ရန်ကုန် - မန္တလေး အမြန်လမ်းတစ်လျှောက် အရိပ်ရအပင်ပေါင်း (၁) သိန်းကျော် စိုက်ပျိုးမည်

 297

စိမ့်စမ်းရေ (NP News)
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် လမ်းအသုံးပြုသူများအတွက် သာယာလှပစေရန်ရည်ရွယ်၍ အရိပ်ရအပင်ပေါင်း (၁) သိန်းကျော်ကို နှစ် အလိုက် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း အမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။
အမြန်လမ်းမကြီးတစ်လျှောက် ပတ်ဝန်းကျင်အလှအပ မြှင့်တင်ပေးနိုင်မည့် စီမံကိန်းတစ်ရပ် အဖြစ်စိုက်ပျိုးမည်ဖြစ်ပြီး လာမည့်မိုးရာသီတွင် စတင်စိုက်ပျိုးမည်ဖြစ်ကာ အချိန်ကာလအားဖြင့် (၂) နှစ် မှ (၃) နှစ်အထိ ကြာမြင့်နိုင်ကြောင်းလည်း သိရသည်။ “စီမံကိန်းကတော့ ရန်ကုန်-မန္တလေးအထိကို စုစု ပေါင်း အပင် (၁၂၀ဝဝဝ) ကျော်စိုက်ဖို့လျာထားတယ်။ လျာထားပြီးတော့ တစ်နှစ်တည်း‌တော့ မစိုက်နိုင် လောက်ဘူးထင်တယ်။ (၂) နှစ် (၃) နှစ်လောက်ခွဲပြီး စိုက်သွားဖို့‌တော့ အစီအစဉ်ရှိတယ်။ လာမယ့် ရာသီ ကတော့ သစ်ပင်စိုက်ရာသီပေါ့နော်။ မိုးဦးကျတာနဲ့ ကျွန်တော်တို့ အပင်တော်‌တော်များများစိုက်ဖို့ လုပ် ထားတယ်။ အခုတည်းက မြေပြင်တာတွေ ဘာတွေတော့ ကြိုပြီးတော့ မြေနေရာရှင်းတာတွေတော့ လုပ် ထားမယ်ပေါ့” ဟု အထက်ပါတာဝန်ရှိသူက NP News သို့ပြောသည်။
အဆိုပါလမ်းတစ်လျှောက် ခရေပင်၊ တမာပင်၊ ကုက္ကိုလ်ပင် ၊ မယ်ဇယ်ပင် ၊ မန်ကျည်းပင်နှင့် မန်ဂျန်ရှားပင်တို့ကိုစိုက်ပျိုးမည်ဖြစ်ကာ လမ်းအခြေအနေ၊ ရေမြေနှင့် ကိုက်ညီမှု၊ ထိန်းသိမ်းရလွယ်ကူမှု တို့ကြောင့် ကုက္ကိုလ်ပင်နှင့် မယ်ဇယ်ပင်များကို ပိုမိုစိုက်ပျိုးသွားမည်ဖြစ်ပြီး လက်ရှိတွင် သစ်တောဦးစီး ဌာနမှ ပျိုးပင်ပေါင်း (၁၅၀ဝဝ) ခန့်ကို ရရှိထားပြီဖြစ်ကြောင်းလည်းသိရသည်။
“အဓိကကတော့ ကုက္ကိုလ်၊ မယ်ဇယ်နဲ့ တမာများတာပေါ့နော်။ ခရေပင်ကတော့ လမ်းလယ် ကျွန်းတွေမှာစိုက်တာ။ လမ်းအစွန်မှာကျ‌တော့ ကုက္ကိုလ်ပင်၊ မယ်ဇယ်ပင်၊ တမာပင်၊ မဲဇလီပင် အဲဒါမျိုး တွေစိုက်မှာပေါ့နော်။ အခု မဲဇလီကတော့ စုထားတဲ့အထဲတော့မပါသေးဘူး။ ကျွန်တော်တို့ စုထားတာ မယ်ဇယ်၊ ခရေ၊ တမာ၊ မန်ကျည်းပါတယ်။ မန်ဂျန်ရှား ရှိမယ်။ ကျွန်တော်တို့ အဓိကတည်ထားတာက ရန် ကုန်-နေပြည်တော်ပိုင်းမှာက ကုက္ကိုလ်နဲ့ မန်ဂျန်ရှား၊ နေပြည်တော်-မန္တလေးပိုင်းမှာကျတော့ မယ်ဇယ်၊ တမာ၊ မန်ကျည်းပေါ့။ အဲဒီလိုလျာထားတယ်။ အခုလောလောဆယ်တော့ ရှိနေတဲ့အပင်တွေကို ထိန်း သိမ်းတာ လုပ်နေတယ်။ မနှစ်ကစိုက်ထားတဲ့အပင်လေးတွေပေါ့” ဟု ပြောသည်။
