(၂၀၂၅) ခုနှစ်အတွင်း ပြည်တွင်းဆီစက်လုပ်ငန်းများမှ တန်ချိန်(၃)သိန်းနီးပါး ကြိတ်ခွဲနိုင်ခဲ့

177

Pearl (NP News) - ဖေဖော်ဝါရီလ ၁၂
ပြီးခဲ့သည့် (၂၀၂၅) ခုနှစ်အတွင်း ပြည် တွင်းရှိဆီစက်များမှ ဆီတန်ချိန် (၃)သိန်းနီးပါး ကြိတ်ခွဲနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စက်မှုကြီးကြပ်တွင် လိုင်စင်တင်ထားသည့် ဆီစက် ပေါင်း (၃၆၀ဝ)ကျော်၊ လိုင်စင်မတင်ထားသည့် ဆီစက်ပေါင်း (၆၀ဝ) ကျော် စုစုပေါင်း (၄၂၀ဝ)ကျော် ရှိပြီး အဆိုပါ ဆီစက်များမှ ပြည်တွင်းဆီလိုအပ်ချက် ဈေးကွက်ဝေစု၏ (၃၀)ရာခိုင်နှုန်းကို ကြိတ်ခွဲနိုင်ခဲ့ ကြောင်း သိရသည်။
" (၂၀၂၅) ခုနှစ်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ စက်တွေရဲ့ ကြိတ်ခွဲခဲ့တဲ့စာရင်းတွေကို ကောက် ကြည့်လိုက်တဲ့အချိန်မှာ ဈေးကွက်ဝေစုနဲ့(၃၀) ရာခိုင် နှုန်းလောက်ရတယ်။ ကျွန်တော်တို့ စက်တွေကို ဘယ် စက်က ဘယ်လောက်ကြိတ်ရတယ်၊ ဘယ်နယ်က တစ်ရက်ကို မြေပဲဆန်အိတ်ဘယ်လောက် ကုန်တယ် ဆိုတဲ့ ကုန်ကျစရိတ်တွေ၊ အကုန်လုံးတွက်ချက်ရ တယ်။ တန်ချိန် (၂)သိန်း (၈)သောင်းလောက်ရှိ တယ်။ အဖတ်တန်ချိန် (၅)သိန်းကျော် စက်တွေက ထုတ်လုပ်ပေးခဲ့တယ် (၂၀၂၅) မှာ။ နေကြာ၊ နှမ်း၊ မြေပဲ၊ ပဲပုပ် အကုန်ပေါ့။ ဒီစာရင်းက ရာခိုင်နှုန်း (၉၀) မှန်တယ်" ဟု ပြောသည်။ တန်ချိန်အားဖြင့် (၂)သိန်း (၈)သောင်းခန့် ကြိတ်ခွဲနိုင်ခဲ့ခြင်းဖြစ်ကာ အဖတ်တန် ချိန် (၅) သိန်းကျော် ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။
" အခုလက်ရှိအင်အားက စက်တွေ (၈) နာရီတစ်ဆိုင်း ကြိတ်ခွဲနိုင်တဲ့ အင်အားနဲ့သွားညီတယ်။ အဲဒီတော့ အခု မီတာခတွေ (၉၀ဝ) ။ ၂၄) နာရီမီးပေးမယ်ဆိုရင် (၈)နာရီကနေ (၁၆) နာရီကြိတ် လို့ရတယ်"ဟု ပြောသည်။
ပြည်တွင်း စားသုံးဆီလိုအပ်ချက်မှာ တစ် နှစ်လျှင် တန်ချိန် (၆)သိန်းမှ (၉)သိန်းကျော်ရှိကာ ပြည်ပမှ နှစ်စဉ် စားအုန်းဆီတန်ချိန် (၅)သိန်းထက် မနည်းတင်သွင်းလျက်ရှိကြောင်း သိရသည်။
ပြည်တွင်းရှိဆီစက်များအနေဖြင့် စားအုန်း ဆီနှင့် ဈေးနှုန်းကွာဟမှုများကြောင့် ဈေးကွက် လိုအပ်ချက်ရှိသည့်အတိုင်း ကြိတ်ခွဲနေရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
