရေး ယူမှုခံထားရသော ဗြိတိန်လွှတ်တော်အမတ်များက ၎င်းတို့ကိုပိတ်ဆို့ထားသရွေ့ သမ္မတရှီကျင့်ဖျင်အား လွှတ်တော်ဝင်းအတွင်းပေးမဝင်သင့်ကြောင်း ပြတ် ပြတ်သားသားပြောဆိုထားသည်။ အောက်လွှတ်တော် ဥက္ကဋ္ဌ လင်ဆေးဟွိုင်းလ်ကပင် ပိတ်ဆို့မှုများရှိနေသ ရွေ့ သမ္မတရှီကျင့်ဖျင်အား လွှတ်တော်၌ မိန့်ခွန်းပြော ခွင့်ပေးမည်မဟုတ်ကြောင်း အတည်ပြုခဲ့ခြင်းမှာ စတာမာ၏ "ပြန်လည်စတင်ခြင်း" (Reset) မူဝါဒအ တွက် ပြည်တွင်း၌ ကြီးမားသောအဟန့်အတားဖြစ် လာနေသည်။
တစ်ဖက်တွင်လည်း အမေရိကန်၏ ပထဝီနိုင်ငံ ရေးဖိအားက ဤခရီးစဉ်အပေါ် သိသိသာသာလွှမ်းမိုး နေသည်။ ဒေါ်နယ်ထရမ့်က ဗြိတိန်အနေဖြင့် တရုတ် နှင့် "စီးပွားရေး ပြန်လုပ်ခြင်း"မှာ "သိပ်ကို အန္တရာယ် များလှသည်"ဟုသတိပေးထားခြင်းက ဗြိတိန်အား ၎င်း၏ အစဉ်အလာမဟာမိတ်နှင့်အရေးပါသော ကုန် သွယ်ဖက်ကြားတွင်ဗျာများစေသည်။ စတာမာအနေ ဖြင့် အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုများကို "မျက် စိဖွင့်လျက် လက်တွေ့ကျကျ"စောင့်ကြည့်သွားမည် ဟုဆိုသော်လည်း လက်တွေ့တွင် စီးပွားရေးလိုအပ် ချက်နှင့် လုံခြုံရေးစိုးရိမ်မှုကြား ဟန်ချက်ညီရန်ကြိုး ပမ်းမှုမှာ ခက်ခဲလှသော "ကြိုးတန်းလျှောက်ခြင်း" တစ်ခုဖြစ်နေသည်။ အထူးသဖြင့် ယူကရိန်းစစ်ပွဲတွင် တရုတ်၏ရပ်တည်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြတ် သားသောတောင်းဆိုမှုများပြုလုပ်ရန် ဗြိတိန်အစိုးရအ ပေါ် ဖိအားများရှိနေသော်လည်း ဝန်ကြီးချုပ်ရုံးကမူ ဤကိစ္စတွင် နှုတ်ဆိတ်နေဆဲဖြစ်သည်။
ဆက်ဆံရေး၏ ရေရှည်ခိုင်မြဲမှုကိုသုံးသပ်ရလျှင် ဤခရီးစဉ်သည် ဆက်ဆံရေးကို "နွေဦးပေါက်"(Springboard)အဖြစ်အစပြုပေးနိုင်ခဲ့သော်လည်း ရေ ရှည်ခိုင်မြဲသောမိတ်ဖက်ဖြစ်လာရန်မှာ မသေချာ သေးပါ။ ဟောင်ကောင်၊ ဝီဂါလူမျိုးများအရေးနှင့် ယူကရိန်း