KIA နှင့် PDF တို့က မြစ်ကြီးနားလေဆိပ်ကို FPV Suicide Drone များဖြင့် တိုက်ခိုက်မှုအား ဟန့်တားနိုင်ခဲ့

769

သုတကျော် (NP News) - ဖေဖော်ဝါရီ ၁၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေဆိပ်ကို ယနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) နံနက်ပိုင်းတွင် KIA နှင့် PDF ပူးပေါင်းအဖွဲ့များက FPV Suicide Drone များအသုံးပြု၍ တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီ ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့၊ ပန်းမတီးရပ်ကွက်ရှိ မြစ်ကြီးနားလေဆိပ်နှင့် အနီးဝန်းကျင်နေရာများသို့ အကြမ်းဖက်အဖွဲ့များက FPV Suicide Drone များဖြင့် တိုက်ခိုက်ခဲ့ရာ လေကြောင်းလုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ကြိုတင်ထောက်လှမ်းသိရှိခဲ့ပြီး လက်ဦးမှုရယူကာ ဟန့်တားနှိမ်နင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဟန့်တားနိုင်ခဲ့ခြင်းကြောင့် Drone များသည် လေဆိပ်အတွင်း ကျရောက်ပေါက်ကွဲခြင်းမရှိဘဲ လေယာဉ်ပြေးလမ်းနှင့် အနီးဝန်းကျင်ရှိ မြေပြင်ပေါ်သို့သာ ပျက်ကျခဲ့ရာ Drone များတွင် ပါရှိသည့် ဖောက်ခွဲရေးပစ္စည်းများကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ သက်မဲ့ပြုလုပ် ရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အတွင်း လူထိခိုက်မှုမရှိသည့်အပြင် လေဆိပ်အဆောက်အအုံနှင့် လေယာဉ်ပြေးလမ်းများ ပျက်စီးမှုမရှိကြောင်း သိရှိရသည်။
အများပြည်သူ သွားလာရေးနှင့် ကုန်စည်စီးဆင်းမှုအတွက် အဓိကအားထားနေရသော လေဆိပ်အား ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများအရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ အကြမ်းဖက်သမားများကို ပြည်သူများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

zawgyi version
KIA ႏွင့္ PDF တို႔က ျမစ္ႀကီးနားေလဆိပ္ကို FPV Suicide Drone မ်ားျဖင့္ တိုက္ခိုက္မႈအား ဟန႔္တားႏိုင္ခဲ့
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁၂
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ရွိ ျမစ္ႀကီးနားေလဆိပ္ကို ယေန႔ (ေဖေဖာ္ဝါရီလ ၁၂ ရက္) နံနက္ပိုင္းတြင္ KIA ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားက FPV Suicide Drone မ်ားအသုံးျပဳ၍ တိုက္ခိုက္ရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အခ်ိန္မီ ဟန႔္တားႏိုင္ခဲ့ေၾကာင္း သိရွိရသည္။
ျဖစ္စဥ္မွာ ျမစ္ႀကီးနားၿမိဳ႕၊ ပန္းမတီးရပ္ကြက္ရွိ ျမစ္ႀကီးနားေလဆိပ္ႏွင့္ အနီးဝန္းက်င္ေနရာမ်ားသို႔ အၾကမ္းဖက္အဖြဲ႕မ်ားက FPV Suicide Drone မ်ားျဖင့္ တိုက္ခိုက္ခဲ့ရာ ေလေၾကာင္းလုံၿခဳံေရးတာဝန္ ထမ္းေဆာင္ေနသည့္ တပ္ဖြဲ႕ဝင္မ်ားက ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားျဖင့္ ႀကိဳတင္ေထာက္လွမ္းသိရွိခဲ့ၿပီး လက္ဦးမႈရယူကာ ဟန႔္တားႏွိမ္နင္းႏိုင္ခဲ့ျခင္း ျဖစ္သည္။
ထိုသို႔ ဟန႔္တားႏိုင္ခဲ့ျခင္းေၾကာင့္ Drone မ်ားသည္ ေလဆိပ္အတြင္း က်ေရာက္ေပါက္ကြဲျခင္းမရွိဘဲ ေလယာဥ္ေျပးလမ္းႏွင့္ အနီးဝန္းက်င္ရွိ ေျမျပင္ေပၚသို႔သာ ပ်က္က်ခဲ့ရာ Drone မ်ားတြင္ ပါရွိသည့္ ေဖာက္ခြဲေရးပစၥည္းမ်ားကိုလည္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စနစ္တက် သက္မဲ့ျပဳလုပ္ ရွင္းလင္းခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္အတြင္း လူထိခိုက္မႈမရွိသည့္အျပင္ ေလဆိပ္အေဆာက္အအုံႏွင့္ ေလယာဥ္ေျပးလမ္းမ်ား ပ်က္စီးမႈမရွိေၾကာင္း သိရွိရသည္။
အမ်ားျပည္သူ သြားလာေရးႏွင့္ ကုန္စည္စီးဆင္းမႈအတြက္ အဓိကအားထားေနရေသာ ေလဆိပ္အား ပစ္မွတ္ထားတိုက္ခိုက္ျခင္းသည္ ဂ်ီနီဗာကြန္ဗင္းရွင္းႏွင့္ အျပည္ျပည္ဆိုင္ရာဥပေဒမ်ားအရ စစ္ရာဇဝတ္မႈ (War Crime) က်ဴးလြန္ျခင္းျဖစ္ေၾကာင္းႏွင့္ အဆိုပါ အၾကမ္းဖက္သမားမ်ားကို ျပည္သူမ်ားႏွင့္ပူးေပါင္း၍ စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း သတင္းရရွိသည္။