တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးဈေးကွက် သုံးသပ်ချက်

287

ပြည့်ဖြိုး(NP News)-ဖေဖော်ဝါရီ ၂၂
ယခုတစ်ပတ် မြန်မာ့စီးပွားရေးဈေးကွက်သည် စိတ်ဝင်စားဖွယ်အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ အဓိက အနေဖြင့် ကမ္ဘာ့ရွှေဈေးကွက်အတွင်း ရွှေဈေး များပြန်လည်ကျဆင်းလာခြင်းဖြစ်ပြီး လက်ရှိတွင် ရွှေတစ်အောင်စ လျှင် ဒေါ်လာ(၅၀ဝဝ)အောက်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
နိုင်ငံတကာဈေးကွက်တွင် တရုတ်နိုင်ငံ၏ရွှေ ဝယ်လိုအားကျဆင်းလာခြင်းနှင့် ရုရှားနိုင်ငံမှ ရွှေများ ထုတ်ရောင်းနေခြင်းကြောင့် ကမ္ဘာ့ရွှေဈေး ပြန်လည် ကျဆင်းလာခြင်းဖြစ်သည်။ သို့သော်လည်း လက်ရှိ အချိန်အထိ ရွှေတစ်အောင်စလျှင် ဒေါ်လာ(၅၀ဝဝ) ဝန်းကျင်တွင်သာ အတက်အကျရှိနိုင်ကြောင်း နိုင်ငံတကာ ရွှေဈေး ကွက် ကျွမ်းကျင်သူများကခန့်မှန်းထားသည်။ ပြည်တွင်းရွှေဈေးသည်လည်း နိုင်ငံတကာ ရွှေဈေးနှင့်အညီ ပြန်လည် ကျဆင်းလာပြီး ယခင်တစ်ပတ်က ရွှေတစ်ကျပ်သားလျှင် (၁၀၆) သိန်းကျပ်ဝန်းကျင် ရှိနေရာမှ လက်ရှိ ဖေဖော်ဝါရီ (၁၇)ရက်တွင် (၁၀၄)သိန်း(၇)သောင်းကျပ် ဝန်းကျင်သာပေါက်ဈေးရှိ ကြောင်းသိရသည်။
ပြည်တွင်းဒေါ်လာဈေးသည် ယခုတစ်ပတ်အတွင်း အတက်အကျမြန်ဆန်ခဲ့ပြီး ငွေလဲနှုန်းများ မတည်ငြိမ် ကြောင်း ဈေးကွက်အတွင်းမှသိရသည်။ လတ်တလောတွင် ယခင်တစ်ပတ်ပေါက်ဈေးသို့ပြန် လည်ရောက်ရှိနေ သော်လည်း အတက်အကျမြန်ဆန် နိုင်ကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူများကပြော ကြားသည်။ အမေရိကန်နိုင်ငံ ဗဟိုဘဏ်မှ အတိုးနှုန်း အပြောင်းအလဲ သတင်းများငြိမ်သက်သွားခြင်းနှင့် အီရန်၊ အမေရိကန်စစ်ရေး အခြေအနေများ သည် ကမ္ဘာ့ငွေကြေးဈေးကွက်အတွင်း အပြောင်းအလဲများ ဖြစ်ပေါ်စေခြင်းဖြစ်သည်။
ထူးခြားချက်အနေဖြင့် ပြည်ထောင်စုအဆင့် MSME ပွဲတော်ကို ဖေဖော်ဝါရီ (၈) ရက်မှ (၁၄) ရက်အထိ နေပြည်တော်၌ တစ်ပတ်ကြာကျင်းပခဲ့ရာ ငွေကျပ် (၁၆) ဘီလျံကျော်ဖိုး ရောင်းချနိုင်ခဲ့ပြီး ပြပွဲသို့ ပြည်သူ (၆) သိန်း ကျော်လာရောက်ကြည့်ရှု အား ပေးခဲ့ကြကြောင်းသိရသည်။
