ဗန်းမောက်ဒေသခံများ၏ သောကနှင့် ဆန္ဒ (အင်တာဗျူး)

426

သန့်ဇင် (NP News) - ဖေဖော်ဝါရီလ ၁၂
ဗန်းမောက်ဒေသခံများ၏ သောကနှင့် ဆန္ဒစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ ဗန်းမောက်မြို့သည် ယခင်က လူမျိုးစု(၄)စုဖြစ်သော တိုင်းလျှမ်(ခေါ်)ရှမ်းနီလူမျိုး၊ ကနန်းလူမျိုး၊ ကဒူးလူမျိုးနှင့် ဗမာ လူမျိုးများဖြင့် အေးချမ်းစွာနေထိုင်ခဲ့သော ဒေသတစ်ခုဖြစ်ခဲ့သည်။ (၂၀၂၁) ခုနှစ် နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲနှင့်အတူ (၂၀၂၅) ခုနှစ် စက်တင်ဘာလတွင် KIA နှင့် နယ်မြေတွင်းလှုပ်ရှားသော PDF အဖွဲ့တို့၏ တိုက်ပွဲဖော်ဆောင်မှုကိုခံခဲ့ရပြီး မြို့၏ (၅၀)ရာခိုင်နှုန်းလည်းပျက်စီးခဲ့ရသည်။ ထို့ပြင် နေရပ်စွန့်ခွာသူများစွာ ရှိခဲ့ပြီး အခက်အခဲများစွာဖြင့်ရှင်သန်နေထိုင်ခဲ့ရသည်မှာ (၅)လတိုင်တိုင်ရှိလာသောအခါ ဗန်းမောက်မြို့၏ (၇၀) ရာခိုင်နှုန်းကျော်ကို တပ်မတော်က ပြန်လည်ထိန်း ချုပ်ထားနိုင်ချိန်တွင် ဒေသခံတို့အတွက် ၎င်းတို့၏နေရပ်သို့ ပြန်လည်အခြေချရန်ဆန္ဒများလည်း တစ်ဖန်ပြင်းပြလာခဲ့ရသည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ဗန်းမောက်ဒေသခံစစ်ဘေးရှောင်တစ်ဦးထံ NP News က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး- ဗန်းမောက်မြို့ရဲ့ လက်ရှိအခြေအနေလေး အရင်ဆုံးပြောပြပေးပါဦး။
ဖြေ- အခက်အခဲတွေပေါင်းစုံနဲ့ပါဗျာ။ နိုင်ငံရေးမဖြစ် ခင်တုန်းကတော့ ကျွန်တော်တို့နဲ့ ရှမ်းနီနဲ့ကြားထဲမှာ အဲဒီလောက်အထိ ပဋိပက္ခတွေမဖြစ်ကြဘူးပေါ့။ နိုင်ငံရေးဖြစ်ပြီးနောက်ပိုင်းမှာ ကျွန်တော်တို့လူမျိုးစု တွေကြားမှာ ပဋိပက္ခလေးတွေဖြစ်လာတာပေါ့။ လူမျိုး (၂)စုဖြစ်တဲ့ ရှမ်းနီနဲ့ကဒူးကြားထဲမှာ ပွတ်တိုက်မှုလေး တွေရှိလာတာပေါ့။ ဗန်းမောက်မှာနေကြတာက ရှမ်းနီ ရယ်၊ ကဒူးရယ်၊ ကနန်းရယ်၊ ဗမာရယ်ပေါ့။ ကနန်း တွေကတော့ သူတို့ရွာနဲ့ တစုတစည်းတည်းနေတဲ့နေ ရာဖြစ်တဲ့အတွက် ပြဿနာတော့မရှိဘူး။ ရှမ်းနီနဲ့ ကဒူးနဲ့ကတော့ ဟိုဘက်ရွာနဲ့ ဒီဘက်ရွာ ရောပြီးနေကြ တာလေ။ အဲဒီတော့ ရှမ်းနီနဲ့ရောပြီးနေတော့ အဲဒီ အခြေအနေမှာ နိုင်ငံရေးအပြောင်းအလဲကြားထဲမှာ ကဒူးတွေကြားထဲမှာလည်း လက်နက်ကိုင်တွေရှိတာ ကိုး။ အဲဒီလိုကြားထဲမှာ ပဋိပက္ခလေးတွေဖြစ်လာ တယ်။ လက်နက်ကိုင်ပဋိအက္ခတွေဖြစ်တဲ့အခါကျ တော့ သာမန်အရပ်သားတွေက ကြားထဲမှာခံရတာ ပေါ့။ အဲဒါကအဓိကပေါ့။ ကျန်တာတော့ စစ်ပွဲဖြစ် တယ်၊ ပြေးရတယ်၊ လွှားရတယ် အဲဒီလိုပေါ့။ ကျွန် တော်တို့ကဒူးတွေသွားရှောင်နေတဲ့နေရာကလည်း ရှမ်းနီတွေနေရာပဲ။ ရှမ်းနီထဲမှာလည်း နိုင်ငံရေးထဲမှာ ရှိတဲ့လူတွေလည်းရှိတယ်။ SNA မှာလည်း ရှမ်းနီရှိ တယ်။ အဲဒီတော့ အခုလို စစ်ဖြစ်တဲ့အခါကျတော့ ကဒူးရွာတွေထွက်ပြေးရတယ်။ ပြေးရရင်လည်း ရှမ်းနီ ရွာဘက်ပြေးရတယ်။ ရှမ်းနီတွေနေတဲ့နေရာကလည်း PDF တွေရှိတယ်။ အဲဒီတော့ သူတို့ခေါ်တဲ့နေရာကို လိုက်သွားရတာ။ အဲဒါကိုမှ SNA ကလည်း မင်းတို့က PDF ကိုအားပေးတယ်လို့မြင်လာကြတာ။ အဲဒီလိုမျိုး တွေလည်းပြောခံရတာရှိတယ်။ အဲဒီတော့ ကျွန်တော် တို့ လက်ရှိအခက်အခဲက PDF တွေကလည်း ကိုယ့် ရပ်ကိုယ့်ရွာပြန်ဖို့အတွက် သိပ်ပြီး ခွင့်မပြုချင်တဲ့ပုံ ရှိတယ်။ နောက်ပြီး လက်ရှိသိမ်းထားတဲ့ရှမ်းနီတွေက လည်း ပြန်လာခွင့်မပေးသေးဘူး။ အဲဒီလိုအခြေအနေ ပေါ့ အခက်အခဲကတော့။
မေး- ဗန်းမောက်မြို့က အရင်က ဘယ်လိုမြို့လဲခင်ဗျ။
ဖြေ-စီးပွားရေးကတော့ ကျွန်တော်တို့မြို့က ကြီးကြီး မားမားမရှိဘူး။ ကြီးကြီးမားမားမရှိဘူးဆိုတာက စိုက် ပျိုးရေးကိုအခြေခံတာကိုး။ စိုက်ပျိုးရေးရှိတယ်။ ဆောင်းရာသီဆိုရင် ယာခင်းရှိတယ်။ နွေရာသီနဲ့ ကျန် တဲ့အချိန်ဆိုရင်တော့ ရွှေတူးတဲ့လုပ်ငန်းရှိတယ်။ အဲဒါ လည်း အများကြီးမဟုတ်ဘူး။ တစ်နိုင်တစ်ပိုင်လေး တွေပေါ့။ အဓိက စီးပွားရေးလုပ်ငန်းကတော့ စပါး စိုက်ပျိုးရေးကိုလုပ်တယ်။ စပါးစိုက်ပျိုးပြီး ကျန်တဲ့ အချိန်မှာ ရွေးတူးတယ်။ ကျန်တဲ့ကုန်သွယ်ရေး ဘာ ညာက စီးပွားဖြစ်မရှိဘူး။ လမ်းပန်းဆက်သွယ်ရေးက လည်း အဲဒီလောက်ကောင်းတဲ့နေရာမရှိပါဘူး။ ဗျူဟာအရလည်း အဲဒီလောက်အရေးပါတာ မဟုတ် ပါဘူး။ ကျွန်တော့်အမြင်အရပေါ့နော်။ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် အစပ်မို့လို့ တအား ဗျူဟာကျတဲ့နေရာမဟုတ်ဘူး။ တကယ်ဗျူဟာကျတဲ့ နေရာက အင်းတော်ပဲကျတယ်။ အင်းတော်က တ ကယ့်အစပ်မှာရောက်နေတာ။ ပြီးတော့ ကားလမ်း လည်းပေါက်တယ်၊ ရထားလမ်းလည်း ပေါက်တယ်။ နောက်ပြီး ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့ရဲ့ ကြား ထဲမှာလည်းဖြစ်တယ်။ ကိုယ်ပိုင်ဝင်ငွေရှိတယ်။ အဲဒီ တော့ တကယ်ဗျူဟာကျတာက အင်းတော်။ ဗန်း မောက်ကိုလည်း အင်းတော်ကနေမှဝင်ရတာ။ ဗန်း မောက်က အဲဒီလောက်ဗျူဟာကျတဲ့နေရာတော့ မဟုတ်ဘူး။
