ပုဂ္ဂလိကကျောင်းပညာရေးနဲ့ မြန်မာ့အနာဂတ် " စီးပွားရေးသမားတွေက ငွေရရေးအတွက် ဝင်တိုးလာပြီးတော့ ကလေးတွေ စာတတ်၊ မတတ်ကတော့ . . . . . . " (ဆွေးနွေးခန်း ကဏ္ဍ)

415

စော (NP News) - ဖေဖော်ဝါရီလ ၁၉
နိုင်ငံတော်အစိုးရအနေဖြင့် ပုဂ္ဂလိက ပညာရေးနှင့်ပတ်သက်၍ အရည်အသွေးပြည့်မီအောင် မြှင့်တင်မှုများရှိသော်လည်း ပညာရေးဝန်ကြီးဌာနမှ အောက်ခြေဝန်ထမ်းများ၏ အကျင့်ပျက် ခြစားမှုများ၊ စီးပွားရေးသမားများမှ စီးပွားရေးဆန်ဆန် ဆောင်ရွက်လာမှုများကို ပုဂ္ဂလိကကျောင်း မှ ကျောင်းအုပ်ကြီးတစ်ဦးက NP News မှတစ်ဆင့် အကြံပြုဆွေးနွေးထား သည်ကို ဖော်ပြလိုက်ပါသည်။
မေး ။ ။ အရင်ဆုံး ပုဂ္ဂလိကပညာရေးစနစ်အကြောင်း ပြောပြပေးပါဦး။
ဆွေးနွေးဖော်။ ။ ကိုယ်ပိုင်ကျောင်းတွေပေါ်ထွန်းလာတယ်လေ။ ကိုယ်ပိုင်ကျောင်းတွေက (၂၀၁၂)ခုနှစ် ကတစ်ခေါက် ဥပဒေနဲ့အညီပြဋ္ဌာန်းပြီးတော့ ပေါ်လာ တယ်။ (၂၀၂၃)ခုနှစ်မှာ ဥပဒေပြန်ပြင်ရေးဆွဲတယ်။ ပထမပိုင်းကတော့ ကိုယ်ပိုင်ကျောင်းတွေက တကယ် လိုအပ်ချက်အရ (၂၀၁၂)ခုနှစ်မှာတုန်းက ကျောင်း အရေအတွက်နည်းတယ်။ ပညာရေးဝန်ထမ်းနည်း လည်း လုပ်ကြကိုင်ကြတယ်။ ဒီနောက်ပိုင်းမှာကျတော့ ကိုယ်ပိုင်ကျောင်းတွေက မြိုင်ပြီး စီးပွားရေးသမား တွေရော၊ ပညာရေးလောက သားမဟုတ်တဲ့လူတွေ ရော ဝင်ရောက်လာတယ်။ ဝင်ရောက်လာပြီးနောက် ပိုင်းမှာ ဘာတွေဖြစ်လဲဆိုတော့ အကျင့်ပျက်တဲ့ဝန် ထမ်းတွေနဲ့ပေါင်းပြီးတော့ ပညာရေးအလိမ်အညာ ဂိုဏ်းပုံစံမျိုးတောင်ဖြစ်လာတယ်။ ဒါကို စီးပွားရေး တစ်ခုအနေနဲ့လုပ်တယ်။ ငွေရရင်ပြီးရော ပညာရေးရဲ့ မူဝါဒ၊ နက်နဲတဲ့ဥပဒေ၊ နည်းဥပဒေနဲ့မညီဘဲနဲ့ လုပ် ကိုင်ဆောင်ရွက်တာတွေ သွားတွေ့ရတယ်။ ဥပမာ ပညာရေးဝန်ကြီးဌာနအနေနဲ့တော့ နိုင်ငံတော်အ ကြီးအကဲ၊ ပညာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး အဆင့်ဆင့်ပေါ့။ တချို့များကတော့ သေသေချာချာ တိတိကျကျ မှန်မှန်ကန်ကန်ဆောင်ရွက်တယ်။ ဒါပေ မဲ့ အောက်ခြေမှာကျတော့ ဘယ်လိုမျိုးလဲဆိုတော့ စီးပွားရေးသမားတွေရဲ့ ပေးကမ်းမှု၊ အကျင့်ပျက်မှုတွေ နဲ့ ဥပဒေ၊ နည်းဥပဒေအမိန့်òန်ကြားချက်နှင့်အညီ မဆောင်ရွက်တာတွေ့ရတယ်။ တွေ့ရတော့ ကျောင်း နေတဲ့ Quality အရည်အသွေးကလည်း မတိုးတက်လာဘူး။ အမှန်တော့ အခုဆိုရင် ဘယ်လိုလဲဆိုရင် နိုင်ငံတော်အကြီးအကဲကနေစပြီးတော့ ပညာရေးဝန် ထမ်းမြှင့်တင်ချင်တယ်။ ဝန်ကြီးဌာနကိုလည်း ပညာ ရေးနဲ့ပတ်သက်ပြီးတော့ မြင့်မားစေချင်တယ်။ လုပ် တယ်။ ဒါပေမဲ့ ခုနကလို အကျင့်ပျက်ဝန်ထမ်းတွေ ကြောင့် မဖြစ်လာဘူး။ ကျောင်းတွေရဲ့အရည်အသွေး မပြည့်မီတာတွေ သွားတွေ့ရတယ်။ ကျောင်းအရည် အသွေးပြည့်မီအောင်ဆိုပြီးတော့ ပြီးခဲ့တဲ့ (၂၀၂၃)ခုနှစ်မှာ ဥပဒေတစ်ခုပြဋ္ဌာန်းလာတယ်။ ပြဋ္ဌာန်းလိုက် ပြီးတော့ ကျောင်းတစ်ကျောင်းရဲ့ Quality တွေပေါ့။ အခန်းအရေအတွက် အခန်းပေါ့။ မူလတန်းဆိုရင် အ ခန်း (၁၀)ခန်းရှိရမယ်။ အလယ်တန်းဆိုရင် အခန်း (၁၄)ခန်းရှိရမယ်။ အထက်တန်းဆိုရင် အခန်း (၁၉)ခန်းရှိရမယ် ဆိုတဲ့ဟာလေးရှိတယ်။ နောက်တစ်ခုက အခန်းတစ်ခုချင်းစီရဲ့ Measurement အတိုင်းအ တာတွေ မူလတန်းဆိုရင် အနံအနေနဲ့ (၁၅)ပေရှိရ မယ်။ (၁၅)ပေထက်ပိုလို့ရတယ်။ အနည်းဆုံးတော့ (၁၅)ပေဖြစ်ရမယ်။ (၁၅)ပတ်လည်ဖြစ်ရင်ဖြစ် သို့မ ဟုတ် (၁၅)၊ (၁၆) ဖြစ်ရင်ဖြစ် (၁၅)၊ (၂၀) ဖြစ်ရင် ဖြစ် ရတယ်။ အနည်းဆုံးတော့ အနံသည် (၁၅) ပေ ဖြစ်ရမယ်။ အဲဒါ မူလတန်းအဆင့်။ အလယ်တန်းနဲ့ အထက်တန်းအဆင့်ကျတော့ အနံသည် အနိမ့်ဆုံး ပေ(၂၀)ဖြစ်ရမယ်။ ပေ (၂၀)အထက်ကျော်လို့ရတယ်။ (၁၈)ပေတို့၊ (၁၉)ပေတို့ဆိုမရဘူး။ အဲဒီလိုတွေ Qualify သတ်မှတ်ထားတယ်။ နောက်တစ်ခုက မူလတန်းဆိုရင် စာကြည့်တိုက်ရှိရမယ်၊ စာကြည့်ခန်း ရှိရမယ်၊ ကျောင်းအုပ်ဆရာကြီးအခန်းရှိရမယ်။ နောက် ဖွံ့ဖြိုးရေးလုပ်နိုင်တဲ့ဟာတွေ ရှိရမယ်။ အား ကစားကွင်းရှိရမယ်။ အရေးကြီးတာကတော့ အားက စားကွင်းတွေ ဘာကြောင့်ထည့်ခိုင်းလဲဆိုရင် အကြီး ကြီးတော့ မဟုတ်ပေမယ့်လို့ Mini အားကစားကွင်း တွေရှိရမယ်။ အဲဒီအားကစားကွင်းတွေမှာလည်း က လေးတွေ ဘာကြောင့်လုပ်ခိုင်းလဲဆိုရင် အားကစားရှိ မှလည်း ကျန်းမာမယ်။ ကျန်းမာမှ ပညာသင်ကြား နိုင်မယ်။ ဗလငါးတန်ဖွံ့ဖြိုးရေးဆိုတာရှိတယ်။ ဗလငါး တန်ဖွံ့ဖြိုးရေးနဲ့အညီ သင်ကြားပို့ချပေးနိုင်မယ်။ ဒါက မူလတန်းအဆင့်။ အလယ်တန်းအဆင့်ကျတော့ ဘာ ပါသွားမလဲဆိုရင် စာကြည့်တိုက် နောက် ကွန်ပျူတာ ခန်း။ နောက်ပြီးတော့ ဆရာမများ၊ ကျောင်းအုပ်ဆရာ ကြီးရုံးခန်း။ ကျန်းမာရေးစောင့်ရှောက်မှုအခန်း၊ အား ကစားကွင်း အဲဒါတွေပါရှိရမယ်။ အထက်တန်းကျ တော့ တစ်ခုပဲပိုတယ်။ သိပ္ပံခန်းပေါ့။ လက်တွေ့ခန်း တွေ၊ သိပ္ပံခန်းတွေပါရမယ်။ သို့သော် ဘယ်လိုလုပ်လဲ ဆိုရင် အဲဒါတွေကျတော့ ဒီအခန်းတွေကိုစစ်ဆေး သူတွေ ကာယကံရှင်ပိုင်ရှင်တွေက ဘာလုပ်လဲဆိုရင် ဖြစ်သလိုပဲလုပ်လိုက်တယ်။ အဲဒီအခန်းတွေမှာ ကွန် ပျူတာခန်း၊ သိပ္ပံခန်းဆိုပြီးတော့ အခန်းကျဉ်းကျဉ်း လေးတွေမှာပဲနေရာပြလိုက်တယ်။ ရှင်းရှင်းပြောရင် မူလတန်းဆိုရင် (၁၀)ခန်း၊ အလယ်တန်းဆိုရင် (၁၄)ခန်း၊ အထက်တန်းဆိုရင် (၁၉)ခန်းရှိရမယ်ဆိုတဲ့ အခန်းရဲ့အရေအတွက်သာပြပြီးတော့ ခုနကပြောတဲ့ ဖွံ့ဖြိုးရေးဘာသာရပ်တွေဖြစ်တဲ့ ကွန်ပျူတာခန်းတို့၊ သိပ္ပံခန်းတို့၊ စာကြည့်တိုက်ခန်းတို့ ဆိုတဲ့အခါကျတော့ အရည်အသွေးပြည့်အောင် မဆောင်ရွက်ထားနိုင်ခဲ့ ဘူး။ ဥပမာ (၁၀)ပေလည်းဖြစ်ရင်ဖြစ်မယ်။ (၁၃)ပေ လည်းဖြစ်ရင်ဖြစ်မယ်။ မီးဖိုချောင်ပါ လုပ်နေရင်လုပ် နေလိမ့်မယ်။ အဲဒီလိုအဆင့်တွေပါရှိတယ်။ သို့သော် လာတဲ့စစ်ဆေးရေးအရာရှိက ဘာလုပ်လဲဆိုတော့ အဲ ဒါလေးကြည့်ပြီးတော့ ကဲ ဟုတ်ပြီဆိုပြီး ကြည့်ပြီးတော့ လာဘ်ပေးလာဘ်ယူလုပ်ပြီးတော့ ခွင့်ပြုလိုက်တယ်။
မေး။ ။ စစ်ဆေးတဲ့နေရာမှာလည်း Corruption ရှိ တယ်ပေါ့။
