အောင်ဇဗ္ဗူဇာတ်သဘင်မှ မသန်စွမ်းသူများကဲ့သို့ ဖျော်ဖြေတင်ဆက်ခဲ့ခြင်းကို လူမှုကွန်ရက်စာမျက်နှာများထက်တွင် ဝေဖန်မှုများရှိနေ

742

ထိုက်စံ (NP News)-ဖေဖောဝါရီ ၁၈
အောင်ဇဗ္ဗူဇာတ်သဘင်မှ မသန်စွမ်းသူများကဲ့သို့ ဖျော်ဖြေတင်ဆက်ခဲ့ခြင်းကို လူမှုကွန်ရက် စာမျက်နှာများထက်တွင် ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။
ဖျော်ဖြေတင်ဆက်မှုတွင် အောင်ဇဗ္ဗူအပါအဝင် အဖွဲ့သားများမှ တစ်ဦးချင်းစီအလိုက် မသန်စွမ်းသူများကဲ့သို့ ဟာသဆန်ဆန် တင်ဆက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့တင်ဆက်မှုသည် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာကို အလေးမထားရာရောက်သည့် အတွက် ဝေဖန်ခံရခြင်းဖြစ်ကြောင်း သိရသည်။
Thamee Myat Kyaw အမည်ဖြင့် အကောင့်တစ်ခုမှ သူမ၏ဖေ့စ်ဘုတ်စာမျက်နှာထက်တွင် အောက်ပါကဲ့သို့ရေးသားထားခြင်း ဖြစ်သည်။
“ကျမ မသန်စွမ်းသူ တယောက်အနေနဲ့ မသန်စွမ်းသူများကိုယ်စား အသိပေး မေတ္တာရပ်ခံချင်ပါတယ်။မသန်စွမ်းသူတွေအပေါ် အသိအမြင်မှားယွင်းစွာ နှိမ့်ချ ပြုမူ ၊ ပြောဆို ၊ ရေးသား ၊ သရုပ်ဆောင် ၊ ဟာသပြက်လုံးထုတ်မှုများနဲ့ ပတ်သက်လို့ ကျမကိုယ်တိုင်ရော မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်းအဖွဲ့အစည်းများကပါ အကြိမ်ပေါင်းများစွာ လှုပ်ရှား ဆောင်ရွက် တားမြစ် တောင်းဆိုခဲ့ကြပါတယ်။ ခုချိန်ထိလည်း လှုပ်ရှားဆောင်ရွက်နေကြတုန်းပါဘဲ။ ဒါပေမယ့်လည်း ကြိမ်ဖန်များစွာ မှားယွင်းစွာ ဆက်လက် နှိမ့်ချစော်ကားမှုတွေ ပြုမူ နေကြဆဲပါ။ ကျမတို့ နိုင်ငံရဲ့ ဘွဲ့ရ ပညာတတ် မသန်စွမ်းတွေ ၊ မိသားစုကို ဦးဆောင်စောင့်ရှောက်နေတဲ့ မသန်စွမ်းတွေ ၊ အမီအခိုကင်းကင်း ကိုယ့်အားကိုယ်ကိုး ရပ်တည်နေတဲ့ မသန်စွမ်းတွေ ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ အများနဲ့ တန်းတူ ပါဝင် လှုပ်ရှားနေတဲ့ မသန်စွမ်းတွေ ၊မသန်စွမ်း အနုပညာရှင်တွေရဲ့ စွမ်းဆောင်နိုင်မှုတွေကို အသိအမှတ်မပြုချင်နေပါ။ ဂုဏ်ပြု ဖေါ်ထုတ်တာမျိုး မလုပ်လည်း အပြစ်မဟုတ်ပါဘူး။ ခုလို လူ့ဂုဏ်သိက္ခာကို လူထုအလယ် စင်မြင့်ထက်ကနေ နှိမ့်ချစော်ကားတဲ့ အပြုအမူတွေကိုတော့ တားမြစ်ပေးကြပါ”ဟု ၎င်းမှ ရေးသားထားခြင်းဖြစ်သည်။
