RCSS ၏ (၄) ကြိမ်မြောက် ကောင်စီကွန်ဂရက်တွင် ဗိုလ်ချုပ်ကြီးယွက်စစ် ဥက္ကဋ္ဌအဖြစ်ထပ်မံရွေးချယ်ခံရ

415

သန့်ဇင်(NP News)-ဖေဖော်ဝါရီ
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ စတုတ္ထကြိမ်မြောက် ကောင်စီကွန်ဂရက်တွင် ဗိုလ်ချုပ်ကြီးယွက်စစ်ကို ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ်ခဲ့ကြောင်း RCSSက ဖေဖော်ဝါရီ ၂၀ ရက်က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
RCSS ၏ (၂၆) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင်ကျင်ပခဲ့ပြီး အကြံပေးအဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုဦးစီးကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များနှင့် ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂို (၂၁၇) ဦး တက်ရောက်ခဲ့ကာ စတုတ္ထအကြိမ်မြောက် ကောင်စီ ကွန်ဂရက်အား ဖေဖော်ဝါရီလ ၁၈ ရက် တွင် RCSS ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်း၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ထို့နောက် စတုတ္ထအကြိမ်မြောက် ကောင်စီကွန်ဂရက်တွင် တက်ရောက်သည့်ပုဂ္ဂိုလ်များက ဗိုလ်ချုပ်ကြီး ယွက်စစ် အား ဥက္ကဌအဖြစ် တညီတညွတ်တည်း ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြံပေးအဖွဲ့ဝင် (၂) ဦး၊ ပေါ်လစီကြီးကြပ်ရေးကော်မတီ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၊ ဌာနအသီးသီး၏ ဌာနမှူးများအား ရွေးချယ်အတည်ပြုပေးခဲ့ပြီး လာမည့် (၄) နှစ်တာ ရှေ့လုပ်ငန်းစဉ်များကိုလည်း ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
ရှေ့လုပ်ငန်းစဉ်များတွင် RCSS အဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ရပ်တည်၍ နိုင်ငံရေး ပြဿနာများအား ဆွေးနွေးခြင်းနည်း လမ်းဖြင့် အခြားဖွဲ့အစည်းများ၊ အဖက်ဖက်တို့နှင့် တွေ့ဆုံ ညှိနှိုင်းဖြေရှင်း သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပထမအကြိမ် ရှမ်းပြည်အမျိုးသားညီလာခံမှ အတည်ပြုခဲ့ ရှမ်းပြည် ဖက်ဒရယ်အခြေခံမှု (၃၃) ချက်၊ အခြေခံအခွင့်အရေး (၃၈) ချက် တို့အား ထောက်ခံပြီး အကောင် အထည်ဖော်နိုင်ရေးအတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။။
စစ်ဘေးဒဏ်ခံ ပြည်သူများ နေထိုင်ရန် အိမ်ရာများကို ၎င်းတို့အဖွဲ့အစည်းမှ ကူညီ ဆောက်လုပ် ပေးမည်ဖြစ်ပြီး အဖွဲ့အစည်း၏ ပေါ်လစီ နှင့် အညီ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

Zawgyi Version:
RCSS ၏ (၄) ႀကိမ္ေျမာက္ ေကာင္စီကြန္ဂရက္တြင္ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ ဥကၠ႒အျဖစ္ထပ္မံေ႐ြးခ်ယ္ခံရ
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ
ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS) ၏ စတုတၳႀကိမ္ေျမာက္ ေကာင္စီကြန္ဂရက္တြင္ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ကို ဥကၠ႒အျဖစ္ ထပ္မံေ႐ြးခ်ယ္ခဲ့ေၾကာင္း RCSSက ေဖေဖာ္ဝါရီ ၂၀ ရက္က ထုတ္ျပန္ထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
RCSS ၏ (၂၆) ႀကိမ္ေျမာက္ ႏွစ္ပတ္လည္အစည္းအေဝးကို ေဖေဖာ္ဝါရီလ ၁၆ ရက္ႏွင့္ ၁၇ ရက္တို႔တြင္က်င္ပခဲ့ၿပီး အႀကံေပးအဖြဲ႕ဝင္မ်ား၊ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္မ်ား၊ ဗဟိုဦးစီးေကာ္မတီဝင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ားႏွင့္ ဌာနအသီးသီးမွ တာဝန္ရွိပုဂၢိဳ (၂၁၇) ဦး တက္ေရာက္ခဲ့ကာ စတုတၳအႀကိမ္ေျမာက္ ေကာင္စီ ကြန္ဂရက္အား ေဖေဖာ္ဝါရီလ ၁၈ ရက္ တြင္ RCSS ဗဟိုဌာနခ်ဳပ္ လြယ္တိုင္းလ်ဲန္း၌ ေအာင္ျမင္စြာ က်င္းပခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ စတုတၳအႀကိမ္ေျမာက္ ေကာင္စီကြန္ဂရက္တြင္ တက္ေရာက္သည့္ပုဂၢိဳလ္မ်ားက ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ အား ဥကၠဌအျဖစ္ တညီတၫြတ္တည္း ျပန္လည္ေ႐ြးခ်ယ္တင္ေျမႇာက္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အႀကံေပးအဖြဲ႕ဝင္ (၂) ဦး၊ ေပၚလစီႀကီးၾကပ္ေရးေကာ္မတီ၊ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီ၊ ဌာနအသီးသီး၏ ဌာနမႉးမ်ားအား ေ႐ြးခ်ယ္အတည္ျပဳေပးခဲ့ၿပီး လာမည့္ (၄) ႏွစ္တာ ေရွ႕လုပ္ငန္းစဥ္မ်ားကိုလည္း ခ်မွတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ေရွ႕လုပ္ငန္းစဥ္မ်ားတြင္ RCSS အဖြဲ႕သည္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အေပၚ ရပ္တည္၍ ႏိုင္ငံေရး ျပႆနာမ်ားအား ေဆြးေႏြးျခင္းနည္း လမ္းျဖင့္ အျခားဖြဲ႕အစည္းမ်ား၊ အဖက္ဖက္တို႔ႏွင့္ ေတြ႕ဆုံ ညႇိႏႈိင္းေျဖရွင္း သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ပထမအႀကိမ္ ရွမ္းျပည္အမ်ိဳးသားညီလာခံမွ အတည္ျပဳခဲ့ ရွမ္းျပည္ ဖက္ဒရယ္အေျခခံမႈ (၃၃) ခ်က္၊ အေျခခံအခြင့္အေရး (၃၈) ခ်က္ တို႔အား ေထာက္ခံၿပီး အေကာင္ အထည္ေဖာ္ႏိုင္ေရးအတြက္ တတ္ႏိုင္သမွ် ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။။
စစ္ေဘးဒဏ္ခံ ျပည္သူမ်ား ေနထိုင္ရန္ အိမ္ရာမ်ားကို ၎တို႔အဖြဲ႕အစည္းမွ ကူညီ ေဆာက္လုပ္ ေပးမည္ျဖစ္ၿပီး အဖြဲ႕အစည္း၏ ေပၚလစီ ႏွင့္ အညီ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးလုပ္ငန္းမ်ားအား ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။