မေး-ဗန်းမောက်ကို (၂၀၂၅) စက်တင်ဘာမှာ စပြီးKIA ၊ PDF ကတိုက်ခဲ့တယ်လို့သိရတယ်။ အဲဒီက နေ လက်ရှိအချိန်ထိ စစ်ဘေးရှောင်ရတဲ့ဒေသခံတွေ များတယ်ဆိုတော့ အဲဒီစစ်ဘေးရှောင်ခဲ့ရတဲ့အချိန်က နေ လက်ရှိအချိန်အထိအခက်အခဲတွေကိုလည်း ပြောပြပေးပါဦး။
ဖြေ- စက်တင်ဘာမှာ စဖြစ်ပြီးတော့ လကုန်လောက် မှာပဲ တစ်နယ်လုံးထွက်ပြေးရတယ်။ ထွက်ပြေးရတဲ့ အချိန်မှာလည်း အဲဒီမှာ မိုးကမကုန်သေးဘူး။ မိုးက မကုန်သေးတော့ ပြေးရရင် လမ်းကလည်း မကောင်း ဘူး။ ကတ္တရာလမ်းမဟုတ်ဘဲနဲ့ မြေနီလမ်း။ အဲဒီမှာ ထွက်ပြေးရတဲ့အခါမှာတော့ အဆင်မပြေဘူး။ တစ်ရွာ တည်းလည်းမဟုတ်ဘူး အကုန်လုံး။ အထုပ်ကြီးတွေ ကိုယ်စီပိုက်ပြီးတော့ တချို့ဆိုရင် မထမ်းနိုင်တော့လို့ တောင်ပေါ်လမ်းတွေဆိုတော့ ဖျာတွေခင်းပြီးတော့ တောင်ပေါ်ကနေ ဆွဲချရတဲ့အထိဖြစ်ခဲ့တယ်။ တော် တော်လေးကို အခက်အခဲဖြစ်ခဲ့တယ်။ ရွာမှာ ဆက်နေ နေတဲ့လူတွေကလည်း ရွာမှာနေလို့မရလို့ တောလမ်း မှာ ကလေးမွေးပြီး ဒုက္ခရောက်တာတွေလည်း ကျွန် တော်တို့ ကြားရတယ်။ နောက်ပိုင်းကျတော့ အဲဒီနယ် တွေကို ရှမ်းနီကထိန်းထားတယ်။ ထွက်ပြေးရတဲ့အခါ မှာ ဟိုဘက်ဒီဘက်ကြားညပ်ပြီး ဒုက္ခရောက်တာတွေ လည်းရှိတယ်။ အဆိုးဆုံးကတော့ ရွာထဲကအိမ်တွေ အဖောက်ခံရတယ်။ ဘယ်အဖွဲ့ကလည်းမသိဘူး။ ဖောက်ပြီးသယ်ကြတာ။ ရွာထဲကအိမ်တိုင်းမှာလည်း ပစ္စည်းတွေမရှိတော့ဘူးလို့လည်း ကြားမိတယ်။ ပစ္စည်းတွေကုန်ပြီ။ ကျွန်တော့်ရွာဆိုရင်လည်း လိုင်း ပေါ်တက်မလာတာပဲရှိတယ်။ မီးရှို့ခံရတယ်။ တစ်ရွာ လုံးတော့ မလောင်ဘူးပေါ့လေ။ ဒါပေမဲ့လည်း သိပ်ပြီး မပြောတော့ပါဘူး။ အခက်အခဲတွေကတော့အများ ကြီးပဲ။ ကျန်တာကတော့ မပြောတာပဲကောင်းပါတယ်။
မေး-ဗန်းမောက်မှာက လူမျိုး(၄)မျိုးရှိတော့ အဲဒီမှာ တိုက်ပွဲဖြစ်တော့ ဘယ်လိုစစ်ဘေးရှောင်ကြတာလဲ။ အတူတူသွားကြတာလား။
ဖြေ- စစ်မဖြစ်ခင်တည်းက ကျွန်တော်တို့ဘက်က ရွာတွေကို PDF တွေသိမ်းထားတာ။ တပ်က ဗန်း မောက်မြို့ ကွက်ကွက်လေးပဲရှိတာ။ ဗန်းမောက်မြို့ ပေါ်ကွက်ကွက်လေးပဲထိန်းထားတာ။ ဗန်းမောက်မြို့ ပတ်ပတ်လည်မှာက PDF နယ်မြေ။ ဗန်းမောက်မြို့အ နောက်ဘက် ကြောင်လည်တို့ဘာတို့ဘက်မှာ ဟို ဘက်မှာ ရှမ်းနယ်စပ်မှာလည်း PDF ကထိန်းထား တယ်။ ဟုမ္မလင်းဘက်နဲ့ ဗန်းမောက်အနားပဲ ှဗြ ကထိန်းထားတာ။ ဗန်းမောက်မြို့ရဲ့ အရှေ့-တောင်၊ အနောက်-မြောက် အဲဒီဘက်မှာကလည်း PDF တွေ ထိန်းထားတယ်။ ဗန်းမောက်မြို့ကွက်ကွက်လေးပဲ တပ်ကထိုင်ထားတယ်။ ကျွန်တော်တို့ရွာကလည်း (၂၀၂၂)ကတည်းက PDF တွေအောက်မှာရှိတာ အခုထိလည်းရှိနေတုန်းပဲ။ တိုက်ပွဲဖြစ်တဲ့အချိန်ကျ တော့ ကျွန်တော်တို့ဘက်ကရွာသားတွေကို သူတို့နယ် မြေထဲကိုခေါ်သွားတာ။ အကုန်ခေါ်သွားပြီးတော့ အခု လက်ရှိ ကဒူးလူမျိုးတွေလည်း PDF နယ်မြေထဲကိုရောက်နေတဲ့လူတွေကလည်းရှိပါတယ်။ အဲဒီမှာက အခက်အခဲဖြစ်တာက ပြန်လို့ရတော့လည်း ပြန်မလွှတ် ချင်ဘူး။ လွှတ်ရင်လည်း SNA ကလည်း ပြန်လာရင် သူတို့တာဝန်ယူရမှာဆိုတော့ အလုပ်ရှုပ်ခံရမှာစိုးလို့ ပြန်လာပါလို့ အခုအချိန်အထိမပြောဘူး။ အဲဒီလိုမျိုး ဖြစ်နေတယ်။
မေး-ကြားထဲညပ်နေတာပေါ့။
ဖြေ-ဟုတ်တယ်။ ပြေးတုန်းကလည်း ခြေဦးတည့်ရာ ပြေးရတာပေါ့။ သူတို့ခေါ်တဲ့နေရာသွားရတာပဲ။ ကျန် ခဲ့တဲ့ရွာတွေလည်းရှိတယ်။ ဥပမာ စက်တောမှာဆိုရင် စက်တောဆရာတော်ကြီးက ကျွန်တော်တို့ဆရာတော် ကြီး သက်တော်အကြီးဆုံး။ သက်တော် (၁၀ဝ)ကျော် ရှိပြီထင်တယ်။ အဲဒီမှာ ဦးဆောင်ပြီးနေခဲ့တာထင် တယ်။ အဲဒီမှာ လူဦးရေ (၁၀ဝ)လောက်ရှိမယ်။ စက် တောရွာဆိုတာ ကဒူးရွာထဲမှာအကြီးဆုံး။ အဲဒီမှာ ဘုန်းကြီးကျောင်းမှာ ဆရာတော်ကြီးဦးဆောင်ပြီး နေ နေတဲ့လူဦးရေ အယောက် (၁၀ဝ)တော့ရှိတယ်။ အခု အချိန်အထိရှိတယ် အဲဒီမှာ။ သူတို့ကတော့ အန္တရာယ် ကင်းပါတယ်။
မေး-တစ်မြို့လုံး တစ်နယ်လုံးအတိုင်းအတာနဲ့ အ ကုန်လုံးပြောင်းကြတဲ့သဘောလား။
ဖြေ-အကုန်ပြောင်းကြရတာ။ ဗန်းမောက်မြို့ပေါ်က တပ်နဲ့ SNA ရှိတယ်လေ။ အဲဒီတော့ ဗန်းမောက်မြို့ ပေါ်ကလူတွေကိုတော့ SNA နယ်မြေထဲ ခေါ်သွား တယ်။ အဲဒီလိုမျိုး။ အဲဒီ ဗန်းမောက်မြို့ပေါ်က ဆရာ၊ ဆရာမတွေရော ဝန်ထမ်းတွေရော အကုန်လုံးတော် တော်များများက အခု SNA နယ်မြေထဲမှာရှိတယ်။ PDF နယ်မြေထဲကလူတွေကိုတော့ PDF တွေက ခေါ်ထားတယ်။ အဲဒီတော့ ဗန်းမောက်မြို့ခံတော် တော်များများက SNA နယ်မြေထဲမှာ။ တချို့ကျတော့ လည်း SNA နယ်မြေထဲရောက်ပြီး ပြန်ထွက်လာ တဲ့လူတွေကလည်းရှိတယ်။ အများစုကတော့ SNA နယ်မြေထဲမှာ။