နိုင်ငံတော်အတွင်း စားသုံးဆီကြိတ်ခွဲ ထုတ်လုပ်ရောင်းချနေသော ဆီစက်များ အသစ်တည် ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ကုန်ကြမ်းဝယ် ယူခြင်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရန် နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ငွေကျပ်ဘီလျံ(၅၀) မတည်ထူထောင်ပေးခဲ့ပြီး တစ်နှစ်လျှင် အတိုးနှုန်း (၅)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးနေသော်လည်း လုပ်ငန်းရှင်များအနေဖြင့် အဆိုပါချေးငွေများအစား ပြည်ပမှ စားအုန်းဆီတင်သွင်းမှုကို အနည်းငယ်လျှော့ ချ၍ ဈေးကွက်ဝေစုပိုမို ရရှိရန်ဆောင်ရွက်ပေးစေလို ကြောင်းလည်း သိရသည်။
" စားအုန်းဆီက နိုင်ငံခြားကနေ တစ်လကို တန် (၅၀ဝဝ) လျော့သွင်း။ နိုင်ငံတော်အကြီးအ ကဲကလည်း လျှော့သွင်းချင်တယ်။ လျှော့သွင်းလိုက်တဲ့ အခါ ပြည်တွင်းထုတ်ဆီတွေကို သူတို့ လစဉ်ဖြန့်နေ တဲ့နေရာတွေကို ရောင်းပေးလိုက်ရင် ၊ အခြေခံလူ တန်းစားဖြန့်တဲ့နေရာကို ဖြန့်ပေးလိုက်ရင်ရတယ်။ တန်ချိန် (၅၀ဝဝ)လောက် လျှော့သွင်းရုံနဲ့ ဈေးက (၂)သောင်းလောက် ဖြစ်မသွားနိုင်ဘူး" ဟု ပြော သည်။

Zawgyi Version:
(၂၀၂၅) ခုႏွစ္အတြင္း ျပည္တြင္းဆီစက္လုပ္ငန္းမ်ားမွ တန္ခ်ိန္(၃)သိန္းနီးပါး ႀကိတ္ခြဲႏိုင္ခဲ့
Pearl (NP News) - ေဖေဖာ္ဝါရီလ ၁၂
ၿပီးခဲ့သည့္ (၂၀၂၅) ခုႏွစ္အတြင္း ျပည္ တြင္းရွိဆီစက္မ်ားမွ ဆီတန္ခ်ိန္ (၃)သိန္းနီးပါး ႀကိတ္ခြဲႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆီစက္ပိုင္ရွင္မ်ား အသင္းမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ စက္မႈႀကီးၾကပ္တြင္ လိုင္စင္တင္ထားသည့္ ဆီစက္ ေပါင္း (၃၆၀ဝ)ေက်ာ္၊ လိုင္စင္မတင္ထားသည့္ ဆီစက္ေပါင္း (၆၀ဝ) ေက်ာ္ စုစုေပါင္း (၄၂၀ဝ)ေက်ာ္ ရွိၿပီး အဆိုပါ ဆီစက္မ်ားမွ ျပည္တြင္းဆီလိုအပ္ခ်က္ ေဈးကြက္ေဝစု၏ (၃၀)ရာခိုင္ႏႈန္းကို ႀကိတ္ခြဲႏိုင္ခဲ့ ေၾကာင္း သိရသည္။