မြန်မာနိုင်ငံအနှံ့မှ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များအများအပြား ပါဝင်ခဲ့သော ပြည်ထောင်စုအဆင့် MSME ပွဲတော်သည် စီးပွားရေးလုပ်ငန်းအခြေအနေကိုထင်ဟပ်စေသည်။ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်း (၉၉)ရာခိုင်နှုန်း မှာ MSME များဖြစ်ကြပြီး နိုင်ငံတကာအဆင့်မီလုပ်ငန်းများအဆင့်သို့ရောက်ရှိရန် အထူးလိုအပ်နေသည်။ လက်ရှိ အချိန်အထိ MSME လုပ်ငန်းအများစုမှာ ပြည်တွင်း ဈေးကွက်ကိုမှီခိုနေရပြီး ပြည်ပသို့တင်ပို့နိုင်သည့် ကုန်စည်နည်းပါး နေဆဲဖြစ်သည်။ ယခုသီတင်းပတ် သည် အစိုးရရုံးပိတ်ရက်ရှည်များ ဖြစ်သည့်အပြင် ပွင့်လင်းရာသီဖြစ်သောကြောင့် ခရီး သွားလာမှုများအထူးများပြားခဲ့ကြောင့် ခရီးသွားလုပ်ငန်းများနှင့် အဝေးပြေးကားလုပ်ငန်းရှင်များထံ မှသိရသည်။ ကုမ္ပဏီ အလိုက်၊ အစိုးရရုံးဌာနများ အလိုက်ခရီးသွားခြင်းများနှင့် မိသားစုအလိုက် ခရီးသွားခြင်းများ အများအပြားရှိခဲ့ကြောင်း ကားအငှား ဝန်ဆောင်မှုလုပ်ငန်းများက ဆိုသည်။
ထို့ပြင် တရုတ်နှစ်သစ်ကူးပွဲတော်နှင့်ချစ်သူများနေ့ (ဗယ်လင်တိုင်းဒေး) တို့ကြောင့် ဈေးကွက်အတွင်း ကုန်စည် အများအပြားရောင်းချနိုင်ခဲ့ကြောင်း လက်လီလုပ်ငန်းရှင်များထံမှသိရသည်။ တရုတ်နှစ်သစ်ကူး ပွဲတော်သည် ရန်ကုန်နှင့် မန္တလေးအပါအဝင် မြို့ကြီးများတွင် တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားများက ကျင်းပကြခြင်းဖြစ်ရာ စားသောက် ကုန်စည်များနှင့် အဝတ်အထည်များအထူးရောင်းအားတက်ခဲ့ခြင်း ဖြစ်သည်။ ထို့အတူ ချစ်သူများနေ့သည်လည်း အထူး ရေပန်စားလာသော အနောက် တိုင်းယဉ်ကျေးမှုတစ်ရပ် ဖြစ်ပြီး မြန်မာလူငယ်များ အကြား ရေပန်းစားနေသည်။
(အတက်အကျမတည်ငြိမ်သော ရွှေဈေးနှင့် ငွေလဲဈေးနှုန်းများ)
ကမ္ဘာ့ရွှေဈေးကွက်အတွင်း နိုင်ငံတကာစစ်ရေး စီးပွားရေးအခြေအနေများကြောင့် ယခင်တစ်ပတ်က ဆက်တိုက် မြင့်တက်နေခဲ့သည့် ရွှေဈေးသည် ယခုတစ်ပတ်အတွင်း အနည်းငယ်ပြန်လည်ကျဆင်းလာ ပြီး ရွှေတစ် အောင်စလျှင် (၄၈၉၉) ဒေါ်လာ ပေါက်ဈေးရှိသည်။ လွန်ခဲ့သော သီတင်းပတ်များအတွင်း ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ဒေါ်လာ (၅၀ဝဝ) အထက်သို့ရောက်ရှိနေခဲ့ရာ စံချိန်တင်ဈေး များဖြစ်ပေါ်ခဲ့သည်။ လက်ရှိတွင် ဒေါ်လာငါးထောင် အောက်သို့ပြန်လည်ကျဆင်းလာသော်လည်း ဆက်လက်ကျဆင်းနိုင်ခြေနည်းပါးကြောင်း နိုင်ငံတကာ ရွှေဈေးကွက် ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
