ပြည်ပသို့ တင်ပို့နိုင်သည့် မက္ကဒေးမီးယား စိုက်ပျိုးသူ များပြားလာ

 586

စိမ့်စမ်းရေ (NP News) ဖေဖော်ဝါရီ - ၁၄

မြန်မာနိုင်ငံတွင် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်သည့် နှစ်ရှည်သီးနှံအဖြစ် မက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ အရေအတွက် များပြားလာနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (စိုက်ပျိုးရေးဦးစီးဌာန) နှစ်ရှည်သီးနှံဌာနခွဲမှ သိရသည်။

ရှမ်းပြည်နယ် နောင်ချိုဒေသတွင် မက္ကဒေးမီးယားစိုက်ပျိုးခြင်းကို ဧက (၅၀၀၀) စီမံကိန်းအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

အဆိုပါမက္ကဒေးမီးယားသီးနှံ သည် (၂၀၁၆-၂၀၁၇) အတွင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ၌ ဧက (၅၀၀၀) ကျော် စတင်စိုက်ပျိုးနိုင်ခဲ့ပြီး (၂၀၂၁) ခုနှစ်တွင် တစ်နိုင်ငံလုံးစိုက်ဧကမှာ (၁၅၀၀၀) ကျော်အထိရှိလာခဲ့ရာ ဧက (၅၀၀၀) ကျော် ရိတ်သိမ်း၍ တန်ချိန် (၁၀၀၀) ကျော် ထွက်ရှိခဲ့‌ကြောင်း သိရသည်။

အထူးသဖြင့် ရှမ်းပြည်နယ်တွင် (၁၀) ဧကနှင့်အထက် စိုက်ပျိုးသူ (၃၄၁) ဦးရှိကာ (G.A.P) လက်မှတ်ရရှိသူ (၆၇) ဦးအထိ ရှိလာပြီး (၂၀၂၄–၂၀၂၅) ဘဏ္ဍာနှစ်အတွင်း ပြည်ပပို့ကုန် တန်ချိန် (၁၅၀) ခန့် တင်ပို့နိုင်ခဲ့ပြီး ပြည်တွင်းစားသုံးမှု တန်ချိန် (၅၀) ခန့်ဖြင့် စုစုပေါင်း တန်ချိန် (၂၀၀) ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

မက္ကဒေးမီးယားသီးနှံသည် အခွံမာသီးနှံတစ်မျိုးဖြစ်ပြီး သက်တမ်းရှည် (နှစ် ၆၀ မှ ၁၀၀ အထိ) ရှိနိုင်သည့် နှစ်ရှည်ပင်အမျိုးအစားဖြစ်သလို အာဟာရဓာတ်များကြွယ်ဝကာ ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားမြင့်မားသည့် အစေ့အဆန်တစ်မျိုးဖြစ်ပြီး လက်ရှိတွင် အိမ်နီးချင်းနိုင်ငံတစ်ခုမှ ဝယ်လိုအား ပိုမိုကမ်းလှမ်းလာခြင်းကြောင့် ပြည်တွင်းထုတ်လုပ်သူများအတွက် ဈေးကွက်အလားအလာကောင်းများ ပိုမိုကောင်းမွန်လာကြောင်း သိရသည်။

မက္ကဒေးမီးယားသီးနှံ၏ မူရင်းဒေသမှာ Australia နိုင်ငံရှိ Queensland နှင့် New South Wales ဒေသများဖြစ်ပြီး ကိုင်းဆက်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးပါက အပင်သက်တမ်း (၅) နှစ်အတွင်း စီးပွားဖြစ်ခူးဆွတ်နိုင်ကာ အစေ့စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးပါက အပင်သက်တမ်း(၇)နှစ်၊ (၈)နှစ်တွင် စီးပွားဖြစ်စတင်ခူးဆွတ်နိုင်မည်ဖြစ်သည်။

သက်တမ်းရှည် အကျိုးခံစားခွင့်ရှိသည့် ပြည်ပပို့ကုန်သီးနှံအဖြစ် ရပ်တည်လာသည့် မက္ကဒေးမီးယားကို ရင်းနှီးမြှုပ်နှံစိုက်ပျိုးလိုသူများ ပိုမိုတိုးလာနေပြီး နိုင်ငံတကာဈေးကွက်ဝင် သီးနှံတစ်မျိုးအဖြစ် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အရေးပါကြောင်း သိရသည်။

Zawgyi version:

ျမန္မာႏိုင္ငံတြင္ ျပည္ပေဈးကြက္သို႔ တင္ပို႔ေရာင္းခ်ႏိုင္သည့္ ႏွစ္ရွည္သီးႏွံအျဖစ္ မကၠေဒးမီးယား စိုက္ပ်ိဳးထုတ္လုပ္သူ ေတာင္သူမ်ား အေရအတြက္ မ်ားျပားလာေနေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန (စိုက္ပ်ိဳးေရးဦးစီးဌာန) ႏွစ္ရွည္သီးႏွံဌာနခြဲမွ သိရသည္။