" (၂၀၂၅) ခုႏွစ္မွာ တစ္ႏိုင္ငံလုံးမွာရွိတဲ့ စက္ေတြရဲ႕ ႀကိတ္ခြဲခဲ့တဲ့စာရင္းေတြကို ေကာက္ ၾကည့္လိုက္တဲ့အခ်ိန္မွာ ေဈးကြက္ေဝစုနဲ႔(၃၀) ရာခိုင္ ႏႈန္းေလာက္ရတယ္။ ကြၽန္ေတာ္တို႔ စက္ေတြကို ဘယ္ စက္က ဘယ္ေလာက္ႀကိတ္ရတယ္၊ ဘယ္နယ္က တစ္ရက္ကို ေျမပဲဆန္အိတ္ဘယ္ေလာက္ ကုန္တယ္ ဆိုတဲ့ ကုန္က်စရိတ္ေတြ၊ အကုန္လုံးတြက္ခ်က္ရ တယ္။ တန္ခ်ိန္ (၂)သိန္း (၈)ေသာင္းေလာက္ရွိ တယ္။ အဖတ္တန္ခ်ိန္ (၅)သိန္းေက်ာ္ စက္ေတြက ထုတ္လုပ္ေပးခဲ့တယ္ (၂၀၂၅) မွာ။ ေနၾကာ၊ ႏွမ္း၊ ေျမပဲ၊ ပဲပုပ္ အကုန္ေပါ့။ ဒီစာရင္းက ရာခိုင္ႏႈန္း (၉၀) မွန္တယ္" ဟု ေျပာသည္။ တန္ခ်ိန္အားျဖင့္ (၂)သိန္း (၈)ေသာင္းခန႔္ ႀကိတ္ခြဲႏိုင္ခဲ့ျခင္းျဖစ္ကာ အဖတ္တန္ ခ်ိန္ (၅) သိန္းေက်ာ္ ထုတ္လုပ္ေပးႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။
" အခုလက္ရွိအင္အားက စက္ေတြ (၈) နာရီတစ္ဆိုင္း ႀကိတ္ခြဲႏိုင္တဲ့ အင္အားနဲ႔သြားညီတယ္။ အဲဒီေတာ့ အခု မီတာခေတြ (၉၀ဝ) ။ ၂၄) နာရီမီးေပးမယ္ဆိုရင္ (၈)နာရီကေန (၁၆) နာရီႀကိတ္ လို႔ရတယ္"ဟု ေျပာသည္။
ျပည္တြင္း စားသုံးဆီလိုအပ္ခ်က္မွာ တစ္ ႏွစ္လွ်င္ တန္ခ်ိန္ (၆)သိန္းမွ (၉)သိန္းေက်ာ္ရွိကာ ျပည္ပမွ ႏွစ္စဥ္ စားအုန္းဆီတန္ခ်ိန္ (၅)သိန္းထက္ မနည္းတင္သြင္းလ်က္ရွိေၾကာင္း သိရသည္။
ျပည္တြင္းရွိဆီစက္မ်ားအေနျဖင့္ စားအုန္း ဆီႏွင့္ ေဈးႏႈန္းကြာဟမႈမ်ားေၾကာင့္ ေဈးကြက္ လိုအပ္ခ်က္ရွိသည့္အတိုင္း ႀကိတ္ခြဲေနရျခင္း ျဖစ္ေၾကာင္းလည္း သိရသည္။
ႏိုင္ငံေတာ္အတြင္း စားသုံးဆီႀကိတ္ခြဲ ထုတ္လုပ္ေရာင္းခ်ေနေသာ ဆီစက္မ်ား အသစ္တည္ ေဆာက္ျခင္း၊ အဆင့္ျမႇင့္တင္ျခင္း၊ ကုန္ၾကမ္းဝယ္ ယူျခင္းမ်ား အဆင္ေျပစြာေဆာင္႐ြက္ႏိုင္ရန္ ႏိုင္ငံ့ စီးပြားျမႇင့္တင္ေရး ရန္ပုံေငြမွ ေငြက်ပ္ဘီလ်ံ(၅၀) မတည္ထူေထာင္ေပးခဲ့ၿပီး တစ္ႏွစ္လွ်င္ အတိုးႏႈန္း (၅)ရာခိုင္ႏႈန္းျဖင့္ ထုတ္ေခ်းေပးေနေသာ္လည္း လုပ္ငန္းရွင္မ်ားအေနျဖင့္ အဆိုပါေခ်းေငြမ်ားအစား ျပည္ပမွ စားအုန္းဆီတင္သြင္းမႈကို အနည္းငယ္ေလွ်ာ့ ခ်၍ ေဈးကြက္ေဝစုပိုမို ရရွိရန္ေဆာင္႐ြက္ေပးေစလို ေၾကာင္းလည္း သိရသည္။
" စားအုန္းဆီက ႏိုင္ငံျခားကေန တစ္လကို တန္ (၅၀ဝဝ) ေလ်ာ့သြင္း။ ႏိုင္ငံေတာ္အႀကီးအ ကဲကလည္း ေလွ်ာ့သြင္းခ်င္တယ္။ ေလွ်ာ့သြင္းလိုက္တဲ့ အခါ ျပည္တြင္းထုတ္ဆီေတြကို သူတို႔ လစဥ္ျဖန႔္ေန တဲ့ေနရာေတြကို ေရာင္းေပးလိုက္ရင္ ၊ အေျခခံလူ တန္းစားျဖန႔္တဲ့ေနရာကို ျဖန႔္ေပးလိုက္ရင္ရတယ္။ တန္ခ်ိန္ (၅၀ဝဝ)ေလာက္ ေလွ်ာ့သြင္း႐ုံနဲ႔ ေဈးက (၂)ေသာင္းေလာက္ ျဖစ္မသြားႏိုင္ဘူး" ဟု ေျပာ သည္။