နိုင်ငံတကာရွှေဈေးကွက်သည် ကမ္ဘာ့နိုင်ငံရေးနှင့် စစ်ရေးများအပေါ်မူတည်ကာ အပြောင်းအလဲဖြစ် ပေါ်နေ ခြင်းဖြစ်ပြီး အတက်အကျ ပမာဏမြင့်မား မြန်ဆန်နိုင်ကြောင်းသိရသည်။ ပြည်တွင်းရွှေဈေးကွက် သည်လည်း ကမ္ဘာ့ ရွှေဈေးအတက်အကျပေါ်မူတည်ကာ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ယခင်တစ်ပတ်က ရွှေတစ်ကျပ်သားလျှင် (၁၀၆) သိန်းကျပ်ဝန်းကျင် ရှိနေရာမှ လက်ရှိဖေဖော်ဝါရီ (၁၇) ရက်တွင် (၁၀၄)သိန်း (၇)သောင်းကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိ ကြောင်း သိရသည်။ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းမှသတ်မှတ်ထားသောပေါက်ဈေးမှာ ရွှေတစ် ကျပ်သားလျှင် (၉၆)သိန်းကျပ်ဝန်းကျင်ဖြစ်သည်။
ရွှေဈေးကွက်သည် အတက်အကျမြန်ဆန်နေသည့်အပြင် ရွှေလုပ်ငန်းရှင်အချို့ကို ရွှေဈေးကွက်အတွင်း ဈေး ကစားသည့် ပြစ်မှုဖြင့် ဖမ်းဆီးအရေးယူ ထားရာ ရွှေအရောင်းအဝယ်အေးနေကြောင်း သိရသည်။ လက်ရှိ ရွှေဈေး ကွက်အတွင်း (၁၅) ပဲရည် ရွှေထည်အနည်းငယ်သာ အရောင်းအဝယ်ရှိပြီး အ ခေါက်ရွှေရောင်းချမှုကို ရွှေဆိုင်အများ စုက ရပ်နား ထားကြောင်းသိရသည်။ ရွှေဈေးကွက်အတွင်း အပြောင်းအလဲများ ဖြစ်ပေါ်နေသည့်အပြင် ငွေလဲဈေးကွက် သည်လည်း အတက်အကျမြန်ဆန်ခဲ့ကြောင်း သိရသည်။ အမေရိကန်ဒေါ်လာပေါက်ဈေးသည် ဖေဖော်ဝါရီ (၁၁) ရက်တွင် (၃၉၈၅)ကျပ်ရှိနေရာမှ (၁၆) ရက်တွင် (၃၉၅၅)ကျပ်အထိကျဆင်းသွားပြီး လက်ရှိ (၁၇) ရက်တွင် (၃၉၉၅) ကျပ်အထိ ပြန် လည်မြင့်တက်လာသည်။
တစ်ပတ်အတွင်း ဈေးနှုန်းအတက်အကျမြန် ဆန်ခဲ့ပြီး အရောင်းအဝယ် နည်းပါးကြောင်းသိရသည်။ နိုင်ငံခြား ငွေဈေးကွက်သည် ပို့ကုန်/သွင်းကုန်လုပ် ငန်းများနှင့် အများဆုံးသက်ဆိုင်နေသော်လည်း ကမ္ဘာ့ငွေကြေးဈေးကွက် အပြောင်းအလဲကြောင့်လည်း အတက်အကျဖြစ်ပေါ်နိုင်ကြောင်းသိရသည်။
ငွေလဲနှုန်းအပြောင်းအလဲနှင့်အတူ စက်သုံးဆီဈေး များအနည်းငယ်ပြန်လည် မြင့်တက်လာကြောင်း ဈေး ကွက်အတွင်းမှသိရသည်။ အခြေခံကုန်ဈေးနှုန်းနှင့်အထွေထွေကုန်စည်ဈေးနှုန်းများမှာ ယခင်သီတင်း ပတ်များကဲသို့ ဈေးနှုန်းအမြင့်ပိုင်းတွင် ဆက်လက် ရပ်တည်နေဆဲဖြစ်သည်။
