အကြောင်းမဲ့ အလုပ်ထုတ်ခံရသော ထိုင်းရောက်မြန်မာလုပ်သားများ၏ နစ်နာကြေး ရရှိစေရန် ဆောင်ရွက်ပေးနေဟုဆို

346

Pearl (NP News) - ဖေဖော်ဝါရီ ၁၇
အကြောင်းမဲ့ အလုပ်ထုတ်ခံရသော ထိုင်းရောက်မြန်မာလုပ်သားများ၏ နစ်နာကြေး အပြည့်အဝရရှိ စေရန် ဆောင်ရွက်ပေး နေကြောင်း အလုပ်သမားသံအရာရှိရုံးက အသိပေးထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ၊ အယုဒ္ဓယရှိ ကားအပိုပစ္စည်း စက်ရုံတစ်ခုတွင် အကြောင်းမဲ့ အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား (၁၈) ဦးကို အလုပ်ရှင်မှ နစ်နာကြေးပေးဆောင်ရန် ရုံးစာထုတ်ပြန်ထားသော်လည်း တစ်စုံတစ်ရာဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးအနေဖြင့် အလုပ်သမားတရားရုံးမှတစ်ဆင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါ အလုပ်သမားများ၏ ရသင့်ရထိုက်သည့် နစ်နာကြေးများနှင့် ရပိုင်ခွင့်များ အပြည့်အဝရရှိစေရန်နှင့် အမှုကိစ္စပြီးပြတ်သည်အထိ အယုဒ္ဓယမြို့နယ်ရှိ အလုပ်သမားကာကွယ်စောင့် ရှောက်ရေး ရုံး မှ ဆောင်ရွက်ပေးနိုင်ရေး အလုပ်သမားသံအရာရှိရုံးမှ ယမန်နေ့ ( ဖေဖော်ဝါရီ ၁၆ရက်) နေ့လယ်ပိုင်းက ညှိနှိုင်းခဲ့ပြီး လိုအပ်သလို ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေး ထုတ်ပြန် ထားသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သမားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုင်ကြားလိုပါက အလုပ်သမားသံအရာရှိ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း အချက်အလက်တိကျစွာ သတင်းပေးပို့ပြီး အကူအညီတောင်းခံ တိုင်ကြားနိုင်ကြောင်းလည်း အသိပေးထားသည်။

Zawgyi Version:
အေၾကာင္းမဲ့ အလုပ္ထုတ္ခံရေသာ ထိုင္းေရာက္ျမန္မာလုပ္သားမ်ား၏ နစ္နာေၾကး ရရွိေစရန္ ေဆာင္႐ြက္ေပး ေနဟုဆို
Pearl (NP News) - ေဖေဖာ္ဝါရီ ၁၇
အေၾကာင္းမဲ့ အလုပ္ထုတ္ခံရေသာ ထိုင္းေရာက္ျမန္မာလုပ္သားမ်ား၏ နစ္နာေၾကး အျပည့္အဝရရွိ ေစရန္ ေဆာင္႐ြက္ေပး ေနေၾကာင္း အလုပ္သမားသံအရာရွိ႐ုံးက အသိေပးထုတ္ျပန္ထားသည္။
ထိုင္းႏိုင္ငံ၊ အယုဒၶယရွိ ကားအပိုပစၥည္း စက္႐ုံတစ္ခုတြင္ အေၾကာင္းမဲ့ အလုပ္ထုတ္ခံရေသာ ျမန္မာအလုပ္သမား (၁၈) ဦးကို အလုပ္ရွင္မွ နစ္နာေၾကးေပးေဆာင္ရန္ ႐ုံးစာထုတ္ျပန္ထားေသာ္လည္း တစ္စုံတစ္ရာေျဖရွင္းေဆာင္႐ြက္ေပးျခင္း မရွိေသးေၾကာင္း သိရသည္။
ထို႔သို႔ ေဆာင္႐ြက္ေပးျခင္းမရွိသည့္အတြက္ အလုပ္သမားကာကြယ္ေစာင့္ေရွာက္ေရး႐ုံးအေနျဖင့္ အလုပ္သမားတရား႐ုံးမွတစ္ဆင့္ အမႈဖြင့္အေရးယူႏိုင္ေရး ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အဆိုပါ အလုပ္သမားမ်ား၏ ရသင့္ရထိုက္သည့္ နစ္နာေၾကးမ်ားႏွင့္ ရပိုင္ခြင့္မ်ား အျပည့္အဝရရွိေစရန္ႏွင့္ အမႈကိစၥၿပီးျပတ္သည္အထိ အယုဒၶယၿမိဳ႕နယ္ရွိ အလုပ္သမားကာကြယ္ေစာင့္ ေရွာက္ေရး ႐ုံး မွ ေဆာင္႐ြက္ေပးႏိုင္ေရး အလုပ္သမားသံအရာရွိ႐ုံးမွ ယမန္ေန႔ ( ေဖေဖာ္ဝါရီ ၁၆ရက္) ေန႔လယ္ပိုင္းက ညႇိႏႈိင္းခဲ့ၿပီး လိုအပ္သလို ပူးေပါင္းပါဝင္ ေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း အသိေပး ထုတ္ျပန္ ထားသည္။
ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအေနျဖင့္ အလုပ္သမားေရးရာကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ တိုင္ၾကားလိုပါက အလုပ္သမားသံအရာရွိ ဖုန္းနံပါတ္မ်ားသို႔ ႐ုံးခ်ိန္အတြင္း အခ်က္အလက္တိက်စြာ သတင္းေပးပို႔ၿပီး အကူအညီေတာင္းခံ တိုင္ၾကားႏိုင္ေၾကာင္းလည္း အသိေပးထားသည္။