ရုရှားနိုင်ငံသို့ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပေးထားသော်လည်း မြန်မာဘက်တွင် သိရှိသူနည်းနေ

 3202

စော (NP News)-ဖေဖော်ဝါရီ ၁၆
ရုရှားနိုင်ငံသို့ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပေးထားသော်လည်း မြန်မာဘက်တွင် သိရှိသူနည်း နေကြောင်း ပြည်ပခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက NP News ကိုပြောသည်။
မြန်မာနိုင်ငံအစိုးရနှင့် ရုရှားဖက်ဒရေးရှင်း အစိုးရတို့အကြား နှစ်နိုင်ငံ နိုင်ငံသားများအား ပြည်ဝင် ဗီဇာကင်းလွတ်ခွင့်ပြုခြင်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ပြီးခဲ့သည့် ဇန်နဝါရီ (၂၇) ရက်မှစ၍ အသက်ဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါသဘောတူညီချက်တွင် မြန်မာနိုင်ငံသားများအနေဖြင့် ရုရှားနိုင်ငံ၌ တစ်ကြိမ်လျှင် ရက် ပေါင်း(၃၀)အထိ နေထိုင်ခွင့်ရရှိမည်ဖြစ်၍ တစ်နှစ်လျှင် စုစုပေါင်းနေထိုင်ခွင့် ရက်ပေါင်း(၉၀)ထက် ကျော်လွန်၍ နေထိုင်ရမည်မဟုတ်ကြောင်းနှင့် ဗီဇာကင်းလွတ်ခွင့်သည် သာမန်နိုင်ငံကူးလက်မှတ်ကိုင် ဆောင်သူများအတွက်သာဖြစ်ကြောင်းသိရသည်။
အဆိုပါကင်းလွတ်ခွင့်သည့် အမြဲတမ်းနေထိုင်ရန်၊ ပညာသင်ကြားရန် သို့မဟုတ် အလုပ်လုပ်ကိုင် ခွင့်များနှင့်မသက်ဆိုင်သည့်အတွက် ရက်ပေါင်း (၃၀)ထက်ကျော်လွန်နေထိုင်မည်ဆိုပါက သက်ဆိုင်ရာ ဗီဇာသက်တမ်းတိုးခြင်းကို ကြိုတင်လျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။
“ဗီဇာကင်းလွတ်ခွင့်ရတာကို အသိနည်း တယ်။ သိတော့သိတယ်။ သိတဲ့လူနည်းတယ်”ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ရုရှားနိုင်ငံသို့ စီပွားရေးသမားများက ပုံမှန်သွားရောက်မှုများရှိနေပြီး အလည်အ ပတ်ခရီးသွားများအနေဖြင့် ပိတ်ရက်များသည့် ဧပြီလတွင် သွားရောက်လည်ပတ်မှုများနိုင်ကြောင်း သိရ သည်။
“သူတို့ကျတော့ ကြိုပြင်ရတာပေါ့။ ဗီဇာကြောင့်ရယ်လို့တော့မဟုတ်ဘူး။ တခြားဟာတွေလည်း ကြိုပြင်ရတယ်။ ပိုက်ဆံရှိတိုင်းလည်း သွားလို့မရဘူး။ မိသားစုအားတဲ့ရက်တွေ ပြင်ဆင်ပြီးမှ သွားကြ တာ။ နိုင်ငံကြီးတွေကျတော့ တစ်ခါတစ်ခါသွား ရင်ဝေးတာကိုး”ဟု ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံရှိ ရန်ကုန်-မန္တလေးနှင့် ဆိုက်ဘေးရီးယားပြည်နယ်၏မြို့တော် နိုဗိုဆီဘရစ်သို့ တိုက် ရိုက်ပျံသန်းသော အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်း (MAI) ခရီးစဉ်ကို (၂၀၂၃)ခုနှစ် စက်တင်ဘာ လတွင် စတင်ခဲ့ကြောင်း သိရသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့၌ အစားအစာနှင့်ခရီးသွားပြပွဲကို ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် ဇူလိုင်လ(၁၁)ရက်နေ့ကကျင်းပခဲ့ရာ မြန်မာ နိုင်ငံမှ အဆိုပါပြပွဲတွင် မြန်မာ့ရိုးရာအစားအစာများ ဖြစ် သော မုန့်ဟင်းခါး၊ လက်ဖက်၊ မြန်မာဝိုင် အစရှိသည်တို့ကို နမူနာ ပြင်ဆင်ချက်ပြုတ်ပြသကာ ပြည်တွင်း ရှိခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်မှုများ အကြောင်း ရှင်းလင်းခဲ့ကြောင်းသိရသည်။
ထို့ပြင် အဆိုပါပြပွဲ၌ ရုရှား- မြန်မာ နှစ်နိုင်ငံမှ ဟိုတယ်၊ ခရီးသွားနှင့် အစားအသောက် လုပ်ငန်း ဆောင်ရွက်သူများအချင်းချင်း အပြန်အလှန် ပူး ပေါင်းဆောင်ရွက်နိုင်ရန် ချိတ်ဆက်ခြင်းများကို ဆောင် ရွက်ခဲ့ကြသည့်အပြင် မြန်မာ့ရှေးခေတ်စစ်သူ ကြီးဝတ်စုံများ၊ မှူးမတ်ဝတ်စုံများ၊ သူငယ်တော်ဝတ်စုံများ ဖြင့်တွဲဖက်ကာ ဓာတ်ပုံရိုက်ခြင်း၊ မြန်မာ့ရုပ်သေး အက၊ မြန်မာ့ရိုးရာစောင်း၊ ဦးရွှေရိုး ဒေါ်မိုးအကတို့ဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

Zawgyi Version:
႐ုရွားႏိုင္ငံသို႔ ျပည္ဝင္ဗီဇာကင္းလြတ္ခြင့္ေပးထားေသာ္လည္း ျမန္မာဘက္တြင္ သိရွိသူနည္းေန
ေစာ (NP News)-ေဖေဖာ္ဝါရီ ၁၆
႐ုရွားႏိုင္ငံသို႔ ျပည္ဝင္ဗီဇာကင္းလြတ္ခြင့္ေပးထားေသာ္လည္း ျမန္မာဘက္တြင္ သိရွိသူနည္း ေနေၾကာင္း ျပည္ပခရီးသြားလုပ္ငန္းလုပ္ကိုင္သူတစ္ဦးက NP News ကိုေျပာသည္။
ျမန္မာႏိုင္ငံအစိုးရႏွင့္ ႐ုရွားဖက္ဒေရးရွင္း အစိုးရတို႔အၾကား ႏွစ္ႏိုင္ငံ ႏိုင္ငံသားမ်ားအား ျပည္ဝင္ ဗီဇာကင္းလြတ္ခြင့္ျပဳျခင္းဆိုင္ရာ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ၿပီး ၿပီးခဲ့သည့္ ဇန္နဝါရီ (၂၇) ရက္မွစ၍ အသက္ဝင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါသေဘာတူညီခ်က္တြင္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ႐ုရွားႏိုင္ငံ၌ တစ္ႀကိမ္လွ်င္ ရက္ ေပါင္း(၃၀)အထိ ေနထိုင္ခြင့္ရရွိမည္ျဖစ္၍ တစ္ႏွစ္လွ်င္ စုစုေပါင္းေနထိုင္ခြင့္ ရက္ေပါင္း(၉၀)ထက္ ေက်ာ္လြန္၍ ေနထိုင္ရမည္မဟုတ္ေၾကာင္းႏွင့္ ဗီဇာကင္းလြတ္ခြင့္သည္ သာမန္ႏိုင္ငံကူးလက္မွတ္ကိုင္ ေဆာင္သူမ်ားအတြက္သာျဖစ္ေၾကာင္းသိရသည္။
