ရွှေစက်တော်ဘုရားပွဲသို့ ဘုရားဖူးဧည့်သည် ဝင်ရောက်မှုယခင်နှစ်ထက်ပိုများနိုင်

 290

စိမ့်စမ်းရေ (NP News) - ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ရွှေစက်တော်ဘုရားပွဲတော်ကို ပြီးခဲ့သည့် ဇန်နဝါရီလ (၂၂) ရက် မှစတင်၍ ကျင်းပနေရာ လာမည့် ဧပြီ (၁၇) ရက်အထိ ရက်ပေါင်း (၈၆) ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပွဲတော်အစပိုင်း ကာလတွင်ပင် ဘုရားဖူးခရီးသွားများ ယခင်နှစ်ထက် ပိုများနေကြောင်း ရွှေစက်တော်ဘုရားဂေါပဂအဖွဲ့၏ အတွင်းရေးမှူး က NP News သို့ ပြောသည်။
ပွဲတော်စတင်ကျင်းပသည့် ဇန်နဝါရီ (၂၂) ရက် မှ ဖေ‌ေဖာ်ဝါရီလ (၁၂) ရက်အထိ ဘုရားဖူးဧည့်သည် ဝင်ရောက်မှု မှာ စုစုပေါင်း (၁၃၃၅၈) ဦးရှိပြီး ဘုရားဖူးခရီးသွားများမှာ ယခင်နှစ်ထက် နှိုင်းယှဉ်ပါက ပိုများလာကြောင်း သိရသည်။
"ဒီနှစ်မှာ ဘုရားဖူးလာတဲ့ပြည်သူတွေက ပြီးခဲ့တဲ့နှစ်ထက်စာရင် များလာတယ်လို့ တွေ့ရပါတယ်။ ဘုရားဖူးတွေ အဆင်ပြေဖို့ တည်းခိုဆောင်တွေ၊ ဒီမှာရှိတဲ့ စားသောက်ဆိုင်တို့၊ အမှတ်တရအထည်ဆိုင်တို့၊ သွားရေးလာရေး အဆင်ပြေအောင် လုံခြုံရေးတို့ ဒါတွေကိုတော့ ကျွန်တော်တို့ သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်ပြီးတော့ လုပ်ပေး ထားတာရှိပါတယ်။ ဘုရားပွဲကာလအတွင်းမှာတော့ ကျွန်တော်တို့ပြောလို့ရသလောက်ဆို ပွဲတော်အတွင်းကတော့ လုံခြုံရေးက အပြည့်အဝရှိတယ်လို့ ကျွန်တော် အဲဒီလိုပဲပြောလို့ရမယ်ဗျာ။ ဆင်စခန်းကို သွားတဲ့လူတော့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ဘုရားဖူးဧည့်သည်များအ‌နေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့က အများဆုံးလာရောက်ခြင်းဖြစ်ပြီး ဘုရားဖူးဧည့်သည်များလာရောက်မည့် လမ်းကြောင်းများနှင့် ဘုရားပွဲတော် အတွင်း လုံခြုံရေးအတွက် စိုးရိမ်စရာမရှိကြောင်းလည်း သိရသည်။
အစိုးရရုံးပိတ်ရက်များ နှင့် နွေရာသီကျောင်းပိတ်ရက်များတွင် ယခုထက် ခရီးသွားဧည့်သည်ပိုမိုဝင်ရောက်နိုင်သည့် အတွက် ယခင်နှစ်ထက် ဘုရားဖူးဧည့်သည် ဝင်ရောက်မှုများပြားနိုင်ပြီး ပိုမိုစည်ကားနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