ဆွေးနွေးဖော် ။ ။ ရှိတယ်။ အဲဒီအတိုင်းတော့ ရှိရမယ်။ အဲဒီအတိုင်းမရှိဘဲနဲ့ ရှင်းရှင်းပြောရရင် အပေးယူလုပ် ပြီးတော့ သတ်မှတ်ပေးလိုက်တာရှိတယ်။ ဒါကြောင့် မို့လဲ ပညာရေးဌာန၊ ပညာရေးဝန်ကြီးဌာနအနေနဲ့ (၂၀၁၂)ခုနှစ်ဥပဒေအရ ကျောင်းတွေကိုဖွင့်ပေးခဲ့ သော်လည်း (၂၀၂၃)ခုနှစ်နောက်ပိုင်းမှာ အဲဒီလိုအ ရည်အချင်းတွေ ခုနကဖော်ပြတဲ့ဟာတွေမဖြစ်အောင် ဆိုပြီးတော့ န်ကြားချက်တွေ၊ စံတွေ ၊ Norm တွေ သတ်မှတ်ပြီးတော့ စစ်ဆေးရေးအဖွဲ့ကို သတ်မှတ် ပေးလိုက်ပြီးသား။ သတ်မှတ်ပေးပြီးတော့ ခုနက Quality မမီတဲ့ကျောင်းတွေကို Quality မီအောင်ဆို ပြီး (၂)နှစ်ဆိုင်းငံ့ဆိုပြီး ပညာရေးဝန်ကြီးဌာနက လုပ် ပေးလိုက်တယ်။
မေး။ ။ ဆိုင်းငံ့ဆိုတာ သင်ကြားတာကို ခဏနားခိုင်းတာ လား။
ဆွေးနွေးဖော် ။ ။ မဟုတ်ဘူး။ (၂)နှစ်အချိန်ပေးပြီး တော့ ပြင်ခိုင်းတယ်။ ဖွင့်တာတော့ ဆက်ဖွင့်လို့ရတယ်။ (၂)နှစ်အချိန်ပေးလိုက်တယ်။ ပေးပြီးတဲ့အခါမှာ အဲဒီ (၂)နှစ်နောက်ပိုင်းမှာတော့ ဒီနှစ်ကစပြီးတော့ စံချိန် စံညွှန်းတွေနဲ့မကိုက်ညီတော့ဘူးဆိုရင် လုံးဝဖွင့်ခွင့် မပေးဘူး။ လိုင်စင်ပိတ်သိမ်းမယ်။ ကျောင်းပါပိတ် သိမ်းမယ်ဆိုပြီးတော့ (၂)နှစ်အထိ ကြိုတင်သတိပေး ကြေညာပြီးတော့ ပြီးခဲ့တဲ့နှစ်က ဘွန်းတွေ အကုန်ထိုး ခိုင်းထားတယ်။
မေး။ ။တစ်နိုင်ငံလုံးအတိုင်းအတာပေါ့။
ဆွေးနွေးဖော်။ ။ တစ်နိုင်ငံလုံးအတိုင်းအတာကိုပြောတာ။ လုပ်ခဲ့ပြီးတော့ ယူခဲ့ပြီးသား ဆက်ပြီးစစ်နေတဲ့ အခါမှ အခုစစ်ဆေးတွေ့ရှိချက်တွေမှာ ဘာတွေ့လဲ ဆိုတော့ တွေ့ရှိချက်ကဘာလဲဆိုရင် အရင်အတိုင်းပဲ စစ်ဆေးတယ်။ စစ်ဆေးပြီးတော့ မပြည့်မီတာကိုပြည့် မီအောင်လုပ်တယ်ဆိုပြီးတော့ ခွင့်လွှတ်ခြင်းများစွာကိုလုပ်ပြီးတော့ အပေးအယူနဲ့ လာဘ်ပေးလာဘ်ယူပုံစံ မျိုးပေါ့။ ပြောရင်ရိုင်းမှာစိုးလို့။ ခွင့်ပြုဖို့အနေအထား တွေ တွေ့နေရတယ်။ အဲဒီခွင့်ပြုဖို့အတွက် စစ်ဆေး နေတဲ့ကာလပေါ့။
မေး။ ။ စစ်ဆေးတဲ့အဖွဲ့ကျတော့ ဒီ ပညာရေးဝန်ကြီး ဌာန တစ်ဖွဲ့တည်းပဲလား။
ဆွေးနွေးဖော် ။ ။ စစ်ဆေးရေးအဖွဲ့မှာ ဘာပါလဲဆိုရင် ပညာရေးအရာရှိတွေပါတယ်။ ပြီးရင် ခရိုင်၊ မြို့နယ်။ ပညာရေးဘက်ဆိုရင် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ထွေအုပ် ပိုင်းကဆိုလည်း ဒုတိယမြို့နယ်မှူး။ နောက်ပြီးတော့ ဒုအလုပ်သမား န်ကြားရေးမှူး၊ ကျန်းမာရေးမှူး။ စည်ပင် ပါတယ်။ မီးသတ်ပါတယ်။ စုပေါင်းပြီးလာတာ သို့သော် အဲဒီထဲမှာ ဘာပြန်သွားတွေ့ရလဲဆိုရင် ပညာရေးအရာရှိက ပညာရေးနဲ့ပတ်သက်တာကိုစွာ တာ။ သူကခေါင်းဆောင်ဆိုရင် ကျန်တဲ့လူတွေက လည်း အင်းပါပေါ့။ ဘာမှမပြောတော့ဘူး။
မေး။ ။ အဓိကကတော့ ပညာရေးက အဓိကဖြစ်နေ တာပေါ့။
ဆွေးနွေးဖော် ။ ။ ပညာရေးက Handle ကိုင်တယ်။ ပညာရေးက လာဘ်ပေးလာဘ်ယူလုပ်ပြီးတော့ တင် ပေးလိုက်တယ်။ ပြောချင်တာက ကျောင်းတွေရဲ့Quality မပြည့်လာဘူး။ ပြီးခဲ့တဲ့နှစ်နှစ်ကလည်း Quality မပြည့်ဘူး။ အခုဆက်ပြီးပေးမယ့်ဟာတွေ လည်း Quality မပြည့်မီတာသွားတွေ့ရတယ်။ ဥပမာပေးမယ်။ မနှစ်က မူလတန်း၊ အလယ်တန်း ခွင့်ပြု ထားတယ်။ အခုက အဲဒီကျောင်းတွေက အထက်တန်း တောင် ထပ်တိုးတောင်းထားသေးတယ်။
မေး။ ။ သင်ကြားပိုင်ခွင့်ကိုလား။
ဆွေးနွေးဖော် ။ ။ သင်ကြားပိုင်ခွင့်ကို။ မူလတန်း၊ အလယ်တန်းတုန်းက Quality မပြည့်လို့ နောက် (၂)နှစ်လောက်ဆိုင်းငံ့ထားပြီးတော့ ပြင်ဆင်ချိန်ပေး ထားတာ။ ပေးထားတာကို ထပ်ပြီးတော့ ဒီအဆောက် အုံ ဒီပုရဝုဏ် ဒီအနေအထားပဲ။ ဥပမာ မြေဧကပြော မယ်ဆိုရင် ပေ(၃၀_၆၀)ပေါ့။ မနှစ်တုန်းကလည်း ပေ(၃၀_၆၀)ပဲ။ အခုပြန်လျှောက်တာလည်း ပေ (၃၀_၆၀)ပဲ။ တောင်းတဲ့အခါမှာ မူလတန်းအလယ် တန်းတောင်းတာ။ မူလတန်း၊ အလယ်တန်းတောင်း တာတောင် Quality မပြည့်လို့ မပေးဘူး။ အခုထပ် ပြီး အဲဒီကျောင်းက ဘာထပ်တောင်းလဲ အထက်တန်း ထပ်တောင်းရင် Yes ပဲ။ လုပ်တယ်။ အခန်းအရေအ တွက်မပြည့်ဘူး။
မေး။ ။ စံချိန်မမီဘဲ သင်ကြားခွင့်တွေ ကျောင်းဖွင့်ခွင့် တွေ ရနေတာလား။
ဆွေးနွေးဖော်။ ။ စံချိန်မမီဘဲနဲ့ သင်ကြားခွင့်တွေ ကျောင်းဖွင့်ခွင့်ရဖို့ကို ဆက်လက်ကြိုးစားနေတယ်။ သဘောက အာရကေ ယူပြီးလုပ်နေတာ။ ဥပမာ မူလတန်း၊ အလယ်တန်းအဆင့်ကနေ အရင်တုန်းက Quality မပြည့်မီလို့ မူလတန်း၊ အလယ်တန်းပဲ လျှောက်တယ်။ အခုက ထပ်ပြီးတော့ အဲဒီနေရာ အဲဒီ အဆောက်အအုံပဲ သို့သော် ထပ်ပြီးတော့ အဆောက် အုံ ထပ်ပြီးပြောင်းလဲမှုလည်းမရှိဘူး။ သို့သော် ဘာလုပ်လဲ အထက်တန်းပါ တိုးတောင်းတယ်။ ပညာ ရေးအဖွဲ့နဲ့စစ်ဆေးရေးအဖွဲ့နဲ့ပေါင်းပြီးတော့ ပေးဖို့စီ စဉ်နေတယ်။ နောက်တစ်ခုက အဆောက်အအုံတွေက မပြီးသေးဘူး။ ဆောက်တော့ ဒီအဆောက်အအုံက အရင်တုန်းက ရှိထားတာပေါ့။ အခုဆောက်ပြီ။
မေး။ ။ အဆောက်အအုံက အသစ်လား။
ဆွေးနွေးဖော်။ ။ အဆောက်အအုံက အသစ်ထပ်ပြီး တော့ ဥပမာ ဒီကျောင်းကဆိုပါစို့။ ဒီကျောင်းနဲ့ပတ် သက်ပြီးတော့ ပြီးခဲ့တဲ့နှစ်က မပြည့်မီလို့ မရဘူး။ ဒီနှစ်နောက်ဆုံးပဲ ဆက်ပြီးဖွင့်ချင်တယ်ဆိုရင် (၅)နှစ် ရမှ ဖွင့်ရမှာ။ (၅)နှစ်ရဖို့အတွက် ဆောက်တော့ဆောက် နေတယ်။ သို့သော် မြေပြင်အခြေအနေပဲရှိသေးတယ်။မပြီးသေးဘူး။ ကျောင်းဆောက်လို့မပြီးသေးဘူး။ အဲဒါမျိုးလည်း ပေးဖို့ အစီအစဉ်ရှိနေတယ်။
မေး။ ။ သူတို့ကျတော့ လိုင်စင်က ဘယ်နှနှစ် သတ် မှတ်လဲ။
ဆွေးနွေးဖော် ။ ။ လိုင်စင်က အခုက (၅)နှစ်သတ်မှတ် တယ်။ (၂)နှစ်သတ်မှတ်တယ်။ (၅)နှစ်က ဏနမ်နခအ ပေါ့။ အကုန်လုံးပြည့်စုံတယ်ပေါ့။ (၂)နှစ်ပဲရတဲ့ဟာက ဘာဖြစ်လို့လဲဆိုတော့ ဆိုင်းငံ့ထားပေးတာ (၂)နှစ်အ တွင်းမှာ စောင့်ကြည့်ပြင်ဆင်ပါ။ (၂)နှစ်အတွင်းမှာ စောင့်ကြည့်ပြင်ဆင်လို့ Qualify ဖြစ်ပြီဆိုရင်တော့ ငါးနှစ်ပေးမှာ။ နောက်ဆို (၅)နှစ်၊ (၅)နှစ်စီပဲပေးတော့ မယ်။
