တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို UEC ထုတ်ပြန်

 352

သန့်မင်းအိမ်(NP News)ဖေဖော်ဝါရီ ၁၂
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းများကို ယမန်နေ့(ဖေဖော်ဝါရီ ၁၁) ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)၏ ထုတ်ပြန်ချက်အရသိရသည်။

(၂၀၂၅)ခုနှစ်ဒီဇင်ဘာလ(၂၈)ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့သည့် ပါတီစုံအထွေထွေရွေကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ဥပဒ အခန်း(၈) ပြဌာန်းချက်များနှင့်အညီ အမည်စာရင်းပေးပို့လာသည့် တပ်မတော်သားများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီ;ဖြစ်၍ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ဥပဒ ပုဒ်မ (၃၁)အရ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအဖြစ်အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထုတ်ပြန်ချက် အရ ကချင်ပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှုူးကြီးကျော်သူရ ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၁၁) ဦး၊ကယားပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှုူးကြီးသန်းစိုးအောင် ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၄)ဦး၊ကရင်ပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှုူးကြီးမင်းသူကျော် ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၆) ဦး၊ချင်းပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှုူးကြီးခင်မောင်ထွေး ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၄)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် ဗိုလ်မှုူးကြီး ဝင်းတင်စိုး ဦးဆောင်သည့် (၂၁) ဦး၊တို့ဖြစ်ကြောင်းသိရသည်။
ထို့ပြင်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အတွက် ဗိုလ်မှုူးကြီး သိန်းဇော်မြင့်ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၇) ဦး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်အတွက် ဗိုလ်မှုူးကြီးညီလန်းချို ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၁၉) ဦး၊ ၊မကွေးတိုင်းဒေသကြီးတွင် ဗိုလ်မှုူးကြီးမိုးမင်းသိန်း ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်အတွက်ဗိုလ်မှုူးကြီးနေလင်းစိုး ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၁၈) ဦးဖြစ်ကြောင်းသိရသည်။
ထို့အတူ မွန်ပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှုူးချုပ်အောင်ဝင်းသန်း ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၈) ဦး၊ရခိုင်ပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်သည့်လွှတ်တော်ကိုယ်စာလှယ်(၇)ဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွက် ဗိုလ်မှုူးကြီး ဝင်းတင့်ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၃၁) ဦး၊ ရှမ်းပြည်နယ်လွှတ်တော်အတွက်ဗိုလ်မှုူးကြီး စိန်ဝင်း ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၃၃) ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဗိုလ်မှုူးကြီးခန့်မွန်ဆွေ ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၁၈) ဦး အသီးသီးပါဝင်ကြောင်းသိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့အတွက် တပ်မတော်သားကိုယ်စားလှယ် အမည်စာရင်းများကို UEC မှ ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Zawgyi Version:

(၂၀၂၅)ခုနှစ်ဒီဇင်ဘာလ(၂၈)ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့သည့် ပါတီစုံအထွေထွေရွေကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ဥပဒ အခန်း(၈) ပြဌာန်းချက်များနှင့်အညီ အမည်စာရင်းပေးပို့လာသည့် တပ်မတော်သားများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီဖြစ်၍ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ဥပဒ ပုဒ်မ (၃၁)အရ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ်ပြည်နယ်လွှတ်တော်ကိုယ်စာလှယ်များအဖြစ်အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထုတ်ပြန်ချက် အရ ကချင်ပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှုးကြီးကျော်သူရ ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၁၁) ဦး၊ကယားပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှုးကြီးသန်းစိုးအောင် ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၄)ဦး၊ကရင်ပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှုးကြီးမင်းသူကျော် ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၆) ဦး၊ချင်းပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှုးကြီးခင်မောင်ထွေး ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၄)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် ဗိုလ်မှုးကြီး ဝင်းတင်စိုး ဦးဆောင်သည့် (၂၁) ဦး၊တို့ဖြစ်ကြောင်းသိရသည်။
ထို့ပြင်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အတွက် ဗိုလ်မှုးကြီး သိန်းဇော်မြင့်ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၇) ဦး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်အတွက် ဗိုလ်မှုးကြီးညီလန်းချို ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၁၉) ဦး၊ ၊မကွေးတိုင်းဒေသကြီးတွင် ဗိုလ်မှုးကြီးမိုးမင်းသိန်း ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်အတွက်ဗိုလ်မှုးကြီးနေလင်းစိုး ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၁၈) ဦးဖြစ်ကြောင်းသိရသည်။
ထို့အတူ မွန်ပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှုးချုပ်အောင်ဝင်းသန်း ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၈) ဦး၊ရခိုင်ပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်သည့်လွှတ်တော်ကိုယ်စာလှယ်(၇)ဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွက် ဗိုလ်မှုးကြီး ဝင်းတင့်ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၃၁) ဦး၊ ရှမ်းပြည်နယ်လွှတ်တော်အတွက်ဗိုလ်မှုးကြီး စိန်ဝင်း ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၃၃) ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဗိုလ်မှုးကြီးခန့်မွန်ဆွေ ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် (၁၈) ဦး အသီးသီးပါဝင်ကြောင်းသိရသည်။

Related news

© 2021. All rights reserved.