မေး-အခုဆိုရင် ဗန်းမောက်မြို့တိုက်ပွဲက (၅)လ ကျော်ပြီပေါ့နော်။ အဲဒီမှာ နယ်မြေအခြေအနေအရ ဘယ်ကအသာစီးရနေလဲ။ အစ်ကို ဘယ်လိုမျိုးကြား ထားမိသလဲ။
ဖြေ- ဗန်းမောက်မြို့ကတော့ ကျွန်တော်တို့သိရသ လောက်ကတော့ ဗန်းမောက်မြို့အလယ်ကန်ရွာဘက် ကလာလို့ရှိရင် ဗန်းမောက်မြို့အဝင်ရှိတယ်။ အဲဒီက လာရင် လွှစင်ကုန်းတွေ့ရမှာပေါ့။ အဲဒီမှာ မြို့မနဲ့ လွှ စင်ကုန်းရပ်ကွက်ကြားထဲက အိမ်တန်းတွေအကုန်လုံး မီးလောင်သွားတယ်လို့ကြားမိတယ်။ သတင်းတက် လာတဲ့ပုံတွေအရပေါ့။ အဲဒီကတော့ အကုန်လုံးလောင် သွားတယ်။ နောက်ပြီးတော့ ဗန်းမောက်မြို့မ ဘုန်း ကြီးကျောင်းလည်းလောင်သွားတယ်။ အဲဒီမှာ လွှစင် ကုန်းရပ်ကွက်အထွက်အထိကို အကုန်လုံးလောင် သွားတယ်လို့သိရတယ်။
မေး-တော်တော်ပျက်စီးသွားမှာပေါ့။ တစ်မြို့လုံး ဘယ်လောက်အတိုင်းအတာအထိ ပျက်စီးသွားလဲ ခင်ဗျ။
ဖြေ- တော်တော်ပျက်စီးသွားတယ်။ အတိအကျတော့ မသိပေမယ့် (၃)ပုံ(၁)ပုံလောက်ရှိမယ်။ ဒါပေမဲ့ ကျန် တဲ့ရပ်ကွက်တွေကတော့ ကျွန်တော်တို့လည်း သေချာ မသိရသေးတော့ ပြောလို့မရသေးဘူး။ လွှစင်ကုန်းနဲ့ ဆိုရင်တော့ (၃)ပုံ(၁)ပုံလောက်ရှိမယ်။ အောင်သာ ကုန်းကတော့ အဲဒီလောက်မထိသေးဘူး။ မြနန္ဒာက ေ တာ့ ထိလားမထိလားမသိဘူး။ မြို့မဘက်မှာတော့ ဟိုးတုန်းကလောင်သေးတယ်။ ဗန်းမောက်မြို့ထဲမှာလည်းလောင်သေးတယ်ဆိုတော့ တစ်ဝက်လောက်ရှိ မယ်ထင်တယ်။ ဖြစ်တာတော့ အတိအကျတော့မသိ သေးဘူး။
မေး-စဖြစ်တုန်းကလည်း ဌာနဆိုင်ရာရုံးတွေ မီးရှို့ခံ ရတာရှိတယ်နော်။
ဖြေ- ဟုတ်တယ်။ အဲဒါ ဟိုးအရင်တုန်းကလေ။ မီး လောင်တဲ့အချိန်တုန်းကလည်း ရဲစခန်းနဲ့ ဌာနဆိုင်ရာ နဲ့က တွဲထားတာလေ။ အဲဒီမှာ ဌာနတွေနဲ့ တစ်တန်း လုံးနေတာ။ အဲဒီတုန်းကလည်း အရှို့ခံရတာ။ အဲဒါ တွေနဲ့တွက်ကြည့်ရင် တစ်ဝက်လောက်ရှိမယ်။ (၅၀) ရာခိုင်နှုန်းလောက်ပေါ့။
မေး- တိုက်ပွဲဖြစ်နေတဲ့အချိန် လူငယ်တွေရဲ့ လုံခြုံမှု တွေအခြေအနေကော ဘယ်လိုရှိလဲ။ အဆွဲခံရတာ တွေရှိလား။
ဖြေ - အဲဒါတော့ရှိတာပေါ့။ ပြောမနေပါနဲ့တော့ဗျာ။ အဲဒါတော့ (၂)ဖက်လုံးရှိတယ်။ ရှိတယ်ဆိုတာက ကဒူး PDF အဖွဲ့ကလည်း ဆွဲတယ်။ မိုင်းတုံအဖွဲ့က လည်း ဆွဲတယ်။ ကျွန်တော် ဗန်းမောက်မြို့ရဲ့ အ နောက်ဘက်ခြမ်းက ကဒူးရွာတွေရှိတယ်။ အဲဒီဘက် ကဟာတွေလည်း အဆွဲခံရတာရှိတယ်။ စုစုပေါင်း အယောက် (၂၀ဝ)လောက်ရှိမယ် အဆွဲခံရတာ။
မေး - နောက်တစ်ခုက ဗန်းမောက်ကို တပ်က ပြန် ထိန်းထားနိုင်တော့မယ့်အခြေအနေတွေကြားနေရ တော့ ဗန်းမောက်ကို တပ်က ရာနှုန်းပြည့်ပြန်ထိန်းနိုင် ရင် မြို့ခံတွေပြန်ဝင်ဖို့ ဆန္ဒရှိနေကြပြီလား။ ဒေသခံ တစ်ယောက်အနေနဲ့ ပြောပြပေးပါဦး။
ဖြေ - တပ်ကသိမ်းပြီးပြီဆိုရင်တော့ ကျွန်တော်တို့က ပြန်ဝင်ဖို့ မဖြစ်မနေလုပ်ရမှာပဲ။ ဒီအတိုင်းနေလို့ မရ ဘူးလေ။ အဲဒါကို ရက်ပိုင်းလား၊ လပိုင်း အတွင်း ပြန် ထိန်းနိုင်မလားပေါ့။ ထိန်းချုပ်နိုင်တယ်ဆိုတာနဲ့ သူ တို့လက်ခံနိုင်သည်ဖြစ်စေ ကျွန်တော တို့ကတော့ ပြောရမှာပေါ့။ ချက်ချင်းလက်ခံမလား၊ လက်မခံဘူး လား။ လက်ခံရင်တော့ ဟိုဘက်ကအဖွဲ့တွေက လွတ် လွတ်လပ်လပ်နဲ့သွားလို့မရဘူးပေါ့။ အဲဒီလိုမျိုး အခက်အခဲတွေရှိတယ်။ ဒါပေမဲ့ အရပ်ဘက်အဖွဲ့တွေ အနေနဲ့ ဘယ်နေရာရောက်ရောက် ပြောသင့်တာတော့ ပြောရမှာပေါ့လေ။ နယ်မြေရှင်းလင်းပြီးပြီဆိုတာနဲ့ ပြန်ဝင်ဖို့ကတော့ ပြောရမှာပေါ့။
မေး-အရင်ကကြားမိတယ်။ တိုက်ပွဲတွေကြောင့် တစ် ရာသီလောက် သီးနှံတွေ ရိတ်သိမ်းခွင့်မရခဲ့ဘူးဆို တာလေ။ အဲဒီအကြောင်းလည်းရှင်းပြပေးပါဦး။ ဘယ် လိုအခက်အခဲတွေဖြစ်ခဲ့တာလဲ။ သက်ရောက်မှုကော ဘယ်လောက်အတိုင်းအတာအထိ ခက်ခဲခဲ့ကြလဲ။
ဖြေ - မရိတ်ရဘူးဆိုတာက စက်တောရွာကတော့ ဗန်းမောက်မြို့နဲ့ နည်းနည်းနီးတယ်ဆိုတော့ တချို့ သွားရိတ်ရတယ်။ ကျန်တဲ့ရွာတွေကတော့ မရိတ်ရ ဘူး။ ကျွန်တော်တို့ရွာလည်း မရိတ်ရဘူး။ အကုန်အရှုံး ပေါ်ကုန်တာပေါ့။ ရွာပေါင်း (၄) (၅) ရွာလောက်ရှိမယ်။ အခြား ှဗြ ခေါ်သွားတဲ့(၃) (၄) ရွာကတော့ ပြန် လာရိတ်ရတယ်။ စက်တောရွာကတော့ အစပ်နားက လယ်တွေလောက်ပဲရိတ်ရတယ်။ ကျန်တဲ့ဟာတွေက တော့ မရိတ်ရဘူး။
မေး - ဒါဆို ပြန်ထူထောင်ရေးမှာတော်တော်ရုန်းကန် ရမယ်နော်။