မေး။ ။ Quality ဖြစ်တဲ့ဟာကျတော့ အမြဲတမ်း (၅)နှစ်၊ မဖြစ်တဲ့ဟာကျတော့ (၂)နှစ်စောင့်ကြည့်ပြင်ဆင် နဲ့ထားတာလား။
ဆွေးနွေးဖော် ။ ။ (၂)နှစ်ဆိုတာမရှိဘူး။ ဖြေလျှော့ပေး ထားတာ။ အစကတည်းက ဥပဒေမှာမရှိဘူး။ လူကြီး တွေက ဖြေလျှော့ပေးထားတာ လုပ်သာကိုင်သာရှိ အောင်လို့ တိုးချဲ့ရအောင်လုပ်ပေးတာ။ ကျောင်းသား အပေါ်ငဲ့ညှာတယ်။ လုပ်ငန်းရှင်ကိုငဲ့ညှာပြီးလုပ်ပေး တာ။
မေး။ ။ ကိုယ်ပိုင်ကျောင်းအရေအတွက် တစ်နိုင်ငံ လုံးဆိုရင် ဘယ်လောက်ရှိပါသလဲ။
ဆွေးနွေးဖော် ။ ။ ရန်ကုန်တိုင်းတစ်တိုင်းတည်း ဆိုရင် (၃၄၈)ကျောင်းရှိတယ်။ မြန်မာပြည်တစ်ပြည်လုံးဆို ရင် (၁၃၀ဝ)ကျော်တယ်။
မေး။ ။ ခုနကလို Qualify မဖြစ်တဲ့ဟာတွေကို ပေး တင်ခွင့်တို့၊ ဆိုင်းငံ့ပြင်ဆင်ခွင့်တို့ပေးထားတယ်။ ဒါပေမဲ့ တကယ့်တကယ် ဆိုင်းငံ့ပြင်ဆင်လည်း Qualify မဖြစ်လာတဲ့အခါကျတော့ အဲဒီကျောင်းက နေသင်ရတဲ့ကလေးတွေအတွက်၊ အဲဒီကျောင်းကနေ ထွက်လာမယ့် Output တွေက ဘာတွေဖြစ်လာနိုင် သလဲ။
ဆွေးနွေးဖော် ။ ။ အရည်အသွေးမမီတာတွေဖြစ်လာ မှာပေါ့။ ဗလငါးတန်ဖွံ့ဖြိုးမှုအရည်အသွေးတွေ နည်း လာမှာပေါ့။ နောက်တစ်ခုရှိတာက ထပ်ပြောမယ်။ အခန်းကျဉ်းလေးထဲမှာ ကျောင်းဆိုတာ ကျောင်းနဲ့တူ ရမယ်။ လေဝင်လေထွက်ရှိရမယ်။ သင့်တင့်မျှတတဲ့ အလင်းရောင်ရှိရမယ်။ ခုက အိမ်တွေကို၊ တိုက်ခန်း တွေကို အဲကွန်းတွေတပ်ပြီး အဲဒီကလေးက အဲဒီမှာ နေပြီးတော့ ကျောင်းဆင်းရင် ကျပ်ကျပ်တည်းတည်းနဲ့ ဆင်း။ ဒါပဲ။ ခုနကပြောတဲ့ ဆော့ရမယ့်နေရာမရှိဘူး။ နောက်ပြီးတော့ အဲကွန်းနဲ့ မနက် (၉)နာရီ နေ့လယ် (၃)နာရီဆိုရင် ကလေးတစ်ယောက်က အဲကွန်းတွေနဲ့ ပဲနေပြီးတော့ ပညာသင်နေရင် ဘယ်လိုသွားလုပ်မလဲ။ အောက်ဆီဂျင်မရှိဘူးလေ။ မနက် ကျောင်းလာပြီဆို ရင် ဒီအခန်းလိုမျိုးပဲ တကယ်လည်းဒီအတိုင်းပဲ။ မယုံ ရင် သွားစုံစမ်းကြည့်။ ဖွင့်မယ်ဆိုတဲ့ကျောင်းတွေ လိုက်စုံစမ်းကြည့် ။ အလင်းရောင်တွေမရှိ။
မေး။ ။ သင်ကြားရေးပိုင်းမှာကော ဘယ်လိုရှိပါသလဲ။
ဆွေးနွေးဖော် ။ ။ Investment နည်းသွားတဲ့အတွက် ဆရာမတွေလည်း မဖြည့်ဆည်းနိုင်တော့ဘူးလေ။ သင်ကြားရေးပိုင်းမှာလည်း ခုနကလိုပဲ။ ဘွဲ့မရတဲ့လူ တွေ၊ ပညာမတတ်တဲ့လူတွေ ခေါ်တယ်ခန့်တယ်။ ဒါပဲ ခန့်ပြီးတော့ သင်ကြားခိုင်းတယ်။
မေး။ ။ အဲဒီ ကိုယ်ပိုင်ကျောင်းဥပဒေမှာကျတော့ကော
ဆွေးနွေးဖော် ။ ။ ကိုယ်ပိုင်ကျောင်းဥပဒေမှာက ဘွဲ့ ရရမယ်၊ ဘွဲ့တစ်ခုရမယ်ဆိုရင် သင်တန်းတက်ရတယ်။ ပညာရေးဝန်ကြီးဌာနကသတ်မှတ်တဲ့ ဆရာဖြစ်သင် တန်းတွေရှိတယ်။ ရက်တိုသင်တန်းတွေတက်ပြီးတော့ အဲဒီကနေ လက်မှတ်ပေးလိုက်တယ်။ ပြီးတော့မှ လိုင် စင်ပြန်တင်ရတာ။ သင်တန်းတက်၊ သင်တန်းလက်မှတ် ကိုင် ဘယ်မှာသွားလုပ်ရလဲဆိုရင် ပညာရေးဝန်ကြီးဌာနမှာ သွားပြီးတော့ Green Card ပေါ့။ အခုဆိုရင် Yellow Card ပေါ့။ ပညာရေးဝန်ကြီးဌာနကိုလျှောက်ရတယ်။ လျှောက်ပြီး စိစစ်ပြီးတော့မှ အဲဒီကတ်ပြားပေးပြီးတော့ လိုင်စင်ပေါ့။ ရှေ့နေတစ်ယောက်မှာ လိုင်စင်ရှိသလိုပေါ့။ ဆရာမှာလည်း သင်ကြားခွင့်လိုင်စင်ပေါ့။ အဲဒါသည် လည်း နည်းဥပဒေနဲ့အညီထုတ်ပေးတာ။ နည်းဥပဒေ နဲ့အညီထုတ်ပေးတဲ့ လိုင်စင်ရှိမှ စာသင်ပြခွင့်ရှိတယ်။
မေး ။ ။ အဲဒီလိုင်စင်ကလည်း မူလတန်း၊ အလယ်တန်း၊ အထက်တန်းခွဲထားသေးလား။
ဆွေးနွေးဖော် ။ ။ အရင်တုန်းက ခွဲတယ်။ ဒီနောက်ပိုင်း မခွဲပြန်ဘူး။ အဲဒီလိုဖြစ်နေတယ်။ Green Cardဆို တာ အစိမ်းကတ်ကိုပြောတာ။ အဲဒီအစိမ်းကတ်မှာ တုန်းကခွဲတယ်။ အခုက Yellow Card အဖြစ် ပြောင်းသွားတယ်။ မခွဲတော့ဘူး။
မေး။ ။ Green Card ကမရှိတော့ဘူးပေါ့။
ဆွေးနွေးဖော် ။ ။ Green Card ကမပေးတော့ဘူး။ Yellow Card ပဲပေးတယ်။ Green Card ၊Yellow Card ခေါ်ရခြင်းကလည်း ကတ်ပြားကိုကြည့်ပြီးခေါ် ရတာ။ ကတ်အရောင်ကြောင့်ခေါ်တာ။ ဥပဒေမှာတော့Green Card ရှိရမယ်။ Green Cardဆိုတဲ့စကားလုံး၊ Yellow Card ဆိုတဲ့စကားလုံး မသုံးဘူး။ ဆရာဖြစ် သင်တန်းအောင်လက်မှတ်၊ မှတ်ပုံတင်လက်မှတ် (ဆ ရာအတတ်ပညာဆိုင်ရာ ဒီပလိုမာ သို့မဟုတ် လက် မှတ်)ရှိရမယ်ဆိုတာပဲ ပြောထားတာ။ ခုနကပြောသလို သူတို့လုပ်တယ်။ စီးပွားရေးသမားတွေလာတယ်။ ထီပေါက်လို့ ထလုပ်တယ်။ ဥပမာ စီးပွားရေးသမား တွေက ဒီမှာဝင်ပြီး လာတိုးတဲ့အခါကျတော့ သူတို့က အမြတ်များများရရှိရေးအတွက်ပဲဆောင်ရွက်ကြ တယ်။ ရှင်းရှင်းလင်းလင်းပြောရရင် ကလေးတွေ စာ တတ် မတတ် မလုပ်ကြတော့ဘူး။ အဲဒီဟာမျိုးတွေ လည်း သွားတွေ့ရတယ်။ အထူးသဖြင့် အဲဒါတွေအ များစုကတော့ International School တွေပဲ။ International School တွေကျတော့လည်း ထိန်း ကွပ်မှုအားမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြေးများ များယူတယ်။ Private School နဲ့ International School ကျတော့ Private School သည် မြန်မာ့ သင်ရိုးညွှန်းတမ်းကို ပညာရေးဝန်ကြီးဌာနကသတ် မှတ်တဲ့၊ ပြဋ္ဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းအတိုင်းပဲ အခြေခံကျောင်းမှာရော သင်တဲ့ သင်ရိုးညွှန်းတမ်းနဲ့ Private မှာသင်တဲ့သင်ရိုးညွှန်းတမ်းနဲ့ အကုန်တူတူ ပဲ။ အဲဒီအတိုင်းပဲသင်ကြတာကို Private School လို့ခေါ်တယ်။ နောက်တစ်ခုက International School ဆိုတာ နိုင်ငံတကာသင်ရိုးန်းတမ်းနဲ့ သင် ရတာ။ အဲဒီကျောင်းတွေက ပိုဆိုးတယ်။ ဘာသွားသင် လဲဆိုရင် သူတို့က သင်ရိုးညွှန်းတမ်းကိုလည်း ပြည့် ပြည့်ဝဝမရှိဘူး။ အဲဒီနိုင်ငံမှာရှိတဲ့ သင်ရိုးòန်းတမ်းမှာ ရှိတဲ့ နိုင်ငံမှာရှိတဲ့ ပညာရေးဌာနကသတ်မှတ်တဲ့ Qualify ပြည့်ဝတဲ့ Document တွေ ပြည့်ဝတာ လည်းမရှိဘူး။ ရှင်းရှင်းပြောရရင် တစ်ကျောင်း တစ်ဂါ ထာ တစ်ရွာတစ်ပုဒ်လိုသင်ကြားနေတယ်။ သင်ကြား တာကိုလည်း စစ်ဆေးရေးအရာရှိတွေက မသိကျိုးကျွံ ပြုပြီးလုပ်တယ်။ အဲဒီကလေးတွေက ဒီဘက် ကိုယ်ပိုင်ကျောင်းပြန်ပြောင်းလာရင် မြန်မာနိုင်ငံသင်ရိုး òန်းတမ်းကျောင်းတွေကို ပြန်ပြောင်းလာတဲ့အခါမှာ အရည်အသွေးမပြည့်မီတာတွေ ပြန်တွေ့ရတယ်။ စာ မလိုက်နိုင်တော့ဘူး။ သင်ရိုးòန်းတမ်းသာပြောတာ သေချာသင်တာမရှိဘူး။ အဲဒီကလေးက မြန်မာနိုင်ငံ သင်ရိုးညွှန်းတမ်းကိုရောက်လာတယ်။ ရောက်လာတဲ့ အခါမှာ ရှင်းရှင်းပြောရရင် စာမလိုက်နိုင်တော့ဘူး။ သူတို့က အမှန်ဆိုရင် English ကောင်းရမှာပေါ့။ နိုးပါ။
