ဘာသာစကားဆရာမအဖြစ် အချိန်အကြာဆုံး တာဝန်ထမ်းဆောင်မှု ဂင်းနစ်စံချိန်ရရှိခဲ့သည့် အသက် (၉၀) နှစ်အရွယ်ဆရာမ

368

Pika (NP News) - ဖေဖော်ဝါရီ ၁၆
အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်တွင် နေထိုင်သည့် အသက်(၉၀)နှစ်အရွယ် အင်္ဂလိပ် ဆရာမ တစ်ဦးသည် (၆၇)နှစ်ကြာအောင်ဆရာမအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် သက်တမ်းအကြာဆုံး တာဝန်ထမ်းဆောင်ခဲ့သည့် ဘာသာစကားဆရာမအဖြစ် ဂင်းနစ်စံချိန်ရရှိခဲ့ကြောင်းသိရသည်။ Beverly Hills မြို့ Detroit Country Day ကျောင်းတွင် အင်္ဂလိပ်စာသင်ကြားပေးနေသော ဘီဗာလီဟန်နက်ပရိုက်စ်သည် ကျောင်းတွင်ပြုလုပ်သည့် အခမ်းအနားတစ်ခုအတွင်း သက်တမ်းအကြာ ဆုံး တာဝန်ထမ်းဆောင်ခဲ့သည့် ဘာသာစကားဆရာမအဖြစ် ဂင်းနစ်စံချိန်ကိုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ကျောင်းသားဟောင်းတစ်ယောက်က “စာကို ဘယ်လိုရေးရမလဲ၊ အံ့ဩဖွယ်ကောင်းတဲ့အတွေး အခေါ်တွေကို ဘယ်လိုတွေးခေါ်ရမလဲဆိုတာကို ဆရာမက ကျွန်တော့်ကို သင်ပေးခဲ့တာပါ။ ဒါကြောင့်မို့ အခုကျွန်တော်ကောင်းမွန်တဲ့နေရာတစ်ခုမှာ ရပ်တည် နေနိုင်တာပါ” ဟုပြောဆိုခဲ့သည်။
(၁၉၅၈)ခုနှစ်တွင် သင်ကြားမှုများကို စတင်လုပ်ဆောင်ခဲ့သော ဘီဗာလီဟန်နက်ပရိုက်စ်က ဆရာမအဖြစ်မှ အငြိမ်းစားယူရန် အစီအစဉ်များ မရှိကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ဘီဗာ လီဟန် နက်ပရိုက်စ်က “ကျွန်မ ဆရာမအဖြစ်ကနေ အငြိမ်းစားယူဖို့ အစီအစဉ်မရှိပါဘူး။ ဒီကျောင်းကို ကျွန်မ လုံးဝချစ်ပပါတယ်။ စာသင်ကြားနေရတာကို ကျွန်မအမြဲတမ်းသဘောကျခဲ့တာပါ” ဟု ပြောခဲ့သည်။

Zawgyi Version;
ဘာသာစကားဆရာမအျဖစ္ အခ်ိန္အၾကာဆုံး တာဝန္ထမ္းေဆာင္မႈ ဂင္းနစ္စံခ်ိန္ရရွိခဲ့သည့္ အသက္ (၉၀) ႏွစ္အ႐ြယ္ဆရာမ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၆
အေမရိကန္ႏိုင္ငံ မီခ်ီဂန္ျပည္နယ္တြင္ ေနထိုင္သည့္ အသက္(၉၀)ႏွစ္အ႐ြယ္ အဂၤလိပ္ ဆရာမ တစ္ဦးသည္ (၆၇)ႏွစ္ၾကာေအာင္ဆရာမအျဖစ္တာဝန္ထမ္းေဆာင္ခဲ့ၿပီးေနာက္ သက္တမ္းအၾကာဆုံး တာဝန္ထမ္းေဆာင္ခဲ့သည့္ ဘာသာစကားဆရာမအျဖစ္ ဂင္းနစ္စံခ်ိန္ရရွိခဲ့ေၾကာင္းသိရသည္။ Beverly Hills ၿမိဳ႕ Detroit Country Day ေက်ာင္းတြင္ အဂၤလိပ္စာသင္ၾကားေပးေနေသာ ဘီဗာလီဟန္နက္ပ႐ိုက္စ္သည္ ေက်ာင္းတြင္ျပဳလုပ္သည့္ အခမ္းအနားတစ္ခုအတြင္း သက္တမ္းအၾကာ ဆုံး တာဝန္ထမ္းေဆာင္ခဲ့သည့္ ဘာသာစကားဆရာမအျဖစ္ ဂင္းနစ္စံခ်ိန္ကိုရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရ သည္။ ေက်ာင္းသားေဟာင္းတစ္ေယာက္က “စာကို ဘယ္လိုေရးရမလဲ၊ အံ့ဩဖြယ္ေကာင္းတဲ့အေတြး အေခၚေတြကို ဘယ္လိုေတြးေခၚရမလဲဆိုတာကို ဆရာမက ကြၽန္ေတာ့္ကို သင္ေပးခဲ့တာပါ။ ဒါေၾကာင့္မို႔ အခုကြၽန္ေတာ္ေကာင္းမြန္တဲ့ေနရာတစ္ခုမွာ ရပ္တည္ ေနႏိုင္တာပါ” ဟုေျပာဆိုခဲ့သည္။
(၁၉၅၈)ခုႏွစ္တြင္ သင္ၾကားမႈမ်ားကို စတင္လုပ္ေဆာင္ခဲ့ေသာ ဘီဗာလီဟန္နက္ပ႐ိုက္စ္က ဆရာမအျဖစ္မွ အၿငိမ္းစားယူရန္ အစီအစဥ္မ်ား မရွိေၾကာင္းလည္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ဘီဗာ လီဟန္ နက္ပ႐ိုက္စ္က “ကြၽန္မ ဆရာမအျဖစ္ကေန အၿငိမ္းစားယူဖို႔ အစီအစဥ္မရွိပါဘူး။ ဒီေက်ာင္းကို ကြၽန္မ လုံးဝခ်စ္ပပါတယ္။ စာသင္ၾကားေနရတာကို ကြၽန္မအၿမဲတမ္းသေဘာက်ခဲ့တာပါ” ဟု ေျပာခဲ့သည္။