ဟားခါးမြို့တွင်ကျင်းပမည့် (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းလက်နက်ကိုင်အဖွဲ့များ မနှောက်ယှက်စေလို

398

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၁၇
ချင်းပြည်နယ်၊ ဟားခါးမြို့တွင်ကျင်းပမည့် (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းလက်နက်ကိုင်အဖွဲ့များ မနှောက်ယှက်စေလို ကြောင်း ဒေသခံများက NP News သို့ပြောသည်။
လာမည့် (ဖေဖော်ဝါရီ ၂၀ ရက်)တွင် ကျရောက်မည့် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့က ဦးစီးကျင်းပမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ချင်းပြည်သူလူထုအနေနဲ့ တစ်ခုပဲ မှန်ကန်တဲ့ဘက်ကပြောချင်တာက ဖေဖော်ဝါရီ (၂၀) ရက်နေ့မှာ ချင်းအမျိုးသား နေ့ရှိတယ်။ မြန်မာပြည်မှာ ရခိုင်ရှိတယ်။ ကချင်ရှိတယ်။ ကရင်ရှိတယ်။ ကယားရှိတယ်။ မွန်ရှိတယ်။ အဲဒီတိုင်းရင်းသားတွေတောင် သူတို့ရဲ့အမျိုးသားနေ့ကို ဘယ်တော့မှမဖျက်စီးဘူး။ အဲသလိုပဲ ကိုယ့်ရဲ့အမျိုးသားနေ့ကို ဘယ်သူကပဲကျင်းပပေး ကျင်းပပေး။ မဖျက်ဆီးစေချင်ဘူး။ မနှောက်ယှက်စေချင်ဘူး”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထို့ကြောင့် ချင်းအမျိုးသားနေ့အား မနှောက်ယှက်ရန်နှင့် နှောက်ယှက်ဟန့်တားပါက ဘုံရန်သူအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်းလည်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
“အခုဟာက ဘာဖြစ်နေလဲဆိုတဲ့ဟာကကျတော့ ကျွန်တော်တို့ ချင်းလူမျိုးမှာ (၅၃)မျိုးရှိတယ်။ ကွဲနေတဲ့ တိုင်းရင်းသားလက်နက် ကိုင်တွေက (၁၀၆) လောက်ရှိနေတယ်။ ကိုယ့်ဟာကိုယ်စည်းလုံးဖို့ ခက်ခဲနေတဲ့အချိန်မှာ ဘယ်သူပဲ ကျင်းပကျင်းပ ကိုယ့်လူမျိုးရဲ့ ချင်းအမျိုးသားနေ့ကိုတော့ မနှောက်ယှက်စေချင်ဘူး။ ဒါကတော့ ဟားခါးမှာရှိတဲ့ ချင်းတိုင်းရင်းသားတိုင်းရဲ့ ဆန္ဒပဲ။ အဲဒါကြောင့် (၂၀) ရက်နေ့မှာ ဟားခါးမြို့မှာရှိတဲ့ ချင်းဒေသခံလူမျိုး အားလုံးရဲ့ကိုယ်စားပြောချင်တာက ချင်းအမျိုးသားနေ့ကိုမနှောက်ယှက်ပါနဲ့။ နှောက်ယှက်သူက ဘုံရန်သူပဲ”ဟု ၎င်းကပြောသည်။
လက်ရှိတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်ကလည်း ဟားခါးခရိုင်စုပေါင်းရုံးဝန်းအတွင်းကျင်းပမည့် (၇၈) နှစ်မြောက် ချင်းအမျိုသားနေ့အခမ်းအနားအား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင် ညွှန်ကြားထားကြောင်း သိရသည်။