မေး။ ။ အင်္ဂလိပ်တောင် မကောင်းဘူးပေါ့။
ဆွေးနွေးဖော် ။ ။ မကောင်းဘူး။ အဲဒီကလေးတွေက ဘယ်မှာစာမေးပွဲပြန်ဖြေရမလဲဆိုရင် ဆရာတို့ကျောင်း ဘက်ကိုပြောင်းတော့မယ်ဆိုရင် သူက အခြေခံပညာ ဦးစီးဌာနမှယ တစ်နှစ်ကိုတစ်ခါ Supplement Tesလုပ်တယ်၊ စစ်ဆေးတယ်။ အဲဒီကနေအောင်တယ် ဆိုရင် TC ကျောင်းတက်လက်မှတ် ပေးလိုက်တယ်။ ကျောင်းတက်လက်မှတ်နဲ့အညီ ကျောင်းက လက်ခံ တယ်။ သက်ဆိုင်ရာအတန်းအလိုက် လက်ခံတယ်။ သို့သော် သူသည် International School ကနေ Grade 7 အောင်တယ်ဆိုပါစို့ ဝင်ဖြေ။ အောင်ရင် Grade 8 ကိုတက်၊ ကျရင် Grade 7 မှာပဲတက်ရ တယ်။ ယူတဲ့ကြေးကလည်း ဒီကိုယ်ပိုင်ကျောင်းတွေနဲ့ ဆိုရင် လေးဆလောက်တောင်များမယ်။ တချို့ဆိုရင် တော်တော်များများကို နေအောင်ယူတာ။ တချို့ ဆိုရင် ဒေါ်လာတွေနဲ့ပေးတက်ရတယ်။ တချို့ဆိုရင် ခါးကြောပြတ်ပြီး ကျွန်တော်တို့ဆီရောက်လာတယ်။ တချို့ကျတော့လည်း စီးပွားရေးကြောင့်ပေါ့။ တချို့ကျတော့လည်း စာမလိုက်နိုင်လို့ပေါ့။ အဲဒီလို တွေရှိတယ်။ အဲဒါထက် ဒါတွေအားလုံးကို ဘယ်သူ ကကိုင်လဲဆိုရင် ပုဂ္ဂလိကပညာရေးကြီးကြပ်မှုအဖွဲ့က နေပြီးတော့ကိုင်တာ။ ကိုင်တဲ့အခါမှာ International School ကိုလည်းကိုင်တယ်၊ အခြေခံပညာကိုယ် ပိုင်ကျောင်းဘက်ကိုလည်းကိုင်တယ်။ နှစ်ခုကိုင်တွယ် တယ်။ သူတို့မှာ ရှင်းရှင်းပြောမယ်ဆိုရင် လိုက်ပြီး ကြီး ကြပ်တဲ့ဆရာ၊ ဆရာမတွေက ပညာရေးအရာရှိကြီးက လည်း ကျွမ်းကျွမ်းကျင်ကျင်မရှိဘူး။ သင်ရိုးဆိုလည်း သူရှင်းပဲ၊ သူသေချာဖတ်နိုင်တဲ့စကေးမရှိဘူး။ ပါချုပ် တွေသာပြောတယ်။ ပါချုပ်တွေလည်းမဖတ်နိုင်ဘူး။ ပွင့်ပွင့်လင်းလင်းပြောပြတာ။ ပါချုပ်တွေ ပါမောက္ခ တွေပြောတာ အလကား သူတို့လည်းအကြီးကြီးတွေပဲ။ ဆရာ့ဆီမှာ သင်္ချာလာသင်မယ်ဆိုရင် မေးတာ။ အင်း အဲ အားနဲ့ မခန့်ဘူး။ အဲဒီ ဆရာ၊ ဆရာမတွေက မြန် မာနိုင်ငံမှာ ပညာရေးစနစ်က နည်းသွားတာတော့ ပွင့် ပွင့်လင်းလင်းပြောမယ်ဆိုရင် (၁၉၈၀)လောက်တည်း က စ ပျက်ဆီးတာ။ ပညာရေးပျက်စီးလာတဲ့ရည်ရွယ် ချက်ကဘာကြောင့်လဲဆိုရင် သူတို့က အကြောင်းပြ တာပေါ့နော်။ ဝန်ထမ်းတွေ လစာမလောက်လို့။ ကျွန် တော်ပြောတာ ရှင်းရှင်းလေး။ ဝန်ထမ်း လစာ မ လောက်ဘူးမလား။ မလုပ်နဲ့ ။ ကချေသည်လုပ်ရင်က၊ ဈေးသည်လုပ်ရင် ဈေးရောင်း၊ ဆရာဝန်လုပ်မယ်ဆိုရင် ဆေးကု၊ အဆိုတော်လုပ်မယ်ဆိုရင် ဆို။ ဆရာမ လုပ် မယ်ဆိုရင် ဆရာမလုပ်။ မလုပ်ဘူးလား၊ မလုပ်ဘူးဆို ရင် တခြားလုပ်ငန်းပြောင်းလုပ် သူတို့က ဘာကိုလုပ် လဲဆိုရင် အဲဒါမျိုးတွေလုပ်ကိုင်ပြီးတော့ ပညာရေးစ နစ်ခြစားမှုတွေ များများလာပြီးတော့ အခုလိုစနစ်ကြီး တွေပေါ်လာတာပဲ။ အခု ကိုယ်ပိုင်ကျောင်းတွေမှာ လည်း အစိုးရကျောင်းနည်းတူလုပ်ပြီး လုပ်ငန်းတွေနဲ့ အဲဒီလိုမျိုးနဲ့ ကိုယ်ပိုင်ကျောင်းတွေလည်း သိပ် ဖိဖိ စီးစီးသိပ်မလုပ်ပေးနိုင်ဘူး။ မလုပ်နိုင်ဘူး။ အဲဒါတွေ ပြောရင် အရှည်ကြီးပဲ။
မေး။ ။ ကိုယ်ပိုင်ကျောင်းတွေရော International School တွေရော ကြီးကြပ်တဲ့ဘုတ်အဖွဲ့ရှိတယ်ပေါ့။ အဲဒါကျတော့ဘယ်လိုမျိုးလဲ။
ဆွေးနွေးဖော် ။ ။ အဖွဲ့မှာ ဘယ်လိုလဲဆိုတော့ ပြည် ထောင်စုမှာဆိုရင် ပညာရေးဝန်ကြီးဌာနသည် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးက ပညာရေးက အမြဲတမ်းအတွင်းဝန်။ ကျန်တဲ့ဟာတွေက အလုပ်သမားပါမယ်၊ ကျန်းမာရေး ပါမယ်။ ထွေ အုပ်ပါမယ်။ မီးသတ်လည်းပါမယ်။
မေး။ ။ ကျွန်တော်တို့ ကြားနေရတဲ့သတင်းတွေလည်း ရှိပါတယ်။ International School တွေမှာဆိုရင် သူတို့ရဲ့ သင်ရိုးညွှန်းတမ်းက ဥပမာ ကင်းဘရစ်ချ် လည်းယူမယ်၊ အောက်စဖို့ဒ်ကလည်း ယူမယ်။ ဒီ ရောက်မှ သူတို့က ဘာသာပေါင်းပြီးတော့သင်တာ ကို ဘာပြောချင်လဲ ။
ဆွေးနွေးဖော် ။ ။ အဲဒါကလုပ်စားပေါ့။ လုပ်စားဆို တော့ Qualify မဖြစ်ဘဲနဲ့ တစ်နှစ်သာကုန်သွားတယ်။ ပိုက်ဆံသာကုန်သွားတယ်။ Qualify မပြည့်လို့ အဲဒီ တက္ကသိုလ်တွေကိုမသွားဖြစ်တဲ့ Certificate တွေ များတဲ့ ကျောင်းသူကျောင်းသားတွေလည်း အများကြီး ပဲ။
မေး။ ။ ဒီကလေးတွေရဲ့နောင်ရေးမှာသည် သူတို့ဆီ မှာ အတန်းပြီးသွားလို့ နိုင်ငံခြားကျောင်းတွေကူးမယ် ဆိုရင် ကူးလို့လွယ်ပါ့မလား။
ဆွေးနွေးဖော်။ ။ Qualify မဖြစ်လောက်ဘူး။ ဖြစ် တော့ဖြစ်မယ်။ တော်တဲ့လူတွေပဲဖြစ်မယ်။ မိဘက လည်းလိုက်နိုင်မယ်။ ရာခိုင်နှုန်းအားဖြင့်ပြောမယ်ဆို ရင် မဖြစ်ဘူး။ အဲဒီတော့ ပညာရေးစနစ်ကြီးက အဲဒီ လိုဖြစ်နေတာ။
မေး။ ။ ပုဂ္ဂလိကကျောင်းတွေနဲ့ ဒီ International School တွေနဲ့ အတန်းတင်တဲ့စနစ်တွေကောတူလား။
ဆွေးနွေးဖော်။ ။ မတူဘူး။
မေး။ ။ ဘယ်လိုကွာခြားမှုရှိလဲ။
ဆွေးနွေးဖော် ။ ။ ကျွန်တော်တို့ကျတော့ မြန်မာနိုင်ငံ ပညာရေးစနစ်နဲ့သွားတော့ သူတို့က Grade တွေနဲ့ သွားတာပေါ့။ သူတို့ကျတော့ Grade ကလည်း သက် ဆိုင်ရာကျောင်းတွေနဲ့ Grade ကျောင်းပေးတဲ့အတိုင်း သွားတာ။
မေး။ ။ သူ့ကျောင်းစတိုင်နဲ့သူသွားတာ အဲဒါက တစ်ပြေးညီဖြစ်အောင် ထိန်းကွပ်မှုမရှိဘူးလား။
ဆွေးနွေးဖော်။ ။ မရှိဘူး။ အဲဒါတော့သေချာတယ်။
မေး။ ။ အဲဒီလိုထိန်းကွပ်မှုမရှိတဲ့အပေါ်မှာ ဖြစ်လာ နိုင်တဲ့ဆိုးကျိုးတွေက ဘာဖြစ်မလဲ။
ဆွေးနွေးဖော်။ ။ ဆိုးကျိုးတွေက ပညာရေးတန်းတူညီ မျှမှုမရှိဘူး။ အမှတ်နည်းနည်းရပြီးတော့ ဆေးကျောင်း တက်တဲ့ကလေးနဲ့ အမှတ်များများရပြီး ဆေးကျောင်း တက်တဲ့ကလေးနဲ့ကွာသလို ကွာသွားမှာပေါ့။
(ရှေ့တစ်ပတ်ဆက်ရန်)

Zawgyi Version:
ပုဂၢလိကေက်ာင္းပညာေရးနဲ႔ ျမန္မာ့အနာဂတ္
" စီးပြားေရးသမားေတြက ေငြရေရးအတြက္ ဝင္တိုးလာၿပီးေတာ့ ကေလးေတြ စာတတ္၊ မတတ္ကေတာ့ . . . . . . "
(ေဆြးေႏြးခန္း က႑)
ေစာ (NP News) - ေဖေဖာ္ဝါရီလ ၁၉
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ပုဂၢလိက ပညာေရးႏွင့္ပတ္သက္၍ အရည္အေသြးျပည့္မီေအာင္ ျမႇင့္တင္မႈမ်ားရွိေသာ္လည္း ပညာေရးဝန္ႀကီးဌာနမွ ေအာက္ေျခဝန္ထမ္းမ်ား၏ အက်င့္ပ်က္ ျခစားမႈမ်ား၊ စီးပြားေရးသမားမ်ားမွ စီးပြားေရးဆန္ဆန္ ေဆာင္႐ြက္လာမႈမ်ားကို ပုဂၢလိကေက်ာင္း မွ ေက်ာင္းအုပ္ႀကီးတစ္ဦးက NP News မွတစ္ဆင့္ အႀကံျပဳေဆြးေႏြးထား သည္ကို ေဖာ္ျပလိုက္ပါသည္။
ေမး ။ ။ အရင္ဆုံး ပုဂၢလိကပညာေရးစနစ္အေၾကာင္း ေျပာျပေပးပါဦး။
ေဆြးေႏြးေဖာ္။ ။ ကိုယ္ပိုင္ေက်ာင္းေတြေပၚထြန္းလာတယ္ေလ။ ကိုယ္ပိုင္ေက်ာင္းေတြက (၂၀၁၂)ခုႏွစ္ ကတစ္ေခါက္ ဥပေဒနဲ႔အညီျပ႒ာန္းၿပီးေတာ့ ေပၚလာ တယ္။ (၂၀၂၃)ခုႏွစ္မွာ ဥပေဒျပန္ျပင္ေရးဆြဲတယ္။ ပထမပိုင္းကေတာ့ ကိုယ္ပိုင္ေက်ာင္းေတြက တကယ္ လိုအပ္ခ်က္အရ (၂၀၁၂)ခုႏွစ္မွာတုန္းက ေက်ာင္း အေရအတြက္နည္းတယ္။ ပညာေရးဝန္ထမ္းနည္း လည္း လုပ္ၾကကိုင္ၾကတယ္။ ဒီေနာက္ပိုင္းမွာက်ေတာ့ ကိုယ္ပိုင္ေက်ာင္းေတြက ၿမိဳင္ၿပီး စီးပြားေရးသမား ေတြေရာ၊ ပညာေရးေလာက သားမဟုတ္တဲ့လူေတြ ေရာ ဝင္ေရာက္လာတယ္။ ဝင္ေရာက္လာၿပီးေနာက္ ပိုင္းမွာ ဘာေတြျဖစ္လဲဆိုေတာ့ အက်င့္ပ်က္တဲ့ဝန္ ထမ္းေတြနဲ႔ေပါင္းၿပီးေတာ့ ပညာေရးအလိမ္အညာ ဂိုဏ္းပုံစံမ်ိဳးေတာင္ျဖစ္လာတယ္။ ဒါကို စီးပြားေရး တစ္ခုအေနနဲ႔လုပ္တယ္။ ေငြရရင္ၿပီးေရာ ပညာေရးရဲ႕ မူဝါဒ၊ နက္နဲတဲ့ဥပေဒ၊ နည္းဥပေဒနဲ႔မညီဘဲနဲ႔ လုပ္ ကိုင္ေဆာင္႐ြက္တာေတြ သြားေတြ႕ရတယ္။ ဥပမာ ပညာေရးဝန္ႀကီးဌာနအေနနဲ႔ေတာ့ ႏိုင္ငံေတာ္အ ႀကီးအကဲ၊ ပညာေရးဝန္ႀကီးဌာန၊ ပညာေရးဝန္ႀကီး အဆင့္ဆင့္ေပါ့။ တခ်ိဳ႕မ်ားကေတာ့ ေသေသခ်ာခ်ာ တိတိက်က် မွန္မွန္ကန္ကန္ေဆာင္႐ြက္တယ္။ ဒါေပ မဲ့ ေအာက္ေျခမွာက်ေတာ့ ဘယ္လိုမ်ိဳးလဲဆိုေတာ့ စီးပြားေရးသမားေတြရဲ႕ ေပးကမ္းမႈ၊ အက်င့္ပ်က္မႈေတြ နဲ႔ ဥပေဒ၊ နည္းဥပေဒအမိန႔္òန္ၾကားခ်က္ႏွင့္အညီ မေဆာင္႐ြက္တာေတြ႕ရတယ္။ ေတြ႕ရေတာ့ ေက်ာင္း ေနတဲ့ Quality အရည္အေသြးကလည္း မတိုးတက္လာဘူး။ အမွန္ေတာ့ အခုဆိုရင္ ဘယ္လိုလဲဆိုရင္ ႏိုင္ငံေတာ္အႀကီးအကဲကေနစၿပီးေတာ့ ပညာေရးဝန္ ထမ္းျမႇင့္တင္ခ်င္တယ္။ ဝန္ႀကီးဌာနကိုလည္း ပညာ ေရးနဲ႔ပတ္သက္ၿပီးေတာ့ ျမင့္မားေစခ်င္တယ္။ လုပ္ တယ္။ ဒါေပမဲ့ ခုနကလို အက်င့္ပ်က္ဝန္ထမ္းေတြ ေၾကာင့္ မျဖစ္လာဘူး။ ေက်ာင္းေတြရဲ႕အရည္အေသြး မျပည့္မီတာေတြ သြားေတြ႕ရတယ္။ ေက်ာင္းအရည္ အေသြးျပည့္မီေအာင္ဆိုၿပီးေတာ့ ၿပီးခဲ့တဲ့ (၂၀၂၃)ခုႏွစ္မွာ ဥပေဒတစ္ခုျပ႒ာန္းလာတယ္။ ျပ႒ာန္းလိုက္ ၿပီးေတာ့ ေက်ာင္းတစ္ေက်ာင္းရဲ႕ Quality ေတြေပါ့။ အခန္းအေရအတြက္ အခန္းေပါ့။ မူလတန္းဆိုရင္ အ ခန္း (၁၀)ခန္းရွိရမယ္။ အလယ္တန္းဆိုရင္ အခန္း (၁၄)ခန္းရွိရမယ္။ အထက္တန္းဆိုရင္ အခန္း (၁၉)ခန္းရွိရမယ္ ဆိုတဲ့ဟာေလးရွိတယ္။ ေနာက္တစ္ခုက အခန္းတစ္ခုခ်င္းစီရဲ႕ Measurement အတိုင္းအ တာေတြ မူလတန္းဆိုရင္ အနံအေနနဲ႔ (၁၅)ေပရွိရ မယ္။ (၁၅)ေပထက္ပိုလို႔ရတယ္။ အနည္းဆုံးေတာ့ (၁၅)ေပျဖစ္ရမယ္။ (၁၅)ပတ္လည္ျဖစ္ရင္ျဖစ္ သို႔မ ဟုတ္ (၁၅)၊ (၁၆) ျဖစ္ရင္ျဖစ္ (၁၅)၊ (၂၀) ျဖစ္ရင္ ျဖစ္ ရတယ္။ အနည္းဆုံးေတာ့ အနံသည္ (၁၅) ေပ ျဖစ္ရမယ္။ အဲဒါ မူလတန္းအဆင့္။ အလယ္တန္းနဲ႔ အထက္တန္းအဆင့္က်ေတာ့ အနံသည္ အနိမ့္ဆုံး ေပ(၂၀)ျဖစ္ရမယ္။ ေပ (၂၀)အထက္ေက်ာ္လို႔ရတယ္။ (၁၈)ေပတို႔၊ (၁၉)ေပတို႔ဆိုမရဘူး။ အဲဒီလိုေတြ Qualify သတ္မွတ္ထားတယ္။ ေနာက္တစ္ခုက မူလတန္းဆိုရင္ စာၾကည့္တိုက္ရွိရမယ္၊ စာၾကည့္ခန္း ရွိရမယ္၊ ေက်ာင္းအုပ္ဆရာႀကီးအခန္းရွိရမယ္။ ေနာက္ ဖြံ႕ၿဖိဳးေရးလုပ္ႏိုင္တဲ့ဟာေတြ ရွိရမယ္။ အား ကစားကြင္းရွိရမယ္။ အေရးႀကီးတာကေတာ့ အားက စားကြင္းေတြ ဘာေၾကာင့္ထည့္ခိုင္းလဲဆိုရင္ အႀကီး ႀကီးေတာ့ မဟုတ္ေပမယ့္လို႔ Mini အားကစားကြင္း ေတြရွိရမယ္။ အဲဒီအားကစားကြင္းေတြမွာလည္း က ေလးေတြ ဘာေၾကာင့္လုပ္ခိုင္းလဲဆိုရင္ အားကစားရွိ မွလည္း က်န္းမာမယ္။ က်န္းမာမွ ပညာသင္ၾကား ႏိုင္မယ္။ ဗလငါးတန္ဖြံ႕ၿဖိဳးေရးဆိုတာရွိတယ္။ ဗလငါး တန္ဖြံ႕ၿဖိဳးေရးနဲ႔အညီ သင္ၾကားပို႔ခ်ေပးႏိုင္မယ္။ ဒါက မူလတန္းအဆင့္။ အလယ္တန္းအဆင့္က်ေတာ့ ဘာ ပါသြားမလဲဆိုရင္ စာၾကည့္တိုက္ ေနာက္ ကြန္ပ်ဴတာ ခန္း။ ေနာက္ၿပီးေတာ့ ဆရာမမ်ား၊ ေက်ာင္းအုပ္ဆရာ ႀကီး႐ုံးခန္း။ က်န္းမာေရးေစာင့္ေရွာက္မႈအခန္း၊ အား ကစားကြင္း အဲဒါေတြပါရွိရမယ္။ အထက္တန္းက် ေတာ့ တစ္ခုပဲပိုတယ္။ သိပၸံခန္းေပါ့။ လက္ေတြ႕ခန္း ေတြ၊ သိပၸံခန္းေတြပါရမယ္။ သို႔ေသာ္ ဘယ္လိုလုပ္လဲ ဆိုရင္ အဲဒါေတြက်ေတာ့ ဒီအခန္းေတြကိုစစ္ေဆး သူေတြ ကာယကံရွင္ပိုင္ရွင္ေတြက ဘာလုပ္လဲဆိုရင္ ျဖစ္သလိုပဲလုပ္လိုက္တယ္။ အဲဒီအခန္းေတြမွာ ကြန္ ပ်ဴတာခန္း၊ သိပၸံခန္းဆိုၿပီးေတာ့ အခန္းက်ဥ္းက်ဥ္း ေလးေတြမွာပဲေနရာျပလိုက္တယ္။ ရွင္းရွင္းေျပာရင္ မူလတန္းဆိုရင္ (၁၀)ခန္း၊ အလယ္တန္းဆိုရင္ (၁၄)ခန္း၊ အထက္တန္းဆိုရင္ (၁၉)ခန္းရွိရမယ္ဆိုတဲ့ အခန္းရဲ႕အေရအတြက္သာျပၿပီးေတာ့ ခုနကေျပာတဲ့ ဖြံ႕ၿဖိဳးေရးဘာသာရပ္ေတြျဖစ္တဲ့ ကြန္ပ်ဴတာခန္းတို႔၊ သိပၸံခန္းတို႔၊ စာၾကည့္တိုက္ခန္းတို႔ ဆိုတဲ့အခါက်ေတာ့ အရည္အေသြးျပည့္ေအာင္ မေဆာင္႐ြက္ထားႏိုင္ခဲ့ ဘူး။ ဥပမာ (၁၀)ေပလည္းျဖစ္ရင္ျဖစ္မယ္။ (၁၃)ေပ လည္းျဖစ္ရင္ျဖစ္မယ္။ မီးဖိုေခ်ာင္ပါ လုပ္ေနရင္လုပ္ ေနလိမ့္မယ္။ အဲဒီလိုအဆင့္ေတြပါရွိတယ္။ သို႔ေသာ္ လာတဲ့စစ္ေဆးေရးအရာရွိက ဘာလုပ္လဲဆိုေတာ့ အဲ ဒါေလးၾကည့္ၿပီးေတာ့ ကဲ ဟုတ္ၿပီဆိုၿပီး ၾကည့္ၿပီးေတာ့ လာဘ္ေပးလာဘ္ယူလုပ္ၿပီးေတာ့ ခြင့္ျပဳလိုက္တယ္။
