မြောက်ကိုရီးယားက နျူကလီးယားသယ်ဆောင်နိုင်သည့် ဒုံးပစ်စင် ၅၀ ထုတ်ဖော်ပြသ

643

ဂျန်ဇက်(NP News)-ဖေဖော်ဝါရီ ၁၉
မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယား တစ်နိုင်ငံလုံးကို ပစ်မှတ်ထား တိုက်ခိုက်နိုင်စွမ်းရှိပြီး နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သည့်၆၀၀-မီလီမီတာ တာဝေးပစ် ဒုံးပစ်စင် အစီး ၅၀ ကို တရားဝင် ထုတ်ဖော်ပြသလိုက်ကြောင်းသိရသည်။ မြောက်ကိုရီးယားနိုင်ငံသည် စစ်လက်နက်ပစ္စည်းများကို စမ်းသပ်လျက်ရှိနေရာကိုရီးယားကျွန်းဆွယ်နှင့် ဒေသတွင်း စစ်ရေးတင်းမာမှုများကို ပိုမိုမြင့်တက်လာစေနိုင်ကြောင်းသတင်းများလည်းထွက်ပေါ်နေသည်။မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း ကိုယ်တိုင် နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သည့် ၆၀၀-မီလီမီတာ တာဝေးပစ် ဒုံးပစ်စင်များ လွှဲပြောင်းပေးသည့်အခမ်းအနားကိုတက်ရောက်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းအေဂျင်စီ (KCNA)က ဖေဖော်ဝါရီ ၁၉ တွင် ဖော်ပြထားသည်။အဆိုပါ လက်နက်စနစ်သစ်များသည် သမားရိုးကျ တိုက်ခိုက်မှုများသာမက နျူကလီးယားလက်နက် အသုံးပြုမှုကို ရည်ညွှန်းလေ့ရှိသော "ဗျူဟာမြောက် တိုက်ခိုက်မှုများ" (Strategic Missions) အတွက်ပါ အသုံးပြုနိုင်ကြောင်း KCNA သတင်းဌာနက ဖော်ပြထားသည်။ယခုထုတ်ဖော်ပြသလိုက်သည့် ဒုံးပစ်စင်များသည် အကွာအဝေး ကီလိုမီတာ ၄၀ဝ ခန့်အထိ ပစ်ခတ်နိုင်စွမ်းရှိပြီး တောင်ကိုရီးယားရှိ အဓိကစစ်ရေးပစ်မှတ်များနှင့် အမေရိကန် စစ်အခြေစိုက်စခန်းများကို အလွယ်တကူ ခြိမ်းခြောက်နိုင်စွမ်းရှိနေကြောင်း၊ အဆိုပါလက်နက်စနစ်တွင်ဉာဏ်ရည်တု (AI) နည်းပညာနှင့် ပစ်မှတ်ရှာဖွေရေး အာရုံခံစနစ်များ ကို ပေါင်းစပ်တပ်ဆင်ထားကြောင်း သိရသည်။နိုင်ငံတကာ စစ်ရေးကျွမ်းကျင်သူများကမူ မြောက်ကိုရီးယား၏ အဆိုပါ လက်နက်နည်းပညာ အဆင့်မြှင့်တင်မှုများသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ လက်ရှိ လေကြောင်းရန်ကာကွယ်ရေးနှင့် ဒုံးခွင်းဒုံးစနစ်များကိုစိန်ခေါ်လာနိုင်ကြောင်း သတိပေးထားကြောင်းသိရသည်။

