အွန်လိုင်းဈေးကွက်တွင် မျိုးတုံးပျောက်ကွယ်နိုင်သည့် ငှက်မျိုးစိတ်နှင့် တိရစ္ဆာန်ဈေးကွက်ပေါ်‌ပေါက်နေ

 371

ပြည့်ဖြိုး (NP News)-ဖေဖော်ဝါရီ ၁၇
မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ငှက်မျိုးစိတ်များနှင့် တိရစ္ဆာန်များကို အမဲလိုက်ဖမ်းဆီး မှုပိုများလာပြီး အွန်လိုင်းဈေးကွက်တွင် ကြိုက်ရောင်း၊ ကြိုက်ဝယ်ဖြင့် အရောင်းအဝယ်ပိုဖြစ်နေကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးလုပ်ကိုင်သူများနှင့် တောရိုင်းတိရစ္ဆာန်များရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှသိရသည်။
သိမ်းငှက်အနွယ်ဝင် စတက်ဖီတစ်ကောင်လျှင် ကျပ်(၃)သိန်း(၅)သောင်းဝန်းကျင်၊ ဗိုက်ဖြူပင် လယ်သိမ်းငှက်တစ်ကောင်လျှင် ကျပ်(၁၀)သိန်း ဝန်းကျင်၊ သိမ်းငှက်မျိုးနွယ် Peregrine Falcon တစ် ကောင်လျှင် ကျပ်(၂)သိန်းနှင့် ကြောင်ကတိုး နှစ်ပိဿာဝန်းကျင်အရွယ် တစ်ကောင်လျှင် ကျပ်(၅) သောင်းဝန်းကျင်၊ ကြက်တူရွေးဆိုလျှင်လည်း တောထဲအသိုက်မှ သားပေါက်များဖမ်းဆီးရောင်းချမှုများ ရှိနေပြီး သားပေါက်(၁)ကောင်လျှင် မျိုးစိတ်အလိုက် ကျပ်သောင်းဂဏန်းမှ ကျပ်သိန်းဂဏန်းအထိ ရောင်းဈေးအမျိုးမျိုးရှိနေသည်။
“အဓိကတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ်ဈေးပဲ။ အွန်လိုင်းက လူသိစရာမလိုဘူးလေ ဒီအတိုင်း တင်ရောင်းရင်ရပြီ။ သိမ်းငှက်တို့၊ ကြက်တူရွေးတို့ ကျတော့ အလှမွေးတာတို့အတွက် အရောင်းအဝယ်ပို ဖြစ်တယ်။ သိမ်းငှက်ဆိုရင် ပြန်ထောင်ဖို့ တည်ငှက်အဖြစ်လည်း အဝယ်များကြတယ်။ ခြေပတ်ခေါင်းစွပ် အပြီးဆို တစ်ဈေးပေါ့ဗျာ။ စားဝတ်နေရေးအတွက်ရော၊ ဝါသနာအရ လုပ်နေတာပါ။ တခြားအသား တန်း က သတ်သတ်ပေါ့။ အ‌သေဖမ်းဈေးကွက်ပေါ့။ အဲဒါက သတ်သတ်ဈေးကွက်ရှိတယ်”ဟု သိမ်းငှက်နှင့် သားကောင် ရောင်းဝယ်ဈေးကွက်စောင့်ကြည့်လေ့လာသူတစ်ဦးကပြောသည်။