( ပြည်ထောင်စုအဆင့် MSME ပွဲတော်နှင့် ပြည်တွင်းဈေးကွက် )
ပြည်ထောင်စုအဆင့် MSME ပွဲတော်ကို ဖေဖော်ဝါရီ (၈)ရက်မှ(၁၄)ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့ရာ ငွေကျပ် (၁၆) ဘီလျံကျော်ဖိုး ရောင်းချနိုင်ခဲ့ပြီး ပြပွဲသို့ ပြည်သူ (၆) သိန်းကျော် လာရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ အသေးစားအလတ်စားလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် ခေတ်အဆက်ဆက်သက်ဆိုင်ရာ အစိုးရများ က တွန်းအားပေးဆောင်ရွက်ခဲ့သော်လည်း မြန်မာနိုင်ငံရှိ MSME များသည် ပြည်ပသို့တင်ပို့နိုင်ခြင်း အနည်းငယ်သာရှိပြီး ပြည်တွင်းဈေးကွက်အတွင်းသာ အဓိက ရောင်းချနေခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွား ရေးဖွံဖြိုးတိုးတက်မှုသည် MSME လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးမှုနှင့် အဓိကသက်ဆိုင်နေသောကြောင့် သက်ဆိုင်ရာက အဓိကထားဆောင်ရွက် နေခြင်း ဖြစ်သည်။ သို့သော်လည်း ငွေကြေးဖောင်းပွမှု၊ နိုင်ငံခြားငွေလဲနှုန်းမြင့်တက်ခြင်း၊ လျှပ်စစ်မီးပုံမှန်မရရှိခြင်း တို့ သည်လည်း MSME လုပ်ငန်းများအတွက် အထူးအရေးပါသောကိစ္စရပ်များဖြစ်သည်။ MSME များအတွက် လိုအပ်သော ချေးငွေများထုတ်ပေးနေသော်လည်း နိုင်ငံခြားငွေလဲနှုန်းများမြင့်တက်ပြီး ငွေကြေး ဖောင်းပွမှုမြင့်မားကာ အထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်နေပါက လုပ်ငန်းများအတွက် အမြတ်ငွေ ရရှိမှု ကျဆင်းသွားမည်ဖြစ်သည်။
လက်ရှိငွေကြေးဖောင်းပွမှုရာခိုင်နှုန်းမှာ ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ (၂၀) ရာခိုင်နှုန်းဝန်းကျင် သို့ ရောက်ရှိနေရာ MSME ထုတ်ကုန်များသည် အမြတ်ရရှိရန် ထုတ်လုပ်မှုတန်ဖိုးထက် (၂၀) ရာခိုင် နှုန်းအထက် ဈေးကောင်းရရှိရန် လိုအပ်ခြင်းဖြစ်သည်။ ထို့ပြင် လျှပ်စစ်မီးပုံမှန်မရပါက ကုန်ထုတ်လုပ်မှု စရိတ်မြင့်တက်စေ သည့်အပြင် ကုန်ထုတ်စွမ်းအား ကျဆင်းခြင်းနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။