Zawgyi Version:
ေျမာက္ကိုရီးယားက န်ဴကလီးယားသယ္ေဆာင္ႏိုင္သည့္ ဒုံးပစ္စင္ ၅၀ ထုတ္ေဖာ္ျပသ
ဂ်န္ဇက္(NP News)-ေဖေဖာ္ဝါရီ ၁၉
ေျမာက္ကိုရီးယားႏိုင္ငံသည္ ေတာင္ကိုရီးယား တစ္ႏိုင္ငံလုံးကို ပစ္မွတ္ထား တိုက္ခိုက္ႏိုင္စြမ္းရွိၿပီး န်ဴကလီးယားထိပ္ဖူးတပ္ဆင္ႏိုင္သည့္၆၀၀-မီလီမီတာ တာေဝးပစ္ ဒုံးပစ္စင္ အစီး ၅၀ ကို တရားဝင္ ထုတ္ေဖာ္ျပသလိုက္ေၾကာင္းသိရသည္။ ေျမာက္ကိုရီးယားႏိုင္ငံသည္ စစ္လက္နက္ပစၥည္းမ်ားကို စမ္းသပ္လ်က္ရွိေနရာကိုရီးယားကြၽန္းဆြယ္ႏွင့္ ေဒသတြင္း စစ္ေရးတင္းမာမႈမ်ားကို ပိုမိုျမင့္တက္လာေစႏိုင္ေၾကာင္းသတင္းမ်ားလည္းထြက္ေပၚေနသည္။ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအန္း ကိုယ္တိုင္ န်ဴကလီးယားထိပ္ဖူးတပ္ဆင္ႏိုင္သည့္ ၆၀၀-မီလီမီတာ တာေဝးပစ္ ဒုံးပစ္စင္မ်ား လႊဲေျပာင္းေပးသည့္အခမ္းအနားကိုတက္ေရာက္ခဲ့ေၾကာင္း ေျမာက္ကိုရီးယား ႏိုင္ငံပိုင္သတင္းေအဂ်င္စီ (KCNA)က ေဖေဖာ္ဝါရီ ၁၉ တြင္ ေဖာ္ျပထားသည္။အဆိုပါ လက္နက္စနစ္သစ္မ်ားသည္ သမား႐ိုးက် တိုက္ခိုက္မႈမ်ားသာမက န်ဴကလီးယားလက္နက္ အသုံးျပဳမႈကို ရည္ၫႊန္းေလ့ရွိေသာ "ဗ်ဴဟာေျမာက္ တိုက္ခိုက္မႈမ်ား" (Strategic Missions) အတြက္ပါ အသုံးျပဳႏိုင္ေၾကာင္း KCNA သတင္းဌာနက ေဖာ္ျပထားသည္။ယခုထုတ္ေဖာ္ျပသလိုက္သည့္ ဒုံးပစ္စင္မ်ားသည္ အကြာအေဝး ကီလိုမီတာ ၄၀ဝ ခန႔္အထိ ပစ္ခတ္ႏိုင္စြမ္းရွိၿပီး ေတာင္ကိုရီးယားရွိ အဓိကစစ္ေရးပစ္မွတ္မ်ားႏွင့္ အေမရိကန္ စစ္အေျခစိုက္စခန္းမ်ားကို အလြယ္တကူ ၿခိမ္းေျခာက္ႏိုင္စြမ္းရွိေနေၾကာင္း၊ အဆိုပါလက္နက္စနစ္တြင္ဉာဏ္ရည္တု (AI) နည္းပညာႏွင့္ ပစ္မွတ္ရွာေဖြေရး အာ႐ုံခံစနစ္မ်ား ကို ေပါင္းစပ္တပ္ဆင္ထားေၾကာင္း သိရသည္။ႏိုင္ငံတကာ စစ္ေရးကြၽမ္းက်င္သူမ်ားကမူ ေျမာက္ကိုရီးယား၏ အဆိုပါ လက္နက္နည္းပညာ အဆင့္ျမႇင့္တင္မႈမ်ားသည္ အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔၏ လက္ရွိ ေလေၾကာင္းရန္ကာကြယ္ေရးႏွင့္ ဒုံးခြင္းဒုံးစနစ္မ်ားကိုစိန္ေခၚလာႏိုင္ေၾကာင္း သတိေပးထားေၾကာင္းသိရသည္။