ထိုင်းမှာ ရဲတပ်ဖွဲ့က တရုတ်ခြင်္သေ့အကသမား ဟန်ဆောင်ပြီး သံသယရှိ ဖောက်ထွင်း ခိုးယူသူကို ဖမ်းဆီး

 644

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂ဝ

ထိုင်းရဲတပ်ဖွဲ့ဟာ အမေရိကန်ဒေါ်လာ ၆၄၀၀၀ (စင်ကာပူဒေါ်လာ ၈၁၀၀၀) တန်ဖိုးရှိ ဗုဒ္ဓရုပ်ပွားတော်တွေကို ဖောက်ထွင်းခိုးယူမှုနဲ့ အလိုရှိနေတဲ့ သံသယရှိသူတစ်ဦးကို ဖမ်းဆီးနိုင်ဖို့အတွက် တရုတ်ခြင်္သေ့အကအဖွဲ့ဝင်တွေအဖြစ် ရုပ်ဖျက်ကာ စစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့ပါတယ်။
မြို့တော်ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တစ်ခုအရ အသက် ၂၇ နှစ်အရွယ် ဝိချိုင်း အမည်ရှိ သံသယရှိသူဟာ ဖောက်ထွင်းမှုမှာ ဗုဒ္ဓဘာသာပစ္စည်းများစွာနံ့ ၁၂ လက်မ ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ အပြင် အိမ်ထဲသို့ အကြိမ်ကြိမ်ဝင်ရောက်ဖို့ ကြိုးပမ်းမှု နဲ့ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေသူဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေဟာ သံသယရှိသူရဲ့အိမ်ကို ရက်သတ္တပတ်များစွာ စောင့်ကြည့်ခဲ့ပြီးနောက် ခြင်္သေ့အကအဖွဲ့ဝတ်စုံတွေနဲ့ ဗုံတွေကို အသုံးပြုကာ အိမ်ကို ချဉ်းကပ်ခဲ့ကြတာဖြစ်ပါတယ်။

သံသယရှိသူရဲ့နေအိမ်ရှေ့ကို ရောက်ရှိလာချိန်မှာတော့ နှစ်သစ်ကူး ဆုတောင်းပေးတဲ့အလား ခြင်္သေ့ကပြကာ ဗုံတီးခဲ့ကြပါတယ်။ သံသယရှိသူက ခြင်္သေ့အကကို ကြည့်ရှုဖို့ အိမ်အပြင်ဘက် ထွက်လာတဲ့ အချိန်မှာ ရဲတပ်ဖွဲ့ဝင်က ၎င်းကို ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။
သံသယရှိသူဟာ ခိုးမှုအပြင် မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ရာဇဝတ်မှုမှတ်တမ်းတွေ ရှိတယ်လို့ ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့ပါတယ်။

Zawgyi Version;
ထိုင္းမွာ ရဲတပ္ဖြဲ႕က တ႐ုတ္ျခေသၤ့အကသမား ဟန္ေဆာင္ၿပီး သံသယရွိ ေဖာက္ထြင္း ခိုးယူသူကို ဖမ္းဆီး
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂ဝ
ထိုင္းရဲတပ္ဖြဲ႕ဟာ အေမရိကန္ေဒၚလာ ၆၄၀၀၀ (စင္ကာပူေဒၚလာ ၈၁၀၀၀) တန္ဖိုးရွိ ဗုဒၶ႐ုပ္ပြားေတာ္ေတြကို ေဖာက္ထြင္းခိုးယူမႈနဲ႔ အလိုရွိေနတဲ့ သံသယရွိသူတစ္ဦးကို ဖမ္းဆီးႏိုင္ဖို႔အတြက္ တ႐ုတ္ျခေသၤ့အကအဖြဲ႕ဝင္ေတြအျဖစ္ ႐ုပ္ဖ်က္ကာ စစ္ဆင္ေရးတစ္ခု ေဆာင္႐ြက္ခဲ့ပါတယ္။
ၿမိဳ႕ေတာ္ရဲတပ္ဖြဲ႕က ထုတ္ျပန္ခ်က္တစ္ခုအရ အသက္ ၂၇ ႏွစ္အ႐ြယ္ ဝိခ်ိဳင္း အမည္ရွိ သံသယရွိသူဟာ ေဖာက္ထြင္းမႈမွာ ဗုဒၶဘာသာပစၥည္းမ်ားစြာနံ႔ ၁၂ လက္မ ဗုဒၶ႐ုပ္ပြားေတာ္ႏွစ္ဆူ အျပင္ အိမ္ထဲသို႔ အႀကိမ္ႀကိမ္ဝင္ေရာက္ဖို႔ ႀကိဳးပမ္းမႈ နဲ႔ ရဲတပ္ဖြဲ႕က လိုက္လံဖမ္းဆီးေနသူျဖစ္ပါတယ္။
ရဲတပ္ဖြဲ႕ဝင္ေတြဟာ သံသယရွိသူရဲ႕အိမ္ကို ရက္သတၱပတ္မ်ားစြာ ေစာင့္ၾကည့္ခဲ့ၿပီးေနာက္ ျခေသၤ့အကအဖြဲ႕ဝတ္စုံေတြနဲ႔ ဗုံေတြကို အသုံးျပဳကာ အိမ္ကို ခ်ဥ္းကပ္ခဲ့ၾကတာျဖစ္ပါတယ္။

သံသယရွိသူရဲ႕ေနအိမ္ေရွ႕ကို ေရာက္ရွိလာခ်ိန္မွာေတာ့ ႏွစ္သစ္ကူး ဆုေတာင္းေပးတဲ့အလား ျခေသၤ့ကျပကာ ဗုံတီးခဲ့ၾကပါတယ္။ သံသယရွိသူက ျခေသၤ့အကကို ၾကည့္ရႈဖို႔ အိမ္အျပင္ဘက္ ထြက္လာတဲ့ အခ်ိန္မွာ ရဲတပ္ဖြဲ႕ဝင္က ၎ကို ဝိုင္းဝန္းဖမ္းဆီးခဲ့ျခင္းျဖစ္ပါတယ္။
သံသယရွိသူဟာ ခိုးမႈအျပင္ မူးယစ္ေဆးဝါးနဲ႔ပတ္သက္တဲ့ ရာဇဝတ္မႈမွတ္တမ္းေတြ ရွိတယ္လို႔ ရဲတပ္ဖြဲ႕က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.