ကုန်သည်စက်မှုအသင်းချုပ်၏ အမှုဆောင်အဖွဲ့ဝင်များတွင် (၂၅)ရာခိုင်နှုန်းကျော်သည် အမှုဆောင်အဖွဲ့ဝင်အသစ်များ ဖြစ်ဟုဆို

202

စော(NP News)- ဖေဖော်ဝါရီ ၁၂
ကုန်သည်စက်မှုအသင်းချုပ်၏ (၂၀၂၅-၂၀၂၈)အမှုဆောင်သက်တမ်းအတွက် (၂၅ဒသမ၅)ရာခိုင်နှုန်းသည် အမှုဆောင်အဖွဲ့ဝင်အသစ်များ ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်က ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့သော မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ၂၀၂၅-၂၀၂၈ အမှုဆောင်သက်တမ်းသစ် ပထဆုံးအကြိမ်အမှုဆောင်အဖွဲ့ (EC)အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် ယခုအမှုဆောင်သက်တမ်းတွင် အမှုဆောင်အဖွဲ့ဝင် စုစုပေါင်း (၁၅၃)ဦးရှိပြီး (၂၅ဒသမ၅)ရာခိုင်နှုန်းမှာ အမှုဆောင်အဖွဲ့ဝင်အသစ်များ ဖြစ်ကြောင်း၊ ယင်းမှာ မိမိတို့ အသင်းချုပ်၏ ပြီးခဲ့သည့် သက်တမ်းကာလအမှုဆောင်အဖွဲ့၏ ဆောင်ရွက်ချက်များအပေါ် ယုံကြည်မှုရှိကြသဖြင့် အမှုဆောင်အဖွဲ့ဝင်အသစ်များ ပိုမို ပါဝင်လာနိုင်ခြင်းဖြစ်သည့် အနေအထားပင်ဖြစ်ကြောင်း ဦးအေးဝင်းက ပြောကြားခဲ့သည်။
၎င်းတို့အနေဖြင့် အမှုဆောင်အဖွဲ့ဝင်အသစ်များကို ကြိုဆိုသကဲ့သို့ ပြီးခဲ့သည့် ကာလ၌ ပါဝင့်ခဲ့သည့်အမှုဆောင်ဟောင်းများကိုလည်း ချီးကျူးဂုဏ်ပြုကြောင်း အသင်းချုပ်အနေဖြင့် စည်းကမ်းရှိသည့်စွမ်းဆောင်ရည်ပြည့်ဝသည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် မကြာခင်ကာလတွင် ရွေးချယ်ထားသည့် အစိုးရအဖွဲ့တစ်ရပ် မလွဲမသွေပေါ်ပေါက်လာမှာဖြစ်သည့်အတွက် ၂၀၂၅-၂၀၂၈ သက်တမ်းသည် အမှုဆောင်အဖွဲ့အတွက် အင်မတန်မှ အရေးကြီးသည့်သက်တမ်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် သက်တမ်းကာလတွင် မိမိတို့နိုင်ငံအနေဖြင့် အခက်အခဲများ၊ စိန်ခေါ်မှုများကို အများအပြား ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး ယခုသက်တမ်းကာလတွင် နိုင်ငံအနေဖြင့် ပြန်လည်ထူထောင်ရေးနှင့် စီးပွားရေးပြန်လည်နလန်ထူထောင်ရေးစသည့်ကိစ္စများကို များစွာလုပ်ဆောင်ရမည့်အခြေအနေရှိကြောင်း ပြောကြားခဲ့သည်။
