မြန်မာ အတွက် တီမော က အရေးမပါသော်လည်း တီမော အတွက် အရေးပါသော နိုင်ငံကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်

1714

သုတကျော်(NP News)- ဖေဖောဝါရီ ၂၀
မြန်မာနိုင်ငံ အတွက် တီမောလက်စ်တေနိုင်ငံ က အရေးမပါသော်လည်း တီမောလက်စ်တေ အတွက် အရေးပါသော နိုင်ငံကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်ကြောင်း သံတမန်ဟောင်း တစ်ဦးက NP News သို့ ပြောသည်။
တီမောလက်စ်တေအစိုးရက ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်းမပြုရေးမူအပါအဝင် အာဆီယံပဋိညာဉ်ပါ အခြေခံမူများကို လေးစားလိုက်နာမည်ဖြစ်ကြောင်း စာဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း အကြိမ်ကြိမ် ကတိကဝတ်ပြုခဲ့ခြင်းကြောင့် တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးကိစ္စအပေါ် မြန်မာနိုင်ငံက မိမိ၏မူလရပ်တည်ချက်ကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက် အာဆီယံ၏တူညီဆန္ဒဖြင့် လိုက်ပါဆောင်ရွက် ခဲ့သော်လည်း အာဆီယံ အဖွဲ့ဝင် ဖြစ်ပြီးနောက် ကတိများကို လိုက်နာမှု မရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တီမောလက်စ်တေသမ္မတသည် မြန်မာတပ်မတော်အရာရှိကြီးအချို့အပေါ် တရားစွဲဆိုသည့် ချင်းလူ့အခွင့်အရေး အဖွဲ့၏ ကိုယ်စားလှယ်ဆိုသူများကို လက်ခံတွေ့ဆုံခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံအကြီးအကဲ တစ်ဦးက အခြားသောအာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ဆန့်ကျင်နေသည့် တရားမဝင်အဖွဲ့အစည်းတစ်ခုနှင့် ထိတွေ့ဆက်ဆံခဲ့ခြင်းသည် လုံးဝလက်ခံနိုင်ဖွယ်ရာမရှိသည့်အပြင် အဆိုပါအပြုအမူသည် အာဆီယံပဋိညာဉ်နှင့် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်တို့တွင် ဖော်ပြပါရှိသည့် အခြေခံမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သော်ကြောင့် တီမောလက်စ်တေသံရုံးယာယီ တာဝန်ခံအား မြန်မာနိုင်ငံမှ (၇) ရက်အတွင်း ပြန်လည်ထွက်ခွာရန် ညွှန်ကြားထားသည်။
“မြန်မာကိုလည်း သူက ပြီးရင် ပြီးသွားပြီ ထင်တာပေါ့။ သံတမန်ရေးနဲ့ ပတ်သက်ရင် သူတို့ လေ့လာရဦးမယ်။ တချို့ အာဆီယံထဲမှာလည်း တချို့ တွေ့တာတွေ ရှိတယ်လေ။ လိမ္မာပါးနပ်စွာ လှုပ်ရှားကြတာပေါ့။ ဒီလိုကြီး တီမော က လုပ်သလို တော့ မလုပ်ပါဘူး။ သံတမန်ရေးနဲ့ ပတ်သက်ပြီး သူတို့ နည်းနည်းလေ့လာဖို့လိုဦးမယ် ထင်တယ်” ဟု အထက်ပါ သံတမန်ဟောင်းက သုံးသပ်သည်။
