မြဝတီမြို့တွင် ငွေကျပ် သိန်း (၉၀၀၀)ကျော်တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 260

ထိုက်စံ (NP News) - ဖေဖော်ဝါရီ ၂၀

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ငွေကျပ် သိန်း (၉၀၀၀)ကျော်တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ ကြောင်း CCDAC MYANMAR ၏ ထုတ်ပြန်ချက်အရ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁၇ ရက်)၊ မနက်ပိုင်း(၇)နာရီ အချိန် သတင်းအရ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပြည်သာယာ(၄)လမ်းရှိ အောင်လွင်(ခ)မောင်ထင်း ငှားရမ်း နေထိုင်သည့် နေအိမ်အား ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထို့သို့ ရှာဖွေရာ အောင်လွင်(ခ)မောင်ထင်း နှင့်အတူ မရီရွှင်ကြည်း၊ ရဲဝင်းနိုင်(ခ)ရန်ကျုံးခံ၊ လောက်ချိန် နှင့် အားစော တို့အား တွေ့ရှိခဲ့ပြီး နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် (၁၂.၁၅) ကီလို ၊ အက်တက်စီဆေးပြား (၂,၀၀၀) ပြား ၊ Happy Water အလေးချိန် (၄၇၅) ဂရမ် ၊ အရောင်မှုန့် အလေးချိန် (၃) ကီလို ၊ ကက်တမင်းအရည် (၁.၁၉) လီတာ ၊ ဘိန်းစာရွက်ပြုတ်ရည် (၆ )လီတာ ၊ Ethy Alchol (၇) လီတာ နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၈၇,၀၀၀) ပြား တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ရှာဖွေရာ မနက်ပိုင်း(၈)နာရီ (၃၀)မိနစ် အချိန် အောင်နိုင်(ခ)အားကျီ ၊ မင်းသက်နိုင်(ခ)အားချိန်၊ အောင်ကျော်နိုင်(ခ) ယောင်ချုံယု ၊ အောင်မင်းသူ(ခ)ကျူးယုံအန်း နှင့် နေမင်းထွေး(ခ)အားကျယ် တို့ငှားရမ်းနေထိုင် သည့် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၌ ရှိသောနေအိမ်အတွင်းမှ ဘိန်းဆီခဲ အလေးချိန် (၅.၈) ကီလို ၊ စိတ်ပြောင်း ဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် (၅၀၀) ဂရမ် ၊ အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန်( ၂၀၀) ဂရမ် ၊ အက်တက်စီဆေးပြား (၅၀၀) ပြား ၊ စိတ်ကြွရူးသွပ်ဆေးပြား (၃၀,၀၀၀) ပြား ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံ ဖမ်းဆီးမိခဲ့ရာ စုစုပေါင်း ငွေကျပ် (၉,၂၈၉.၇) သိန်း ရှိကြောင်း သိရသည်။
ထို့ကြောင့် ကျူးလွန်သူများဖြစ်သည့် အောင်လွင်(ခ)မောင်ထင်း(၂၅)နှစ် ၊ မရီရွှင်ကြည်း(၂၀)နှစ် ၊ ရဲဝင်းနိုင်(ခ) bရန်ကျုံးခံ(၂၀)နှစ် ၊ လောက်ချိန်(၃၉)နှစ် ၊ အားစော(၃၃)နှစ် ၊ အောင်နိုင်(ခ)အားကျီ(၂၆)နှစ် ၊ မင်းသက်နိုင် (ခ)အားချိန်(၂၄)နှစ် ၊ အောင်ကျော်နိုင်(ခ) ယောင်ချုံယု(၃၃)နှစ် ၊ အောင်မင်းသူ(ခ)ကျူးယုံအန်း(၂၄)နှစ်နှင့် နေမင်းထွေး (ခ) အားကျယ်(၂၆)နှစ်တို့အား မြဝတီမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Zawgyi Version;