ယခင်က တင်ဒါဖြင့် အပင်စိုက်ပျိုးရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့သော်လည်း လက်ရှိတွင် သစ်တောဦးစီးဌာနမှ ပျိုးပင်များရရှိထားပြီး အမြန်လမ်းအဖွဲ့မှ အဓိကဆောင်ရွက်နေ ကြောင်း သိရသည်။ လက်ရှိတွင် ယခင်က စိုက်ပျိုးထားသည့်အပင်များကိုသာ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိနေခြင်းဖြစ်ပြီး နွေရာသီတွင် အပင်များသေဆုံးမှုမဖြစ်စေရန် ရေသန့်ဘူး ဖြင့် ရေလောင်းခြင်း၊ မြေတူးပြီး ရေအဝင်ကောင်းစေရန် ပြင်ဆင်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိပြီး အပင်အားနည်းပါက မြေဩဇာကျွေးခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။
“တစ်ပင်ကို စိုက်ခနဲ့ခြင်းခတ်ခနဲ့က အပင်ဖိုးမပါဘဲနဲ့ (၁)သောင်းနဲ့ (၁)သောင်းခွဲကြားမှာ ကုန် တယ်။ ထိန်းသိမ်းတဲ့စရိတ်ကျတော့ တစ်နှစ်ပတ်လုံးထိန်းသိမ်းရတာဆိုတော့ တစ်ရာသီကို တစ်ပင်ကို (၁)သောင်းခွဲလောက်တော့ ကျမယ်ထင်တယ်” ဟု ပြောသည်။

Zawgyi Version:
ရန္ကုန္ - မႏၲေလး အျမန္လမ္းတစ္ေလွ်ာက္ အရိပ္ရအပင္ေပါင္း (၁) သိန္းေက်ာ္ စိုက္ပ်ိဳးမည္
စိမ့္စမ္းေရ (NP News)
ရန္ကုန္ - မႏၲေလး အျမန္လမ္းမႀကီးတစ္ေလွ်ာက္တြင္ ပတ္ဝန္းက်င္စိမ္းလန္းစိုျပည္ေရးႏွင့္ လမ္းအသုံးျပဳသူမ်ားအတြက္ သာယာလွပေစရန္ရည္႐ြယ္၍ အရိပ္ရအပင္ေပါင္း (၁) သိန္းေက်ာ္ကို ႏွစ္ အလိုက္ စိုက္ပ်ိဳးသြားမည္ျဖစ္ေၾကာင္း အျမန္လမ္းမႀကီး ျပဳျပင္ထိန္းသိမ္းေရးႏွင့္ ႀကီးၾကပ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News သို႔ေျပာသည္။
အျမန္လမ္းမႀကီးတစ္ေလွ်ာက္ ပတ္ဝန္းက်င္အလွအပ ျမႇင့္တင္ေပးႏိုင္မည့္ စီမံကိန္းတစ္ရပ္ အျဖစ္စိုက္ပ်ိဳးမည္ျဖစ္ၿပီး လာမည့္မိုးရာသီတြင္ စတင္စိုက္ပ်ိဳးမည္ျဖစ္ကာ အခ်ိန္ကာလအားျဖင့္ (၂) ႏွစ္ မွ (၃) ႏွစ္အထိ ၾကာျမင့္ႏိုင္ေၾကာင္းလည္း သိရသည္။ “စီမံကိန္းကေတာ့ ရန္ကုန္-မႏၲေလးအထိကို စုစု ေပါင္း အပင္ (၁၂၀ဝဝဝ) ေက်ာ္စိုက္ဖို႔လ်ာထားတယ္။ လ်ာထားၿပီးေတာ့ တစ္ႏွစ္တည္း‌ေတာ့ မစိုက္ႏိုင္ ေလာက္ဘူးထင္တယ္။ (၂) ႏွစ္ (၃) ႏွစ္ေလာက္ခြဲၿပီး စိုက္သြားဖို႔‌ေတာ့ အစီအစဥ္ရွိတယ္။ လာမယ့္ ရာသီ ကေတာ့ သစ္ပင္စိုက္ရာသီေပါ့ေနာ္။ မိုးဦးက်တာနဲ႔ ကြၽန္ေတာ္တို႔ အပင္ေတာ္‌ေတာ္မ်ားမ်ားစိုက္ဖို႔ လုပ္ ထားတယ္။ အခုတည္းက ေျမျပင္တာေတြ ဘာေတြေတာ့ ႀကိဳၿပီးေတာ့ ေျမေနရာရွင္းတာေတြေတာ့ လုပ္ ထားမယ္ေပါ့” ဟု အထက္ပါတာဝန္ရွိသူက NP News သို႔ေျပာသည္။