စစ်ပွဲတွင် တရုတ်၏ရပ်တည်ချက် စသည့် အခြေခံအ မြင်မတူမှုများမှာ ဖြေရှင်းရန် ဝေးကွာနေ ဆဲဖြစ်သည်။ ဗြိတိန်အတွက် တရုတ်သည် "ရှုပ်ထွေး ပြီး အရေးပါသောကုန်သွယ်ဖက်ဖြစ်သလို မဟာဗျူ ဟာမြောက်စိန်ခေါ်သူ (Strategic Competitor) လည်းဖြစ်နေပြန်သည်။ ခေါင်းဆောင်နှစ်ဦးကြား ချို သာသောစကားလုံးများဖလှယ်ခဲ့ကြသော်လည်း လက်တွေ့မြေပြင်တွင် မယုံကြည်မှုများက အမြစ် တွယ်နေဆဲဖြစ်သည်။
နိဂုံးချုပ်အားဖြင့် စတာမာ၏ခရီးစဉ်သည် နှစ် ဖက်စလုံးအတွက် ရေတိုစီးပွားရေးအကျိုးအမြတ်များ ဆောင်ကြဉ်းပေးနိုင်ခဲ့သော်လည်း၊ ယုံကြည်မှုတည် ဆောက်ရေးအပိုင်းတွင် များစွာလိုအပ်နေသေးသည်။ ပြည်တွင်းနိုင်ငံရေးဖိအားများနှင့် နိုင်ငံတကာ ပထဝီ နိုင်ငံရေးမုန်တိုင်းများကြားတွင် တရုတ်-ဗြိတိန် ဆက် ဆံရေးမှာ ရင်းနှီးသောမိတ်ဖက်ဖြစ်လာရန်ထက် "သတိကြီးစွာဖြင့် စေ့စပ်ညှိနှိုင်းရသည့် အရေးပါသော ပြိုင်ဘက်" အဖြစ်သာ အချိန်အတော်ကြာဆက်ရှိနေဦး မည်ဖြစ်သည်။ ရှေ့ဆက်ရမည့်ခြေလှမ်းများသည် သ မိုင်း၏စမ်းသပ်မှုကိုခံနိုင်ရည်ရှိမရှိမှာ နှစ်ဖက်ခေါင်း ဆောင်များ၏ကွဲပြားမှုများကို မည်မျှအထိ လက်တွေ့ ကျကျကျော်လွှားနိုင်မည်နည်းဆိုသည့်အပေါ်၌သာ အဓိကမူတည်နေသည်။ စတာမာ၏ " ညင်သာစွာ ချဉ်းကပ်ခြင်း" ဗျူဟာသည် ဗြိတိန်စီးပွားရေးအတွက် ကယ်တင်ရှင်ဖြစ်လာမလား သို့မဟုတ် နိုင်ငံရေးအ ကျပ်အတည်း၏ အစပြုခြင်းဖြစ်မလားဆိုသည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

Zawgyi Version:
ေရခဲေခတ္မွသည္ လက္ေတြ႕ဆန္ေသာေႏြးေထြးမႈဆီသို႔ ဦးတည္လာသည့္ စတာမာ၏ တ႐ုတ္ခရီးစဥ္ႏွင့္ ပထဝီႏိုင္ငံေရး ဟန္ခ်က္
(ႏိုင္ငံတကာ အေတြးအျမင္ ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - ေဖေဖာ္ဝါရီလ ၁၂
