ရန်ကုန် - ဒလ တံတားသစ်က လူထုကိုဆွဲဆောင်သည့် Land Mark နေရာသစ်တစ်ခု ဖြစ်လာ

640

သန့်ဇင် (NP News) ဖေဖော်ဝါရီ ၁၅
ရန်ကုန် - ဒလ တံတားသစ်သည် ရန်ကုန်မြို့တွင် ဧည့်သည်များကိုဆွဲဆောင်ရန်အတွက် Land Mark နေရာသစ် တစ်ခုဖြစ်လာနိုင်ကြောင်း ခရီးသွားလုပ်ငန်းအကြံပေးတစ်ဦးက NP News သို့ပြောသည်။
တည်ဆောက်ချိန် (၇)နှစ်ကြာမြင်ခဲ့ကာပြီးခဲ့သည့် ဖေဖော်ဝါရီလ (၆)ရက်ကဖွင့်လှစ်ခဲ့သော အဆိုပါတံတား သည် မဖွင့်လှစ်မီကပင် တံတားတည် ဆောက်ပုံကြောင့် လူအများ စိတ်ဝင်စားခံခဲ့ကြခြင်း ဖြစ်သည်။
ရန်ကုန် - ဒလ တံတားသည် မြန်မာနိုင်ငံတွင်တည်ဆောက်ပြီး တံတားများအနက် ရေလမ်း ကင်းလွတ်အမြင့် အများဆုံးတံတားဖြစ်ပြီး ကြိုးဆိုင်း တံတား(Cable-Stayed Bridge)အမျိုးအစားဖြစ်ကာ ချဉ်းကပ်တံတားနှင့် ဆင်ခြေ လျှောတံတားများ (Ramp Bridges)ကို အတက်အဆင်း (Gradient) ပြေပြစ်စေရေးအတွက် ထည့်သွင်းတွက်ချက်၍ ဆောင်ရွက်ထားသည်။ တံတားဖွင့်လှစ်ပြီးနောက် အဆိုပါတံတားပေါ် ဖြတ်သန်းသွားလာသူများပြားခဲ့ သည့်အတွက် ကားများသာမက တံတားကို ခြေလျင် ဖြတ်ကျော်အသုံးပြုသူများလည်းရှိခဲ့ပြီး ခြေလျင်ဖြတ် သန်းအသုံးပြုခြင်းကို လက်ရှိတွင် ယာယီ တားမြစ် ထားသည်။
“ဒလတံတားရဲ့ တည်ရှိတဲ့ပုံစံအရ ပြောရမယ်ဆိုရင် ရန်ကုန်မြို့ရဲ့ Landmark တစ်ခုဖြစ်လာနိုင်တယ်။ အထင် ကရနေရာတစ်ခုပေါ့နော်။ တံတား ဖွင့်တဲ့နေ့မှာလည်း တံတားပေါ်မှာ လူတွေ ဖြတ်သန်း သွားလာကြတယ်။ အဲဒီမှာ အခုတော့ ဖြတ်ခွင့်မပေး တော့ဘူးပေါ့နော်။ ဆိုတော့ အဲဒါကိုကြည့်ခြင်းအားဖြင့် လူတွေရဲ့စိတ်ဝင်စားမှုကို အတိအလင်းမြင်တွေ့ ရတယ်။ အဲဒီလိုမျိုးတော့ ကျွန်တော် အကြမ်းဖျင်း ခန့်မှန်းကြည့်ရတာပေါ့။ ဒါက ရန်ကုန်မြို့ရဲ့ အထင်က ရနေရာတစ်ခုပေါ့။ လည်ပတ်စရာနေရာတစ်ခုတော့မဟုတ်ပါဘူး”ဟု အထက်ပါသတင်းရင်းမြစ်က ပြော သည်။ ထို့ပြင် အခြားနိုင်ငံများရှိ အထင်ကရတံတားများ ကဲ့သို့ပင် ဒလတံတားကို အခြေခံ၍ စီးပွား ရေးအခွင့် အလမ်းသစ်များ ဖော်ဆောင်နိုင် ကြောင်းလည်း ၎င်းကအကြံပြုထားသည်။ “ဒီဟာပေါ်မူတည် ပြီးတော့ ဥပမာ တခြားနိုင်ငံတွေမှာ လုပ်သလိုမျိုးပေါ့နော်။ ဒီဟာကိုမူတည်ပြီးတော့ ဘယ်လိုစီးပွားရှာကြမ လဲပေါ့နော်။ ဒီတံတားက လမ်းပန်းဆက်သွယ်ရေးအတွက်ကောင်းတယ်။ နောက်တစ်ခုက ဒီတံတား အောက်ကနေပြီးတော့ အပျော်စီး သင်္ဘော တွေ ဖော်ဆောင်ပေးတာမျိုးတို့ အဲဒီလိုဆိုရင်တော့ ဒီဟာက ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်လာ နိုင်တယ်" ဟု ၎င်းကပြောသည်။ အချို့နိုင်ငံများတွင် ခရီးသွားဆွဲဆောင်ရန် အထူးတလည်တည်ဆောက်ရ သော်လည်း ဒလတံ တားသည် လမ်းပန်းဆက်သွယ် ရေးကောင်းမွန်စေသည့်အပြင် မျှော်လင့်မထားဘဲ ရန်ကုန်မြို့အတွက် ခရီးသွားများ ကြည့်ရှုလိုသည့် နေရာအသစ်တစ်ခုဖြစ်လာနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
“တချို့နေရာတွေဆိုရင် ခရီးသွားတွေကို ဆွဲဆောင်ဖို့ အထူးတလည်တည်ဆောက်ကြပေမယ့် မမျှော်လင့်ဘဲနဲ့ မြန်မာနိုင်ငံအတွက် ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ခရီးသွားတွေကြည့်ချင်တဲ့နေရာ တစ်ခုဖြစ်လာနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

zawgyi version
ရန္ကုန္ - ဒလ တံတားသစ္က လူထုကိုဆြဲေဆာင္သည့္ Land Mark ေနရာသစ္တစ္ခု ျဖစ္လာ
သန႔္ဇင္ (NP News) ေဖေဖာ္ဝါရီ ၁၅
ရန္ကုန္ - ဒလ တံတားသစ္သည္ ရန္ကုန္ၿမိဳ႕တြင္ ဧည့္သည္မ်ားကိုဆြဲေဆာင္ရန္အတြက္ Land Mark ေနရာသစ္ တစ္ခုျဖစ္လာႏိုင္ေၾကာင္း ခရီးသြားလုပ္ငန္းအႀကံေပးတစ္ဦးက NP News သို႔ေျပာသည္။
တည္ေဆာက္ခ်ိန္ (၇)ႏွစ္ၾကာျမင္ခဲ့ကာၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ (၆)ရက္ကဖြင့္လွစ္ခဲ့ေသာ အဆိုပါတံတား သည္ မဖြင့္လွစ္မီကပင္ တံတားတည္ ေဆာက္ပုံေၾကာင့္ လူအမ်ား စိတ္ဝင္စားခံခဲ့ၾကျခင္း ျဖစ္သည္။
ရန္ကုန္ - ဒလ တံတားသည္ ျမန္မာႏိုင္ငံတြင္တည္ေဆာက္ၿပီး တံတားမ်ားအနက္ ေရလမ္း ကင္းလြတ္အျမင့္ အမ်ားဆုံးတံတားျဖစ္ၿပီး ႀကိဳးဆိုင္း တံတား(Cable-Stayed Bridge)အမ်ိဳးအစားျဖစ္ကာ ခ်ဥ္းကပ္တံတားႏွင့္ ဆင္ေျခ ေလွ်ာတံတားမ်ား (Ramp Bridges)ကို အတက္အဆင္း (Gradient) ေျပျပစ္ေစေရးအတြက္ ထည့္သြင္းတြက္ခ်က္၍ ေဆာင္႐ြက္ထားသည္။ တံတားဖြင့္လွစ္ၿပီးေနာက္ အဆိုပါတံတားေပၚ ျဖတ္သန္းသြားလာသူမ်ားျပားခဲ့ သည့္အတြက္ ကားမ်ားသာမက တံတားကို ေျခလ်င္ ျဖတ္ေက်ာ္အသုံးျပဳသူမ်ားလည္းရွိခဲ့ၿပီး ေျခလ်င္ျဖတ္ သန္းအသုံးျပဳျခင္းကို လက္ရွိတြင္ ယာယီ တားျမစ္ ထားသည္။