ေမး။ ။ စစ္ေဆးတဲ့ေနရာမွာလည္း Corruption ရွိ တယ္ေပါ့။
ေဆြးေႏြးေဖာ္ ။ ။ ရွိတယ္။ အဲဒီအတိုင္းေတာ့ ရွိရမယ္။ အဲဒီအတိုင္းမရွိဘဲနဲ႔ ရွင္းရွင္းေျပာရရင္ အေပးယူလုပ္ ၿပီးေတာ့ သတ္မွတ္ေပးလိုက္တာရွိတယ္။ ဒါေၾကာင့္ မို႔လဲ ပညာေရးဌာန၊ ပညာေရးဝန္ႀကီးဌာနအေနနဲ႔ (၂၀၁၂)ခုႏွစ္ဥပေဒအရ ေက်ာင္းေတြကိုဖြင့္ေပးခဲ့ ေသာ္လည္း (၂၀၂၃)ခုႏွစ္ေနာက္ပိုင္းမွာ အဲဒီလိုအ ရည္အခ်င္းေတြ ခုနကေဖာ္ျပတဲ့ဟာေတြမျဖစ္ေအာင္ ဆိုၿပီးေတာ့ န္ၾကားခ်က္ေတြ၊ စံေတြ ၊ Norm ေတြ သတ္မွတ္ၿပီးေတာ့ စစ္ေဆးေရးအဖြဲ႕ကို သတ္မွတ္ ေပးလိုက္ၿပီးသား။ သတ္မွတ္ေပးၿပီးေတာ့ ခုနက Quality မမီတဲ့ေက်ာင္းေတြကို Quality မီေအာင္ဆို ၿပီး (၂)ႏွစ္ဆိုင္းငံ့ဆိုၿပီး ပညာေရးဝန္ႀကီးဌာနက လုပ္ ေပးလိုက္တယ္။
ေမး။ ။ ဆိုင္းငံ့ဆိုတာ သင္ၾကားတာကို ခဏနားခိုင္းတာ လား။
ေဆြးေႏြးေဖာ္ ။ ။ မဟုတ္ဘူး။ (၂)ႏွစ္အခ်ိန္ေပးၿပီး ေတာ့ ျပင္ခိုင္းတယ္။ ဖြင့္တာေတာ့ ဆက္ဖြင့္လို႔ရတယ္။ (၂)ႏွစ္အခ်ိန္ေပးလိုက္တယ္။ ေပးၿပီးတဲ့အခါမွာ အဲဒီ (၂)ႏွစ္ေနာက္ပိုင္းမွာေတာ့ ဒီႏွစ္ကစၿပီးေတာ့ စံခ်ိန္ စံၫႊန္းေတြနဲ႔မကိုက္ညီေတာ့ဘူးဆိုရင္ လုံးဝဖြင့္ခြင့္ မေပးဘူး။ လိုင္စင္ပိတ္သိမ္းမယ္။ ေက်ာင္းပါပိတ္ သိမ္းမယ္ဆိုၿပီးေတာ့ (၂)ႏွစ္အထိ ႀကိဳတင္သတိေပး ေၾကညာၿပီးေတာ့ ၿပီးခဲ့တဲ့ႏွစ္က ဘြန္းေတြ အကုန္ထိုး ခိုင္းထားတယ္။
ေမး။ ။တစ္ႏိုင္ငံလုံးအတိုင္းအတာေပါ့။
ေဆြးေႏြးေဖာ္။ ။ တစ္ႏိုင္ငံလုံးအတိုင္းအတာကိုေျပာတာ။ လုပ္ခဲ့ၿပီးေတာ့ ယူခဲ့ၿပီးသား ဆက္ၿပီးစစ္ေနတဲ့ အခါမွ အခုစစ္ေဆးေတြ႕ရွိခ်က္ေတြမွာ ဘာေတြ႕လဲ ဆိုေတာ့ ေတြ႕ရွိခ်က္ကဘာလဲဆိုရင္ အရင္အတိုင္းပဲ စစ္ေဆးတယ္။ စစ္ေဆးၿပီးေတာ့ မျပည့္မီတာကိုျပည့္ မီေအာင္လုပ္တယ္ဆိုၿပီးေတာ့ ခြင့္လႊတ္ျခင္းမ်ားစြာကိုလုပ္ၿပီးေတာ့ အေပးအယူနဲ႔ လာဘ္ေပးလာဘ္ယူပုံစံ မ်ိဳးေပါ့။ ေျပာရင္႐ိုင္းမွာစိုးလို႔။ ခြင့္ျပဳဖို႔အေနအထား ေတြ ေတြ႕ေနရတယ္။ အဲဒီခြင့္ျပဳဖို႔အတြက္ စစ္ေဆး ေနတဲ့ကာလေပါ့။
ေမး။ ။ စစ္ေဆးတဲ့အဖြဲ႕က်ေတာ့ ဒီ ပညာေရးဝန္ႀကီး ဌာန တစ္ဖြဲ႕တည္းပဲလား။
ေဆြးေႏြးေဖာ္ ။ ။ စစ္ေဆးေရးအဖြဲ႕မွာ ဘာပါလဲဆိုရင္ ပညာေရးအရာရွိေတြပါတယ္။ ၿပီးရင္ ခ႐ိုင္၊ ၿမိဳ႕နယ္။ ပညာေရးဘက္ဆိုရင္ တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္၊ ေထြအုပ္ ပိုင္းကဆိုလည္း ဒုတိယၿမိဳ႕နယ္မႉး။ ေနာက္ၿပီးေတာ့ ဒုအလုပ္သမား န္ၾကားေရးမႉး၊ က်န္းမာေရးမႉး။ စည္ပင္ ပါတယ္။ မီးသတ္ပါတယ္။ စုေပါင္းၿပီးလာတာ သို႔ေသာ္ အဲဒီထဲမွာ ဘာျပန္သြားေတြ႕ရလဲဆိုရင္ ပညာေရးအရာရွိက ပညာေရးနဲ႔ပတ္သက္တာကိုစြာ တာ။ သူကေခါင္းေဆာင္ဆိုရင္ က်န္တဲ့လူေတြက လည္း အင္းပါေပါ့။ ဘာမွမေျပာေတာ့ဘူး။
ေမး။ ။ အဓိကကေတာ့ ပညာေရးက အဓိကျဖစ္ေန တာေပါ့။
ေဆြးေႏြးေဖာ္ ။ ။ ပညာေရးက Handle ကိုင္တယ္။ ပညာေရးက လာဘ္ေပးလာဘ္ယူလုပ္ၿပီးေတာ့ တင္ ေပးလိုက္တယ္။ ေျပာခ်င္တာက ေက်ာင္းေတြရဲ႕Quality မျပည့္လာဘူး။ ၿပီးခဲ့တဲ့ႏွစ္ႏွစ္ကလည္း Quality မျပည့္ဘူး။ အခုဆက္ၿပီးေပးမယ့္ဟာေတြ လည္း Quality မျပည့္မီတာသြားေတြ႕ရတယ္။ ဥပမာေပးမယ္။ မႏွစ္က မူလတန္း၊ အလယ္တန္း ခြင့္ျပဳ ထားတယ္။ အခုက အဲဒီေက်ာင္းေတြက အထက္တန္း ေတာင္ ထပ္တိုးေတာင္းထားေသးတယ္။
ေမး။ ။ သင္ၾကားပိုင္ခြင့္ကိုလား။
ေဆြးေႏြးေဖာ္ ။ ။ သင္ၾကားပိုင္ခြင့္ကို။ မူလတန္း၊ အလယ္တန္းတုန္းက Quality မျပည့္လို႔ ေနာက္ (၂)ႏွစ္ေလာက္ဆိုင္းငံ့ထားၿပီးေတာ့ ျပင္ဆင္ခ်ိန္ေပး ထားတာ။ ေပးထားတာကို ထပ္ၿပီးေတာ့ ဒီအေဆာက္ အုံ ဒီပုရဝုဏ္ ဒီအေနအထားပဲ။ ဥပမာ ေျမဧကေျပာ မယ္ဆိုရင္ ေပ(၃၀_၆၀)ေပါ့။ မႏွစ္တုန္းကလည္း ေပ(၃၀_၆၀)ပဲ။ အခုျပန္ေလွ်ာက္တာလည္း ေပ (၃၀_၆၀)ပဲ။ ေတာင္းတဲ့အခါမွာ မူလတန္းအလယ္ တန္းေတာင္းတာ။ မူလတန္း၊ အလယ္တန္းေတာင္း တာေတာင္ Quality မျပည့္လို႔ မေပးဘူး။ အခုထပ္ ၿပီး အဲဒီေက်ာင္းက ဘာထပ္ေတာင္းလဲ အထက္တန္း ထပ္ေတာင္းရင္ Yes ပဲ။ လုပ္တယ္။ အခန္းအေရအ တြက္မျပည့္ဘူး။
ေမး။ ။ စံခ်ိန္မမီဘဲ သင္ၾကားခြင့္ေတြ ေက်ာင္းဖြင့္ခြင့္ ေတြ ရေနတာလား။
ေဆြးေႏြးေဖာ္။ ။ စံခ်ိန္မမီဘဲနဲ႔ သင္ၾကားခြင့္ေတြ ေက်ာင္းဖြင့္ခြင့္ရဖို႔ကို ဆက္လက္ႀကိဳးစားေနတယ္။ သေဘာက အာရေက ယူၿပီးလုပ္ေနတာ။ ဥပမာ မူလတန္း၊ အလယ္တန္းအဆင့္ကေန အရင္တုန္းက Quality မျပည့္မီလို႔ မူလတန္း၊ အလယ္တန္းပဲ ေလွ်ာက္တယ္။ အခုက ထပ္ၿပီးေတာ့ အဲဒီေနရာ အဲဒီ အေဆာက္အအုံပဲ သို႔ေသာ္ ထပ္ၿပီးေတာ့ အေဆာက္ အုံ ထပ္ၿပီးေျပာင္းလဲမႈလည္းမရွိဘူး။ သို႔ေသာ္ ဘာလုပ္လဲ အထက္တန္းပါ တိုးေတာင္းတယ္။ ပညာ ေရးအဖြဲ႕နဲ႔စစ္ေဆးေရးအဖြဲ႕နဲ႔ေပါင္းၿပီးေတာ့ ေပးဖို႔စီ စဥ္ေနတယ္။ ေနာက္တစ္ခုက အေဆာက္အအုံေတြက မၿပီးေသးဘူး။ ေဆာက္ေတာ့ ဒီအေဆာက္အအုံက အရင္တုန္းက ရွိထားတာေပါ့။ အခုေဆာက္ၿပီ။
ေမး။ ။ အေဆာက္အအုံက အသစ္လား။
ေဆြးေႏြးေဖာ္။ ။ အေဆာက္အအုံက အသစ္ထပ္ၿပီး ေတာ့ ဥပမာ ဒီေက်ာင္းကဆိုပါစို႔။ ဒီေက်ာင္းနဲ႔ပတ္ သက္ၿပီးေတာ့ ၿပီးခဲ့တဲ့ႏွစ္က မျပည့္မီလို႔ မရဘူး။ ဒီႏွစ္ေနာက္ဆုံးပဲ ဆက္ၿပီးဖြင့္ခ်င္တယ္ဆိုရင္ (၅)ႏွစ္ ရမွ ဖြင့္ရမွာ။ (၅)ႏွစ္ရဖို႔အတြက္ ေဆာက္ေတာ့ေဆာက္ ေနတယ္။ သို႔ေသာ္ ေျမျပင္အေျခအေနပဲရွိေသးတယ္။မၿပီးေသးဘူး။ ေက်ာင္းေဆာက္လို႔မၿပီးေသးဘူး။ အဲဒါမ်ိဳးလည္း ေပးဖို႔ အစီအစဥ္ရွိေနတယ္။
ေမး။ ။ သူတို႔က်ေတာ့ လိုင္စင္က ဘယ္ႏွႏွစ္ သတ္ မွတ္လဲ။
ေဆြးေႏြးေဖာ္ ။ ။ လိုင္စင္က အခုက (၅)ႏွစ္သတ္မွတ္ တယ္။ (၂)ႏွစ္သတ္မွတ္တယ္။ (၅)ႏွစ္က ဏနမ္နခအ ေပါ့။ အကုန္လုံးျပည့္စုံတယ္ေပါ့။ (၂)ႏွစ္ပဲရတဲ့ဟာက ဘာျဖစ္လို႔လဲဆိုေတာ့ ဆိုင္းငံ့ထားေပးတာ (၂)ႏွစ္အ တြင္းမွာ ေစာင့္ၾကည့္ျပင္ဆင္ပါ။ (၂)ႏွစ္အတြင္းမွာ ေစာင့္ၾကည့္ျပင္ဆင္လို႔ Qualify ျဖစ္ၿပီဆိုရင္ေတာ့ ငါးႏွစ္ေပးမွာ။ ေနာက္ဆို (၅)ႏွစ္၊ (၅)ႏွစ္စီပဲေပးေတာ့ မယ္။
