G-12 တက္ကသိုလ်ဝင်စာမေးပွဲအား ကာမိုင်းမြို့သို့သွားရောက်ဖြေဆိုရန် အခက်အခဲရှိသဖြင့် စာစစ်ဌာနကို (အ.ထ.က. ဖားကန့်)တွင် ဆောင်ရွက်ပေးရန် တောင်းဆို

 507

ထိုက်စံ(NP News)-ဖေဖော်ဝါရီ ၁၉
G-12 တက္ကသိုလ်ဝင်စာမေးပွဲအား ကာမိုင်းမြို့သို့သွားရောက်ဖြေဆိုရန် အခက်အခဲရှိသဖြင့် စာစစ်ဌာနကို (အ.ထ.က. ဖားကန့်)တွင် ဆောင်ရွက်ပေးရန် ဖားကန့်၊ လုံးခင်း ၊ ဆိပ်မူ (ဆိုင်းတောင်)ဒေသများမှ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ နှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များမှ အသနားခံစာ တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။
G-12 တက္ကသိုလ်ဝင်စာမေးပွဲအား လာမည့် (မတ်လ ၁၀ ရက်)တွင် စတင်ကျင်းပမည်ဖြစ်၍ ဖားကန့်၊ လုံးခင်း နှင့် ဆိပ်မူ (ဆိုင်းတောင်)ဒေသများ မှ ကျောင်းသား၊ကျောင်းသူများမှာ ကာမိုင်းမြို့သို့သွားရောက်ဖြေဆိုရန် အသွားအပြန်လမ်းစရိတ်များနှင့် အခြားသော အခက်အခဲများစွာရှိကြောင်း သိရသည်။
ထို့ကြောင့် G-12 တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနအား (အ.ထ.က. ဖားကန့်) တွင် ဆောင်ရွက်ပေးရန် အသနားခံစာတင်ထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစာမေးပွဲဖြေဆိုရန်အခက်အခဲရှိနေသည့် ဖားကန့်၊ လုံးခင်း နှင့် ဆိပ်မူ (ဆိုင်းတောင်)ဒေသများမှ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၅၀၀)ကျော်ရှိကြောင်း သိရသည်။
လက်ရှိတွင် ဖားကန့်၊ လုံးခင်းနှင့် ဆိပ်မူဒေသများ၏ မြေပြင်အခြေအနေကြောင့် ကျောင်းသား ၊ကျောင်းသူ မိဘများသည် စားဝတ်နေရေး အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

Zawgyi Version:
G-12 တကၠသိုလ္ဝင္စာေမးပြဲအား ကာမိုင္းၿမိဳ႕သို႔သြားေရာက္ေျဖဆိုရန္ အခက္အခဲရွိသျဖင့္ စာစစ္ဌာနကို (အ.ထ.က. ဖားကန႔္)တြင္ ေဆာင္႐ြက္ေပးရန္ ေတာင္းဆို
ထိုက္စံ(NP News)-ေဖေဖာ္ဝါရီ ၁၉
G-12 တကၠသိုလ္ဝင္စာေမးပြဲအား ကာမိုင္းၿမိဳ႕သို႔သြားေရာက္ေျဖဆိုရန္ အခက္အခဲရွိသျဖင့္ စာစစ္ဌာနကို (အ.ထ.က. ဖားကန႔္)တြင္ ေဆာင္႐ြက္ေပးရန္ ဖားကန႔္၊ လုံးခင္း ၊ ဆိပ္မူ (ဆိုင္းေတာင္)ေဒသမ်ားမွ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ရပ္မိရပ္ဖမ်ား ႏွင့္ ေက်ာင္းအက်ိဳးေတာ္ေဆာင္အဖြဲ႕မ်ားမွ အသနားခံစာ တင္ျပထားျခင္းျဖစ္ေၾကာင္း သိရသည္။
G-12 တကၠသိုလ္ဝင္စာေမးပြဲအား လာမည့္ (မတ္လ ၁၀ ရက္)တြင္ စတင္က်င္းပမည္ျဖစ္၍ ဖားကန႔္၊ လုံးခင္း ႏွင့္ ဆိပ္မူ (ဆိုင္းေတာင္)ေဒသမ်ား မွ ေက်ာင္းသား၊ေက်ာင္းသူမ်ားမွာ ကာမိုင္းၿမိဳ႕သို႔သြားေရာက္ေျဖဆိုရန္ အသြားအျပန္လမ္းစရိတ္မ်ားႏွင့္ အျခားေသာ အခက္အခဲမ်ားစြာရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ G-12 တကၠသိုလ္ဝင္စာေမးပြဲက်င္းပမည့္ စာစစ္ဌာနအား (အ.ထ.က. ဖားကန႔္) တြင္ ေဆာင္႐ြက္ေပးရန္ အသနားခံစာတင္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါစာေမးပြဲေျဖဆိုရန္အခက္အခဲရွိေနသည့္ ဖားကန႔္၊ လုံးခင္း ႏွင့္ ဆိပ္မူ (ဆိုင္းေတာင္)ေဒသမ်ားမွ ေက်ာင္းသား၊ေက်ာင္းသူ စုစုေပါင္း (၅၀၀)ေက်ာ္ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ဖားကန႔္၊ လုံးခင္းႏွင့္ ဆိပ္မူေဒသမ်ား၏ ေျမျပင္အေျခအေနေၾကာင့္ ေက်ာင္းသား ၊ေက်ာင္းသူ မိဘမ်ားသည္ စားဝတ္ေနေရး အခက္အခဲမ်ားစြာႏွင့္ ရင္ဆိုင္ေနရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.