“ဒလတံတားရဲ႕ တည္ရွိတဲ့ပုံစံအရ ေျပာရမယ္ဆိုရင္ ရန္ကုန္ၿမိဳ႕ရဲ႕ Landmark တစ္ခုျဖစ္လာႏိုင္တယ္။ အထင္ ကရေနရာတစ္ခုေပါ့ေနာ္။ တံတား ဖြင့္တဲ့ေန႔မွာလည္း တံတားေပၚမွာ လူေတြ ျဖတ္သန္း သြားလာၾကတယ္။ အဲဒီမွာ အခုေတာ့ ျဖတ္ခြင့္မေပး ေတာ့ဘူးေပါ့ေနာ္။ ဆိုေတာ့ အဲဒါကိုၾကည့္ျခင္းအားျဖင့္ လူေတြရဲ႕စိတ္ဝင္စားမႈကို အတိအလင္းျမင္ေတြ႕ ရတယ္။ အဲဒီလိုမ်ိဳးေတာ့ ကြၽန္ေတာ္ အၾကမ္းဖ်င္း ခန႔္မွန္းၾကည့္ရတာေပါ့။ ဒါက ရန္ကုန္ၿမိဳ႕ရဲ႕ အထင္က ရေနရာတစ္ခုေပါ့။ လည္ပတ္စရာေနရာတစ္ခုေတာ့မဟုတ္ပါဘူး”ဟု အထက္ပါသတင္းရင္းျမစ္က ေျပာ သည္။ ထို႔ျပင္ အျခားႏိုင္ငံမ်ားရွိ အထင္ကရတံတားမ်ား ကဲ့သို႔ပင္ ဒလတံတားကို အေျခခံ၍ စီးပြား ေရးအခြင့္ အလမ္းသစ္မ်ား ေဖာ္ေဆာင္ႏိုင္ ေၾကာင္းလည္း ၎ကအႀကံျပဳထားသည္။ “ဒီဟာေပၚမူတည္ ၿပီးေတာ့ ဥပမာ တျခားႏိုင္ငံေတြမွာ လုပ္သလိုမ်ိဳးေပါ့ေနာ္။ ဒီဟာကိုမူတည္ၿပီးေတာ့ ဘယ္လိုစီးပြားရွာၾကမ လဲေပါ့ေနာ္။ ဒီတံတားက လမ္းပန္းဆက္သြယ္ေရးအတြက္ေကာင္းတယ္။ ေနာက္တစ္ခုက ဒီတံတား ေအာက္ကေနၿပီးေတာ့ အေပ်ာ္စီး သေဘၤာ ေတြ ေဖာ္ေဆာင္ေပးတာမ်ိဳးတို႔ အဲဒီလိုဆိုရင္ေတာ့ ဒီဟာက ရန္ကုန္ၿမိဳ႕ရဲ႕ အထင္ကရေနရာတစ္ခုျဖစ္လာ ႏိုင္တယ္" ဟု ၎ကေျပာသည္။ အခ်ိဳ႕ႏိုင္ငံမ်ားတြင္ ခရီးသြားဆြဲေဆာင္ရန္ အထူးတလည္တည္ေဆာက္ရ ေသာ္လည္း ဒလတံ တားသည္ လမ္းပန္းဆက္သြယ္ ေရးေကာင္းမြန္ေစသည့္အျပင္ ေမွ်ာ္လင့္မထားဘဲ ရန္ကုန္ၿမိဳ႕အတြက္ ခရီးသြားမ်ား ၾကည့္ရႈလိုသည့္ ေနရာအသစ္တစ္ခုျဖစ္လာႏိုင္ေၾကာင္းလည္း ၎က ဆိုသည္။
“တခ်ိဳ႕ေနရာေတြဆိုရင္ ခရီးသြားေတြကို ဆြဲေဆာင္ဖို႔ အထူးတလည္တည္ေဆာက္ၾကေပမယ့္ မေမွ်ာ္လင့္ဘဲနဲ႔ ျမန္မာႏိုင္ငံအတြက္ ခရီးသြားေတြကို ဆြဲေဆာင္ႏိုင္တဲ့ ခရီးသြားေတြၾကည့္ခ်င္တဲ့ေနရာ တစ္ခုျဖစ္လာႏိုင္ပါတယ္”ဟု ၎ကေျပာသည္။