သိမ်းငှက်အနွယ်ဝင် စတက်ဖီဆိုလျှင် သိမ်းငှက်အရောင်းအဝယ် Group များတွင် အတွေ့ များပြီး နိုင်ငံတကာ (IUCN) စာရင်းအရ မျိုးတုံးရန် အလွန်နီးကပ်နေသည့် (Endangered) အဆင့်ရှိပြီး မြန်မာ နိုင်ငံတွင် တစ်နှစ်ပတ်လုံးမနေဘဲ ဆောင်းခိုလာတတ်သည့်ငှက်မျိုးဖြစ်သည်။ ဗိုက်ဖြူပင်လယ် သိမ်းငှက် မှာ မြန်မာနိုင်ငံတွင် လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်စာရင်းဝင်ပြီး အွန်လိုင်းဈေးကွက်တွင် အတွေ့များနေသည့် ကြောင်ကတိုးမျိုးစိတ်အများစုမှာလည်း “ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်” စာရင်းဝင်များဖြစ်ကြသည်။
“လက်ရှိ ငှက်နဲ့ တောရိုင်းတိရစ္ဆာန်ဖမ်းဆီးရောင်းချမှုပိုများလာတာက ဆင်းရဲနွမ်းပါးမှုကြောင့် ပါ သလို ငွေရလွယ်တာကြောင့်လည်းပါတယ်။ လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေကလည်း တောရိုင်း တိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ဖို့ မလွယ်ကူတဲ့အခြေအနေဆိုတော့ ပိုဆိုးလာတဲ့သဘော၊ ပြီး တော့ ဈေးကွက်ကလည်း အွန်လိုင်းဆိုတော့ ပိုလွယ် လာကြတာပေါ့။ ဒီသားကောင်တွေက ဂေဟ စနစ် ကို ထိန်းပေးနေတာဗျ။ သူတို့ မျိုးတုံးရင် အကုန်ပြီးပြီ၊ ရောဂါဆိုးတွေပိုများလာမယ်။ ဥပမာဗျာ သိမ်းငှက် တွေ မရှိတော့ရင် သူတို့စားသုံးတဲ့ ကြွက်၊ ခိုနဲ့ တခြား ငှက်ငယ်လေးတွေရဲ့အရေအတွက်ဟာ ထိန်းမနိုင် သိမ်းမရ များပြားလာပါလိမ့်မယ်။ စိုးရိမ်ရတဲ့အခြေအ နေဖြစ်နေပြီ။ ဒါတွေကို သူတို့ကိုယ်တိုင် နားလည် ပြီးထိန်းသိမ်းမှပဲ ရနိုင်မယ့်အခြေအနေဖြစ်နေတယ်” ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေး လုပ်ကိုင်နေသူတစ်ဦးကပြောသည်။
လက်ရှိတွင် အသားတန်းဈေးကွက်တွင် ရှားပါးဆောင်းခိုငှက်များနှင့် ဒေသမျိုးရင်းနှင့် တခြား ငှက်မျိုးစိတ်များအရောင်းအဝယ်ဖြစ်နေပြီး အရှင်ဈေးကွက်တွင် အဓိကအားဖြင့် သာလိကာ၊ ကြက်တူ ရွေး မျိုးစိတ်များ၊ သိမ်းငှက်မျိုးစိတ်များ အရောင်းအဝယ်ဖြစ်နေကြောင်း ဆိုသည်။
ထို့ပြင် အွန်လိုင်းဈေးကွက်အတွင်း ကြောင်နံ့သာကဲ့သို့သော ရှားပါးကြောင်မျိုးစိတ်များ၊ သင်းခွေ ချပ်၊ မျောက်မျိုးစိတ်များလည်း ပိုအရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