ထို့ပြင် ပြည်တွင်းဈေးကွက်တစ်ခုတည်းကိုသာ MSME များမှီခိုနေရခြင်းသည်လည်း ဈေးကွက် ကျဉ်းမြောင်း စေသည်။ ပြည်တွင်းဈေးကွက်အတွင်း ပြည်ပသွင်းကုန်များ၏အရည်အသွေးကို ယှဉ်ပြိုင်နိုင်သည့် ပြည်တွင်း MSME ထုတ်ကုန်များထုတ်လုပ်နိုင် ရန်လိုအပ်ပြီး နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ တွင် ရင်းနှီးမြှုပ်နှံသင့်သည်။ ပြည်တွင်းရှိလုပ်ငန်း အများစုမှာ MSME လုပ်ငန်းများဖြစ်ကြပြီး နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများနှင့်ချိတ်ဆက်ကာ ဈေးကွက် တိုးချဲ့နိုင်ရန် အထူးလိုအပ်နေဆဲဖြစ်သည်။
နိုင်ငံတကာမှ ကုန်စည်ထုတ်လုပ်သူများနှင့် ချိတ်ဆက်နိုင်မှသာ ကုန်စည်အရည်အသွေးနှင့် ဈေးကွက် ပိုမို တိုးချဲ့နိုင်မည်ဖြစ်သည့်အပြင် ကမ္ဘာအဆင့်မီ နည်းပညာများလည်း ရရှိလာမည်ဖြစ်သည်။ နိုင်ငံရေးအပြောင်းအလဲများ ကြောင့် (၂၀၂၆) ခုနှစ်သည် MSME လုပ်ငန်းများအတွက် လိုအပ်ချက်များကို ရရှိနိုင်မည်လားဆိုသည်မှာ ဆက်လက် စောင့်ကြည့် ရမည်ဖြစ်သည်။
(ဖေဖော်ဝါရီ ပိတ်ရက်ရှည်နှင့် ပြည်တွင်းခရီးသွားကဏ္ဍ)
ပြည်တွင်းခရီးသွားကဏ္ဍမှာ ကိုဗစ်ကပ်ရောဂါ အပြီးတွင် ဆက်တိုက်မြင့်တက်နေဆဲဖြစ်ပြီး အဓိကအားဖြင့် အစိုးရရုံးပိတ်ရက်ရှည်များတွင် ခရီးသွား လာမှုမြင့်မားနေကြောင်းသိရသည်။ ယခုနှစ် ပွင့်လင်း ရာသီတွင် ဒီဇင်ဘာရုံးပိတ်ရက်များက ခရီးမထွက် ဖြစ်သူများသည် ယခုတစ်ပတ် ဖေဖော်ဝါရီရုံးပိတ် ရက်ရှည်များတွင် မြန်မာ နိုင်ငံ၏ထင်ရှားသောခရီးသွား လည်ပတ်ရာဒေသများသို့ သွားရောက်မှုမြင့်တက်ခဲ့ သည်။ အထက်မြန်မာပြည် ပုဂံ ညောင်ဦး၊ ပုပ္ပားခရီးစဉ်၊ ရွှေစက်တော်ဘုရားပွဲ၊ တောင်ကြီးအင်းလေးပင်းတယ၊ ဧရာဝတီတိုင်းရှိ ပင်လယ်ကမ်း ခြေများနှင့် ကျိုက်ထီး ရိုး ၊ ဘားအံခရီးစဉ်များသည် ခရီးသွားလာမှုအများဆုံး ဖြစ်ကြောင်းသိရသည်။ သို့သော်လည်း တနင်္သာရီ တိုင်းရှိ ကမ်းခြေများနှင့် ခရီးသွားဒေသအချို့မှာ နယ်မြေမတည်ငြိမ်ခြင်းကြောင့် ခရီးသွားလာမှုနည်းပါး ကြောင်းသိရသည်။
ဖေဖော်ဝါရီရုံးပိတ်ရက်အတွင်း ငွေဆောင်ကမ်း ခြေသို့ ပြည်တွင်း၊ ပြည်ပခရီးသွား စုစုပေါင်း (၁၀၉ ၃၆) ဦး လာရောက်လည်ပတ်ကြောင်း မြို့နယ်ပြန် ဆက်မှသိရသည်။ ငွေဆောင်နှင့် ချောင်းသာကမ်းခြေသည် ပြည်တွင်း ပြည်ပခရီးသွား အများဆုံးလာ ရောက်လည်ပတ်သည့် ကမ်းခြေများဖြစ်ပြီး ချောင်း သာကမ်းခြေတွင် ဟိုတယ် (၃၉) လုံးနှင့် တည်ခိုခန်း (၅၉) လုံးရှိကာ၊ ငွေဆောင်ကမ်းခြေတွင် ဟိုတယ် (၃၃) လုံးနှင့် တည်ခိုခန်း (၄၆) လုံးအထိရှိကြောင်း သိရသည်။