ဖြေ - စားဖို့သောက်ဖို့တောင်မရှိဘူး။ ဆန်ကလည်း မိုးရာသီပြီးတောင် စပါးက တန်းထွက်တာမဟုတ်ဘူး လေ။ အခုအချိန်က စပါးကသိုလှောင်ထားတဲ့ဟာက မရှိကြတော့ဘူး။ ရွာထဲပြန်ဝင်ရင်တောင် ဘယ်လိုနေ ရမလဲမသိဘူး။ လမ်းတွေကလည်း အကုန်ဖြတ် တောက်ထားတယ်။ ဘယ်လိုမှထွက်လို့မရဘူး။ အဲဒီ လိုမျိုးဖြစ်တယ်။ ဖြစ်နိုင်ရင်တော့ ဗန်းမောက်မြို့ကို ပြန်ထိန်းပြီးရင် ရွာသားတွေကို ပြန်ခေါ်ဝင်မယ်။ ပြီး ရင် ဒီအတိုင်းဆိုရင်လည်း အဆင်မပြေဘူး။ ဘယ်လို လုပ်ရမလဲဆိုရင် အထောက်အပံ့တွေပေးရင်တော့ အဆင်ပြေမယ်။ တစ်ရာသီစာပေါ့။ အထောက်အပံ့ ပေး။ နောက်ကျရင်ကျောင်းတွေလည်း ပြန်ဖွင့်ပေါ့။ ဒါကတော့ လုံးဝကြိုဆိုရမယ့်ဟာပေါ့။ အများကြီး မတောင်းဆိုပါဘူး။ (၂) လ (၃) စာလောက်ထောက်ပံ့ ပေး။ ကလေးတွေဆိုရင်လည်း ကျောင်းတွေပြန်ဖွင့် ပေးပေါ့။ အဲဒီလောက်ပဲပေါ့။ ကလေးတွေကလည်း ကျောင်းမနေရတာလည်းကြာလှပြီလေ။
မေး - ပြန်လည်ထူထောင်ရေးကတော့ တော်တော် လုပ်ယူရမယ်ထင်လား။
ဖြေ - ကံကောင်းတာတစ်ခုက ရွာထဲက အိမ်တွေက ပစ္စည်းတွေယူသွားတာပဲရှိတယ်။ ရွာတွေက မီးရှို့မခံ ရဘူး။ အဲဒါတော့ ကံကောင်းတယ်ပေါ့။ အိမ်တွေရှိ သေးတယ်။ ရွာမပျက်သေးဘူးဆိုရင် အဲဒီလောက် မခက်သေးဘူး။ နောက်ပြီး နယ်မြေမှာ တိုက်ပွဲပြန် မဖြစ်ဘူးဆိုရင်တော့ ကျွန်တော်တို့က ပုံမှန်တိုင်းပြန် လည်ပတ်တော့မှာပေါ့။ စိုက်ပျိုးရေးပြန်လုပ်မယ်။ အဲဒီလိုဆိုရင် အလုပ်တွေ အခက်အခဲမရှိတော့ဘူး။ နောက်ပြီး အဲဒီကနေ(၁၀)လလောက်နေရင် လယ် ယာလုပ်ငန်းခွင် စကြတော့မှာလေ။ အဲဒီတော့ မေလ လောက်အထိ ထောက်ပံ့ကြေးပေးနိုင်ရင်၊ စားဖို့ သောက်ဖို့ထောက်ပံ့ပေးနိုင်ရင် ကျန်တာ သူ့ဘာသာ သူဖြစ်သွားလိမ့်မယ်ထင်တယ်။ ထူထောင်ရေးက တော့ခက်ခဲမှာပဲလေ။ ဒါပေမဲ့ အဲဒီလောက်အထိ ကျွန်တော်တို့မပူဘူး။ ပြီးရင် ကျွန်တော်တို့အဓိက လို အပ်တာက နယ်မြေကို လုံးဝတည်ငြိမ်အောင်ထိန်းဖို့ လိုတယ်။ ကလေးတွေအတွက် စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့လိုတယ်။ အဲဒီ (၂) ချက်ပဲ အဆင်ပြေအောင် လုပ်ပေးဖို့လိုတယ်။
မေး - PDF တွေခေါ်သွားတဲ့ဒေသခံတွေ တော် တော်ခက်ခဲခဲ့တယ်လို့ပြောကြတယ်။ အဲဒီဘက်က အခြေအနေလည်း ရှင်းပြပါဦး။
ဖြေ - အခုအချိန်ကတော့ ကျွန်တော်တို့လည်း မ ထောက်ပံ့နိုင်တော့ဘူး။ အရင်ကတော့ အလှူရှင်တွေ ရှိတယ်။ နောက်ပိုင်းတော့ ဘယ်သူမှလည်း အကြာ ကြီး ကူညီမပေးနိုင်ဘူးလေ။ အဲဒီတော့ မရှိတော့ အရင်ကတော့ ကျွန်တော်တို့အဆင်ပြေတယ်။ အများ ကြီးမဟုတ်တောင် ကျွန်တော်တို့ အလှူခံလို့ရတဲ့အရာ လေးတွေနဲ့ ပိုက်ဆံမရရင်တောင် တခြားရွာတွေက အလှူခံလို့ရတဲ့စောင်လေးတွေနဲ့အများကြီးပဲ။ တချို့ ဆိုအဆင်ပြေတာပေါ့။ ဆန်ဆိုရင်လည်း အလှူခံ တယ်။ အစပိုင်း (၂)လ (၃)လလောက်ကတော့ အဆင်ပြေတယ်။ နောက်ပိုင်းကျတော့ ပြီးခဲ့တဲ့ (၁)လ (၂) လလောက်မှာမရတော့ဘူး။ အလှူခံလို့လည်း (၄) (၅)သိန်းတောင်မရတော့ဘူး။ အဲဒီလိုဆိုတော့ စစ်ရှောင်တွေကလည်း သူတို့မှာရှိတဲ့ ပါလာတဲ့ပစ္စည်း တွေ ပေါင်နှံရောင်းချပြီးနေကြရတာပေါ့။ တချို့က လည်း ပတ်ဝန်းကျင်မှာရှိတဲ့အလုပ်လေးတွေ ဝင်လုပ် ရတာပေါ့။ အဲဒီလိုတွေလုပ်ပြီးနေကြရတာပေါ့။ ကျွန် တော်တို့လည်း ဘယ်လိုမှအဆင်မပြေဘူး။ အလှူငွေ ကလည်း တစ်လ (၅)သိန်းတောင်မရတော့ဘူး။ အဲဒီ တော့ အဓိကတော့ တွေးတောင်မတွေးရဲဘူး။ အဲဒီမှာ ကျွန်တော်တို့ရတဲ့ (၅)သိန်းကိုလွှဲပေးတယ်။ အဲဒီ လောက်ပဲကူညီပေးနိုင်တော့တယ်။ တော်တော်များ များကတော့ ကိုယ့်ဆီမှာပါတဲ့ပစ္စည်းတွေ ပေါင်နှံ ရောင်းချနေရတာပေါ့။ ပြီးတော့ ဈေးနှုန်းကလည်း တအားများတယ်။ ဒီဘက်မှာ ဆီတစ်ဘူး (၆၀ဝဝ) (၇၀ဝဝ) ဆိုရင် အဲဒီမှာ (၁၅၀ဝဝ)ကျော်လောက်ရှိ တယ်။ တချို့ပစ္စည်းတွေဆိုရင် (၂) ဆ၊ (၃) ဆ လောက်ကွာတယ်။ အဲဒီတော့ ငွေ(၁)သိန်း (၂)သိန်း ဆိုတာ ဘာမှ အသုံးမဝင်ဘူးဖြစ်နေတာ။
မေး - နောက်ဆုံးအနေနဲ့ တိုက်ပွဲကြောင့်ပျက်စီး သွားခဲ့တဲ့ ဗန်းမောက်မြို့အခြေအနေပေါ် ဒေသခံတွေ စိတ်ထဲက ခံစားချက်တွေဘယ်လိုရှိလဲ။ ဒေသခံတစ် ယောက်အနေနဲ့ ဘယ်လိုခံစားရလဲခင်ဗျ။
ဖြေ - ကျွန်တော်တို့ကတော့ အေးအေးချမ်းချမ်းနေ ချင်တာပေါ့လေ။ အဲဒီတော့ ပြန်ထိန်းချုပ်နိုင်ရင် အဓိ ကတော့ ကလေးတွေအတွက် စာသင်ကျောင်းတွေ ပြန်ဖွင့်စေချင်တယ်။ ကိုယ့်ရပ်ကိုယ့်ရွာလေးမှာနေပြီး တော့ စိုက်ပျိုးရေးပြန်လုပ်ချင်တယ်။ ပြီးရင် ကျောင်း တွေပြန်ဖွင့်ပေးချင်တယ်။ ပြီးရင် ရှမ်းနီ၊ ကဒူး၊ ကနန်း၊ ဗမာတွေကြားထဲမှာ အမြင်ကွဲတာတို့ မုန်းတာတို့ မရှိ ဘဲနဲ့ အရင်ကလို ငြိမ်းငြိမ်းချမ်းချမ်းလေးပဲ ချစ်ချစ် ခင်ခင်ပြန်နေချင်တယ်။ ကျန်တာတော့သိပ်မရှိပါဘူး။ နောက်တစ်ခါ စစ်ပွဲ၊ တိုက်ပွဲကိုတော့ လုံးဝမလိုချင် တော့ပါဘူး။ မဖြစ်ချင်တော့ပါဘူး။
ဟုတ်ကဲ့။ ။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါ တယ်။