တ႐ုတ္-ၿဗိတိန္ ဆက္ဆံေရးသမိုင္းေၾကာင္းကို ျပန္ၾကည့္လွ်င္ လြန္ခဲ့သည့္ ဆယ္စုႏွစ္တစ္ခုအတြင္း သိသာထင္ရွားေသာ အနိမ့္အျမင့္အတက္အက်မ်ား ကို ေတြ႕ရမည္ျဖစ္သည္။ (၂၀၁၅) ခုႏွစ္ ဝန္ႀကီးခ်ဳပ္ ေဒးဗစ္ကင္မ႐ြန္းလက္ထက္က သမၼတ ရွီက်င့္ဖ်င္၏ ၿဗိတိန္ႏိုင္ငံေတာ္ခရီးစဥ္အတြင္း ေခါင္းေဆာင္ႏွစ္ဦး သည္ ဝန္ႀကီးခ်ဳပ္၏ အပန္းေျဖအိမ္ေတာ္အနီးရွိ ႐ိုး ရာဧည့္ရိပ္သာတစ္ခုတြင္ အစဥ္အလာမပ်က္ ရင္းႏွီး ပြင့္လင္းစြာေတြ႕ဆုံဧည့္ခံခဲ့ၾကၿပီး ႏွစ္ႏိုင္ငံဆက္ဆံ ေရး "ေ႐ႊေရာင္ေခတ္"(Golden Era)သို႔ဆိုက္ ေရာက္ၿပီဟုေႂကြးေၾကာ္ခဲ့ၾကသည္။ ထိုစဥ္ကျဖစ္ရပ္ သည္ ႏွစ္ႏိုင္ငံၾကား အရင္းႏွီးဆုံးႏွင့္ သံတမန္ေရးရာ အထြတ္အထိပ္သို႔ေရာက္ရွိခဲ့သည့္အခ်ိန္ ျဖစ္ခဲ့သည္။
သို႔ေသာ္ ထိုရင္းႏွီးမႈမွာ ၾကာရွည္မခံခဲ့ဘဲ ေဟာင္ ေကာင္၏ အမ်ိဳးသားလုံၿခဳံေရးဥပေဒ အျငင္းပြားမႈ၊ ရွင္းက်န္းေဒသ လူ႔အခြင့္အေရးကိစၥမ်ားႏွင့္ ၿဗိတိန္၏ 5G ကြန္ရက္မွ Huawei ကိုပယ္ဖ်က္ခဲ့သည့္ဆုံးျဖတ္ ခ်က္မ်ားေၾကာင့္ ဆက္ဆံေရးမွာ ေအာက္ဆုံးသို႔ထိုး ဆင္းသြားခဲ့သည္။ ၿပီးခဲ့သည့္ ရီရွီဆူးနက္ခ္အစိုးရလက္ ထက္တြင္ တ႐ုတ္ကို "စနစ္တက်စိန္ေခၚသူ"(Systemic Challenge)အျဖစ္သတ္မွတ္ခဲ့ၿပီး ႏိုင္ငံေရး အရ အဆက္အသြယ္ျဖတ္ေတာက္ထားသေလာက္ ျဖစ္ခဲ့သည့္အတြက္ ယင္းကာလကို ဝန္ႀကီးခ်ဳပ္ စတာမာက " ေရခဲေခတ္ " ဟု တင္စားခဲ့ျခင္းျဖစ္သည္။
ၿဗိတိန္ဝန္ႀကီးခ်ဳပ္ စတာမာ၏ ယခုတစ္ေခါက္ တ႐ုတ္ခရီးစဥ္သည္ ၿပီးခဲ့သည့္ ရွစ္ႏွစ္တာ ကာလအတြင္း တ႐ုတ္-ၿဗိတိန္ ဆက္ဆံေရး၌ ေအးခဲ ခဲ့သည့္ "ေရခဲေခတ္"ကိုအဆုံးသတ္ရန္ ႀကိဳးပမ္းသည့္ အလွည့္အေျပာင္းႀကီးတစ္ခုျဖစ္လာခဲ့သည္။ ဝန္ႀကီး ခ်ဳပ္ေဟာင္း ေဒးဗစ္ကင္မ႐ြန္းလက္ထက္က "ေ႐ႊ ေရာင္ေခတ္"(Systemic Challenge)ဟုတင္စားခဲ့သည့္ အ ကန႔္အသတ္မရွိ ရင္းႏွီးမႈမ်ိဳးမဟုတ္သလို၊ ရီရွီဆူး နက္ခ္လက္ထက္ကဲ့သို႔ ေအးစက္လွေသာအေနအ ထားမ်ိဳးလည္းမဟုတ္ေတာ့ဘဲ " လက္ေတြ႕က်ေသာ ေစ့စပ္ညႇိႏႈိင္းမႈ " ဟူသည့္ လမ္းေၾကာင္းအသစ္ကို စ တာမာက စတင္ေဖာက္လုပ္လိုက္ျခင္းျဖစ္သည္။ ဤ ခရီးစဥ္သည္ စီးပြားေရးမုန္တိုင္းမ်ားၾကားမွ ၿဗိတိန္၏ အေရးအပါဆုံး ကုန္သြယ္ဖက္တစ္ဦးႏွင့္ ဆက္ဆံေရး ေႏြးေထြးလာေစရန္ "ညင္သာစြာခ်ဥ္းကပ္ျခင္း" (Softly-softly approach) မဟာဗ်ဴဟာကိုအေျခခံ ထားၿပီး ႏွစ္ဦးႏွစ္ဖက္ လက္ဆုပ္လက္ကိုင္ျပႏိုင္ေသာ အက်ိဳးအျမတ္မ်ားကိုေရွးရႈကာ ေရးဆြဲထားျခင္းျဖစ္ သည္။
ခရီးစဥ္အတြင္း ႏွစ္ဦးႏွစ္ဖက္ လက္ဆုပ္လက္ ကိုင္ျပႏိုင္ေသာ ေအာင္ျမင္မႈမ်ားစြာကိုရရွိခဲ့သည္။ ၿဗိ တိန္အတြက္အေရးပါေသာရလဒ္တစ္ခုမွာ ၿဗိတိန္ခရီး သြားမ်ားႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားအတြက္ ရက္ ေပါင္း(၃၀) ဗီဇာကင္းလြတ္ခြင့္ ရရွိျခင္းျဖစ္ၿပီး၊ ယင္း သည္ အျခားေသာ ဥေရာပအင္အားႀကီးႏိုင္ငံမ်ားႏွင့္ တန္းတူအခြင့္အေရးရရွိျခင္းျဖစ္ကာ စီးပြားေရးအဟန႔္ အတားမ်ားကို သိသိသာသာေလွ်ာ့ခ်ေပးႏိုင္သည္။ ထို႔ျပင္ စေကာ့တလန္ဝီစကီအခြန္ႏႈန္းကို (၁၀)ရာခိုင္ ႏႈန္းမွ (၅)ရာခိုင္ႏႈန္းအထိ ထက္ဝက္ေလွ်ာ့ခ်ႏိုင္ခဲ့ ျခင္းက ၿဗိတိန္၏ အဓိကပို႔ကုန္က႑ကို အသက္ရႉ ေခ်ာင္ေစခဲ့သည္။ အျပန္အလွန္အားျဖင့္ တ႐ုတ္ႏိုင္ငံ သည္ ၿဗိတိန္ေဆးဝါးကုမၸဏီႀကီး AstraZeneca ထံ မွ ေဒၚလာ(၁၅)ဘီလ်ံတန္ဖိုးရွိေသာ ရင္းႏွီးျမႇဳပ္ႏွံမႈကို ရရွိခဲ့သည္။ ၎သည္ တ႐ုတ္၏ ဇီဝေဆးဝါးက႑အတြက္ ႀကီးမားေသာ ေအာင္ျမင္မႈျဖစ္သကဲ့သို႔၊ အ ေမရိကန္ႏွင့္တင္းမာေနေသာတ႐ုတ္အတြက္ ႏိုင္ငံ တကာရင္းႏွီးျမႇဳပ္ႏွံသူမ်ား၏ယုံၾကည္မႈကို ျပန္လည္ ရယူႏိုင္သည့္ ႏိုင္ငံေရးအရအသာစီးရမႈတစ္ခုလည္း ျဖစ္သည္။ ထို႔ျပင္ က်န္းမာေရးေစာင့္ေရွာက္မႈ၊ဘ႑ာ ေရး၊ ဥပေဒေရးရာႏွင့္ပညာေရး စသည့္က႑မ်ား တြင္ ပူးေပါင္းေဆာင္႐ြက္ရန္ႏွင့္ ႏွစ္ႏိုင္ငံ ဝန္ေဆာင္မႈ ဆိုင္ရာသေဘာတူညီခ်က္ (Bilateral services agreement) အတြက္ ျဖစ္ႏိုင္ေျခေလ့လာမႈမ်ား ျပဳ လုပ္ရန္လည္းသေဘာတူခဲ့ၾကသည္။