ထို့ပြင် ကမ်းခြေခရီးစဉ်များနှင့်ဆက်စပ်ပြီး ဆင်စခန်း၊ မြွေကျွန်း၊ သမီးလှကျွန်း၊ လိပ်ကျွန်း စသည့် နေရာများသို့လည်း သွားရောက်လည်ပတ်ကြကြောင်း သိရသည်။ ဧရာဝတီတိုင်းသည် ရန်ကုန်မြို့မှ အလွယ် တကူသွားလာနိုင်သော ဒေသဖြစ်သည့်အပြင် လက်နက်ကိုင်ပဋိပက္ခများမရှိသဖြင့် ခရီးသွား လုပ် ငန်းမှာ ဖွံ့ဖြိုး နေဆဲ ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခ များပေါ်ပေါက်နေသည့် အလောင်းတော်ကဿပ ခရီးစဉ်မှာ ခရီးသွားလာမှုကျ ဆင်းသွားကြောင်း မုံရွာ အခြေစိုက် ခရီးသွားလုပ်ငန်းများမှသိရသည်။
ယခုတစ်ပတ်ရုံးပိတ်ရက်အတွင်း အဖွဲ့လိုက်၊ မိသားစုအလိုက်၊ ကုမ္ပဏီအလိုက် ခရီးစဉ်များ များပြားခဲ့ပြီး အဝေးပြေးလိုင်းများနှင့် ခရီးသွားလုပ်ငန်းအဆင်ပြေခဲ့သည်။ လာမည့်နွေရာသီကျောင်းပိတ်ရက်များတွင် ခရီးသွားလုပ် ငန်းများဆက်လက် အောင်မြင် နေနိုင်မည်ဖြစ်သည်။
(တရုတ်နှစ်ကူးပွဲတော်နှင့်ချစ်သူများနေ့ ကြောင့် ကုန်စည်အချို့ရောင်းအားတက်)
တရုတ်နှစ်သစ်ကူးပွဲတော်ကာလရောက်ရှိလာသောကြောင့် ရန်ကုန်နှင့်မန္တလေးမြို့အပါအဝင် မြန်မာနိုင်ငံအနှံ့ရှိ မြို့ကြီးများတွင် တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားများ နှစ်ကူးပွဲကိုကျင်းပခဲ့ကြသည်။ သက်ဆိုင်ရာကလည်း တရားဝင်ရုံး ပိတ်ရက်များပေးအပ်ထားခြင်းကြောင့် တရုတ်နှစ်ကူးပွဲတော်အတွက်အထောက်အကူပြုခဲ့ကြောင်းသိရသည်။ တရုတ် နှစ် ကူးပွဲတော်တွင် အသုံးပြုသောအစားအသောက်နှင့်ကုန်စည်များ အရောင်းအဝယ်ကောင်းမွန်ခဲ့ပြီး အများစုမှာ စားသောက်ကုန်နှင့်အဝတ်အထည်များဖြစ်သည်။ သို့သော်လည်း အထွေထွေကုန်ဈေးနှုန်း မြင့်တက်ခြင်းနှင့် စီးပွားရေး ကျဆင်းနေခြင်းတို့ကြောင့် တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပသည့်မိသားစု အများစုမှာ ခမ်းခမ်းနားနား ကျင်းပနိုင် ခြင်းမရှိဘဲ မိသားစုအလိုက်အကျဉ်းချုံးကာ ပွဲတော်ကိုဆင်နွှဲခဲ့ ကြောင်းသိရသည်။ အနောက်တိုင်းယဉ်ကျေးမှု တစ်ခု ဖြစ်သော ချစ်သူများနေ့ (ဗယ်လင်တိုင်းဒေး) သည် ယခုတစ်ပတ် ဖေဖော်ဝါရီ (၁၄) ရက်တွင် ကျရောက်ခဲ့ရာ လူငယ်များအကြား အထူးရေပန်းစားနေသည်။