Zawgyi Version:
ဗန္းေမာက္ေဒသခံမ်ား၏ ေသာကႏွင့္ ဆႏၵ
(အင္တာဗ်ဴး)
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီလ ၁၂
ဗန္းေမာက္ေဒသခံမ်ား၏ ေသာကႏွင့္ ဆႏၵစစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္းရွိ ဗန္းေမာက္ၿမိဳ႕သည္ ယခင္က လူမ်ိဳးစု(၄)စုျဖစ္ေသာ တိုင္းလွ်မ္(ေခၚ)ရွမ္းနီလူမ်ိဳး၊ ကနန္းလူမ်ိဳး၊ ကဒူးလူမ်ိဳးႏွင့္ ဗမာ လူမ်ိဳးမ်ားျဖင့္ ေအးခ်မ္းစြာေနထိုင္ခဲ့ေသာ ေဒသတစ္ခုျဖစ္ခဲ့သည္။ (၂၀၂၁) ခုႏွစ္ ႏိုင္ငံေရးျဖစ္စဥ္အေျပာင္းအလဲႏွင့္အတူ (၂၀၂၅) ခုႏွစ္ စက္တင္ဘာလတြင္ KIA ႏွင့္ နယ္ေျမတြင္းလႈပ္ရွားေသာ PDF အဖြဲ႕တို႔၏ တိုက္ပြဲေဖာ္ေဆာင္မႈကိုခံခဲ့ရၿပီး ၿမိဳ႕၏ (၅၀)ရာခိုင္ႏႈန္းလည္းပ်က္စီးခဲ့ရသည္။ ထို႔ျပင္ ေနရပ္စြန႔္ခြာသူမ်ားစြာ ရွိခဲ့ၿပီး အခက္အခဲမ်ားစြာျဖင့္ရွင္သန္ေနထိုင္ခဲ့ရသည္မွာ (၅)လတိုင္တိုင္ရွိလာေသာအခါ ဗန္းေမာက္ၿမိဳ႕၏ (၇၀) ရာခိုင္ႏႈန္းေက်ာ္ကို တပ္မေတာ္က ျပန္လည္ထိန္း ခ်ဳပ္ထားႏိုင္ခ်ိန္တြင္ ေဒသခံတို႔အတြက္ ၎တို႔၏ေနရပ္သို႔ ျပန္လည္အေျခခ်ရန္ဆႏၵမ်ားလည္း တစ္ဖန္ျပင္းျပလာခဲ့ရသည္။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ ဗန္းေမာက္ေဒသခံစစ္ေဘးေရွာင္တစ္ဦးထံ NP News က ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး- ဗန္းေမာက္ၿမိဳ႕ရဲ႕ လက္ရွိအေျခအေနေလး အရင္ဆုံးေျပာျပေပးပါဦး။
ေျဖ- အခက္အခဲေတြေပါင္းစုံနဲ႔ပါဗ်ာ။ ႏိုင္ငံေရးမျဖစ္ ခင္တုန္းကေတာ့ ကြၽန္ေတာ္တို႔နဲ႔ ရွမ္းနီနဲ႔ၾကားထဲမွာ အဲဒီေလာက္အထိ ပဋိပကၡေတြမျဖစ္ၾကဘူးေပါ့။ ႏိုင္ငံေရးျဖစ္ၿပီးေနာက္ပိုင္းမွာ ကြၽန္ေတာ္တို႔လူမ်ိဳးစု ေတြၾကားမွာ ပဋိပကၡေလးေတြျဖစ္လာတာေပါ့။ လူမ်ိဳး (၂)စုျဖစ္တဲ့ ရွမ္းနီနဲ႔ကဒူးၾကားထဲမွာ ပြတ္တိုက္မႈေလး ေတြရွိလာတာေပါ့။ ဗန္းေမာက္မွာေနၾကတာက ရွမ္းနီ ရယ္၊ ကဒူးရယ္၊ ကနန္းရယ္၊ ဗမာရယ္ေပါ့။ ကနန္း ေတြကေတာ့ သူတို႔႐ြာနဲ႔ တစုတစည္းတည္းေနတဲ့ေန ရာျဖစ္တဲ့အတြက္ ျပႆနာေတာ့မရွိဘူး။ ရွမ္းနီနဲ႔ ကဒူးနဲ႔ကေတာ့ ဟိုဘက္႐ြာနဲ႔ ဒီဘက္႐ြာ ေရာၿပီးေနၾက တာေလ။ အဲဒီေတာ့ ရွမ္းနီနဲ႔ေရာၿပီးေနေတာ့ အဲဒီ အေျခအေနမွာ ႏိုင္ငံေရးအေျပာင္းအလဲၾကားထဲမွာ ကဒူးေတြၾကားထဲမွာလည္း လက္နက္ကိုင္ေတြရွိတာ ကိုး။ အဲဒီလိုၾကားထဲမွာ ပဋိပကၡေလးေတြျဖစ္လာ တယ္။ လက္နက္ကိုင္ပဋိအကၡေတြျဖစ္တဲ့အခါက် ေတာ့ သာမန္အရပ္သားေတြက ၾကားထဲမွာခံရတာ ေပါ့။ အဲဒါကအဓိကေပါ့။ က်န္တာေတာ့ စစ္ပြဲျဖစ္ တယ္၊ ေျပးရတယ္၊ လႊားရတယ္ အဲဒီလိုေပါ့။ ကြၽန္ ေတာ္တို႔ကဒူးေတြသြားေရွာင္ေနတဲ့ေနရာကလည္း ရွမ္းနီေတြေနရာပဲ။ ရွမ္းနီထဲမွာလည္း ႏိုင္ငံေရးထဲမွာ ရွိတဲ့လူေတြလည္းရွိတယ္။ SNA မွာလည္း ရွမ္းနီရွိ တယ္။ အဲဒီေတာ့ အခုလို စစ္ျဖစ္တဲ့အခါက်ေတာ့ ကဒူး႐ြာေတြထြက္ေျပးရတယ္။ ေျပးရရင္လည္း ရွမ္းနီ ႐ြာဘက္ေျပးရတယ္။ ရွမ္းနီေတြေနတဲ့ေနရာကလည္း PDF ေတြရွိတယ္။ အဲဒီေတာ့ သူတို႔ေခၚတဲ့ေနရာကို လိုက္သြားရတာ။ အဲဒါကိုမွ SNA ကလည္း မင္းတို႔က PDF ကိုအားေပးတယ္လို႔ျမင္လာၾကတာ။ အဲဒီလိုမ်ိဳး ေတြလည္းေျပာခံရတာရွိတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ တို႔ လက္ရွိအခက္အခဲက PDF ေတြကလည္း ကိုယ့္ ရပ္ကိုယ့္႐ြာျပန္ဖို႔အတြက္ သိပ္ၿပီး ခြင့္မျပဳခ်င္တဲ့ပုံ ရွိတယ္။ ေနာက္ၿပီး လက္ရွိသိမ္းထားတဲ့ရွမ္းနီေတြက လည္း ျပန္လာခြင့္မေပးေသးဘူး။ အဲဒီလိုအေျခအေန ေပါ့ အခက္အခဲကေတာ့။
ေမး- ဗန္းေမာက္ၿမိဳ႕က အရင္က ဘယ္လိုၿမိဳ႕လဲခင္ဗ်။
ေျဖ-စီးပြားေရးကေတာ့ ကြၽန္ေတာ္တို႔ၿမိဳ႕က ႀကီးႀကီး မားမားမရွိဘူး။ ႀကီးႀကီးမားမားမရွိဘူးဆိုတာက စိုက္ ပ်ိဳးေရးကိုအေျခခံတာကိုး။ စိုက္ပ်ိဳးေရးရွိတယ္။ ေဆာင္းရာသီဆိုရင္ ယာခင္းရွိတယ္။ ေႏြရာသီနဲ႔ က်န္ တဲ့အခ်ိန္ဆိုရင္ေတာ့ ေ႐ႊတူးတဲ့လုပ္ငန္းရွိတယ္။ အဲဒါ လည္း အမ်ားႀကီးမဟုတ္ဘူး။ တစ္ႏိုင္တစ္ပိုင္ေလး ေတြေပါ့။ အဓိက စီးပြားေရးလုပ္ငန္းကေတာ့ စပါး စိုက္ပ်ိဳးေရးကိုလုပ္တယ္။ စပါးစိုက္ပ်ိဳးၿပီး က်န္တဲ့ အခ်ိန္မွာ ေ႐ြးတူးတယ္။ က်န္တဲ့ကုန္သြယ္ေရး ဘာ ညာက စီးပြားျဖစ္မရွိဘူး။ လမ္းပန္းဆက္သြယ္ေရးက လည္း အဲဒီေလာက္ေကာင္းတဲ့ေနရာမရွိပါဘူး။ ဗ်ဴဟာအရလည္း အဲဒီေလာက္အေရးပါတာ မဟုတ္ ပါဘူး။ ကြၽန္ေတာ့္အျမင္အရေပါ့ေနာ္။ ရွမ္းျပည္နယ္၊ စစ္ကိုင္းတိုင္းနဲ႔ ကခ်င္ျပည္နယ္ အစပ္မို႔လို႔ တအား ဗ်ဴဟာက်တဲ့ေနရာမဟုတ္ဘူး။ တကယ္ဗ်ဴဟာက်တဲ့ ေနရာက အင္းေတာ္ပဲက်တယ္။ အင္းေတာ္က တ ကယ့္အစပ္မွာေရာက္ေနတာ။ ၿပီးေတာ့ ကားလမ္း လည္းေပါက္တယ္၊ ရထားလမ္းလည္း ေပါက္တယ္။ ေနာက္ၿပီး ကခ်င္ျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းတို႔ရဲ႕ ၾကား ထဲမွာလည္းျဖစ္တယ္။ ကိုယ္ပိုင္ဝင္ေငြရွိတယ္။ အဲဒီ ေတာ့ တကယ္ဗ်ဴဟာက်တာက အင္းေတာ္။ ဗန္း ေမာက္ကိုလည္း အင္းေတာ္ကေနမွဝင္ရတာ။ ဗန္း ေမာက္က အဲဒီေလာက္ဗ်ဴဟာက်တဲ့ေနရာေတာ့ မဟုတ္ဘူး။
