အီရန်အပေါ် စစ်ဆင်ရေးကြီး ဆင်နွှဲရန် အမေရိကန် စစ်တပ် ပြင်ဆင်နေပြီဟုဆို

 576

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၄

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သာ အမိန့်ပေးလိုက်မည်ဆိုပါက အီရန်နိုင်ငံအား ရက်သတ္တပတ်များစွာ ကြာမြင့်မည့် စစ်ဆင်ရေးကြီးတစ်ခုဆင်နွှဲရန် အမေရိကန် စစ်ဘက်ဆိုင်ရာက အစီအစဉ်များ ရေးဆွဲပြင်ဆင်နေပြီ ဖြစ်ကြောင်း Reuters သတင်းဌာနကဖော်ပြလိုက်သည်။

အမေရိကန် နှင့် အီရန်နိုင်ငံကြားသံတမန်ရေးရာ လမ်းကြောင်းများ ပိတ်ဆို့လုနီးပါး ဖြစ်နေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ပင်တဂွန်စစ်ဌာနချုပ်၏ ယခု စစ်ဆင်ရေး အစီအစဉ်သည် ယခင်က ပြုလုပ်ခဲ့ဖူးသော တစ်ကြိမ်တစ်ခါတည်း ပြီးစီးသည့် တိုက်ခိုက်မှုမျိုး (One-off strike) မဟုတ်ကြောင်း သိရသည်။

အကသမ္မတ ထရမ့်က စစ်မိန့် ပေးလိုက်ပါက အမေရိကန် စစ်တပ်အနေဖြင့် အီရန်၏ နျူကလီးယား စီမံကိန်း နေရာများ အပြင် အီရန် အစိုးရ၏ အဓိက အဆောက်အဦးများနှင့် လုံခြုံရေးဆိုင်ရာ အခြေစိုက်စခန်းများကိုပါ ပစ်မှတ်ထားကာ ရက်ပေါင်းများစွာ၊ သို့မဟုတ် ရက်သတ္တပတ်များစွာကြာ တိုက်ခိုက်သွားရန် ပြင်ဆင်ထားကြောင်း သတင်းများထွက်နေသည်။

သမ္မတ ထရမ့်က "အီရန်မှာ အစိုးရ အပြောင်းအလဲ (Regime Change) ဖြစ်သွားမယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ ။အီရန်နဲ့စကားတွေ ပြောနေတာ ၄၇ နှစ် ရှိပါပြီ။ အဲဒီအချိန်တွေမှာ ကျွန်တော်တို့ဘက်က အသက်တွေ အများကြီး ပေးဆပ်ခဲ့ရတယ်" ဟုလည်း ထည့်သွင်း ပြောဆိုခဲ့သည်။

အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ကမူ အမေရိကန် အနေဖြင့် အီရန်နှင့် ပတ်သက်၍ "နည်းလမ်းပေါင်းစုံကို စဉ်းစားထားသည် " ဟု အတည်ပြု ပြောကြားခဲ့သည်။
အမေရိကန်စစ်တပ်သည် လက်ရှိအချိန်တွင် အ ရှေ့အလယ်ပိုင်းဒေသ သို့ လေယာဥ်တင် သ ဘော်များကို စေလွတ်ထားရာ စစ်ပွဲ ဖြစ်လာမည်ကို ဒေသအတွင်းနိုင်ငံများ စိုးရိမ်နေသည်။

Zawgyi version:

အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္သာ အမိန႔္ေပးလိုက္မည္ဆိုပါက အီရန္ႏိုင္ငံအား ရက္သတၱပတ္မ်ားစြာ ၾကာျမင့္မည့္ စစ္ဆင္ေရးႀကီးတစ္ခုဆင္ႏႊဲရန္ အေမရိကန္ စစ္ဘက္ဆိုင္ရာက အစီအစဥ္မ်ား ေရးဆြဲျပင္ဆင္ေနၿပီ ျဖစ္ေၾကာင္း Reuters သတင္းဌာနကေဖာ္ျပလိုက္သည္။

အေမရိကန္ ႏွင့္ အီရန္ႏိုင္ငံၾကားသံတမန္ေရးရာ လမ္းေၾကာင္းမ်ား ပိတ္ဆို႔လုနီးပါး ျဖစ္ေနခ်ိန္တြင္ ထြက္ေပၚလာျခင္း ျဖစ္သည္။
ပင္တဂြန္စစ္ဌာနခ်ဳပ္၏ ယခု စစ္ဆင္ေရး အစီအစဥ္သည္ ယခင္က ျပဳလုပ္ခဲ့ဖူးေသာ တစ္ႀကိမ္တစ္ခါတည္း ၿပီးစီးသည့္ တိုက္ခိုက္မႈမ်ိဳး (One-off strike) မဟုတ္ေၾကာင္း သိရသည္။

အကသမၼတ ထရမ့္က စစ္မိန႔္ ေပးလိုက္ပါက အေမရိကန္ စစ္တပ္အေနျဖင့္ အီရန္၏ န်ဴကလီးယား စီမံကိန္း ေနရာမ်ား အျပင္ အီရန္ အစိုးရ၏ အဓိက အေဆာက္အဦးမ်ားႏွင့္ လုံၿခဳံေရးဆိုင္ရာ အေျခစိုက္စခန္းမ်ားကိုပါ ပစ္မွတ္ထားကာ ရက္ေပါင္းမ်ားစြာ၊ သို႔မဟုတ္ ရက္သတၱပတ္မ်ားစြာၾကာ တိုက္ခိုက္သြားရန္ ျပင္ဆင္ထားေၾကာင္း သတင္းမ်ားထြက္ေနသည္။

သမၼတ ထရမ့္က "အီရန္မွာ အစိုးရ အေျပာင္းအလဲ (Regime Change) ျဖစ္သြားမယ္ ဆိုရင္ေတာ့ အေကာင္းဆုံးပါပဲ ။အီရန္နဲ႔စကားေတြ ေျပာေနတာ ၄၇ ႏွစ္ ရွိပါၿပီ။ အဲဒီအခ်ိန္ေတြမွာ ကြၽန္ေတာ္တို႔ဘက္က အသက္ေတြ အမ်ားႀကီး ေပးဆပ္ခဲ့ရတယ္" ဟုလည္း ထည့္သြင္း ေျပာဆိုခဲ့သည္။

အိမ္ျဖဴေတာ္ ေျပာခြင့္ရပုဂၢိဳလ္ ကမူ အေမရိကန္ အေနျဖင့္ အီရန္ႏွင့္ ပတ္သက္၍ "နည္းလမ္းေပါင္းစုံကို စဥ္းစားထားသည္ " ဟု အတည္ျပဳ ေျပာၾကားခဲ့သည္။

အေမရိကန္စစ္တပ္သည္ လက္ရွိအခ်ိန္တြင္ အ ေရွ႕အလယ္ပိုင္းေဒသ သို႔ ေလယာဥ္တင္ သ ေဘာ္မ်ားကို ေစလြတ္ထားရာ စစ္ပြဲ ျဖစ္လာမည္ကို ေဒသအတြင္းႏိုင္ငံမ်ား စိုးရိမ္ေနသည္။

Related news

© 2021. All rights reserved.