(၂၀၂၇) နှစ်ကုန်တွင် ပင်းပက်စီမံကိန်း ပြီးစီးနိုင်

301

Pearl (NP News) - ဖေဖော်ဝါရီလ ၁၈
လာမည့် (၂၀၂၇) ခုနှစ်ကုန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်ရှိ အမှတ်(၂)သံ မဏိစက်ရုံ(ပင်းပက်)စီမံကိန်း ပြီးစီးနိုင်မည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းနှင့်နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
အကြောင်းအမျိုးမျိုးကြောင့်ရပ်နားထား ခဲ့ရာ (၂၀၂၁)ခုနှစ်နောက်ပိုင်းမှစတင်၍ စက်မှုဝန် ကြီးဌာနနှင့် ရုရှားသံအမတ်တို့ တွေ့ဆုံဆွေးနွေးပြီး ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်လာ သည့် အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)တွင် သံစိမ်းထုတ်ရန်ပြင်ဆင်နေပြီး အဆိုပါစီမံကိန်း အတွင်း အလုပ်ရုံ(၂၂)ခုရှိကာ (၁၉)ရုံကို စမ်းသပ် လည်ပတ်ခဲ့ပြီးကြောင်း သိရသည်။
အလုပ်ရုံ(၃)ရုံကိုလည်း ရုရှားနိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက် နေပြီး ပြီးစီးပါက သံစိမ်း(Pig Iron)ထုတ်လုပ်မှု စတင်မည်ဖြစ်ကာ နှစ်စဉ် တန်ချိန်(၂)သိန်း ထွက်ရှိ မည်ဖြစ်ပြီး လာမည့် (၂၀၂၇) ခုနှစ် နိုဝင်ဘာလတွင် သံစိမ်းစတင်ထုတ်လုပ်နိုင် ရန်မျှော်မှန်းထားကြောင်း သိရသည်။
" ကျန်တာတွေက ဆက်လက်လုပ်ကိုင် ညှိနှိုင်းနေဆဲပေါ့။ ကျွန်တော်တို့ကတော့ (၂၀၂၇) နိုဝင်ဘာလလောက် ပြီးဖို့ မှန်းထားတယ်။ အဲဒီကျရင် Pig Iron ထုတ်လို့ရပြီ။ ကျန်တဲ့ (၃)ခုကလည်း နဂိုတည်းကဆင်ထားပြီးသား။ Final အပြီးသတ် တပ်ဆင်ဖို့ ဆောင်ရွက်နေပါတယ်"ဟုပြောသည်။
ပင်းပက်စက်ရုံလည်ပတ်နိုင်ရေးအတွက် ကုန်ကြမ်း များဖြစ်သည့် သံရိုင်း (၂)မျိုး၊ ထုံးကျောက်၊ ဒိုလိုမိုက် နှင့် ကျောက်မီးသွေးတို့အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်းက တူးဖော်ထုတ်လုပ်ခွင့်ရပြီး သားဖြစ်ကာ သဲကိုလည်း တင်ဒါခေါ်ယူမည်ဖြစ် ကြောင်းလည်း သိရသည်။
ရရှိလာမည့်သံစိမ်းကို သံရည်ကျိုလုပ်ငန်း များနှင့် အမှတ်(၁)သံမဏိစက်ရုံမြင်းခြံရှိ သံမဏိ ထုတ်လုပ်သည့် လုပ်ငန်း၌ ရာခိုင်နှုန်းတစ်ခုအနေဖြင့် ထည့်သွင်းအသုံးပြုနိုင်ကြောင်းလည်းသိရသည်။
ပင်းပက်စီမံကိန်းသည် (၅၁၂၂ ဒသမ ၁၆) ဧကခန့်ကျယ်ဝန်းပြီး ယခင်က (၂၀၂၂-၂၀၂၃) ခုနှစ်တွင် အပြီးသတ်နိုင်ရန် လျာထားဆောင်ရွက်ခဲ့ သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ ကြောင်းလည်း သိရသည်။