ထို့ပြင် Tin Nilar Win အမည်ဖြင့်အကောင့်တစ်ခုမှလည်း“အနုပညာလုပ်မယ်ဆိုလည်း အနုပညာကို Quality ရှိအောင် လုပ်ကြပါဟ။ မသန်စွမ်းသူတွေကို ဟာသလုပ်တဲ့ အနုပညာမျိုးကြတော့ Ethic မဲ့လွန်းပါတယ်။ ခေါင်းဆောင်လည်း ပညာတက်တစ်ယာက်ပါပဲ။ လိုက်နာသင့်တဲ့ Ethic လေးတော့ အလေးထားပေါ့” ဟု ထပ်မံရေးသားထားသည်ကို တွေ့ရသည်။
ထို့အတူ ပြီးခဲ့သည့် (ဇန်နဝါရီ ၁၂ရက်) က ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ အင်းမရွှေကျောင်း တွင် အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့မှ ဖျော်ဖြေ တင်ဆက်ခဲ့ရာတွင် လူရွှင်တော် ဖြိုးဖြိုးသည် စင်ပေါ်တက်၍ ဆုငွေချီးမြှင့်လာသော ကလေးငယ်တစ်ဦးအားပွေ့ချီပြီး အများအမြင်၌ လုံးဝ (လုံးဝ) မတင့်တယ်သည့် အပြုအမူအား ဟာသသဖွယ် ပြုမူခဲ့သည့်အပေါ် ဝေဖန်မှုများမြင့်တက်ခဲ့၍ တိုင်ကြားမှုများရှိခဲ့သဖြင့် ခံဝန်လက်မှတ် ရေးထိုးခဲ့ရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ကြောင်းသိရသည်။

Zawgyi Version:
ေအာင္ဇဗၺဴဇာတ္သဘင္မွ မသန္စြမ္းသူမ်ားကဲ့သို႔ ေဖ်ာ္ေျဖတင္ဆက္ခဲ့ျခင္းကို လူမႈကြန္ရက္စာမ်က္ႏွာမ်ားထက္တြင္ ေဝဖန္မႈမ်ားရွိေန
ထိုက္စံ (NP News)-ေဖေဖာဝါရီ ၁၈
ေအာင္ဇဗၺဴဇာတ္သဘင္မွ မသန္စြမ္းသူမ်ားကဲ့သို႔ ေဖ်ာ္ေျဖတင္ဆက္ခဲ့ျခင္းကို လူမႈကြန္ရက္ စာမ်က္ႏွာမ်ားထက္တြင္ ေဝဖန္မႈမ်ား ရွိေနေၾကာင္း သိရသည္။
ေဖ်ာ္ေျဖတင္ဆက္မႈတြင္ ေအာင္ဇဗၺဴအပါအဝင္ အဖြဲ႕သားမ်ားမွ တစ္ဦးခ်င္းစီအလိုက္ မသန္စြမ္းသူမ်ားကဲ့သို႔ ဟာသဆန္ဆန္ တင္ဆက္ခဲ့ျခင္းျဖစ္ၿပီး ထိုသို႔တင္ဆက္မႈသည္ မသန္စြမ္းသူမ်ား၏ ဂုဏ္သိကၡာကို အေလးမထားရာေရာက္သည့္ အတြက္ ေဝဖန္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။
Thamee Myat Kyaw အမည္ျဖင့္ အေကာင့္တစ္ခုမွ သူမ၏ေဖ့စ္ဘုတ္စာမ်က္ႏွာထက္တြင္ ေအာက္ပါကဲ့သို႔ေရးသားထားျခင္း ျဖစ္သည္။