ေမး။ ။ Quality ျဖစ္တဲ့ဟာက်ေတာ့ အၿမဲတမ္း (၅)ႏွစ္၊ မျဖစ္တဲ့ဟာက်ေတာ့ (၂)ႏွစ္ေစာင့္ၾကည့္ျပင္ဆင္ နဲ႔ထားတာလား။
ေဆြးေႏြးေဖာ္ ။ ။ (၂)ႏွစ္ဆိုတာမရွိဘူး။ ေျဖေလွ်ာ့ေပး ထားတာ။ အစကတည္းက ဥပေဒမွာမရွိဘူး။ လူႀကီး ေတြက ေျဖေလွ်ာ့ေပးထားတာ လုပ္သာကိုင္သာရွိ ေအာင္လို႔ တိုးခ်ဲ႕ရေအာင္လုပ္ေပးတာ။ ေက်ာင္းသား အေပၚငဲ့ညႇာတယ္။ လုပ္ငန္းရွင္ကိုငဲ့ညႇာၿပီးလုပ္ေပး တာ။
ေမး။ ။ ကိုယ္ပိုင္ေက်ာင္းအေရအတြက္ တစ္ႏိုင္ငံ လုံးဆိုရင္ ဘယ္ေလာက္ရွိပါသလဲ။
ေဆြးေႏြးေဖာ္ ။ ။ ရန္ကုန္တိုင္းတစ္တိုင္းတည္း ဆိုရင္ (၃၄၈)ေက်ာင္းရွိတယ္။ ျမန္မာျပည္တစ္ျပည္လုံးဆို ရင္ (၁၃၀ဝ)ေက်ာ္တယ္။
ေမး။ ။ ခုနကလို Qualify မျဖစ္တဲ့ဟာေတြကို ေပး တင္ခြင့္တို႔၊ ဆိုင္းငံ့ျပင္ဆင္ခြင့္တို႔ေပးထားတယ္။ ဒါေပမဲ့ တကယ့္တကယ္ ဆိုင္းငံ့ျပင္ဆင္လည္း Qualify မျဖစ္လာတဲ့အခါက်ေတာ့ အဲဒီေက်ာင္းက ေနသင္ရတဲ့ကေလးေတြအတြက္၊ အဲဒီေက်ာင္းကေန ထြက္လာမယ့္ Output ေတြက ဘာေတြျဖစ္လာႏိုင္ သလဲ။
ေဆြးေႏြးေဖာ္ ။ ။ အရည္အေသြးမမီတာေတြျဖစ္လာ မွာေပါ့။ ဗလငါးတန္ဖြံ႕ၿဖိဳးမႈအရည္အေသြးေတြ နည္း လာမွာေပါ့။ ေနာက္တစ္ခုရွိတာက ထပ္ေျပာမယ္။ အခန္းက်ဥ္းေလးထဲမွာ ေက်ာင္းဆိုတာ ေက်ာင္းနဲ႔တူ ရမယ္။ ေလဝင္ေလထြက္ရွိရမယ္။ သင့္တင့္မွ်တတဲ့ အလင္းေရာင္ရွိရမယ္။ ခုက အိမ္ေတြကို၊ တိုက္ခန္း ေတြကို အဲကြန္းေတြတပ္ၿပီး အဲဒီကေလးက အဲဒီမွာ ေနၿပီးေတာ့ ေက်ာင္းဆင္းရင္ က်ပ္က်ပ္တည္းတည္းနဲ႔ ဆင္း။ ဒါပဲ။ ခုနကေျပာတဲ့ ေဆာ့ရမယ့္ေနရာမရွိဘူး။ ေနာက္ၿပီးေတာ့ အဲကြန္းနဲ႔ မနက္ (၉)နာရီ ေန႔လယ္ (၃)နာရီဆိုရင္ ကေလးတစ္ေယာက္က အဲကြန္းေတြနဲ႔ ပဲေနၿပီးေတာ့ ပညာသင္ေနရင္ ဘယ္လိုသြားလုပ္မလဲ။ ေအာက္ဆီဂ်င္မရွိဘူးေလ။ မနက္ ေက်ာင္းလာၿပီဆို ရင္ ဒီအခန္းလိုမ်ိဳးပဲ တကယ္လည္းဒီအတိုင္းပဲ။ မယုံ ရင္ သြားစုံစမ္းၾကည့္။ ဖြင့္မယ္ဆိုတဲ့ေက်ာင္းေတြ လိုက္စုံစမ္းၾကည့္ ။ အလင္းေရာင္ေတြမရွိ။
ေမး။ ။ သင္ၾကားေရးပိုင္းမွာေကာ ဘယ္လိုရွိပါသလဲ။
ေဆြးေႏြးေဖာ္ ။ ။ Investment နည္းသြားတဲ့အတြက္ ဆရာမေတြလည္း မျဖည့္ဆည္းႏိုင္ေတာ့ဘူးေလ။ သင္ၾကားေရးပိုင္းမွာလည္း ခုနကလိုပဲ။ ဘြဲ႕မရတဲ့လူ ေတြ၊ ပညာမတတ္တဲ့လူေတြ ေခၚတယ္ခန႔္တယ္။ ဒါပဲ ခန႔္ၿပီးေတာ့ သင္ၾကားခိုင္းတယ္။
ေမး။ ။ အဲဒီ ကိုယ္ပိုင္ေက်ာင္းဥပေဒမွာက်ေတာ့ေကာ
ေဆြးေႏြးေဖာ္ ။ ။ ကိုယ္ပိုင္ေက်ာင္းဥပေဒမွာက ဘြဲ႕ ရရမယ္၊ ဘြဲ႕တစ္ခုရမယ္ဆိုရင္ သင္တန္းတက္ရတယ္။ ပညာေရးဝန္ႀကီးဌာနကသတ္မွတ္တဲ့ ဆရာျဖစ္သင္ တန္းေတြရွိတယ္။ ရက္တိုသင္တန္းေတြတက္ၿပီးေတာ့ အဲဒီကေန လက္မွတ္ေပးလိုက္တယ္။ ၿပီးေတာ့မွ လိုင္ စင္ျပန္တင္ရတာ။ သင္တန္းတက္၊ သင္တန္းလက္မွတ္ ကိုင္ ဘယ္မွာသြားလုပ္ရလဲဆိုရင္ ပညာေရးဝန္ႀကီးဌာနမွာ သြားၿပီးေတာ့ Green Card ေပါ့။ အခုဆိုရင္ Yellow Card ေပါ့။ ပညာေရးဝန္ႀကီးဌာနကိုေလွ်ာက္ရတယ္။ ေလွ်ာက္ၿပီး စိစစ္ၿပီးေတာ့မွ အဲဒီကတ္ျပားေပးၿပီးေတာ့ လိုင္စင္ေပါ့။ ေရွ႕ေနတစ္ေယာက္မွာ လိုင္စင္ရွိသလိုေပါ့။ ဆရာမွာလည္း သင္ၾကားခြင့္လိုင္စင္ေပါ့။ အဲဒါသည္ လည္း နည္းဥပေဒနဲ႔အညီထုတ္ေပးတာ။ နည္းဥပေဒ နဲ႔အညီထုတ္ေပးတဲ့ လိုင္စင္ရွိမွ စာသင္ျပခြင့္ရွိတယ္။
ေမး ။ ။ အဲဒီလိုင္စင္ကလည္း မူလတန္း၊ အလယ္တန္း၊ အထက္တန္းခြဲထားေသးလား။
ေဆြးေႏြးေဖာ္ ။ ။ အရင္တုန္းက ခြဲတယ္။ ဒီေနာက္ပိုင္း မခြဲျပန္ဘူး။ အဲဒီလိုျဖစ္ေနတယ္။ Green Cardဆို တာ အစိမ္းကတ္ကိုေျပာတာ။ အဲဒီအစိမ္းကတ္မွာ တုန္းကခြဲတယ္။ အခုက Yellow Card အျဖစ္ ေျပာင္းသြားတယ္။ မခြဲေတာ့ဘူး။
ေမး။ ။ Green Card ကမရွိေတာ့ဘူးေပါ့။
ေဆြးေႏြးေဖာ္ ။ ။ Green Card ကမေပးေတာ့ဘူး။ Yellow Card ပဲေပးတယ္။ Green Card ၊Yellow Card ေခၚရျခင္းကလည္း ကတ္ျပားကိုၾကည့္ၿပီးေခၚ ရတာ။ ကတ္အေရာင္ေၾကာင့္ေခၚတာ။ ဥပေဒမွာေတာ့Green Card ရွိရမယ္။ Green Cardဆိုတဲ့စကားလုံး၊ Yellow Card ဆိုတဲ့စကားလုံး မသုံးဘူး။ ဆရာျဖစ္ သင္တန္းေအာင္လက္မွတ္၊ မွတ္ပုံတင္လက္မွတ္ (ဆ ရာအတတ္ပညာဆိုင္ရာ ဒီပလိုမာ သို႔မဟုတ္ လက္ မွတ္)ရွိရမယ္ဆိုတာပဲ ေျပာထားတာ။ ခုနကေျပာသလို သူတို႔လုပ္တယ္။ စီးပြားေရးသမားေတြလာတယ္။ ထီေပါက္လို႔ ထလုပ္တယ္။ ဥပမာ စီးပြားေရးသမား ေတြက ဒီမွာဝင္ၿပီး လာတိုးတဲ့အခါက်ေတာ့ သူတို႔က အျမတ္မ်ားမ်ားရရွိေရးအတြက္ပဲေဆာင္႐ြက္ၾက တယ္။ ရွင္းရွင္းလင္းလင္းေျပာရရင္ ကေလးေတြ စာ တတ္ မတတ္ မလုပ္ၾကေတာ့ဘူး။ အဲဒီဟာမ်ိဳးေတြ လည္း သြားေတြ႕ရတယ္။ အထူးသျဖင့္ အဲဒါေတြအ မ်ားစုကေတာ့ International School ေတြပဲ။ International School ေတြက်ေတာ့လည္း ထိန္း ကြပ္မႈအားမရွိဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ေၾကးမ်ား မ်ားယူတယ္။ Private School နဲ႔ International School က်ေတာ့ Private School သည္ ျမန္မာ့ သင္႐ိုးၫႊန္းတမ္းကို ပညာေရးဝန္ႀကီးဌာနကသတ္ မွတ္တဲ့၊ ျပ႒ာန္းထားတဲ့ သင္႐ိုးၫႊန္းတမ္းအတိုင္းပဲ အေျခခံေက်ာင္းမွာေရာ သင္တဲ့ သင္႐ိုးၫႊန္းတမ္းနဲ႔ Private မွာသင္တဲ့သင္႐ိုးၫႊန္းတမ္းနဲ႔ အကုန္တူတူ ပဲ။ အဲဒီအတိုင္းပဲသင္ၾကတာကို Private School လို႔ေခၚတယ္။ ေနာက္တစ္ခုက International School ဆိုတာ ႏိုင္ငံတကာသင္႐ိုးန္းတမ္းနဲ႔ သင္ ရတာ။ အဲဒီေက်ာင္းေတြက ပိုဆိုးတယ္။ ဘာသြားသင္ လဲဆိုရင္ သူတို႔က သင္႐ိုးၫႊန္းတမ္းကိုလည္း ျပည့္ ျပည့္ဝဝမရွိဘူး။ အဲဒီႏိုင္ငံမွာရွိတဲ့ သင္႐ိုးòန္းတမ္းမွာ ရွိတဲ့ ႏိုင္ငံမွာရွိတဲ့ ပညာေရးဌာနကသတ္မွတ္တဲ့ Qualify ျပည့္ဝတဲ့ Document ေတြ ျပည့္ဝတာ လည္းမရွိဘူး။ ရွင္းရွင္းေျပာရရင္ တစ္ေက်ာင္း တစ္ဂါ ထာ တစ္႐ြာတစ္ပုဒ္လိုသင္ၾကားေနတယ္။ သင္ၾကား တာကိုလည္း စစ္ေဆးေရးအရာရွိေတြက မသိက်ိဳးကြၽံ ျပဳၿပီးလုပ္တယ္။ အဲဒီကေလးေတြက ဒီဘက္ ကိုယ္ပိုင္ေက်ာင္းျပန္ေျပာင္းလာရင္ ျမန္မာႏိုင္ငံသင္႐ိုး òန္းတမ္းေက်ာင္းေတြကို ျပန္ေျပာင္းလာတဲ့အခါမွာ အရည္အေသြးမျပည့္မီတာေတြ ျပန္ေတြ႕ရတယ္။ စာ မလိုက္ႏိုင္ေတာ့ဘူး။ သင္႐ိုးòန္းတမ္းသာေျပာတာ ေသခ်ာသင္တာမရွိဘူး။ အဲဒီကေလးက ျမန္မာႏိုင္ငံ သင္႐ိုးၫႊန္းတမ္းကိုေရာက္လာတယ္။ ေရာက္လာတဲ့ အခါမွာ ရွင္းရွင္းေျပာရရင္ စာမလိုက္ႏိုင္ေတာ့ဘူး။ သူတို႔က အမွန္ဆိုရင္ English ေကာင္းရမွာေပါ့။ ႏိုးပါ။