Zawgyi Version:
(၂၀၂၇) ႏွစ္ကုန္တြင္ ပင္းပက္စီမံကိန္း ၿပီးစီးႏိုင္
Pearl (NP News) - ေဖေဖာ္ဝါရီလ ၁၈
လာမည့္ (၂၀၂၇) ခုႏွစ္ကုန္တြင္ ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕နယ္ရွိ အမွတ္(၂)သံ မဏိစက္႐ုံ(ပင္းပက္)စီမံကိန္း ၿပီးစီးႏိုင္မည္ျဖစ္ေၾကာင္း အဆိုပါစီမံကိန္းႏွင့္နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ရပ္နားထား ခဲ့ရာ (၂၀၂၁)ခုႏွစ္ေနာက္ပိုင္းမွစတင္၍ စက္မႈဝန္ ႀကီးဌာနႏွင့္ ႐ုရွားသံအမတ္တို႔ ေတြ႕ဆုံေဆြးေႏြးၿပီး ျပန္လည္အေကာင္အထည္ေဖာ္ေဆာင္႐ြက္လာ သည့္ အမွတ္(၂)သံမဏိစက္႐ုံ(ပင္းပက္)တြင္ သံစိမ္းထုတ္ရန္ျပင္ဆင္ေနၿပီး အဆိုပါစီမံကိန္း အတြင္း အလုပ္႐ုံ(၂၂)ခုရွိကာ (၁၉)႐ုံကို စမ္းသပ္ လည္ပတ္ခဲ့ၿပီးေၾကာင္း သိရသည္။
အလုပ္႐ုံ(၃)႐ုံကိုလည္း ႐ုရွားႏိုင္ငံမွ ကုမၸဏီတစ္ခုႏွင့္ပူးေပါင္း၍ ဆက္လက္ေဆာင္႐ြက္ ေနၿပီး ၿပီးစီးပါက သံစိမ္း(Pig Iron)ထုတ္လုပ္မႈ စတင္မည္ျဖစ္ကာ ႏွစ္စဥ္ တန္ခ်ိန္(၂)သိန္း ထြက္ရွိ မည္ျဖစ္ၿပီး လာမည့္ (၂၀၂၇) ခုႏွစ္ ႏိုဝင္ဘာလတြင္ သံစိမ္းစတင္ထုတ္လုပ္ႏိုင္ ရန္ေမွ်ာ္မွန္းထားေၾကာင္း သိရသည္။
" က်န္တာေတြက ဆက္လက္လုပ္ကိုင္ ညႇိႏႈိင္းေနဆဲေပါ့။ ကြၽန္ေတာ္တို႔ကေတာ့ (၂၀၂၇) ႏိုဝင္ဘာလေလာက္ ၿပီးဖို႔ မွန္းထားတယ္။ အဲဒီက်ရင္ Pig Iron ထုတ္လို႔ရၿပီ။ က်န္တဲ့ (၃)ခုကလည္း နဂိုတည္းကဆင္ထားၿပီးသား။ Final အၿပီးသတ္ တပ္ဆင္ဖို႔ ေဆာင္႐ြက္ေနပါတယ္"ဟုေျပာသည္။
ပင္းပက္စက္႐ုံလည္ပတ္ႏိုင္ေရးအတြက္ ကုန္ၾကမ္း မ်ားျဖစ္သည့္ သံ႐ိုင္း (၂)မ်ိဳး၊ ထုံးေက်ာက္၊ ဒိုလိုမိုက္ ႏွင့္ ေက်ာက္မီးေသြးတို႔အတြက္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး၊ အမွတ္ (၁) သတၱဳတြင္းလုပ္ငန္းက တူးေဖာ္ထုတ္လုပ္ခြင့္ရၿပီး သားျဖစ္ကာ သဲကိုလည္း တင္ဒါေခၚယူမည္ျဖစ္ ေၾကာင္းလည္း သိရသည္။
ရရွိလာမည့္သံစိမ္းကို သံရည္က်ိဳလုပ္ငန္း မ်ားႏွင့္ အမွတ္(၁)သံမဏိစက္႐ုံျမင္းၿခံရွိ သံမဏိ ထုတ္လုပ္သည့္ လုပ္ငန္း၌ ရာခိုင္ႏႈန္းတစ္ခုအေနျဖင့္ ထည့္သြင္းအသုံးျပဳႏိုင္ေၾကာင္းလည္းသိရသည္။
ပင္းပက္စီမံကိန္းသည္ (၅၁၂၂ ဒသမ ၁၆) ဧကခန႔္က်ယ္ဝန္းၿပီး ယခင္က (၂၀၂၂-၂၀၂၃) ခုႏွစ္တြင္ အၿပီးသတ္ႏိုင္ရန္ လ်ာထားေဆာင္႐ြက္ခဲ့ ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေႏွာင့္ေႏွးခဲ့ ေၾကာင္းလည္း သိရသည္။