အဆိုပါလမ္းတစ္ေလွ်ာက္ ခေရပင္၊ တမာပင္၊ ကုကၠိဳလ္ပင္ ၊ မယ္ဇယ္ပင္ ၊ မန္က်ည္းပင္ႏွင့္ မန္ဂ်န္ရွားပင္တို႔ကိုစိုက္ပ်ိဳးမည္ျဖစ္ကာ လမ္းအေျခအေန၊ ေရေျမႏွင့္ ကိုက္ညီမႈ၊ ထိန္းသိမ္းရလြယ္ကူမႈ တို႔ေၾကာင့္ ကုကၠိဳလ္ပင္ႏွင့္ မယ္ဇယ္ပင္မ်ားကို ပိုမိုစိုက္ပ်ိဳးသြားမည္ျဖစ္ၿပီး လက္ရွိတြင္ သစ္ေတာဦးစီး ဌာနမွ ပ်ိဳးပင္ေပါင္း (၁၅၀ဝဝ) ခန႔္ကို ရရွိထားၿပီျဖစ္ေၾကာင္းလည္းသိရသည္။
“အဓိကကေတာ့ ကုကၠိဳလ္၊ မယ္ဇယ္နဲ႔ တမာမ်ားတာေပါ့ေနာ္။ ခေရပင္ကေတာ့ လမ္းလယ္ ကြၽန္းေတြမွာစိုက္တာ။ လမ္းအစြန္မွာက်‌ေတာ့ ကုကၠိဳလ္ပင္၊ မယ္ဇယ္ပင္၊ တမာပင္၊ မဲဇလီပင္ အဲဒါမ်ိဳး ေတြစိုက္မွာေပါ့ေနာ္။ အခု မဲဇလီကေတာ့ စုထားတဲ့အထဲေတာ့မပါေသးဘူး။ ကြၽန္ေတာ္တို႔ စုထားတာ မယ္ဇယ္၊ ခေရ၊ တမာ၊ မန္က်ည္းပါတယ္။ မန္ဂ်န္ရွား ရွိမယ္။ ကြၽန္ေတာ္တို႔ အဓိကတည္ထားတာက ရန္ ကုန္-ေနျပည္ေတာ္ပိုင္းမွာက ကုကၠိဳလ္နဲ႔ မန္ဂ်န္ရွား၊ ေနျပည္ေတာ္-မႏၲေလးပိုင္းမွာက်ေတာ့ မယ္ဇယ္၊ တမာ၊ မန္က်ည္းေပါ့။ အဲဒီလိုလ်ာထားတယ္။ အခုေလာေလာဆယ္ေတာ့ ရွိေနတဲ့အပင္ေတြကို ထိန္း သိမ္းတာ လုပ္ေနတယ္။ မႏွစ္ကစိုက္ထားတဲ့အပင္ေလးေတြေပါ့” ဟု ေျပာသည္။
ယခင္က တင္ဒါျဖင့္ အပင္စိုက္ပ်ိဳးေရးႏွင့္ ထိန္းသိမ္းေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ေသာ္လည္း လက္ရွိတြင္ သစ္ေတာဦးစီးဌာနမွ ပ်ိဳးပင္မ်ားရရွိထားၿပီး အျမန္လမ္းအဖြဲ႕မွ အဓိကေဆာင္႐ြက္ေန ေၾကာင္း သိရသည္။ လက္ရွိတြင္ ယခင္က စိုက္ပ်ိဳးထားသည့္အပင္မ်ားကိုသာ ျပဳစုေစာင့္ေရွာက္ေရး လုပ္ငန္းမ်ားေဆာင္႐ြက္လ်က္ရွိေနျခင္းျဖစ္ၿပီး ေႏြရာသီတြင္ အပင္မ်ားေသဆုံးမႈမျဖစ္ေစရန္ ေရသန႔္ဘူး ျဖင့္ ေရေလာင္းျခင္း၊ ေျမတူးၿပီး ေရအဝင္ေကာင္းေစရန္ ျပင္ဆင္ျခင္းတို႔ကိုေဆာင္႐ြက္လ်က္ရွိၿပီး အပင္အားနည္းပါက ေျမဩဇာေကြၽးျခင္းမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။
“တစ္ပင္ကို စိုက္ခနဲ႔ျခင္းခတ္ခနဲ႔က အပင္ဖိုးမပါဘဲနဲ႔ (၁)ေသာင္းနဲ႔ (၁)ေသာင္းခြဲၾကားမွာ ကုန္ တယ္။ ထိန္းသိမ္းတဲ့စရိတ္က်ေတာ့ တစ္ႏွစ္ပတ္လုံးထိန္းသိမ္းရတာဆိုေတာ့ တစ္ရာသီကို တစ္ပင္ကို (၁)ေသာင္းခြဲေလာက္ေတာ့ က်မယ္ထင္တယ္” ဟု ေျပာသည္။

© 2021. All rights reserved.