Zawgyi Version:
အြန္လိုင္းေဈးကြက္တြင္ မ်ိဳးတုံးေပ်ာက္ကြယ္ႏိုင္သည့္ ငွက္မ်ိဳးစိတ္ႏွင့္ တိရစာၦန္ေဈးကြက္ေပၚ‌ေပါက္ေန
ျပည့္ၿဖိဳး (NP News)-ေဖေဖာ္ဝါရီ ၁၇
မ်ိဳးတုံးေပ်ာက္ကြယ္လုနီးပါးျဖစ္ေနသည့္ ငွက္မ်ိဳးစိတ္မ်ားႏွင့္ တိရစာၦန္မ်ားကို အမဲလိုက္ဖမ္းဆီး မႈပိုမ်ားလာၿပီး အြန္လိုင္းေဈးကြက္တြင္ ႀကိဳက္ေရာင္း၊ ႀကိဳက္ဝယ္ျဖင့္ အေရာင္းအဝယ္ပိုျဖစ္ေနေၾကာင္း သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ထိန္းသိမ္းေရးလုပ္ကိုင္သူမ်ားႏွင့္ ေတာ႐ိုင္းတိရစာၦန္မ်ားေရာင္းဝယ္ေရး လုပ္ကိုင္သူမ်ားထံမွသိရသည္။
သိမ္းငွက္အႏြယ္ဝင္ စတက္ဖီတစ္ေကာင္လွ်င္ က်ပ္(၃)သိန္း(၅)ေသာင္းဝန္းက်င္၊ ဗိုက္ျဖဴပင္ လယ္သိမ္းငွက္တစ္ေကာင္လွ်င္ က်ပ္(၁၀)သိန္း ဝန္းက်င္၊ သိမ္းငွက္မ်ိဳးႏြယ္ Peregrine Falcon တစ္ ေကာင္လွ်င္ က်ပ္(၂)သိန္းႏွင့္ ေၾကာင္ကတိုး ႏွစ္ပိႆာဝန္းက်င္အ႐ြယ္ တစ္ေကာင္လွ်င္ က်ပ္(၅) ေသာင္းဝန္းက်င္၊ ၾကက္တူေ႐ြးဆိုလွ်င္လည္း ေတာထဲအသိုက္မွ သားေပါက္မ်ားဖမ္းဆီးေရာင္းခ်မႈမ်ား ရွိေနၿပီး သားေပါက္(၁)ေကာင္လွ်င္ မ်ိဳးစိတ္အလိုက္ က်ပ္ေသာင္းဂဏန္းမွ က်ပ္သိန္းဂဏန္းအထိ ေရာင္းေဈးအမ်ိဳးမ်ိဳးရွိေနသည္။
“အဓိကေတာ့ ႀကိဳက္ေရာင္း၊ ႀကိဳက္ဝယ္ေဈးပဲ။ အြန္လိုင္းက လူသိစရာမလိုဘူးေလ ဒီအတိုင္း တင္ေရာင္းရင္ရၿပီ။ သိမ္းငွက္တို႔၊ ၾကက္တူေ႐ြးတို႔ က်ေတာ့ အလွေမြးတာတို႔အတြက္ အေရာင္းအဝယ္ပို ျဖစ္တယ္။ သိမ္းငွက္ဆိုရင္ ျပန္ေထာင္ဖို႔ တည္ငွက္အျဖစ္လည္း အဝယ္မ်ားၾကတယ္။ ေျခပတ္ေခါင္းစြပ္ အၿပီးဆို တစ္ေဈးေပါ့ဗ်ာ။ စားဝတ္ေနေရးအတြက္ေရာ၊ ဝါသနာအရ လုပ္ေနတာပါ။ တျခားအသား တန္း က သတ္သတ္ေပါ့။ အ‌ေသဖမ္းေဈးကြက္ေပါ့။ အဲဒါက သတ္သတ္ေဈးကြက္ရွိတယ္”ဟု သိမ္းငွက္ႏွင့္ သားေကာင္ ေရာင္းဝယ္ေဈးကြက္ေစာင့္ၾကည့္ေလ့လာသူတစ္ဦးကေျပာသည္။