ထိုကဲ့သိုသော အခြေအနေတွင် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်နိုင်ရန်အတွက် အသင်းချုပ်အမှုဆောင်အဖွဲ့အနေဖြင့် မိမိတို့လုပ်ဆောင်ရမည့် တာဝန်ဝတ္တရာများကို သိရှိရန် လိုအပ်သည့်အပြင် တစ်ဖက်တွင်လည်း မိမိတို့ မည်သို့မည်ပုံ ပါဝင်ဆောင်ရွက်သွားမည်ဆိုသည်ကို ပြီးခဲ့သည့်ကာလနှင့်မတူညီသည့် အနေအထားချဉ်းကပ်မှုများဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် အသင်းချုပ်အနေဖြင့် လိုအပ်သည့် ပြုပြင်ပြောင်းလဲရေးများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၅-၂၀၂၈ခုနှစ်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ်(UMFCCI)၏ အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲကို ပြီးခဲ့သည့် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာ ၈ရက်က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ UMFCCIရုံး၌ ကျင်းပခဲ့ရာ ဥက္ကဋ္ဌအဖြစ် ဦးအေးဝင်းကို ထပ်မံရွေးချယ်တင်မြောက်ခဲ့ကြကြောင်းသိရသည်။

Zawgyi Version:
ကုန္သည္စက္မႈအသင္းခ်ဳပ္၏ အမႈေဆာင္အဖြဲ႕ဝင္မ်ားတြင္ (၂၅)ရာခိုင္ႏႈန္းေက်ာ္သည္ အမႈေဆာင္အဖြဲ႕ဝင္အသစ္မ်ား ျဖစ္ဟုဆို
ေစာ(NP News)- ေဖေဖာ္ဝါရီ ၁၂
ကုန္သည္စက္မႈအသင္းခ်ဳပ္၏ (၂၀၂၅-၂၀၂၈)အမႈေဆာင္သက္တမ္းအတြက္ (၂၅ဒသမ၅)ရာခိုင္ႏႈန္းသည္ အမႈေဆာင္အဖြဲ႕ဝင္အသစ္မ်ား ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI) ၏ ဥကၠ႒ ဦးေအးဝင္းက ေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္ ဇန္နဝါရီ ၂၂ ရက္က ကုန္သည္စက္မႈအသင္းခ်ဳပ္ မဂၤလာခန္းမ၌ က်င္းပခဲ့ေသာ ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္၏ ၂၀၂၅-၂၀၂၈ အမႈေဆာင္သက္တမ္းသစ္ ပထဆုံးအႀကိမ္အမႈေဆာင္အဖြဲ႕ (EC)အစည္းအေဝးတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါအစည္းအေဝးတြင္ ယခုအမႈေဆာင္သက္တမ္းတြင္ အမႈေဆာင္အဖြဲ႕ဝင္ စုစုေပါင္း (၁၅၃)ဦးရွိၿပီး (၂၅ဒသမ၅)ရာခိုင္ႏႈန္းမွာ အမႈေဆာင္အဖြဲ႕ဝင္အသစ္မ်ား ျဖစ္ေၾကာင္း၊ ယင္းမွာ မိမိတို႔ အသင္းခ်ဳပ္၏ ၿပီးခဲ့သည့္ သက္တမ္းကာလအမႈေဆာင္အဖြဲ႕၏ ေဆာင္႐ြက္ခ်က္မ်ားအေပၚ ယုံၾကည္မႈရွိၾကသျဖင့္ အမႈေဆာင္အဖြဲ႕ဝင္အသစ္မ်ား ပိုမို ပါဝင္လာႏိုင္ျခင္းျဖစ္သည့္ အေနအထားပင္ျဖစ္ေၾကာင္း ဦးေအးဝင္းက ေျပာၾကားခဲ့သည္။