“ဖွင့်ပွဲတုန်းက စည်စည်ကားကားလေးဖြစ်တာရယ်၊ ကြားရက်တွေမှာ ဘုရားဖူးလာတဲ့လူတွေက တဆင့်စကား တဆင့်နားထဲကြားပြီး‌တော့ သွားရတာ အေးအေးချမ်းချမ်းဖြစ်တယ်ဆိုပြီးတော့ ပြန်ပြီးတော့ တဆင့်စကားတဆင့် ပြောတာကြောင့်ရယ်၊ အဓိက အစိုးရရုံးပိတ်ရက်များနဲ့ ကျောင်းပိတ်ရက်ရှည်များကြောင့်ရယ်၊ အခုလက်ရှိမှာ စည်နေတာတွေကြောင့် အဲဒီလိုမျိုးလေး ပြန်ပြီးသုံးသပ်တာပါခင်ဗျာ” ဟု ၎င်းက ပြောသည်။
ထို့ပြင် ဘုရားဖူးဧည့်သည်များ အဆင်ပြေစေရန် တည်းခိုဆောင်များ၊ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်း ရောင်းချခြင်းများနှင့် သွားလာရေး၊ လုံခြုံရေးဆိုင်ရာစီမံချက်များကို သက်ဆိုင်ရာဌာနများ နှင့် ပူးပေါင်းဆောင်ရွက် ထားပြီး တည်းခိုခ နှင့် အစားအသောက်ဈေးနှုန်းများကို သတ်မှတ်ဈေးနှုန်းအတိုင်းသာ ရောင်းချစေရန် စည်းကမ်း ထိန်းသိမ်းရေးကော်မတီများမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ပွဲတော်စည်တာနဲ့အမျှ ဒေသခံတွေအတွက် လုပ်ငန်းကိုင်ခန်းတွေလည်း အဆင်ပြေတယ်။ ဒီမှာ ဒေသထွက် ပစ္စည်းတွေကိုလည်း ရောင်းချရတဲ့အတွက် သူတို့အတွက်တော့ အကျိုးဖြစ်ပါတယ်ခင်ဗျာ” ဟု ၎င်းက ပြောသည်။

Zawgyi Version;
ေ႐ႊစက္ေတာ္ဘုရားပြဲသို႔ ဘုရားဖူးဧည့္သည္ ဝင္ေရာက္မႈယခင္ႏွစ္ထက္ပိုမ်ားႏိုင္
စိမ့္စမ္းေရ (NP News) - ေဖေဖာ္ဝါရီ ၁၄
မေကြးတိုင္းေဒသႀကီး၊ မင္းဘူးၿမိဳ႕ရွိ ေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ကို ၿပီးခဲ့သည့္ ဇန္နဝါရီလ (၂၂) ရက္ မွစတင္၍ က်င္းပေနရာ လာမည့္ ဧၿပီ (၁၇) ရက္အထိ ရက္ေပါင္း (၈၆) ရက္ၾကာ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး ပြဲေတာ္အစပိုင္း ကာလတြင္ပင္ ဘုရားဖူးခရီးသြားမ်ား ယခင္ႏွစ္ထက္ ပိုမ်ားေနေၾကာင္း ေ႐ႊစက္ေတာ္ဘုရားေဂါပဂအဖြဲ႕၏ အတြင္းေရးမႉး က NP News သို႔ ေျပာသည္။
ပြဲေတာ္စတင္က်င္းပသည့္ ဇန္နဝါရီ (၂၂) ရက္ မွ ေဖ‌ေဖာ္ဝါရီလ (၁၂) ရက္အထိ ဘုရားဖူးဧည့္သည္ ဝင္ေရာက္မႈ မွာ စုစုေပါင္း (၁၃၃၅၈) ဦးရွိၿပီး ဘုရားဖူးခရီးသြားမ်ားမွာ ယခင္ႏွစ္ထက္ ႏႈိင္းယွဥ္ပါက ပိုမ်ားလာေၾကာင္း သိရသည္။