ေမး-ဗန္းေမာက္ကို (၂၀၂၅) စက္တင္ဘာမွာ စၿပီးKIA ၊ PDF ကတိုက္ခဲ့တယ္လို႔သိရတယ္။ အဲဒီက ေန လက္ရွိအခ်ိန္ထိ စစ္ေဘးေရွာင္ရတဲ့ေဒသခံေတြ မ်ားတယ္ဆိုေတာ့ အဲဒီစစ္ေဘးေရွာင္ခဲ့ရတဲ့အခ်ိန္က ေန လက္ရွိအခ်ိန္အထိအခက္အခဲေတြကိုလည္း ေျပာျပေပးပါဦး။
ေျဖ- စက္တင္ဘာမွာ စျဖစ္ၿပီးေတာ့ လကုန္ေလာက္ မွာပဲ တစ္နယ္လုံးထြက္ေျပးရတယ္။ ထြက္ေျပးရတဲ့ အခ်ိန္မွာလည္း အဲဒီမွာ မိုးကမကုန္ေသးဘူး။ မိုးက မကုန္ေသးေတာ့ ေျပးရရင္ လမ္းကလည္း မေကာင္း ဘူး။ ကတၱရာလမ္းမဟုတ္ဘဲနဲ႔ ေျမနီလမ္း။ အဲဒီမွာ ထြက္ေျပးရတဲ့အခါမွာေတာ့ အဆင္မေျပဘူး။ တစ္႐ြာ တည္းလည္းမဟုတ္ဘူး အကုန္လုံး။ အထုပ္ႀကီးေတြ ကိုယ္စီပိုက္ၿပီးေတာ့ တခ်ိဳ႕ဆိုရင္ မထမ္းႏိုင္ေတာ့လို႔ ေတာင္ေပၚလမ္းေတြဆိုေတာ့ ဖ်ာေတြခင္းၿပီးေတာ့ ေတာင္ေပၚကေန ဆြဲခ်ရတဲ့အထိျဖစ္ခဲ့တယ္။ ေတာ္ ေတာ္ေလးကို အခက္အခဲျဖစ္ခဲ့တယ္။ ႐ြာမွာ ဆက္ေန ေနတဲ့လူေတြကလည္း ႐ြာမွာေနလို႔မရလို႔ ေတာလမ္း မွာ ကေလးေမြးၿပီး ဒုကၡေရာက္တာေတြလည္း ကြၽန္ ေတာ္တို႔ ၾကားရတယ္။ ေနာက္ပိုင္းက်ေတာ့ အဲဒီနယ္ ေတြကို ရွမ္းနီကထိန္းထားတယ္။ ထြက္ေျပးရတဲ့အခါ မွာ ဟိုဘက္ဒီဘက္ၾကားညပ္ၿပီး ဒုကၡေရာက္တာေတြ လည္းရွိတယ္။ အဆိုးဆုံးကေတာ့ ႐ြာထဲကအိမ္ေတြ အေဖာက္ခံရတယ္။ ဘယ္အဖြဲ႕ကလည္းမသိဘူး။ ေဖာက္ၿပီးသယ္ၾကတာ။ ႐ြာထဲကအိမ္တိုင္းမွာလည္း ပစၥည္းေတြမရွိေတာ့ဘူးလို႔လည္း ၾကားမိတယ္။ ပစၥည္းေတြကုန္ၿပီ။ ကြၽန္ေတာ့္႐ြာဆိုရင္လည္း လိုင္း ေပၚတက္မလာတာပဲရွိတယ္။ မီးရႈိ႕ခံရတယ္။ တစ္႐ြာ လုံးေတာ့ မေလာင္ဘူးေပါ့ေလ။ ဒါေပမဲ့လည္း သိပ္ၿပီး မေျပာေတာ့ပါဘူး။ အခက္အခဲေတြကေတာ့အမ်ား ႀကီးပဲ။ က်န္တာကေတာ့ မေျပာတာပဲေကာင္းပါတယ္။
ေမး-ဗန္းေမာက္မွာက လူမ်ိဳး(၄)မ်ိဳးရွိေတာ့ အဲဒီမွာ တိုက္ပြဲျဖစ္ေတာ့ ဘယ္လိုစစ္ေဘးေရွာင္ၾကတာလဲ။ အတူတူသြားၾကတာလား။
ေျဖ- စစ္မျဖစ္ခင္တည္းက ကြၽန္ေတာ္တို႔ဘက္က ႐ြာေတြကို PDF ေတြသိမ္းထားတာ။ တပ္က ဗန္း ေမာက္ၿမိဳ႕ ကြက္ကြက္ေလးပဲရွိတာ။ ဗန္းေမာက္ၿမိဳ႕ ေပၚကြက္ကြက္ေလးပဲထိန္းထားတာ။ ဗန္းေမာက္ၿမိဳ႕ ပတ္ပတ္လည္မွာက PDF နယ္ေျမ။ ဗန္းေမာက္ၿမိဳ႕အ ေနာက္ဘက္ ေၾကာင္လည္တို႔ဘာတို႔ဘက္မွာ ဟို ဘက္မွာ ရွမ္းနယ္စပ္မွာလည္း PDF ကထိန္းထား တယ္။ ဟုမၼလင္းဘက္နဲ႔ ဗန္းေမာက္အနားပဲ ွျဗ ကထိန္းထားတာ။ ဗန္းေမာက္ၿမိဳ႕ရဲ႕ အေရွ႕-ေတာင္၊ အေနာက္-ေျမာက္ အဲဒီဘက္မွာကလည္း PDF ေတြ ထိန္းထားတယ္။ ဗန္းေမာက္ၿမိဳ႕ကြက္ကြက္ေလးပဲ တပ္ကထိုင္ထားတယ္။ ကြၽန္ေတာ္တို႔႐ြာကလည္း (၂၀၂၂)ကတည္းက PDF ေတြေအာက္မွာရွိတာ အခုထိလည္းရွိေနတုန္းပဲ။ တိုက္ပြဲျဖစ္တဲ့အခ်ိန္က် ေတာ့ ကြၽန္ေတာ္တို႔ဘက္က႐ြာသားေတြကို သူတို႔နယ္ ေျမထဲကိုေခၚသြားတာ။ အကုန္ေခၚသြားၿပီးေတာ့ အခု လက္ရွိ ကဒူးလူမ်ိဳးေတြလည္း PDF နယ္ေျမထဲကိုေရာက္ေနတဲ့လူေတြကလည္းရွိပါတယ္။ အဲဒီမွာက အခက္အခဲျဖစ္တာက ျပန္လို႔ရေတာ့လည္း ျပန္မလႊတ္ ခ်င္ဘူး။ လႊတ္ရင္လည္း SNA ကလည္း ျပန္လာရင္ သူတို႔တာဝန္ယူရမွာဆိုေတာ့ အလုပ္ရႈပ္ခံရမွာစိုးလို႔ ျပန္လာပါလို႔ အခုအခ်ိန္အထိမေျပာဘူး။ အဲဒီလိုမ်ိဳး ျဖစ္ေနတယ္။
ေမး-ၾကားထဲညပ္ေနတာေပါ့။
ေျဖ-ဟုတ္တယ္။ ေျပးတုန္းကလည္း ေျခဦးတည့္ရာ ေျပးရတာေပါ့။ သူတို႔ေခၚတဲ့ေနရာသြားရတာပဲ။ က်န္ ခဲ့တဲ့႐ြာေတြလည္းရွိတယ္။ ဥပမာ စက္ေတာမွာဆိုရင္ စက္ေတာဆရာေတာ္ႀကီးက ကြၽန္ေတာ္တို႔ဆရာေတာ္ ႀကီး သက္ေတာ္အႀကီးဆုံး။ သက္ေတာ္ (၁၀ဝ)ေက်ာ္ ရွိၿပီထင္တယ္။ အဲဒီမွာ ဦးေဆာင္ၿပီးေနခဲ့တာထင္ တယ္။ အဲဒီမွာ လူဦးေရ (၁၀ဝ)ေလာက္ရွိမယ္။ စက္ ေတာ႐ြာဆိုတာ ကဒူး႐ြာထဲမွာအႀကီးဆုံး။ အဲဒီမွာ ဘုန္းႀကီးေက်ာင္းမွာ ဆရာေတာ္ႀကီးဦးေဆာင္ၿပီး ေန ေနတဲ့လူဦးေရ အေယာက္ (၁၀ဝ)ေတာ့ရွိတယ္။ အခု အခ်ိန္အထိရွိတယ္ အဲဒီမွာ။ သူတို႔ကေတာ့ အႏၲရာယ္ ကင္းပါတယ္။
ေမး-တစ္ၿမိဳ႕လုံး တစ္နယ္လုံးအတိုင္းအတာနဲ႔ အ ကုန္လုံးေျပာင္းၾကတဲ့သေဘာလား။
ေျဖ-အကုန္ေျပာင္းၾကရတာ။ ဗန္းေမာက္ၿမိဳ႕ေပၚက တပ္နဲ႔ SNA ရွိတယ္ေလ။ အဲဒီေတာ့ ဗန္းေမာက္ၿမိဳ႕ ေပၚကလူေတြကိုေတာ့ SNA နယ္ေျမထဲ ေခၚသြား တယ္။ အဲဒီလိုမ်ိဳး။ အဲဒီ ဗန္းေမာက္ၿမိဳ႕ေပၚက ဆရာ၊ ဆရာမေတြေရာ ဝန္ထမ္းေတြေရာ အကုန္လုံးေတာ္ ေတာ္မ်ားမ်ားက အခု SNA နယ္ေျမထဲမွာရွိတယ္။ PDF နယ္ေျမထဲကလူေတြကိုေတာ့ PDF ေတြက ေခၚထားတယ္။ အဲဒီေတာ့ ဗန္းေမာက္ၿမိဳ႕ခံေတာ္ ေတာ္မ်ားမ်ားက SNA နယ္ေျမထဲမွာ။ တခ်ိဳ႕က်ေတာ့ လည္း SNA နယ္ေျမထဲေရာက္ၿပီး ျပန္ထြက္လာ တဲ့လူေတြကလည္းရွိတယ္။ အမ်ားစုကေတာ့ SNA နယ္ေျမထဲမွာ။
