လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရှိ အ.မ.က (၂၃) စာသင်ကျောင်း မီးလောင်မှုဖြစ်ပွား

 769

ကိုဖြိုး(NP News) ဖေဖေါ်ဝါရီ -၁၆
လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရှိ အ.မ.က (၂၃) စာသင်ကျောင်းတွင် ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ် ၁၂ နာရီ ၂၄ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ကုလားကြီးစုကျေးရွာ၊ တောင်တွင်းကြီးလမ်းရှိ အ.မ.က (၂၃) စာသင်ကျောင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ရာသို့ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် နှစ်စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၁၂ နာရီ ၄၃ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
မီးလောင်သည့်အကြောင်းရင်းအား မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်း မရှိကြောင်းသိရသည်။

Zawgyi Version:
လႈိင္သာယာအေနာက္ပိုင္းၿမိဳ႕နယ္ရွိ အ.မ.က (၂၃) စာသင္ေက်ာင္း မီးေလာင္မႈျဖစ္ပြား
ကိုၿဖိဳး(NP News) ေဖေဖၚဝါရီ -၁၆
လႈိင္သာယာအေနာက္ပိုင္းၿမိဳ႕နယ္ရွိ အ.မ.က (၂၃) စာသင္ေက်ာင္းတြင္ ေဖေဖာ္ဝါရီ ၁၆ ရက္ ေန႔လယ္ပိုင္းက မီးေလာင္မႈျဖစ္ပြားေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕မွ သိရသည္။
ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီ ၁၆ ရက္ ေန႔လယ္ ၁၂ နာရီ ၂၄ မိနစ္ခန႔္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာအေနာက္ပိုင္းၿမိဳ႕နယ္၊ ကုလားႀကီးစုေက်း႐ြာ၊ ေတာင္တြင္းႀကီးလမ္းရွိ အ.မ.က (၂၃) စာသင္ေက်ာင္းတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါမီးေလာင္ရာသို႔ လႈိင္သာယာၿမိဳ႕နယ္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္ ႏွစ္စီး၊ ေရသယ္ယာဥ္ ႏွစ္စီးတို႔ျဖင့္ ထြက္ခြာျငႇိမ္းသတ္ခဲ့ၿပီး ၁၂ နာရီ ၄၃ မိနစ္ခန႔္တြင္ မီးၿငိမ္းခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕မွ သိရသည္။
မီးေလာင္သည့္အေၾကာင္းရင္းအား မီးသတ္တပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားျခင္း မရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.