၎တို႔အေနျဖင့္ အမႈေဆာင္အဖြဲ႕ဝင္အသစ္မ်ားကို ႀကိဳဆိုသကဲ့သို႔ ၿပီးခဲ့သည့္ ကာလ၌ ပါဝင့္ခဲ့သည့္အမႈေဆာင္ေဟာင္းမ်ားကိုလည္း ခ်ီးက်ဴးဂုဏ္ျပဳေၾကာင္း အသင္းခ်ဳပ္အေနျဖင့္ စည္းကမ္းရွိသည့္စြမ္းေဆာင္ရည္ျပည့္ဝသည့္ အဖြဲ႕အစည္းတစ္ရပ္အျဖစ္ ဆက္လက္ရပ္တည္သြားမည္ျဖစ္ေၾကာင္း ဆက္လက္ေျပာၾကားခဲ့သည္။
ထို႔ျပင္ မၾကာခင္ကာလတြင္ ေ႐ြးခ်ယ္ထားသည့္ အစိုးရအဖြဲ႕တစ္ရပ္ မလြဲမေသြေပၚေပါက္လာမွာျဖစ္သည့္အတြက္ ၂၀၂၅-၂၀၂၈ သက္တမ္းသည္ အမႈေဆာင္အဖြဲ႕အတြက္ အင္မတန္မွ အေရးႀကီးသည့္သက္တမ္းျဖစ္ေၾကာင္း၊ ၿပီးခဲ့သည့္ သက္တမ္းကာလတြင္ မိမိတို႔ႏိုင္ငံအေနျဖင့္ အခက္အခဲမ်ား၊ စိန္ေခၚမႈမ်ားကို အမ်ားအျပား ရင္ဆိုင္ေက်ာ္ျဖတ္ခဲ့ရၿပီး ယခုသက္တမ္းကာလတြင္ ႏိုင္ငံအေနျဖင့္ ျပန္လည္ထူေထာင္ေရးႏွင့္ စီးပြားေရးျပန္လည္နလန္ထူေထာင္ေရးစသည့္ကိစၥမ်ားကို မ်ားစြာလုပ္ေဆာင္ရမည့္အေျခအေနရွိေၾကာင္း ေျပာၾကားခဲ့သည္။
ထိုကဲ့သိုေသာ အေျခအေနတြင္ စီးပြားေရးလုပ္ငန္းရွင္မ်ား ပါဝင္ႏိုင္ရန္အတြက္ အသင္းခ်ဳပ္အမႈေဆာင္အဖြဲ႕အေနျဖင့္ မိမိတို႔လုပ္ေဆာင္ရမည့္ တာဝန္ဝတၱရာမ်ားကို သိရွိရန္ လိုအပ္သည့္အျပင္ တစ္ဖက္တြင္လည္း မိမိတို႔ မည္သို႔မည္ပုံ ပါဝင္ေဆာင္႐ြက္သြားမည္ဆိုသည္ကို ၿပီးခဲ့သည့္ကာလႏွင့္မတူညီသည့္ အေနအထားခ်ဥ္းကပ္မႈမ်ားျဖင့္ ေဆာင္႐ြက္သြားမည္ ျဖစ္သည့္အတြက္ အသင္းခ်ဳပ္အေနျဖင့္ လိုအပ္သည့္ ျပဳျပင္ေျပာင္းလဲေရးမ်ားကို ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည္။
၂၀၂၅-၂၀၂၈ခုႏွစ္အတြက္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္ မ်ား အသင္းခ်ဳပ္(UMFCCI)၏ အမႈေဆာင္သစ္ေ႐ြးခ်ယ္တင္ေျမႇာက္ပြဲကို ၿပီးခဲ့သည့္ ၂၀၂၅ခုႏွစ္၊ ႏိုဝင္ဘာ ၈ရက္က ရန္ကုန္ၿမိဳ႕၊ လမ္းမေတာ္ၿမိဳ႕နယ္၊ မင္းရဲေက်ာ္စြာလမ္းရွိ UMFCCI႐ုံး၌ က်င္းပခဲ့ရာ ဥကၠ႒အျဖစ္ ဦးေအးဝင္းကို ထပ္မံေ႐ြးခ်ယ္တင္ေျမာက္ခဲ့ၾကေၾကာင္းသိရသည္။