ပညာရေးပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်သည့် မှတ်တမ်းစာအုပ်ပြုစုရေးသားရန် အဖွဲ့ဖွဲ့မည်

459

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၁၉
ပညာရေးပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်သည့် မှတ်တမ်းစာအုပ်ပြုစုရေးသားရန် အဖွဲ့ဖွဲ့စည်းမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက ယမန်နေ့(ဖေဖော်ဝါရီ ၁၈ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသော ညှိနှိုင်းအစည်းအဝေး အတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြေင်း သိရသည်။
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်းနှင့် ကဏ္ဍအလိုက် ကျွမ်းကျင်သည့် အတတ် ပညာ ရှင်များ ပေါ်ထွက်လာစေရေးအတွက် ပညာရေးစနစ်နှင့် ကိုက်ညီသည့် သက်မွေးမှုလုပ်ငန်းအဆင့် အခြေပြကားချပ်ရေးဆွဲရန်နှင့် မှတ်တမ်းစာအုပ်ပြုစုထိန်းသိမ်းထားရှိရေးအတွက် ယင်းအစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပညာရေးစနစ်နှင့် ကိုက်ညီသည့် သက်မွေးမှုလုပ်ငန်းအဆင့် အခြေပြကားချပ်ရေးဆွဲရန်နှင့် ပညာရေးပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်သည့် မှတ်တမ်းစာအုပ်ပြုစုရေးသားရန် အဖွဲ့ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ယင်းသို့ဖွဲ့စည်းနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖွဲ့စည်း၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် အစည်းအဝေးပြုလုပ်ခြင်းဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
Grade-12 မအောင်မြင်သူများအတွက် ပညာသင်ယူခွင့်လမ်းကြောင်းနှင့် Grade-9 ပြီးမြောက်ပြီး အထက်တန်းမတက်ရောက် သူများအတွက် ဆက်လက်ပညာသင်ယူနိုင်ခွင့် အခွင့်အလမ်းများ ရေးဆွဲရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့နှင့် ပေါင်းစပ်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့နောက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ပညာသင်ယူခွင့်အခွင့်အလမ်းလမ်းကြောင်း (Pathways) အဆင့်ဆင့်ကို ရေးဆွဲကြရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ပညာရေးတွင် လုပ်ဆောင်နေသည့် ပညာရေးပြုပြင်ပြောင်းလဲမှုများဖြစ်သည့် Job Ready Skills များ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များနှင့် ပတ်သက်၍ Grade-10 မှ စတင်သည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
သက်ဆိုင်ရာ၀န်ကြီးဌာနများအနေဖြင့် ငါးနှစ်တာကာလအတွင်း ပညာရေးနှင့် ပတ်သက်သည့် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ခဲ့မှုများကို ပြုစုရေးသားရန်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနများအလိုက် အခြေပြကားချပ် (Chart) နှင့် အစီရင်ခံစာ (Report) ရေးသားရာတွင် နိုင်ငံတော်အစိုးရ၏ ပညာရေးပြုပြင်ပြောင်းလဲခြင်းနှင့် ပညာရေးအဆင့်အတန်းနှင့်အညီ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးဆောင်ရွက်ပေးနိုင်ခြင်းတို့အတွက် မှတ်တမ်းစာအုပ်ထည့်သွင်းပြုစုထားရှိရန်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ပညာရေးကဏ္ဍထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုများနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်ခဲ့မှုများကို မှတ်တမ်းများတွင် ထည့်သွင်းပြုစုရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