“က်မ မသန္စြမ္းသူ တေယာက္အေနနဲ႔ မသန္စြမ္းသူမ်ားကိုယ္စား အသိေပး ေမတၱာရပ္ခံခ်င္ပါတယ္။မသန္စြမ္းသူေတြအေပၚ အသိအျမင္မွားယြင္းစြာ ႏွိမ့္ခ် ျပဳမူ ၊ ေျပာဆို ၊ ေရးသား ၊ သ႐ုပ္ေဆာင္ ၊ ဟာသျပက္လုံးထုတ္မႈမ်ားနဲ႔ ပတ္သက္လို႔ က်မကိုယ္တိုင္ေရာ ျမန္မာႏိုင္ငံမွာရွိတဲ့ မသန္စြမ္းအဖြဲ႕အစည္းမ်ားကပါ အႀကိမ္ေပါင္းမ်ားစြာ လႈပ္ရွား ေဆာင္႐ြက္ တားျမစ္ ေတာင္းဆိုခဲ့ၾကပါတယ္။ ခုခ်ိန္ထိလည္း လႈပ္ရွားေဆာင္႐ြက္ေနၾကတုန္းပါဘဲ။ ဒါေပမယ့္လည္း ႀကိမ္ဖန္မ်ားစြာ မွားယြင္းစြာ ဆက္လက္ ႏွိမ့္ခ်ေစာ္ကားမႈေတြ ျပဳမူ ေနၾကဆဲပါ။ က်မတို႔ ႏိုင္ငံရဲ႕ ဘြဲ႕ရ ပညာတတ္ မသန္စြမ္းေတြ ၊ မိသားစုကို ဦးေဆာင္ေစာင့္ေရွာက္ေနတဲ့ မသန္စြမ္းေတြ ၊ အမီအခိုကင္းကင္း ကိုယ့္အားကိုယ္ကိုး ရပ္တည္ေနတဲ့ မသန္စြမ္းေတြ ၊ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြမွာ အမ်ားနဲ႔ တန္းတူ ပါဝင္ လႈပ္ရွားေနတဲ့ မသန္စြမ္းေတြ ၊မသန္စြမ္း အႏုပညာရွင္ေတြရဲ႕ စြမ္းေဆာင္ႏိုင္မႈေတြကို အသိအမွတ္မျပဳခ်င္ေနပါ။ ဂုဏ္ျပဳ ေဖၚထုတ္တာမ်ိဳး မလုပ္လည္း အျပစ္မဟုတ္ပါဘူး။ ခုလို လူ႔ဂုဏ္သိကၡာကို လူထုအလယ္ စင္ျမင့္ထက္ကေန ႏွိမ့္ခ်ေစာ္ကားတဲ့ အျပဳအမူေတြကိုေတာ့ တားျမစ္ေပးၾကပါ”ဟု ၎မွ ေရးသားထားျခင္းျဖစ္သည္။
ထို႔ျပင္ Tin Nilar Win အမည္ျဖင့္အေကာင့္တစ္ခုမွလည္း
“အႏုပညာလုပ္မယ္ဆိုလည္း အႏုပညာကို Quality ရွိေအာင္ လုပ္ၾကပါဟ။ မသန္စြမ္းသူေတြကို ဟာသလုပ္တဲ့ အႏုပညာမ်ိဳးၾကေတာ့ Ethic မဲ့လြန္းပါတယ္။ ေခါင္းေဆာင္လည္း ပညာတက္တစ္ယာက္ပါပဲ။ လိုက္နာသင့္တဲ့ Ethic ေလးေတာ့ အေလးထားေပါ့” ဟု ထပ္မံေရးသားထားသည္ကို ေတြ႕ရသည္။
ထို႔အတူ ၿပီးခဲ့သည့္ (ဇန္နဝါရီ ၁၂ရက္) က ပဲခူးတိုင္းေဒသႀကီး၊ သဲကုန္းၿမိဳ႕နယ္၊ အင္းမေ႐ႊေက်ာင္း တြင္ ေအာင္ဇမၺဴ ဇာတ္သဘင္အဖြဲ႕မွ ေဖ်ာ္ေျဖ တင္ဆက္ခဲ့ရာတြင္ လူ႐ႊင္ေတာ္ ၿဖိဳးၿဖိဳးသည္ စင္ေပၚတက္၍ ဆုေငြခ်ီးျမႇင့္လာေသာ ကေလးငယ္တစ္ဦးအားေပြ႕ခ်ီၿပီး အမ်ားအျမင္၌ လုံးဝ (လုံးဝ) မတင့္တယ္သည့္ အျပဳအမူအား ဟာသသဖြယ္ ျပဳမူခဲ့သည့္အေပၚ ေဝဖန္မႈမ်ားျမင့္တက္ခဲ့၍ တိုင္ၾကားမႈမ်ားရွိခဲ့သျဖင့္ ခံဝန္လက္မွတ္ ေရးထိုးခဲ့ရသည့္ ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။