မြန်မာနိုင်ငံ အတွက် တီမော နိုင်ငံသည် အကျိုးစီးပွား မရှိပဲ တီမောနိုင်ငံသာလျှင် မြန်မာနိုင်ငံကို မှီကာ အခြား တောင်အာရှနိုင်ငံများ နှင့် သံတမန်ဆက်ဆံရေး ထူထောင်ရန် လိုအပ်မည် ဖြစ်ပြီး မြန်မာ အတွက် တီမော ကို မလိုအပ်ကြောင်း ၎င်းက ပြောသည်။
“ဒီလိုလုပ်လို့ ရမယ်ထင်တယ်။ ဒါပေမယ့် မရဘူးပေါ့။ တီမော နဲ့ မြန်မာကျတော့ ဆက်ဆံရေးက ဘာမှ မကြာသေးဘူးလေ။ တီမော လိုမျိုး တခြားနိုင်ငံက လုပ်ရင်တော့ ဒီလောက် ပြင်းထန်တာမျိုး လုပ်ချင်မှ လုပ်မယ်။ ညှိလိုက်မယ်၊ သတိပေးလိုက်မယ် ဒီလောက်ပေါ့။ မလေးရှားတို့ ဘာတို့နဲ့ ကာလရှည် ဆက်ဆံရေးမျိုးနဲ့တော့ ယှဉ်လို့မရဘူး။ တီမော က အခုမှ တိုးဝင်လာတဲ့ လူသစ်ကလေးပေါ့။ မြန်မာကလည်း ပြတ်ပြတ်သားသား လုပ်တဲ့သဘောပါ။ အမှန်တော့ မြန်မာအတွက် တီမောက အရေးမပါဘူးပေါ့။ အရေးမပါတဲ့ အတွက် လုပ်လိုက်တာပေါ့။ တီမော အတွက်တော့ မြန်မာက အရေးပါတယ်။ အဲဒီလိုမျိုးတော့ ရှိတယ်” ဟု အဆိုပါ သံတမန်ဟောင်းက ပြောသည်။

Zawgyi Version:
ျမန္မာ အတြက္ တီေမာ က အေရးမပါေသာ္လည္း တီေမာ အတြက္ အေရးပါေသာ ႏိုင္ငံကို ဆုံးရႈံးလိုက္ရျခင္း ျဖစ္
သုတေက်ာ္(NSS)- ေဖေဖာဝါရီ ၂၀
ျမန္မာႏိုင္ငံ အတြက္ တီေမာလက္စ္ေတႏိုင္ငံ က အေရးမပါေသာ္လည္း တီေမာလက္စ္ေတ အတြက္ အေရးပါေသာ ႏိုင္ငံကို ဆုံးရႈံးလိုက္ရျခင္း ျဖစ္ေၾကာင္း သံတမန္ေဟာင္း တစ္ဦးက The Statesman ဂ်ာနယ္သို႔ ေျပာသည္။
တီေမာလက္စ္ေတအစိုးရက ျပည္တြင္းေရးဝင္ေရာက္စြက္ဖက္ျခင္းမျပဳေရးမူအပါအဝင္ အာဆီယံပဋိညာဥ္ပါ အေျခခံမူမ်ားကို ေလးစားလိုက္နာမည္ျဖစ္ေၾကာင္း စာျဖင့္လည္းေကာင္း၊ ႏႈတ္ျဖင့္လည္းေကာင္း အႀကိမ္ႀကိမ္ ကတိကဝတ္ျပဳခဲ့ျခင္းေၾကာင့္ တီေမာလက္စ္ေတႏိုင္ငံ၏ အာဆီယံအဖြဲ႕ဝင္ျဖစ္ေရးကိစၥအေပၚ ျမန္မာႏိုင္ငံက မိမိ၏မူလရပ္တည္ခ်က္ကို ျပန္လည္သုံးသပ္ခဲ့ၿပီးေနာက္ အာဆီယံ၏တူညီဆႏၵျဖင့္ လိုက္ပါေဆာင္႐ြက္ ခဲ့ေသာ္လည္း အာဆီယံ အဖြဲ႕ဝင္ ျဖစ္ၿပီးေနာက္ ကတိမ်ားကို လိုက္နာမႈ မရွိေၾကာင္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