ရွမ္းျပည္နယ္ ေနာင္ခ်ိဳေဒသတြင္ မကၠေဒးမီးယားစိုက္ပ်ိဳးျခင္းကို ဧက (၅၀၀၀) စီမံကိန္းအျဖစ္ စတင္ေဆာင္႐ြက္ခဲ့ၿပီး ယခုအခါ ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ မႏၲေလးတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္တို႔တြင္ တိုးခ်ဲ႕စိုက္ပ်ိဳးလာၾကေၾကာင္း သိရသည္။

အဆိုပါမကၠေဒးမီးယားသီးႏွံ သည္ (၂၀၁၆-၂၀၁၇) အတြင္းက ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေဒသ၌ ဧက (၅၀၀၀) ေက်ာ္ စတင္စိုက္ပ်ိဳးႏိုင္ခဲ့ၿပီး (၂၀၂၁) ခုႏွစ္တြင္ တစ္ႏိုင္ငံလုံးစိုက္ဧကမွာ (၁၅၀၀၀) ေက်ာ္အထိရွိလာခဲ့ရာ ဧက (၅၀၀၀) ေက်ာ္ ရိတ္သိမ္း၍ တန္ခ်ိန္ (၁၀၀၀) ေက်ာ္ ထြက္ရွိခဲ့‌ေၾကာင္း သိရသည္။

အထူးသျဖင့္ ရွမ္းျပည္နယ္တြင္ (၁၀) ဧကႏွင့္အထက္ စိုက္ပ်ိဳးသူ (၃၄၁) ဦးရွိကာ (G.A.P) လက္မွတ္ရရွိသူ (၆၇) ဦးအထိ ရွိလာၿပီး (၂၀၂၄–၂၀၂၅) ဘ႑ာႏွစ္အတြင္း ျပည္ပပို႔ကုန္ တန္ခ်ိန္ (၁၅၀) ခန႔္ တင္ပို႔ႏိုင္ခဲ့ၿပီး ျပည္တြင္းစားသုံးမႈ တန္ခ်ိန္ (၅၀) ခန႔္ျဖင့္ စုစုေပါင္း တန္ခ်ိန္ (၂၀၀) ထုတ္လုပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

မကၠေဒးမီးယားသီးႏွံသည္ အခြံမာသီးႏွံတစ္မ်ိဳးျဖစ္ၿပီး သက္တမ္းရွည္ (ႏွစ္ ၆၀ မွ ၁၀၀ အထိ) ရွိႏိုင္သည့္ ႏွစ္ရွည္ပင္အမ်ိဳးအစားျဖစ္သလို အာဟာရဓာတ္မ်ားႂကြယ္ဝကာ ကမာၻ႔ေဈးကြက္တြင္ ဝယ္လိုအားျမင့္မားသည့္ အေစ့အဆန္တစ္မ်ိဳးျဖစ္ၿပီး လက္ရွိတြင္ အိမ္နီးခ်င္းႏိုင္ငံတစ္ခုမွ ဝယ္လိုအား ပိုမိုကမ္းလွမ္းလာျခင္းေၾကာင့္ ျပည္တြင္းထုတ္လုပ္သူမ်ားအတြက္ ေဈးကြက္အလားအလာေကာင္းမ်ား ပိုမိုေကာင္းမြန္လာေၾကာင္း သိရသည္။

မကၠေဒးမီးယားသီးႏွံ၏ မူရင္းေဒသမွာ Australia ႏိုင္ငံရွိ Queensland ႏွင့္ New South Wales ေဒသမ်ားျဖစ္ၿပီး ကိုင္းဆက္စိုက္ပ်ိဳးနည္းျဖင့္ စိုက္ပ်ိဳးပါက အပင္သက္တမ္း (၅) ႏွစ္အတြင္း စီးပြားျဖစ္ခူးဆြတ္ႏိုင္ကာ အေစ့စိုက္နည္းစနစ္ျဖင့္ စိုက္ပ်ိဳးပါက အပင္သက္တမ္း(၇)ႏွစ္၊ (၈)ႏွစ္တြင္ စီးပြားျဖစ္စတင္ခူးဆြတ္ႏိုင္မည္ျဖစ္သည္။

သက္တမ္းရွည္ အက်ိဳးခံစားခြင့္ရွိသည့္ ျပည္ပပို႔ကုန္သီးႏွံအျဖစ္ ရပ္တည္လာသည့္ မကၠေဒးမီးယားကို ရင္းႏွီးျမႇဳပ္ႏွံစိုက္ပ်ိဳးလိုသူမ်ား ပိုမိုတိုးလာေနၿပီး ႏိုင္ငံတကာေဈးကြက္ဝင္ သီးႏွံတစ္မ်ိဳးအျဖစ္ ျမန္မာႏိုင္ငံ၏ စိုက္ပ်ိဳးေရးက႑တြင္ အေရးပါေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.