ေမး-အခုဆိုရင္ ဗန္းေမာက္ၿမိဳ႕တိုက္ပြဲက (၅)လ ေက်ာ္ၿပီေပါ့ေနာ္။ အဲဒီမွာ နယ္ေျမအေျခအေနအရ ဘယ္ကအသာစီးရေနလဲ။ အစ္ကို ဘယ္လိုမ်ိဳးၾကား ထားမိသလဲ။
ေျဖ- ဗန္းေမာက္ၿမိဳ႕ကေတာ့ ကြၽန္ေတာ္တို႔သိရသ ေလာက္ကေတာ့ ဗန္းေမာက္ၿမိဳ႕အလယ္ကန္႐ြာဘက္ ကလာလို႔ရွိရင္ ဗန္းေမာက္ၿမိဳ႕အဝင္ရွိတယ္။ အဲဒီက လာရင္ လႊစင္ကုန္းေတြ႕ရမွာေပါ့။ အဲဒီမွာ ၿမိဳ႕မနဲ႔ လႊ စင္ကုန္းရပ္ကြက္ၾကားထဲက အိမ္တန္းေတြအကုန္လုံး မီးေလာင္သြားတယ္လို႔ၾကားမိတယ္။ သတင္းတက္ လာတဲ့ပုံေတြအရေပါ့။ အဲဒီကေတာ့ အကုန္လုံးေလာင္ သြားတယ္။ ေနာက္ၿပီးေတာ့ ဗန္းေမာက္ၿမိဳ႕မ ဘုန္း ႀကီးေက်ာင္းလည္းေလာင္သြားတယ္။ အဲဒီမွာ လႊစင္ ကုန္းရပ္ကြက္အထြက္အထိကို အကုန္လုံးေလာင္ သြားတယ္လို႔သိရတယ္။
ေမး-ေတာ္ေတာ္ပ်က္စီးသြားမွာေပါ့။ တစ္ၿမိဳ႕လုံး ဘယ္ေလာက္အတိုင္းအတာအထိ ပ်က္စီးသြားလဲ ခင္ဗ်။
ေျဖ- ေတာ္ေတာ္ပ်က္စီးသြားတယ္။ အတိအက်ေတာ့ မသိေပမယ့္ (၃)ပုံ(၁)ပုံေလာက္ရွိမယ္။ ဒါေပမဲ့ က်န္ တဲ့ရပ္ကြက္ေတြကေတာ့ ကြၽန္ေတာ္တို႔လည္း ေသခ်ာ မသိရေသးေတာ့ ေျပာလို႔မရေသးဘူး။ လႊစင္ကုန္းနဲ႔ ဆိုရင္ေတာ့ (၃)ပုံ(၁)ပုံေလာက္ရွိမယ္။ ေအာင္သာ ကုန္းကေတာ့ အဲဒီေလာက္မထိေသးဘူး။ ျမနႏၵာက ေ တာ့ ထိလားမထိလားမသိဘူး။ ၿမိဳ႕မဘက္မွာေတာ့ ဟိုးတုန္းကေလာင္ေသးတယ္။ ဗန္းေမာက္ၿမိဳ႕ထဲမွာလည္းေလာင္ေသးတယ္ဆိုေတာ့ တစ္ဝက္ေလာက္ရွိ မယ္ထင္တယ္။ ျဖစ္တာေတာ့ အတိအက်ေတာ့မသိ ေသးဘူး။
ေမး-စျဖစ္တုန္းကလည္း ဌာနဆိုင္ရာ႐ုံးေတြ မီးရႈိ႕ခံ ရတာရွိတယ္ေနာ္။
ေျဖ- ဟုတ္တယ္။ အဲဒါ ဟိုးအရင္တုန္းကေလ။ မီး ေလာင္တဲ့အခ်ိန္တုန္းကလည္း ရဲစခန္းနဲ႔ ဌာနဆိုင္ရာ နဲ႔က တြဲထားတာေလ။ အဲဒီမွာ ဌာနေတြနဲ႔ တစ္တန္း လုံးေနတာ။ အဲဒီတုန္းကလည္း အရႈိ႕ခံရတာ။ အဲဒါ ေတြနဲ႔တြက္ၾကည့္ရင္ တစ္ဝက္ေလာက္ရွိမယ္။ (၅၀) ရာခိုင္ႏႈန္းေလာက္ေပါ့။
ေမး- တိုက္ပြဲျဖစ္ေနတဲ့အခ်ိန္ လူငယ္ေတြရဲ႕ လုံၿခဳံမႈ ေတြအေျခအေနေကာ ဘယ္လိုရွိလဲ။ အဆြဲခံရတာ ေတြရွိလား။
ေျဖ - အဲဒါေတာ့ရွိတာေပါ့။ ေျပာမေနပါနဲ႔ေတာ့ဗ်ာ။ အဲဒါေတာ့ (၂)ဖက္လုံးရွိတယ္။ ရွိတယ္ဆိုတာက ကဒူး PDF အဖြဲ႕ကလည္း ဆြဲတယ္။ မိုင္းတုံအဖြဲ႕က လည္း ဆြဲတယ္။ ကြၽန္ေတာ္ ဗန္းေမာက္ၿမိဳ႕ရဲ႕ အ ေနာက္ဘက္ျခမ္းက ကဒူး႐ြာေတြရွိတယ္။ အဲဒီဘက္ ကဟာေတြလည္း အဆြဲခံရတာရွိတယ္။ စုစုေပါင္း အေယာက္ (၂၀ဝ)ေလာက္ရွိမယ္ အဆြဲခံရတာ။
ေမး - ေနာက္တစ္ခုက ဗန္းေမာက္ကို တပ္က ျပန္ ထိန္းထားႏိုင္ေတာ့မယ့္အေျခအေနေတြၾကားေနရ ေတာ့ ဗန္းေမာက္ကို တပ္က ရာႏႈန္းျပည့္ျပန္ထိန္းႏိုင္ ရင္ ၿမိဳ႕ခံေတြျပန္ဝင္ဖို႔ ဆႏၵရွိေနၾကၿပီလား။ ေဒသခံ တစ္ေယာက္အေနနဲ႔ ေျပာျပေပးပါဦး။
ေျဖ - တပ္ကသိမ္းၿပီးၿပီဆိုရင္ေတာ့ ကြၽန္ေတာ္တို႔က ျပန္ဝင္ဖို႔ မျဖစ္မေနလုပ္ရမွာပဲ။ ဒီအတိုင္းေနလို႔ မရ ဘူးေလ။ အဲဒါကို ရက္ပိုင္းလား၊ လပိုင္း အတြင္း ျပန္ ထိန္းႏိုင္မလားေပါ့။ ထိန္းခ်ဳပ္ႏိုင္တယ္ဆိုတာနဲ႔ သူ တို႔လက္ခံႏိုင္သည္ျဖစ္ေစ ကြၽန္ေတာ တို႔ကေတာ့ ေျပာရမွာေပါ့။ ခ်က္ခ်င္းလက္ခံမလား၊ လက္မခံဘူး လား။ လက္ခံရင္ေတာ့ ဟိုဘက္ကအဖြဲ႕ေတြက လြတ္ လြတ္လပ္လပ္နဲ႔သြားလို႔မရဘူးေပါ့။ အဲဒီလိုမ်ိဳး အခက္အခဲေတြရွိတယ္။ ဒါေပမဲ့ အရပ္ဘက္အဖြဲ႕ေတြ အေနနဲ႔ ဘယ္ေနရာေရာက္ေရာက္ ေျပာသင့္တာေတာ့ ေျပာရမွာေပါ့ေလ။ နယ္ေျမရွင္းလင္းၿပီးၿပီဆိုတာနဲ႔ ျပန္ဝင္ဖို႔ကေတာ့ ေျပာရမွာေပါ့။
ေမး-အရင္ကၾကားမိတယ္။ တိုက္ပြဲေတြေၾကာင့္ တစ္ ရာသီေလာက္ သီးႏွံေတြ ရိတ္သိမ္းခြင့္မရခဲ့ဘူးဆို တာေလ။ အဲဒီအေၾကာင္းလည္းရွင္းျပေပးပါဦး။ ဘယ္ လိုအခက္အခဲေတြျဖစ္ခဲ့တာလဲ။ သက္ေရာက္မႈေကာ ဘယ္ေလာက္အတိုင္းအတာအထိ ခက္ခဲခဲ့ၾကလဲ။
ေျဖ - မရိတ္ရဘူးဆိုတာက စက္ေတာ႐ြာကေတာ့ ဗန္းေမာက္ၿမိဳ႕နဲ႔ နည္းနည္းနီးတယ္ဆိုေတာ့ တခ်ိဳ႕ သြားရိတ္ရတယ္။ က်န္တဲ့႐ြာေတြကေတာ့ မရိတ္ရ ဘူး။ ကြၽန္ေတာ္တို႔႐ြာလည္း မရိတ္ရဘူး။ အကုန္အရႈံး ေပၚကုန္တာေပါ့။ ႐ြာေပါင္း (၄) (၅) ႐ြာေလာက္ရွိမယ္။ အျခား ွျဗ ေခၚသြားတဲ့(၃) (၄) ႐ြာကေတာ့ ျပန္ လာရိတ္ရတယ္။ စက္ေတာ႐ြာကေတာ့ အစပ္နားက လယ္ေတြေလာက္ပဲရိတ္ရတယ္။ က်န္တဲ့ဟာေတြက ေတာ့ မရိတ္ရဘူး။
ေမး - ဒါဆို ျပန္ထူေထာင္ေရးမွာေတာ္ေတာ္႐ုန္းကန္ ရမယ္ေနာ္။