ေမး။ ။ အဂၤလိပ္ေတာင္ မေကာင္းဘူးေပါ့။
ေဆြးေႏြးေဖာ္ ။ ။ မေကာင္းဘူး။ အဲဒီကေလးေတြက ဘယ္မွာစာေမးပြဲျပန္ေျဖရမလဲဆိုရင္ ဆရာတို႔ေက်ာင္း ဘက္ကိုေျပာင္းေတာ့မယ္ဆိုရင္ သူက အေျခခံပညာ ဦးစီးဌာနမွယ တစ္ႏွစ္ကိုတစ္ခါ Supplement Tesလုပ္တယ္၊ စစ္ေဆးတယ္။ အဲဒီကေနေအာင္တယ္ ဆိုရင္ TC ေက်ာင္းတက္လက္မွတ္ ေပးလိုက္တယ္။ ေက်ာင္းတက္လက္မွတ္နဲ႔အညီ ေက်ာင္းက လက္ခံ တယ္။ သက္ဆိုင္ရာအတန္းအလိုက္ လက္ခံတယ္။ သို႔ေသာ္ သူသည္ International School ကေန Grade 7 ေအာင္တယ္ဆိုပါစို႔ ဝင္ေျဖ။ ေအာင္ရင္ Grade 8 ကိုတက္၊ က်ရင္ Grade 7 မွာပဲတက္ရ တယ္။ ယူတဲ့ေၾကးကလည္း ဒီကိုယ္ပိုင္ေက်ာင္းေတြနဲ႔ ဆိုရင္ ေလးဆေလာက္ေတာင္မ်ားမယ္။ တခ်ိဳ႕ဆိုရင္ ေတာ္ေတာ္မ်ားမ်ားကို ေနေအာင္ယူတာ။ တခ်ိဳ႕ ဆိုရင္ ေဒၚလာေတြနဲ႔ေပးတက္ရတယ္။ တခ်ိဳ႕ဆိုရင္ ခါးေၾကာျပတ္ၿပီး ကြၽန္ေတာ္တို႔ဆီေရာက္လာတယ္။ တခ်ိဳ႕က်ေတာ့လည္း စီးပြားေရးေၾကာင့္ေပါ့။ တခ်ိဳ႕က်ေတာ့လည္း စာမလိုက္ႏိုင္လို႔ေပါ့။ အဲဒီလို ေတြရွိတယ္။ အဲဒါထက္ ဒါေတြအားလုံးကို ဘယ္သူ ကကိုင္လဲဆိုရင္ ပုဂၢလိကပညာေရးႀကီးၾကပ္မႈအဖြဲ႕က ေနၿပီးေတာ့ကိုင္တာ။ ကိုင္တဲ့အခါမွာ International School ကိုလည္းကိုင္တယ္၊ အေျခခံပညာကိုယ္ ပိုင္ေက်ာင္းဘက္ကိုလည္းကိုင္တယ္။ ႏွစ္ခုကိုင္တြယ္ တယ္။ သူတို႔မွာ ရွင္းရွင္းေျပာမယ္ဆိုရင္ လိုက္ၿပီး ႀကီး ၾကပ္တဲ့ဆရာ၊ ဆရာမေတြက ပညာေရးအရာရွိႀကီးက လည္း ကြၽမ္းကြၽမ္းက်င္က်င္မရွိဘူး။ သင္႐ိုးဆိုလည္း သူရွင္းပဲ၊ သူေသခ်ာဖတ္ႏိုင္တဲ့စေကးမရွိဘူး။ ပါခ်ဳပ္ ေတြသာေျပာတယ္။ ပါခ်ဳပ္ေတြလည္းမဖတ္ႏိုင္ဘူး။ ပြင့္ပြင့္လင္းလင္းေျပာျပတာ။ ပါခ်ဳပ္ေတြ ပါေမာကၡ ေတြေျပာတာ အလကား သူတို႔လည္းအႀကီးႀကီးေတြပဲ။ ဆရာ့ဆီမွာ သခ်ၤာလာသင္မယ္ဆိုရင္ ေမးတာ။ အင္း အဲ အားနဲ႔ မခန႔္ဘူး။ အဲဒီ ဆရာ၊ ဆရာမေတြက ျမန္ မာႏိုင္ငံမွာ ပညာေရးစနစ္က နည္းသြားတာေတာ့ ပြင့္ ပြင့္လင္းလင္းေျပာမယ္ဆိုရင္ (၁၉၈၀)ေလာက္တည္း က စ ပ်က္ဆီးတာ။ ပညာေရးပ်က္စီးလာတဲ့ရည္႐ြယ္ ခ်က္ကဘာေၾကာင့္လဲဆိုရင္ သူတို႔က အေၾကာင္းျပ တာေပါ့ေနာ္။ ဝန္ထမ္းေတြ လစာမေလာက္လို႔။ ကြၽန္ ေတာ္ေျပာတာ ရွင္းရွင္းေလး။ ဝန္ထမ္း လစာ မ ေလာက္ဘူးမလား။ မလုပ္နဲ႔ ။ ကေခ်သည္လုပ္ရင္က၊ ေဈးသည္လုပ္ရင္ ေဈးေရာင္း၊ ဆရာဝန္လုပ္မယ္ဆိုရင္ ေဆးကု၊ အဆိုေတာ္လုပ္မယ္ဆိုရင္ ဆို။ ဆရာမ လုပ္ မယ္ဆိုရင္ ဆရာမလုပ္။ မလုပ္ဘူးလား၊ မလုပ္ဘူးဆို ရင္ တျခားလုပ္ငန္းေျပာင္းလုပ္ သူတို႔က ဘာကိုလုပ္ လဲဆိုရင္ အဲဒါမ်ိဳးေတြလုပ္ကိုင္ၿပီးေတာ့ ပညာေရးစ နစ္ျခစားမႈေတြ မ်ားမ်ားလာၿပီးေတာ့ အခုလိုစနစ္ႀကီး ေတြေပၚလာတာပဲ။ အခု ကိုယ္ပိုင္ေက်ာင္းေတြမွာ လည္း အစိုးရေက်ာင္းနည္းတူလုပ္ၿပီး လုပ္ငန္းေတြနဲ႔ အဲဒီလိုမ်ိဳးနဲ႔ ကိုယ္ပိုင္ေက်ာင္းေတြလည္း သိပ္ ဖိဖိ စီးစီးသိပ္မလုပ္ေပးႏိုင္ဘူး။ မလုပ္ႏိုင္ဘူး။ အဲဒါေတြ ေျပာရင္ အရွည္ႀကီးပဲ။
ေမး။ ။ ကိုယ္ပိုင္ေက်ာင္းေတြေရာ International School ေတြေရာ ႀကီးၾကပ္တဲ့ဘုတ္အဖြဲ႕ရွိတယ္ေပါ့။ အဲဒါက်ေတာ့ဘယ္လိုမ်ိဳးလဲ။
ေဆြးေႏြးေဖာ္ ။ ။ အဖြဲ႕မွာ ဘယ္လိုလဲဆိုေတာ့ ျပည္ ေထာင္စုမွာဆိုရင္ ပညာေရးဝန္ႀကီးဌာနသည္ ဥကၠ႒၊ အတြင္းေရးမႉးက ပညာေရးက အၿမဲတမ္းအတြင္းဝန္။ က်န္တဲ့ဟာေတြက အလုပ္သမားပါမယ္၊ က်န္းမာေရး ပါမယ္။ ေထြ အုပ္ပါမယ္။ မီးသတ္လည္းပါမယ္။
ေမး။ ။ ကြၽန္ေတာ္တို႔ ၾကားေနရတဲ့သတင္းေတြလည္း ရွိပါတယ္။ International School ေတြမွာဆိုရင္ သူတို႔ရဲ႕ သင္႐ိုးၫႊန္းတမ္းက ဥပမာ ကင္းဘရစ္ခ်္ လည္းယူမယ္၊ ေအာက္စဖို႔ဒ္ကလည္း ယူမယ္။ ဒီ ေရာက္မွ သူတို႔က ဘာသာေပါင္းၿပီးေတာ့သင္တာ ကို ဘာေျပာခ်င္လဲ ။
ေဆြးေႏြးေဖာ္ ။ ။ အဲဒါကလုပ္စားေပါ့။ လုပ္စားဆို ေတာ့ Qualify မျဖစ္ဘဲနဲ႔ တစ္ႏွစ္သာကုန္သြားတယ္။ ပိုက္ဆံသာကုန္သြားတယ္။ Qualify မျပည့္လို႔ အဲဒီ တကၠသိုလ္ေတြကိုမသြားျဖစ္တဲ့ Certificate ေတြ မ်ားတဲ့ ေက်ာင္းသူေက်ာင္းသားေတြလည္း အမ်ားႀကီး ပဲ။
ေမး။ ။ ဒီကေလးေတြရဲ႕ေနာင္ေရးမွာသည္ သူတို႔ဆီ မွာ အတန္းၿပီးသြားလို႔ ႏိုင္ငံျခားေက်ာင္းေတြကူးမယ္ ဆိုရင္ ကူးလို႔လြယ္ပါ့မလား။
ေဆြးေႏြးေဖာ္။ ။ Qualify မျဖစ္ေလာက္ဘူး။ ျဖစ္ ေတာ့ျဖစ္မယ္။ ေတာ္တဲ့လူေတြပဲျဖစ္မယ္။ မိဘက လည္းလိုက္ႏိုင္မယ္။ ရာခိုင္ႏႈန္းအားျဖင့္ေျပာမယ္ဆို ရင္ မျဖစ္ဘူး။ အဲဒီေတာ့ ပညာေရးစနစ္ႀကီးက အဲဒီ လိုျဖစ္ေနတာ။
ေမး။ ။ ပုဂၢလိကေက်ာင္းေတြနဲ႔ ဒီ International School ေတြနဲ႔ အတန္းတင္တဲ့စနစ္ေတြေကာတူလား။
ေဆြးေႏြးေဖာ္။ ။ မတူဘူး။
ေမး။ ။ ဘယ္လိုကြာျခားမႈရွိလဲ။
ေဆြးေႏြးေဖာ္ ။ ။ ကြၽန္ေတာ္တို႔က်ေတာ့ ျမန္မာႏိုင္ငံ ပညာေရးစနစ္နဲ႔သြားေတာ့ သူတို႔က Grade ေတြနဲ႔ သြားတာေပါ့။ သူတို႔က်ေတာ့ Grade ကလည္း သက္ ဆိုင္ရာေက်ာင္းေတြနဲ႔ Grade ေက်ာင္းေပးတဲ့အတိုင္း သြားတာ။
ေမး။ ။ သူ႔ေက်ာင္းစတိုင္နဲ႔သူသြားတာ အဲဒါက တစ္ေျပးညီျဖစ္ေအာင္ ထိန္းကြပ္မႈမရွိဘူးလား။
ေဆြးေႏြးေဖာ္။ ။ မရွိဘူး။ အဲဒါေတာ့ေသခ်ာတယ္။
ေမး။ ။ အဲဒီလိုထိန္းကြပ္မႈမရွိတဲ့အေပၚမွာ ျဖစ္လာ ႏိုင္တဲ့ဆိုးက်ိဳးေတြက ဘာျဖစ္မလဲ။
ေဆြးေႏြးေဖာ္။ ။ ဆိုးက်ိဳးေတြက ပညာေရးတန္းတူညီ မွ်မႈမရွိဘူး။ အမွတ္နည္းနည္းရၿပီးေတာ့ ေဆးေက်ာင္း တက္တဲ့ကေလးနဲ႔ အမွတ္မ်ားမ်ားရၿပီး ေဆးေက်ာင္း တက္တဲ့ကေလးနဲ႔ကြာသလို ကြာသြားမွာေပါ့။
(ေရွ႕တစ္ပတ္ဆက္ရန္)