သို႔ေသာ္ ဤစီးပြားေရးေအာင္ျမင္မႈမ်ား၏ေနာက္ကြယ္တြင္ ႀကီးမားေသာ ႏိုင္ငံေရးအက်ပ္အ တည္းမ်ားႏွင့္ေဝဖန္မႈမ်ားက အရိပ္လိုလိုက္ပါေန သည္။ သမၼတရွီက်င့္ဖ်င္အား ၿဗိတိန္သို႔ ဖိတ္ေခၚႏိုင္ ေျခႏွင့္ပတ္သက္၍ ၿဗိတိန္ျပည္တြင္း၌ ကန႔္ကြက္မႈ မ်ား ျပင္းထန္လ်က္ရွိသည္။ တ႐ုတ္၏ ပိတ္ဆို႔အေရး ယူမႈခံထားရေသာ ၿဗိတိန္လႊတ္ေတာ္အမတ္မ်ားက ၎တို႔ကိုပိတ္ဆို႔ထားသေ႐ြ႕ သမၼတရွီက်င့္ဖ်င္အား လႊတ္ေတာ္ဝင္းအတြင္းေပးမဝင္သင့္ေၾကာင္း ျပတ္ ျပတ္သားသားေျပာဆိုထားသည္။ ေအာက္လႊတ္ေတာ္ ဥကၠ႒ လင္ေဆးဟြိဳင္းလ္ကပင္ ပိတ္ဆို႔မႈမ်ားရွိေနသ ေ႐ြ႕ သမၼတရွီက်င့္ဖ်င္အား လႊတ္ေတာ္၌ မိန႔္ခြန္းေျပာ ခြင့္ေပးမည္မဟုတ္ေၾကာင္း အတည္ျပဳခဲ့ျခင္းမွာ စတာမာ၏ "ျပန္လည္စတင္ျခင္း" (Reset) မူဝါဒအ တြက္ ျပည္တြင္း၌ ႀကီးမားေသာအဟန႔္အတားျဖစ္ လာေနသည္။
တစ္ဖက္တြင္လည္း အေမရိကန္၏ ပထဝီႏိုင္ငံ ေရးဖိအားက ဤခရီးစဥ္အေပၚ သိသိသာသာလႊမ္းမိုး ေနသည္။ ေဒၚနယ္ထရမ့္က ၿဗိတိန္အေနျဖင့္ တ႐ုတ္ ႏွင့္ "စီးပြားေရး ျပန္လုပ္ျခင္း"မွာ "သိပ္ကို အႏၲရာယ္ မ်ားလွသည္"ဟုသတိေပးထားျခင္းက ၿဗိတိန္အား ၎၏ အစဥ္အလာမဟာမိတ္ႏွင့္အေရးပါေသာ ကုန္ သြယ္ဖက္ၾကားတြင္ဗ်ာမ်ားေစသည္။ စတာမာအေန ျဖင့္ အမ်ိဳးသားလုံၿခဳံေရးၿခိမ္းေျခာက္မႈမ်ားကို "မ်က္ စိဖြင့္လ်က္ လက္ေတြ႕က်က်"ေစာင့္ၾကည့္သြားမည္ ဟုဆိုေသာ္လည္း လက္ေတြ႕တြင္ စီးပြားေရးလိုအပ္ ခ်က္ႏွင့္ လုံၿခဳံေရးစိုးရိမ္မႈၾကား ဟန္ခ်က္ညီရန္ႀကိဳး ပမ္းမႈမွာ ခက္ခဲလွေသာ "ႀကိဳးတန္းေလွ်ာက္ျခင္း" တစ္ခုျဖစ္ေနသည္။ အထူးသျဖင့္ ယူကရိန္းစစ္ပြဲတြင္ တ႐ုတ္၏ရပ္တည္ခ်က္ႏွင့္ပတ္သက္၍ ရွင္းလင္းျပတ္ သားေသာေတာင္းဆိုမႈမ်ားျပဳလုပ္ရန္ ၿဗိတိန္အစိုးရအ ေပၚ ဖိအားမ်ားရွိေနေသာ္လည္း ဝန္ႀကီးခ်ဳပ္႐ုံးကမူ ဤကိစၥတြင္ ႏႈတ္ဆိတ္ေနဆဲျဖစ္သည္။