ေျဖ - စားဖို႔ေသာက္ဖို႔ေတာင္မရွိဘူး။ ဆန္ကလည္း မိုးရာသီၿပီးေတာင္ စပါးက တန္းထြက္တာမဟုတ္ဘူး ေလ။ အခုအခ်ိန္က စပါးကသိုေလွာင္ထားတဲ့ဟာက မရွိၾကေတာ့ဘူး။ ႐ြာထဲျပန္ဝင္ရင္ေတာင္ ဘယ္လိုေန ရမလဲမသိဘူး။ လမ္းေတြကလည္း အကုန္ျဖတ္ ေတာက္ထားတယ္။ ဘယ္လိုမွထြက္လို႔မရဘူး။ အဲဒီ လိုမ်ိဳးျဖစ္တယ္။ ျဖစ္ႏိုင္ရင္ေတာ့ ဗန္းေမာက္ၿမိဳ႕ကို ျပန္ထိန္းၿပီးရင္ ႐ြာသားေတြကို ျပန္ေခၚဝင္မယ္။ ၿပီး ရင္ ဒီအတိုင္းဆိုရင္လည္း အဆင္မေျပဘူး။ ဘယ္လို လုပ္ရမလဲဆိုရင္ အေထာက္အပံ့ေတြေပးရင္ေတာ့ အဆင္ေျပမယ္။ တစ္ရာသီစာေပါ့။ အေထာက္အပံ့ ေပး။ ေနာက္က်ရင္ေက်ာင္းေတြလည္း ျပန္ဖြင့္ေပါ့။ ဒါကေတာ့ လုံးဝႀကိဳဆိုရမယ့္ဟာေပါ့။ အမ်ားႀကီး မေတာင္းဆိုပါဘူး။ (၂) လ (၃) စာေလာက္ေထာက္ပံ့ ေပး။ ကေလးေတြဆိုရင္လည္း ေက်ာင္းေတြျပန္ဖြင့္ ေပးေပါ့။ အဲဒီေလာက္ပဲေပါ့။ ကေလးေတြကလည္း ေက်ာင္းမေနရတာလည္းၾကာလွၿပီေလ။
ေမး - ျပန္လည္ထူေထာင္ေရးကေတာ့ ေတာ္ေတာ္ လုပ္ယူရမယ္ထင္လား။
ေျဖ - ကံေကာင္းတာတစ္ခုက ႐ြာထဲက အိမ္ေတြက ပစၥည္းေတြယူသြားတာပဲရွိတယ္။ ႐ြာေတြက မီးရႈိ႕မခံ ရဘူး။ အဲဒါေတာ့ ကံေကာင္းတယ္ေပါ့။ အိမ္ေတြရွိ ေသးတယ္။ ႐ြာမပ်က္ေသးဘူးဆိုရင္ အဲဒီေလာက္ မခက္ေသးဘူး။ ေနာက္ၿပီး နယ္ေျမမွာ တိုက္ပြဲျပန္ မျဖစ္ဘူးဆိုရင္ေတာ့ ကြၽန္ေတာ္တို႔က ပုံမွန္တိုင္းျပန္ လည္ပတ္ေတာ့မွာေပါ့။ စိုက္ပ်ိဳးေရးျပန္လုပ္မယ္။ အဲဒီလိုဆိုရင္ အလုပ္ေတြ အခက္အခဲမရွိေတာ့ဘူး။ ေနာက္ၿပီး အဲဒီကေန(၁၀)လေလာက္ေနရင္ လယ္ ယာလုပ္ငန္းခြင္ စၾကေတာ့မွာေလ။ အဲဒီေတာ့ ေမလ ေလာက္အထိ ေထာက္ပံ့ေၾကးေပးႏိုင္ရင္၊ စားဖို႔ ေသာက္ဖို႔ေထာက္ပံ့ေပးႏိုင္ရင္ က်န္တာ သူ႔ဘာသာ သူျဖစ္သြားလိမ့္မယ္ထင္တယ္။ ထူေထာင္ေရးက ေတာ့ခက္ခဲမွာပဲေလ။ ဒါေပမဲ့ အဲဒီေလာက္အထိ ကြၽန္ေတာ္တို႔မပူဘူး။ ၿပီးရင္ ကြၽန္ေတာ္တို႔အဓိက လို အပ္တာက နယ္ေျမကို လုံးဝတည္ၿငိမ္ေအာင္ထိန္းဖို႔ လိုတယ္။ ကေလးေတြအတြက္ စာသင္ေက်ာင္းေတြ ျပန္ဖြင့္ဖို႔လိုတယ္။ အဲဒီ (၂) ခ်က္ပဲ အဆင္ေျပေအာင္ လုပ္ေပးဖို႔လိုတယ္။
ေမး - PDF ေတြေခၚသြားတဲ့ေဒသခံေတြ ေတာ္ ေတာ္ခက္ခဲခဲ့တယ္လို႔ေျပာၾကတယ္။ အဲဒီဘက္က အေျခအေနလည္း ရွင္းျပပါဦး။
ေျဖ - အခုအခ်ိန္ကေတာ့ ကြၽန္ေတာ္တို႔လည္း မ ေထာက္ပံ့ႏိုင္ေတာ့ဘူး။ အရင္ကေတာ့ အလႉရွင္ေတြ ရွိတယ္။ ေနာက္ပိုင္းေတာ့ ဘယ္သူမွလည္း အၾကာ ႀကီး ကူညီမေပးႏိုင္ဘူးေလ။ အဲဒီေတာ့ မရွိေတာ့ အရင္ကေတာ့ ကြၽန္ေတာ္တို႔အဆင္ေျပတယ္။ အမ်ား ႀကီးမဟုတ္ေတာင္ ကြၽန္ေတာ္တို႔ အလႉခံလို႔ရတဲ့အရာ ေလးေတြနဲ႔ ပိုက္ဆံမရရင္ေတာင္ တျခား႐ြာေတြက အလႉခံလို႔ရတဲ့ေစာင္ေလးေတြနဲ႔အမ်ားႀကီးပဲ။ တခ်ိဳ႕ ဆိုအဆင္ေျပတာေပါ့။ ဆန္ဆိုရင္လည္း အလႉခံ တယ္။ အစပိုင္း (၂)လ (၃)လေလာက္ကေတာ့ အဆင္ေျပတယ္။ ေနာက္ပိုင္းက်ေတာ့ ၿပီးခဲ့တဲ့ (၁)လ (၂) လေလာက္မွာမရေတာ့ဘူး။ အလႉခံလို႔လည္း (၄) (၅)သိန္းေတာင္မရေတာ့ဘူး။ အဲဒီလိုဆိုေတာ့ စစ္ေရွာင္ေတြကလည္း သူတို႔မွာရွိတဲ့ ပါလာတဲ့ပစၥည္း ေတြ ေပါင္ႏွံေရာင္းခ်ၿပီးေနၾကရတာေပါ့။ တခ်ိဳ႕က လည္း ပတ္ဝန္းက်င္မွာရွိတဲ့အလုပ္ေလးေတြ ဝင္လုပ္ ရတာေပါ့။ အဲဒီလိုေတြလုပ္ၿပီးေနၾကရတာေပါ့။ ကြၽန္ ေတာ္တို႔လည္း ဘယ္လိုမွအဆင္မေျပဘူး။ အလႉေငြ ကလည္း တစ္လ (၅)သိန္းေတာင္မရေတာ့ဘူး။ အဲဒီ ေတာ့ အဓိကေတာ့ ေတြးေတာင္မေတြးရဲဘူး။ အဲဒီမွာ ကြၽန္ေတာ္တို႔ရတဲ့ (၅)သိန္းကိုလႊဲေပးတယ္။ အဲဒီ ေလာက္ပဲကူညီေပးႏိုင္ေတာ့တယ္။ ေတာ္ေတာ္မ်ား မ်ားကေတာ့ ကိုယ့္ဆီမွာပါတဲ့ပစၥည္းေတြ ေပါင္ႏွံ ေရာင္းခ်ေနရတာေပါ့။ ၿပီးေတာ့ ေဈးႏႈန္းကလည္း တအားမ်ားတယ္။ ဒီဘက္မွာ ဆီတစ္ဘူး (၆၀ဝဝ) (၇၀ဝဝ) ဆိုရင္ အဲဒီမွာ (၁၅၀ဝဝ)ေက်ာ္ေလာက္ရွိ တယ္။ တခ်ိဳ႕ပစၥည္းေတြဆိုရင္ (၂) ဆ၊ (၃) ဆ ေလာက္ကြာတယ္။ အဲဒီေတာ့ ေငြ(၁)သိန္း (၂)သိန္း ဆိုတာ ဘာမွ အသုံးမဝင္ဘူးျဖစ္ေနတာ။
ေမး - ေနာက္ဆုံးအေနနဲ႔ တိုက္ပြဲေၾကာင့္ပ်က္စီး သြားခဲ့တဲ့ ဗန္းေမာက္ၿမိဳ႕အေျခအေနေပၚ ေဒသခံေတြ စိတ္ထဲက ခံစားခ်က္ေတြဘယ္လိုရွိလဲ။ ေဒသခံတစ္ ေယာက္အေနနဲ႔ ဘယ္လိုခံစားရလဲခင္ဗ်။
ေျဖ - ကြၽန္ေတာ္တို႔ကေတာ့ ေအးေအးခ်မ္းခ်မ္းေန ခ်င္တာေပါ့ေလ။ အဲဒီေတာ့ ျပန္ထိန္းခ်ဳပ္ႏိုင္ရင္ အဓိ ကေတာ့ ကေလးေတြအတြက္ စာသင္ေက်ာင္းေတြ ျပန္ဖြင့္ေစခ်င္တယ္။ ကိုယ့္ရပ္ကိုယ့္႐ြာေလးမွာေနၿပီး ေတာ့ စိုက္ပ်ိဳးေရးျပန္လုပ္ခ်င္တယ္။ ၿပီးရင္ ေက်ာင္း ေတြျပန္ဖြင့္ေပးခ်င္တယ္။ ၿပီးရင္ ရွမ္းနီ၊ ကဒူး၊ ကနန္း၊ ဗမာေတြၾကားထဲမွာ အျမင္ကြဲတာတို႔ မုန္းတာတို႔ မရွိ ဘဲနဲ႔ အရင္ကလို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေလးပဲ ခ်စ္ခ်စ္ ခင္ခင္ျပန္ေနခ်င္တယ္။ က်န္တာေတာ့သိပ္မရွိပါဘူး။ ေနာက္တစ္ခါ စစ္ပြဲ၊ တိုက္ပြဲကိုေတာ့ လုံးဝမလိုခ်င္ ေတာ့ပါဘူး။ မျဖစ္ခ်င္ေတာ့ပါဘူး။
ဟုတ္ကဲ့။ ။ အခုလိုေျဖၾကားေပးတာ ေက်းဇူးတင္ပါ တယ္။