ျမဝတီၿမိဳ႕တြင္ ေငြက်ပ္ သိန္း (၉၀၀၀)ေက်ာ္တန္ဖိုးရွိ စိတ္ေျပာင္းမူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
ထိုက္စံ (NP News) - ေဖေဖာ္ဝါရီ ၂၀
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕တြင္ ေငြက်ပ္ သိန္း (၉၀၀၀)ေက်ာ္တန္ဖိုးရွိ စိတ္ေျပာင္းမူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ ေၾကာင္း CCDAC MYANMAR ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့သည့္ (ေဖေဖာ္ဝါရီလ ၁၇ ရက္)၊ မနက္ပိုင္း(၇)နာရီ အခ်ိန္ သတင္းအရ ျမဝတီၿမိဳ႕၊ အမွတ္(၄)ရပ္ကြက္၊ ျပည္သာယာ(၄)လမ္းရွိ ေအာင္လြင္(ခ)ေမာင္ထင္း ငွားရမ္း ေနထိုင္သည့္ ေနအိမ္အား ဝင္ေရာက္စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ ရွာေဖြရာ ေအာင္လြင္(ခ)ေမာင္ထင္း ႏွင့္အတူ မရီ႐ႊင္ၾကည္း၊ ရဲဝင္းႏိုင္(ခ)ရန္က်ဳံးခံ၊ ေလာက္ခ်ိန္ ႏွင့္ အားေစာ တို႔အား ေတြ႕ရွိခဲ့ၿပီး ေနအိမ္အတြင္းမွ စိတ္ေျပာင္းေဆးဝါးမ်ားျဖစ္သည့္ ကက္တမင္း အေလးခ်ိန္ (၁၂.၁၅) ကီလို ၊ အက္တက္စီေဆးျပား (၂,၀၀၀) ျပား ၊ Happy Water အေလးခ်ိန္ (၄၇၅) ဂရမ္ ၊ အေရာင္မႈန႔္ အေလးခ်ိန္ (၃) ကီလို ၊ ကက္တမင္းအရည္ (၁.၁၉) လီတာ ၊ ဘိန္းစာ႐ြက္ျပဳတ္ရည္ (၆ )လီတာ ၊ Ethy Alchol (၇) လီတာ ႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၈၇,၀၀၀) ျပား တို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဆက္လက္၍ရွာေဖြရာ မနက္ပိုင္း(၈)နာရီ (၃၀)မိနစ္ အခ်ိန္ ေအာင္ႏိုင္(ခ)အားက်ီ ၊ မင္းသက္ႏိုင္(ခ)အားခ်ိန္၊ ေအာင္ေက်ာ္ႏိုင္(ခ) ေယာင္ခ်ဳံယု ၊ ေအာင္မင္းသူ(ခ)က်ဴးယုံအန္း ႏွင့္ ေနမင္းေထြး(ခ)အားက်ယ္ တို႔ငွားရမ္းေနထိုင္ သည့္ ျမဝတီၿမိဳ႕၊ အမွတ္(၄)ရပ္ကြက္၌ ရွိေသာေနအိမ္အတြင္းမွ ဘိန္းဆီခဲ အေလးခ်ိန္ (၅.၈) ကီလို ၊ စိတ္ေျပာင္း ေဆးဝါးမ်ားျဖစ္သည့္ Happy Water အေလးခ်ိန္ (၅၀၀) ဂရမ္ ၊ အိုက္စ္(မက္သ္အဖက္တမင္း) အေလးခ်ိန္( ၂၀၀) ဂရမ္ ၊ အက္တက္စီေဆးျပား (၅၀၀) ျပား ၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၃၀,၀၀၀) ျပား ၊ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ထပ္မံ ဖမ္းဆီးမိခဲ့ရာ စုစုေပါင္း ေငြက်ပ္ (၉,၂၈၉.၇) သိန္း ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ က်ဴးလြန္သူမ်ားျဖစ္သည့္ ေအာင္လြင္(ခ)ေမာင္ထင္း(၂၅)ႏွစ္ ၊ မရီ႐ႊင္ၾကည္း(၂၀)ႏွစ္ ၊ ရဲဝင္းႏိုင္(ခ) bရန္က်ဳံးခံ(၂၀)ႏွစ္ ၊ ေလာက္ခ်ိန္(၃၉)ႏွစ္ ၊ အားေစာ(၃၃)ႏွစ္ ၊ ေအာင္ႏိုင္(ခ)အားက်ီ(၂၆)ႏွစ္ ၊ မင္းသက္ႏိုင္ (ခ)အားခ်ိန္(၂၄)ႏွစ္ ၊ ေအာင္ေက်ာ္ႏိုင္(ခ) ေယာင္ခ်ဳံယု(၃၃)ႏွစ္ ၊ ေအာင္မင္းသူ(ခ)က်ဴးယုံအန္း(၂၄)ႏွစ္ႏွင့္ ေနမင္းေထြး (ခ) အားက်ယ္(၂၆)ႏွစ္တို႔အား ျမဝတီၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.