တီေမာလက္စ္ေတသမၼတသည္ ျမန္မာတပ္မေတာ္အရာရွိႀကီးအခ်ိဳ႕အေပၚ တရားစြဲဆိုသည့္ ခ်င္းလူ႔အခြင့္အေရး အဖြဲ႕၏ ကိုယ္စားလွယ္ဆိုသူမ်ားကို လက္ခံေတြ႕ဆုံခဲ့ရာ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံ၏ ႏိုင္ငံအႀကီးအကဲ တစ္ဦးက အျခားေသာအာဆီယံ အဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံကို ဆန႔္က်င္ေနသည့္ တရားမဝင္အဖြဲ႕အစည္းတစ္ခုႏွင့္ ထိေတြ႕ဆက္ဆံခဲ့ျခင္းသည္ လုံးဝလက္ခံႏိုင္ဖြယ္ရာမရွိသည့္အျပင္ အဆိုပါအျပဳအမူသည္ အာဆီယံပဋိညာဥ္ႏွင့္ အေရွ႕ေတာင္အာရွခ်စ္ၾကည္ေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရးသေဘာတူစာခ်ဳပ္တို႔တြင္ ေဖာ္ျပပါရွိသည့္ အေျခခံမူမ်ားကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ျခင္းျဖစ္ေသာ္ေၾကာင့္ တီေမာလက္စ္ေတသံ႐ုံးယာယီ တာဝန္ခံအား ျမန္မာႏိုင္ငံမွ (၇) ရက္အတြင္း ျပန္လည္ထြက္ခြာရန္ ၫႊန္ၾကားထားသည္။
“ျမန္မာကိုလည္း သူက ၿပီးရင္ ၿပီးသြားၿပီ ထင္တာေပါ့။ သံတမန္ေရးနဲ႔ ပတ္သက္ရင္ သူတို႔ ေလ့လာရဦးမယ္။ တခ်ိဳ႕ အာဆီယံထဲမွာလည္း တခ်ိဳ႕ ေတြ႕တာေတြ ရွိတယ္ေလ။ လိမၼာပါးနပ္စြာ လႈပ္ရွားၾကတာေပါ့။ ဒီလိုႀကီး တီေမာ က လုပ္သလို ေတာ့ မလုပ္ပါဘူး။ သံတမန္ေရးနဲ႔ ပတ္သက္ၿပီး သူတို႔ နည္းနည္းေလ့လာဖို႔လိုဦးမယ္ ထင္တယ္” ဟု အထက္ပါ သံတမန္ေဟာင္းက သုံးသပ္သည္။
ျမန္မာႏိုင္ငံ အတြက္ တီေမာ ႏိုင္ငံသည္ အက်ိဳးစီးပြား မရွိပဲ တီေမာႏိုင္ငံသာလွ်င္ ျမန္မာႏိုင္ငံကို မွီကာ အျခား ေတာင္အာရွႏိုင္ငံမ်ား ႏွင့္ သံတမန္ဆက္ဆံေရး ထူေထာင္ရန္ လိုအပ္မည္ ျဖစ္ၿပီး ျမန္မာ အတြက္ တီေမာ ကို မလိုအပ္ေၾကာင္း ၎က ေျပာသည္။
“ဒီလိုလုပ္လို႔ ရမယ္ထင္တယ္။ ဒါေပမယ့္ မရဘူးေပါ့။ တီေမာ နဲ႔ ျမန္မာက်ေတာ့ ဆက္ဆံေရးက ဘာမွ မၾကာေသးဘူးေလ။ တီေမာ လိုမ်ိဳး တျခားႏိုင္ငံက လုပ္ရင္ေတာ့ ဒီေလာက္ ျပင္းထန္တာမ်ိဳး လုပ္ခ်င္မွ လုပ္မယ္။ ညႇိလိုက္မယ္၊ သတိေပးလိုက္မယ္ ဒီေလာက္ေပါ့။ မေလးရွားတို႔ ဘာတို႔နဲ႔ ကာလရွည္ ဆက္ဆံေရးမ်ိဳးနဲ႔ေတာ့ ယွဥ္လို႔မရဘူး။ တီေမာ က အခုမွ တိုးဝင္လာတဲ့ လူသစ္ကေလးေပါ့။ ျမန္မာကလည္း ျပတ္ျပတ္သားသား လုပ္တဲ့သေဘာပါ။ အမွန္ေတာ့ ျမန္မာအတြက္ တီေမာက အေရးမပါဘူးေပါ့။ အေရးမပါတဲ့ အတြက္ လုပ္လိုက္တာေပါ့။ တီေမာ အတြက္ေတာ့ ျမန္မာက အေရးပါတယ္။ အဲဒီလိုမ်ိဳးေတာ့ ရွိတယ္” ဟု အဆိုပါ သံတမန္ေဟာင္းက ေျပာသည္။