Zawgyi Version:
ဟားခါးၿမိဳ႕တြင္က်င္းပမည့္ (၇၈)ႏွစ္ေျမာက္ ခ်င္းအမ်ိဳးသားေန႔ကို ခ်င္းလက္နက္ကိုင္အဖြဲ႕မ်ား မေႏွာက္ယွက္ေစလို
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၁၇
ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕တြင္က်င္းပမည့္ (၇၈)ႏွစ္ေျမာက္ ခ်င္းအမ်ိဳးသားေန႔ကို ခ်င္းလက္နက္ကိုင္အဖြဲ႕မ်ား မေႏွာက္ယွက္ေစလို ေၾကာင္း ေဒသခံမ်ားက NP News သို႔ေျပာသည္။
လာမည့္ (ေဖေဖာ္ဝါရီ ၂၀ ရက္)တြင္ က်ေရာက္မည့္ ခ်င္းအမ်ိဳးသားေန႔ကို ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕တြင္ ခ်င္းျပည္နယ္အစိုးရအဖြဲ႕က ဦးစီးက်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ ခ်င္းျပည္သူလူထုအေနနဲ႔ တစ္ခုပဲ မွန္ကန္တဲ့ဘက္ကေျပာခ်င္တာက ေဖေဖာ္ဝါရီ (၂၀) ရက္ေန႔မွာ ခ်င္းအမ်ိဳးသား ေန႔ရွိတယ္။ ျမန္မာျပည္မွာ ရခိုင္ရွိတယ္။ ကခ်င္ရွိတယ္။ ကရင္ရွိတယ္။ ကယားရွိတယ္။ မြန္ရွိတယ္။ အဲဒီတိုင္းရင္းသားေတြေတာင္ သူတို႔ရဲ႕အမ်ိဳးသားေန႔ကို ဘယ္ေတာ့မွမဖ်က္စီးဘူး။ အဲသလိုပဲ ကိုယ့္ရဲ႕အမ်ိဳးသားေန႔ကို ဘယ္သူကပဲက်င္းပေပး က်င္းပေပး။ မဖ်က္ဆီးေစခ်င္ဘူး။ မေႏွာက္ယွက္ေစခ်င္ဘူး”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
ထို႔ေၾကာင့္ ခ်င္းအမ်ိဳးသားေန႔အား မေႏွာက္ယွက္ရန္ႏွင့္ ေႏွာက္ယွက္ဟန႔္တားပါက ဘုံရန္သူအျဖစ္သတ္မွတ္မည္ျဖစ္ေၾကာင္းလည္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
“အခုဟာက ဘာျဖစ္ေနလဲဆိုတဲ့ဟာကက်ေတာ့ ကြၽန္ေတာ္တို႔ ခ်င္းလူမ်ိဳးမွာ (၅၃)မ်ိဳးရွိတယ္။ ကြဲေနတဲ့ တိုင္းရင္းသားလက္နက္ ကိုင္ေတြက (၁၀၆) ေလာက္ရွိေနတယ္။ ကိုယ့္ဟာကိုယ္စည္းလုံးဖို႔ ခက္ခဲေနတဲ့အခ်ိန္မွာ ဘယ္သူပဲ က်င္းပက်င္းပ ကိုယ့္လူမ်ိဳးရဲ႕ ခ်င္းအမ်ိဳးသားေန႔ကိုေတာ့ မေႏွာက္ယွက္ေစခ်င္ဘူး။ ဒါကေတာ့ ဟားခါးမွာရွိတဲ့ ခ်င္းတိုင္းရင္းသားတိုင္းရဲ႕ ဆႏၵပဲ။ အဲဒါေၾကာင့္ (၂၀) ရက္ေန႔မွာ ဟားခါးၿမိဳ႕မွာရွိတဲ့ ခ်င္းေဒသခံလူမ်ိဳး အားလုံးရဲ႕ကိုယ္စားေျပာခ်င္တာက ခ်င္းအမ်ိဳးသားေန႔ကိုမေႏွာက္ယွက္ပါနဲ႔။ ေႏွာက္ယွက္သူက ဘုံရန္သူပဲ”ဟု ၎ကေျပာသည္။
လက္ရွိတြင္ ခ်င္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာဝုန္ဆြန္းထန္ကလည္း ဟားခါးခ႐ိုင္စုေပါင္း႐ုံးဝန္းအတြင္းက်င္းပမည့္ (၇၈) ႏွစ္ေျမာက္ ခ်င္းအမ်ိဳသားေန႔အခမ္းအနားအား ေအာင္ျမင္စြာ က်င္းပႏိုင္ေရး အတြက္ ႀကိဳတင္ျပင္ဆင္ ၫႊန္ၾကားထားေၾကာင္း သိရသည္။