ပျော်ဘွယ်မြို့နယ်တွင် သိမ်ကျောင်းဆောင်အတွင်း မဖွယ်မရာလုပ်သူ စုံတွဲကို အမှုဖွင့်အရေးယူထား

3857
ပီယ (NP News) - ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် သိမ်ကျောင်းဆောင်အတွင်း မဖွယ်မရာလုပ်သူ စုံတွဲကို အမှုဖွင့်အရေးယူထားကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
အဆိုပါရုပ်သံဖိုင်သည် လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ပြန့်နှံ့ခဲ့ခြင်းဖြစ်သည်။
လူမှုကွန်ရက်အင်တာနက်စာမျက်နှာများတွင် ဖော်ပြထားခြင်းနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာကိုးကွယ်ဝတ်ပြုရာ ဘုရားကျောင်းဝန်း၊ သိမ်တော်မှန်းသိလျက်နှင့် ကိုးကွယ်ဝတ်ပြုရာ သိမ်ကျောင်းဆောင်အတွင်း ကျူးကျော်ဝင်ရောက်၍ မဖွယ်မရာပြုလုပ်ခဲ့သူများဖြစ်သည့် အမျိုးသား နှင့် အမျိုးသမီး ၂ ဦးတို့အား ဥပဒေအရ အရေးယူပေးပါရန် ကျေးရွာတာဝန်ရှိသူများက တိုင်ကြားခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ပျော်ဘွယ်မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။
Zawgyi Version;
ေပ်ာ္ဘြယ္ၿမိဳ႕နယ္တြင္ သိမ္ေက်ာင္းေဆာင္အတြင္း မဖြယ္မရာလုပ္သူ စုံတြဲကို အမႈဖြင့္အေရးယူထား
ပီယ (NP News) - ေဖေဖာ္ဝါရီ ၂၁
မႏၲေလးတိုင္းေဒသႀကီး၊ ရမည္းသင္းခ႐ိုင္၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္တြင္ သိမ္ေက်ာင္းေဆာင္အတြင္း မဖြယ္မရာလုပ္သူ စုံတြဲကို အမႈဖြင့္အေရးယူထားေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန ၏ ထုတ္ျပန္ထားခ်က္အရ သိရသည္။
အဆိုပါ႐ုပ္သံဖိုင္သည္ လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ျပန႔္ႏွံ႔ခဲ့ျခင္းျဖစ္သည္။
လူမႈကြန္ရက္အင္တာနက္စာမ်က္ႏွာမ်ားတြင္ ေဖာ္ျပထားျခင္းႏွင့္ပတ္သက္၍ ဗုဒၶဘာသာကိုးကြယ္ဝတ္ျပဳရာ ဘုရားေက်ာင္းဝန္း၊ သိမ္ေတာ္မွန္းသိလ်က္ႏွင့္ ကိုးကြယ္ဝတ္ျပဳရာ သိမ္ေက်ာင္းေဆာင္အတြင္း က်ဴးေက်ာ္ဝင္ေရာက္၍ မဖြယ္မရာျပဳလုပ္ခဲ့သူမ်ားျဖစ္သည့္ အမ်ိဳးသား ႏွင့္ အမ်ိဳးသမီး ၂ ဦးတို႔အား ဥပေဒအရ အေရးယူေပးပါရန္ ေက်း႐ြာတာဝန္ရွိသူမ်ားက တိုင္ၾကားခဲ့ၾကေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေဖေဖာ္ဝါရီလ ၂၀ ရက္တြင္ ေပ်ာ္ဘြယ္ၿမိဳ႕မရဲစခန္း၌ အမႈဖြင့္အေရးယူထားရွိေၾကာင္း သိရသည္။