အဆိုပါကင္းလြတ္ခြင့္သည့္ အၿမဲတမ္းေနထိုင္ရန္၊ ပညာသင္ၾကားရန္ သို႔မဟုတ္ အလုပ္လုပ္ကိုင္ ခြင့္မ်ားႏွင့္မသက္ဆိုင္သည့္အတြက္ ရက္ေပါင္း (၃၀)ထက္ေက်ာ္လြန္ေနထိုင္မည္ဆိုပါက သက္ဆိုင္ရာ ဗီဇာသက္တမ္းတိုးျခင္းကို ႀကိဳတင္ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္းသိရသည္။
“ဗီဇာကင္းလြတ္ခြင့္ရတာကို အသိနည္း တယ္။ သိေတာ့သိတယ္။ သိတဲ့လူနည္းတယ္”ဟု ၎က ေျပာသည္။ လက္ရွိတြင္ ႐ုရွားႏိုင္ငံသို႔ စီပြားေရးသမားမ်ားက ပုံမွန္သြားေရာက္မႈမ်ားရွိေနၿပီး အလည္အ ပတ္ခရီးသြားမ်ားအေနျဖင့္ ပိတ္ရက္မ်ားသည့္ ဧၿပီလတြင္ သြားေရာက္လည္ပတ္မႈမ်ားႏိုင္ေၾကာင္း သိရ သည္။
“သူတို႔က်ေတာ့ ႀကိဳျပင္ရတာေပါ့။ ဗီဇာေၾကာင့္ရယ္လို႔ေတာ့မဟုတ္ဘူး။ တျခားဟာေတြလည္း ႀကိဳျပင္ရတယ္။ ပိုက္ဆံရွိတိုင္းလည္း သြားလို႔မရဘူး။ မိသားစုအားတဲ့ရက္ေတြ ျပင္ဆင္ၿပီးမွ သြားၾက တာ။ ႏိုင္ငံႀကီးေတြက်ေတာ့ တစ္ခါတစ္ခါသြား ရင္ေဝးတာကိုး”ဟု ၎က ဆက္လက္ေျပာသည္။
ျမန္မာႏိုင္ငံရွိ ရန္ကုန္-မႏၲေလးႏွင့္ ဆိုက္ေဘးရီးယားျပည္နယ္၏ၿမိဳ႕ေတာ္ ႏိုဗိုဆီဘရစ္သို႔ တိုက္ ႐ိုက္ပ်ံသန္းေသာ အျပည္ျပည္ဆိုင္ရာ ျမန္မာ့ ေလေၾကာင္း (MAI) ခရီးစဥ္ကို (၂၀၂၃)ခုႏွစ္ စက္တင္ဘာ လတြင္ စတင္ခဲ့ေၾကာင္း သိရသည္။
႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ႏိုဗိုစီဗစ္ၿမိဳ႕၌ အစားအစာႏွင့္ခရီးသြားျပပြဲကို ၿပီးခဲ့သည့္ (၂၀၂၅) ခုႏွစ္ ဇူလိုင္လ(၁၁)ရက္ေန႔ကက်င္းပခဲ့ရာ ျမန္မာ ႏိုင္ငံမွ အဆိုပါျပပြဲတြင္ ျမန္မာ့႐ိုးရာအစားအစာမ်ား ျဖစ္ ေသာ မုန႔္ဟင္းခါး၊ လက္ဖက္၊ ျမန္မာဝိုင္ အစရွိသည္တို႔ကို နမူနာ ျပင္ဆင္ခ်က္ျပဳတ္ျပသကာ ျပည္တြင္း ရွိခရီးစဥ္ေဒသမ်ားႏွင့္ ခရီးသြားဆြဲေဆာင္မႈမ်ား အေၾကာင္း ရွင္းလင္းခဲ့ေၾကာင္းသိရသည္။
ထို႔ျပင္ အဆိုပါျပပြဲ၌ ႐ုရွား- ျမန္မာ ႏွစ္ႏိုင္ငံမွ ဟိုတယ္၊ ခရီးသြားႏွင့္ အစားအေသာက္ လုပ္ငန္း ေဆာင္႐ြက္သူမ်ားအခ်င္းခ်င္း အျပန္အလွန္ ပူး ေပါင္းေဆာင္႐ြက္ႏိုင္ရန္ ခ်ိတ္ဆက္ျခင္းမ်ားကို ေဆာင္ ႐ြက္ခဲ့ၾကသည့္အျပင္ ျမန္မာ့ေရွးေခတ္စစ္သူ ႀကီးဝတ္စုံမ်ား၊ မႉးမတ္ဝတ္စုံမ်ား၊ သူငယ္ေတာ္ဝတ္စုံမ်ား ျဖင့္တြဲဖက္ကာ ဓာတ္ပုံ႐ိုက္ျခင္း၊ ျမန္မာ့႐ုပ္ေသး အက၊ ျမန္မာ့႐ိုးရာေစာင္း၊ ဦးေ႐ႊ႐ိုး ေဒၚမိုးအကတို႔ျဖင့္ ေဖ်ာ္ေျဖခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.