သိမ္းငွက္အႏြယ္ဝင္ စတက္ဖီဆိုလွ်င္ သိမ္းငွက္အေရာင္းအဝယ္ Group မ်ားတြင္ အေတြ႕ မ်ားၿပီး ႏိုင္ငံတကာ (IUCN) စာရင္းအရ မ်ိဳးတုံးရန္ အလြန္နီးကပ္ေနသည့္ (Endangered) အဆင့္ရွိၿပီး ျမန္မာ ႏိုင္ငံတြင္ တစ္ႏွစ္ပတ္လုံးမေနဘဲ ေဆာင္းခိုလာတတ္သည့္ငွက္မ်ိဳးျဖစ္သည္။ ဗိုက္ျဖဴပင္လယ္ သိမ္းငွက္ မွာ ျမန္မာႏိုင္ငံတြင္ လုံးဝကာကြယ္ထားသည့္ ေတာ႐ိုင္းတိရစာၦန္စာရင္းဝင္ၿပီး အြန္လိုင္းေဈးကြက္တြင္ အေတြ႕မ်ားေနသည့္ ေၾကာင္ကတိုးမ်ိဳးစိတ္အမ်ားစုမွာလည္း “ကာကြယ္ထားသည့္ ေတာ႐ိုင္းတိရစာၦန္” စာရင္းဝင္မ်ားျဖစ္ၾကသည္။
“လက္ရွိ ငွက္နဲ႔ ေတာ႐ိုင္းတိရစာၦန္ဖမ္းဆီးေရာင္းခ်မႈပိုမ်ားလာတာက ဆင္းရဲႏြမ္းပါးမႈေၾကာင့္ ပါ သလို ေငြရလြယ္တာေၾကာင့္လည္းပါတယ္။ လက္ရွိျဖစ္ပ်က္ေနတဲ့အေျခအေနကလည္း ေတာ႐ိုင္း တိရစာၦန္ေတြကို ကာကြယ္ေစာင့္ေရွာက္ဖို႔ မလြယ္ကူတဲ့အေျခအေနဆိုေတာ့ ပိုဆိုးလာတဲ့သေဘာ၊ ၿပီး ေတာ့ ေဈးကြက္ကလည္း အြန္လိုင္းဆိုေတာ့ ပိုလြယ္ လာၾကတာေပါ့။ ဒီသားေကာင္ေတြက ေဂဟ စနစ္ ကို ထိန္းေပးေနတာဗ်။ သူတို႔ မ်ိဳးတုံးရင္ အကုန္ၿပီးၿပီ၊ ေရာဂါဆိုးေတြပိုမ်ားလာမယ္။ ဥပမာဗ်ာ သိမ္းငွက္ ေတြ မရွိေတာ့ရင္ သူတို႔စားသုံးတဲ့ ႂကြက္၊ ခိုနဲ႔ တျခား ငွက္ငယ္ေလးေတြရဲ႕အေရအတြက္ဟာ ထိန္းမႏိုင္ သိမ္းမရ မ်ားျပားလာပါလိမ့္မယ္။ စိုးရိမ္ရတဲ့အေျခအ ေနျဖစ္ေနၿပီ။ ဒါေတြကို သူတို႔ကိုယ္တိုင္ နားလည္ ၿပီးထိန္းသိမ္းမွပဲ ရႏိုင္မယ့္အေျခအေနျဖစ္ေနတယ္” ဟု သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ထိန္းသိမ္းေရး လုပ္ကိုင္ေနသူတစ္ဦးကေျပာသည္။
လက္ရွိတြင္ အသားတန္းေဈးကြက္တြင္ ရွားပါးေဆာင္းခိုငွက္မ်ားႏွင့္ ေဒသမ်ိဳးရင္းႏွင့္ တျခား ငွက္မ်ိဳးစိတ္မ်ားအေရာင္းအဝယ္ျဖစ္ေနၿပီး အရွင္ေဈးကြက္တြင္ အဓိကအားျဖင့္ သာလိကာ၊ ၾကက္တူ ေ႐ြး မ်ိဳးစိတ္မ်ား၊ သိမ္းငွက္မ်ိဳးစိတ္မ်ား အေရာင္းအဝယ္ျဖစ္ေနေၾကာင္း ဆိုသည္။
ထို႔ျပင္ အြန္လိုင္းေဈးကြက္အတြင္း ေၾကာင္နံ႔သာကဲ့သို႔ေသာ ရွားပါးေၾကာင္မ်ိဳးစိတ္မ်ား၊ သင္းေခြ ခ်ပ္၊ ေမ်ာက္မ်ိဳးစိတ္မ်ားလည္း ပိုအေရာင္းအဝယ္ျဖစ္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.