"ဒီႏွစ္မွာ ဘုရားဖူးလာတဲ့ျပည္သူေတြက ၿပီးခဲ့တဲ့ႏွစ္ထက္စာရင္ မ်ားလာတယ္လို႔ ေတြ႕ရပါတယ္။ ဘုရားဖူးေတြ အဆင္ေျပဖို႔ တည္းခိုေဆာင္ေတြ၊ ဒီမွာရွိတဲ့ စားေသာက္ဆိုင္တို႔၊ အမွတ္တရအထည္ဆိုင္တို႔၊ သြားေရးလာေရး အဆင္ေျပေအာင္ လုံၿခဳံေရးတို႔ ဒါေတြကိုေတာ့ ကြၽန္ေတာ္တို႔ သက္ဆိုင္ရာဌာနေတြနဲ႔ ေပါင္းစပ္ၿပီးေတာ့ လုပ္ေပး ထားတာရွိပါတယ္။ ဘုရားပြဲကာလအတြင္းမွာေတာ့ ကြၽန္ေတာ္တို႔ေျပာလို႔ရသေလာက္ဆို ပြဲေတာ္အတြင္းကေတာ့ လုံၿခဳံေရးက အျပည့္အဝရွိတယ္လို႔ ကြၽန္ေတာ္ အဲဒီလိုပဲေျပာလို႔ရမယ္ဗ်ာ။ ဆင္စခန္းကို သြားတဲ့လူေတာ့ ရွိပါတယ္” ဟု ၎က ေျပာသည္။
ဘုရားဖူးဧည့္သည္မ်ားအ‌ေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး ႏွင့္ မေကြးတိုင္းေဒသႀကီးတို႔က အမ်ားဆုံးလာေရာက္ျခင္းျဖစ္ၿပီး ဘုရားဖူးဧည့္သည္မ်ားလာေရာက္မည့္ လမ္းေၾကာင္းမ်ားႏွင့္ ဘုရားပြဲေတာ္ အတြင္း လုံၿခဳံေရးအတြက္ စိုးရိမ္စရာမရွိေၾကာင္းလည္း သိရသည္။
အစိုးရ႐ုံးပိတ္ရက္မ်ား ႏွင့္ ေႏြရာသီေက်ာင္းပိတ္ရက္မ်ားတြင္ ယခုထက္ ခရီးသြားဧည့္သည္ပိုမိုဝင္ေရာက္ႏိုင္သည့္ အတြက္ ယခင္ႏွစ္ထက္ ဘုရားဖူးဧည့္သည္ ဝင္ေရာက္မႈမ်ားျပားႏိုင္ၿပီး ပိုမိုစည္ကားႏိုင္ရန္ ေမွ်ာ္လင့္ထားေၾကာင္း သိရသည္။
“ဖြင့္ပြဲတုန္းက စည္စည္ကားကားေလးျဖစ္တာရယ္၊ ၾကားရက္ေတြမွာ ဘုရားဖူးလာတဲ့လူေတြက တဆင့္စကား တဆင့္နားထဲၾကားၿပီး‌ေတာ့ သြားရတာ ေအးေအးခ်မ္းခ်မ္းျဖစ္တယ္ဆိုၿပီးေတာ့ ျပန္ၿပီးေတာ့ တဆင့္စကားတဆင့္ ေျပာတာေၾကာင့္ရယ္၊ အဓိက အစိုးရ႐ုံးပိတ္ရက္မ်ားနဲ႔ ေက်ာင္းပိတ္ရက္ရွည္မ်ားေၾကာင့္ရယ္၊ အခုလက္ရွိမွာ စည္ေနတာေတြေၾကာင့္ အဲဒီလိုမ်ိဳးေလး ျပန္ၿပီးသုံးသပ္တာပါခင္ဗ်ာ” ဟု ၎က ေျပာသည္။
ထို႔ျပင္ ဘုရားဖူးဧည့္သည္မ်ား အဆင္ေျပေစရန္ တည္းခိုေဆာင္မ်ား၊ စားေသာက္ဆိုင္မ်ား၊ အမွတ္တရပစၥည္း ေရာင္းခ်ျခင္းမ်ားႏွင့္ သြားလာေရး၊ လုံၿခဳံေရးဆိုင္ရာစီမံခ်က္မ်ားကို သက္ဆိုင္ရာဌာနမ်ား ႏွင့္ ပူးေပါင္းေဆာင္႐ြက္ ထားၿပီး တည္းခိုခ ႏွင့္ အစားအေသာက္ေဈးႏႈန္းမ်ားကို သတ္မွတ္ေဈးႏႈန္းအတိုင္းသာ ေရာင္းခ်ေစရန္ စည္းကမ္း ထိန္းသိမ္းေရးေကာ္မတီမ်ားမွ ၾကပ္မတ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
“ပြဲေတာ္စည္တာနဲ႔အမွ် ေဒသခံေတြအတြက္ လုပ္ငန္းကိုင္ခန္းေတြလည္း အဆင္ေျပတယ္။ ဒီမွာ ေဒသထြက္ ပစၥည္းေတြကိုလည္း ေရာင္းခ်ရတဲ့အတြက္ သူတို႔အတြက္ေတာ့ အက်ိဳးျဖစ္ပါတယ္ခင္ဗ်ာ” ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.