ဆက္ဆံေရး၏ ေရရွည္ခိုင္ၿမဲမႈကိုသုံးသပ္ရလွ်င္ ဤခရီးစဥ္သည္ ဆက္ဆံေရးကို "ေႏြဦးေပါက္"(Springboard)အျဖစ္အစျပဳေပးႏိုင္ခဲ့ေသာ္လည္း ေရ ရွည္ခိုင္ၿမဲေသာမိတ္ဖက္ျဖစ္လာရန္မွာ မေသခ်ာ ေသးပါ။ ေဟာင္ေကာင္၊ ဝီဂါလူမ်ိဳးမ်ားအေရးႏွင့္ ယူကရိန္း စစ္ပြဲတြင္ တ႐ုတ္၏ရပ္တည္ခ်က္ စသည့္ အေျခခံအ ျမင္မတူမႈမ်ားမွာ ေျဖရွင္းရန္ ေဝးကြာေန ဆဲျဖစ္သည္။ ၿဗိတိန္အတြက္ တ႐ုတ္သည္ "ရႈပ္ေထြး ၿပီး အေရးပါေသာကုန္သြယ္ဖက္ျဖစ္သလို မဟာဗ်ဴ ဟာေျမာက္စိန္ေခၚသူ (Strategic Competitor) လည္းျဖစ္ေနျပန္သည္။ ေခါင္းေဆာင္ႏွစ္ဦးၾကား ခ်ိဳ သာေသာစကားလုံးမ်ားဖလွယ္ခဲ့ၾကေသာ္လည္း လက္ေတြ႕ေျမျပင္တြင္ မယုံၾကည္မႈမ်ားက အျမစ္ တြယ္ေနဆဲျဖစ္သည္။
နိဂုံးခ်ဳပ္အားျဖင့္ စတာမာ၏ခရီးစဥ္သည္ ႏွစ္ ဖက္စလုံးအတြက္ ေရတိုစီးပြားေရးအက်ိဳးအျမတ္မ်ား ေဆာင္ၾကဥ္းေပးႏိုင္ခဲ့ေသာ္လည္း၊ ယုံၾကည္မႈတည္ ေဆာက္ေရးအပိုင္းတြင္ မ်ားစြာလိုအပ္ေနေသးသည္။ ျပည္တြင္းႏိုင္ငံေရးဖိအားမ်ားႏွင့္ ႏိုင္ငံတကာ ပထဝီ ႏိုင္ငံေရးမုန္တိုင္းမ်ားၾကားတြင္ တ႐ုတ္-ၿဗိတိန္ ဆက္ ဆံေရးမွာ ရင္းႏွီးေသာမိတ္ဖက္ျဖစ္လာရန္ထက္ "သတိႀကီးစြာျဖင့္ ေစ့စပ္ညႇိႏႈိင္းရသည့္ အေရးပါေသာ ၿပိဳင္ဘက္" အျဖစ္သာ အခ်ိန္အေတာ္ၾကာဆက္ရွိေနဦး မည္ျဖစ္သည္။ ေရွ႕ဆက္ရမည့္ေျခလွမ္းမ်ားသည္ သ မိုင္း၏စမ္းသပ္မႈကိုခံႏိုင္ရည္ရွိမရွိမွာ ႏွစ္ဖက္ေခါင္း ေဆာင္မ်ား၏ကြဲျပားမႈမ်ားကို မည္မွ်အထိ လက္ေတြ႕ က်က်ေက်ာ္လႊားႏိုင္မည္နည္းဆိုသည့္အေပၚ၌သာ အဓိကမူတည္ေနသည္။ စတာမာ၏ " ညင္သာစြာ ခ်ဥ္းကပ္ျခင္း" ဗ်ဴဟာသည္ ၿဗိတိန္စီးပြားေရးအတြက္ ကယ္တင္ရွင္ျဖစ္လာမလား သို႔မဟုတ္ ႏိုင္ငံေရးအ က်ပ္အတည္း၏ အစျပဳျခင္းျဖစ္မလားဆိုသည္ကို ေစာင့္ၾကည့္ရဦးမည္ျဖစ္သည္။