Zawgyi Version:
ပညာေရးျပဳျပင္ေျပာင္းလဲမႈမ်ားႏွင့္ ပတ္သက္သည့္ မွတ္တမ္းစာအုပ္ျပဳစုေရးသားရန္ အဖြဲ႕ဖြဲ႕မည္
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၁၉
ပညာေရးျပဳျပင္ေျပာင္းလဲမႈမ်ားႏွင့္ ပတ္သက္သည့္ မွတ္တမ္းစာအုပ္ျပဳစုေရးသားရန္ အဖြဲ႕ဖြဲ႕စည္းမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေခ်ာေခ်ာစိန္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျပည္ေထာင္စုဝန္ႀကီးက ယမန္ေန႔(ေဖေဖာ္ဝါရီ ၁၈ ရက္) မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ပညာေရးဝန္ႀကီးဌာနအစည္းအေဝးခန္းမ၌ က်င္းပေသာ ညႇိႏႈိင္းအစည္းအေဝး အတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကင္း သိရသည္။
လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ျခင္း၊ အလုပ္အကိုင္အခြင့္အလမ္းမ်ားရရွိေစျခင္းႏွင့္ က႑အလိုက္ ကြၽမ္းက်င္သည့္ အတတ္ ပညာ ရွင္မ်ား ေပၚထြက္လာေစေရးအတြက္ ပညာေရးစနစ္ႏွင့္ ကိုက္ညီသည့္ သက္ေမြးမႈလုပ္ငန္းအဆင့္ အေျချပကားခ်ပ္ေရးဆြဲရန္ႏွင့္ မွတ္တမ္းစာအုပ္ျပဳစုထိန္းသိမ္းထားရွိေရးအတြက္ ယင္းအစည္းအေဝးကို က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ပညာေရးစနစ္ႏွင့္ ကိုက္ညီသည့္ သက္ေမြးမႈလုပ္ငန္းအဆင့္ အေျချပကားခ်ပ္ေရးဆြဲရန္ႏွင့္ ပညာေရးျပဳျပင္ေျပာင္းလဲမႈမ်ားႏွင့္ ပတ္သက္သည့္ မွတ္တမ္းစာအုပ္ျပဳစုေရးသားရန္ အဖြဲ႕ဖြဲ႕စည္းမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ယင္းသို႔ဖြဲ႕စည္းႏိုင္ရန္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားမွ အၿမဲတမ္းအတြင္းဝန္မ်ား၊ ၫႊန္ၾကားေရးမႉးခ်ဳပ္မ်ား၊ ပညာေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားႏွင့္ ေပါင္းစပ္ဖြဲ႕စည္း၍ ေရွ႕ဆက္လက္ေဆာင္႐ြက္မည့္ လုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္ႏိုင္ရန္ အစည္းအေဝးျပဳလုပ္ျခင္းျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့သည္။
Grade-12 မေအာင္ျမင္သူမ်ားအတြက္ ပညာသင္ယူခြင့္လမ္းေၾကာင္းႏွင့္ Grade-9 ၿပီးေျမာက္ၿပီး အထက္တန္းမတက္ေရာက္ သူမ်ားအတြက္ ဆက္လက္ပညာသင္ယူႏိုင္ခြင့္ အခြင့္အလမ္းမ်ား ေရးဆြဲရာတြင္ ပညာေရးဝန္ႀကီးဌာနအေနျဖင့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာနတို႔ႏွင့္ ေပါင္းစပ္ေရးဆြဲခဲ့ျခင္းျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ေနာက္ ေရွ႕ဆက္လက္ေဆာင္႐ြက္မည့္ လုပ္ငန္းစဥ္မ်ားအတြက္ ပညာသင္ယူခြင့္အခြင့္အလမ္းလမ္းေၾကာင္း (Pathways) အဆင့္ဆင့္ကို ေရးဆြဲၾကရမည္ျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့သည္။
ထို႔ျပင္ ပညာေရးတြင္ လုပ္ေဆာင္ေနသည့္ ပညာေရးျပဳျပင္ေျပာင္းလဲမႈမ်ားျဖစ္သည့္ Job Ready Skills မ်ား၊ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရး ဘာသာရပ္မ်ားႏွင့္ ပတ္သက္၍ Grade-10 မွ စတင္သည့္ ျပဳျပင္ေျပာင္းလဲမႈမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
သက္ဆိုင္ရာ၀န္ႀကီးဌာနမ်ားအေနျဖင့္ ငါးႏွစ္တာကာလအတြင္း ပညာေရးႏွင့္ ပတ္သက္သည့္ ျပဳျပင္ေျပာင္းလဲေရးေဆာင္႐ြက္ခဲ့မႈမ်ားကို ျပဳစုေရးသားရန္ျဖစ္ေၾကာင္းႏွင့္ ဝန္ႀကီးဌာနမ်ားအလိုက္ အေျချပကားခ်ပ္ (Chart) ႏွင့္ အစီရင္ခံစာ (Report) ေရးသားရာတြင္ ႏိုင္ငံေတာ္အစိုးရ၏ ပညာေရးျပဳျပင္ေျပာင္းလဲျခင္းႏွင့္ ပညာေရးအဆင့္အတန္းႏွင့္အညီ အလုပ္အကိုင္အခြင့္အလမ္းမ်ား ရရွိေရးေဆာင္႐ြက္ေပးႏိုင္ျခင္းတို႔အတြက္ မွတ္တမ္းစာအုပ္ထည့္သြင္းျပဳစုထားရွိရန္ျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ပညာေရးက႑ထင္ရွားသည့္ ျပဳျပင္ေျပာင္းလဲမႈမ်ားႏွင့္ အလုပ္အကိုင္အခြင့္အလမ္း ေဖာ္ေဆာင္ေပးႏိုင္ခဲ့မႈမ်ားကို မွတ္တမ္းမ်ားတြင္ ထည့္သြင္းျပဳစုရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။