ဝါးတရာစက်မှုဇုန်ရှိအထည်ချုပ်စက်ရုံမီးလောင်မှု Level (2)အဆင့်သို့ရောက်ရှိပြီး လူ(၂)ဦး သေဆုံးဟုဆို

 605

ကိုဖြိုး(NP News) ဖေဖေါ်ဝါရီ -၁၈
ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်တွင် အထည်ချုပ်စက်ရုံတစ်ခု ဝါယာရှော့ဖြစ်ရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ Level (2) အဆင့်သို့ရောက်ရှိနေပြီး လက်ရှိတွင် လူ (၂) ဦး သေဆုံးကာ မီးလောင်ကျွမ်းဆဲဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ (၁၈) ရက်၊ နေ့လည် (၁၂) ကျော်၌ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်တွင် အထည်ချုပ်စက်ရုံတစ်ခု ဝါယာရှော့ဖြစ်ရာမှတဆင့် မီးလောင်မှုဖြစ် ပွားခဲ့ရာ Level (2) အဆင့်သို့ရောက်ရှိနေပြီး လက်ရှိညနေ(၄)နာရီအချိန်ထိ မီးလောင်ကျွမ်းနေဆဲဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။
“စက်ရုံထဲမှာ အထည်ပိတ်လိတ်တွေ လှိုက်ပြီးလောင်နေတာ။ ဂိုထောင်ထဲမှာ မီးခိုးတွေကအရမ်းထွက်တော့ မီးသတ်တပ်ဖွဲ့ကတော့ ခေါင်မိုးဖောက်နေတယ်။ စက်ရုံတွေကတော့ များသောအားဖြင့် လျှပ်စစ်ဝါယာရှော့ဖြစ်တာများတယ်။ စက်ရုံတစ်ခုလုံးတော့ကုန်တယ်။ Level (2) အဆင့်တော့ရောက်ပြီ။ အခုထိတော့ မီးမငြိမ်းသေးဘူး။ ရေလည်းပြတ်သွားလို့ ဆုံးရှုံးမှုကတော့ စက်ရုံတစ်ရုံလုံးပဲ။” ဟု အင်းစိန်ကြက်ခြေနီအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။
မီးလောင်မှုသည့် နေ့လည် (၁၂) နာရီ၊ မိနစ် (၂၀) တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ နေ့လည် (၁) နာရီ၊ (၃၈) မိနစ်တွင် မီးထိန်းနိုင်ပြီဖြစ်သော်လည်း ညနေ(၄)နာရီသတင်းရေးချိန်ထိ မီးလောင်ကျွမ်းနေဆဲဖြစ်သည်။ အဆိုပါမီးလောင်ကျွမ်းမှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းမီးငြိမ်းသတ်နေကြောင်း သိရသည်။ မီးလောင်သည့်စက်ရုံမှာ Straightex Co.,ltd ဖြစ်ပြီး မီးလောင်မှုအတွင်း စက်ရုံအလုပ်သမားနှစ်ဦးသေဆုံးသွားကြောင်း ရွှေပြည်သာမြို့နယ်အထည်ချုပ်စက်ရုံအလုပ်သမားသမဂ္ဂမှထုတ်ပြန်ထားသည်။

Zawgyi Version:
ဝါးတရာစက္မႈဇုန္ရွိအထည္ခ်ဳပ္စက္႐ုံမီးေလာင္မႈ Level (2)အဆင့္သို႔ေရာက္ရွိၿပီး လူ(၂)ဦး ေသဆုံးဟုဆို
ကိုၿဖိဳး(NP News) ေဖေဖၚဝါရီ -၁၈
ရန္ကုန္၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ ဝါးတရာစက္မႈဇုန္တြင္ အထည္ခ်ဳပ္စက္႐ုံတစ္ခု ဝါယာေရွာ့ျဖစ္ရာမွတဆင့္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ Level (2) အဆင့္သို႔ေရာက္ရွိေနၿပီး လက္ရွိတြင္ လူ (၂) ဦး ေသဆုံးကာ မီးေလာင္ကြၽမ္းဆဲျဖစ္ေၾကာင္း သိရသည္။
ေဖေဖာ္ဝါရီ (၁၈) ရက္၊ ေန႔လည္ (၁၂) ေက်ာ္၌ ေ႐ႊျပည္သာၿမိဳ႕နယ္၊ ဝါးတရာစက္မႈဇုန္တြင္ အထည္ခ်ဳပ္စက္႐ုံတစ္ခု ဝါယာေရွာ့ျဖစ္ရာမွတဆင့္ မီးေလာင္မႈျဖစ္ ပြားခဲ့ရာ Level (2) အဆင့္သို႔ေရာက္ရွိေနၿပီး လက္ရွိညေန(၄)နာရီအခ်ိန္ထိ မီးေလာင္ကြၽမ္းေနဆဲျဖစ္ေၾကာင္း မီးသတ္တပ္ဖြဲ႕သတင္းမ်ားအရ သိရသည္။
“စက္႐ုံထဲမွာ အထည္ပိတ္လိတ္ေတြ လႈိက္ၿပီးေလာင္ေနတာ။ ဂိုေထာင္ထဲမွာ မီးခိုးေတြကအရမ္းထြက္ေတာ့ မီးသတ္တပ္ဖြဲ႕ကေတာ့ ေခါင္မိုးေဖာက္ေနတယ္။ စက္႐ုံေတြကေတာ့ မ်ားေသာအားျဖင့္ လွ်ပ္စစ္ဝါယာေရွာ့ျဖစ္တာမ်ားတယ္။ စက္႐ုံတစ္ခုလုံးေတာ့ကုန္တယ္။ Level (2) အဆင့္ေတာ့ေရာက္ၿပီ။ အခုထိေတာ့ မီးမၿငိမ္းေသးဘူး။ ေရလည္းျပတ္သြားလို႔ ဆုံးရႈံးမႈကေတာ့ စက္႐ုံတစ္႐ုံလုံးပဲ။” ဟု အင္းစိန္ၾကက္ေျခနီအသင္းမွ အသင္းဝင္တစ္ဦးက ေျပာသည္။
မီးေလာင္မႈသည့္ ေန႔လည္ (၁၂) နာရီ၊ မိနစ္ (၂၀) တြင္ စတင္ေလာင္ကြၽမ္းခဲ့ၿပီး၊ ေန႔လည္ (၁) နာရီ၊ (၃၈) မိနစ္တြင္ မီးထိန္းႏိုင္ၿပီျဖစ္ေသာ္လည္း ညေန(၄)နာရီသတင္းေရးခ်ိန္ထိ မီးေလာင္ကြၽမ္းေနဆဲျဖစ္သည္။ အဆိုပါမီးေလာင္ကြၽမ္းမႈကို နယ္ေျမခံမီးသတ္တပ္ဖြဲ႕ႏွင့္ ေဒသခံလူမႈကူညီေရးအသင္းမ်ားက ဝိုင္းဝန္းမီးၿငိမ္းသတ္ေနေၾကာင္း သိရသည္။ မီးေလာင္သည့္စက္႐ုံမွာ Straightex Co.,ltd ျဖစ္ၿပီး မီးေလာင္မႈအတြင္း စက္႐ုံအလုပ္သမားႏွစ္ဦးေသဆုံးသြားေၾကာင္း ေ႐ႊျပည္သာၿမိဳ႕နယ္အထည္ခ်ဳပ္စက္႐ုံအလုပ္သမားသမဂၢမွထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.