ထိုနေ့တွင် ချစ်သူခင်သူများ အချင်းချင်းကြား၌ ချစ်ခြင်း၏သင်္ကေတအဖြစ် အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးခြင်း၊ ချောကလက်များ ကျွေးခြင်းတို့ကို ပြုလုပ်လေ့ရှိကြသည်။ အခြားသော ကုန်ပစ္စည်း များဈေးတက်နေချိန် Valentine’s Day အမှတ်တရ လက်ဆောင်ပစ္စည်းများလည်း အလိုက်သင့်ဈေးတက် နေခြင်းဖြစ်ပြီး ဈေးတက်သော် လည်း အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။ ချောကလက်အမျိုးမျိုး၊ ပန်းစည်း၊ အမွေးပွ အရုပ်ဆိုဒ်မျိုးစုံ အစရှိသည့် Valentine’s Day အတွက် သီးသန့်အမှတ်တရ လက်ဆောင်ပစ္စည်းများမှာ မြန်မာနိုင်ငံဈေးကွက်သို့နယ်စပ် မှတစ်ဆင့်အများဆုံး ဝင်ရောက်နေသည့်အပြင် ပြည်တွင်းထုတ်ကုန်များလည်းရှိကြောင်း သိရသည်။
ယခင်နှစ်က ကျပ်တစ်သိန်းအောက်ဈေးသာ ရှိခဲ့သည့် အမွေးပွအရုပ်တစ်ခုမှာ ယခုနှစ်တွင် ကျပ် တစ်သိန်းခွဲနှင့် နှစ်သိန်းကျပ်ကြားအထိ ဈေးရှိနေ သော်လည်း ဝယ်လိုအားများနေကြောင်းသိရသည်။လာမည့်နှစ်များတွင်လည်း တရုတ်နှစ်သစ်ကူးပွဲတော်နှင့် ချစ်သူများနေ့သည် လက်လီလုပ်ငန်းရှင်များအတွက် ဆက်လက်အရေး ပါနေမည်ဖြစ် သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရးေဈးကြက္ သုံးသပ္ခ်က္
ျပည့္ၿဖိဳး(NP News)-ေဖေဖာ္ဝါရီ ၂၂
ယခုတစ္ပတ္ ျမန္မာ့စီးပြားေရးေဈးကြက္သည္ စိတ္ဝင္စားဖြယ္အေျပာင္းအလဲမ်ား ျဖစ္ေပၚခဲ့သည္။ အဓိက အေနျဖင့္ ကမာၻ႔ေ႐ႊေဈးကြက္အတြင္း ေ႐ႊေဈး မ်ားျပန္လည္က်ဆင္းလာျခင္းျဖစ္ၿပီး လက္ရွိတြင္ ေ႐ႊတစ္ေအာင္စ လွ်င္ ေဒၚလာ(၅၀ဝဝ)ေအာက္သို႔ ျပန္လည္ေရာက္ရွိလာျခင္းျဖစ္သည္။
ႏိုင္ငံတကာေဈးကြက္တြင္ တ႐ုတ္ႏိုင္ငံ၏ေ႐ႊ ဝယ္လိုအားက်ဆင္းလာျခင္းႏွင့္ ႐ုရွားႏိုင္ငံမွ ေ႐ႊမ်ား ထုတ္ေရာင္းေနျခင္းေၾကာင့္ ကမာၻ႔ေ႐ႊေဈး ျပန္လည္ က်ဆင္းလာျခင္းျဖစ္သည္။ သို႔ေသာ္လည္း လက္ရွိ အခ်ိန္အထိ ေ႐ႊတစ္ေအာင္စလွ်င္ ေဒၚလာ(၅၀ဝဝ) ဝန္းက်င္တြင္သာ အတက္အက်ရွိႏိုင္ေၾကာင္း ႏိုင္ငံတကာ ေ႐ႊေဈး ကြက္ ကြၽမ္းက်င္သူမ်ားကခန႔္မွန္းထားသည္။ ျပည္တြင္းေ႐ႊေဈးသည္လည္း ႏိုင္ငံတကာ ေ႐ႊေဈးႏွင့္အညီ ျပန္လည္ က်ဆင္းလာၿပီး ယခင္တစ္ပတ္က ေ႐ႊတစ္က်ပ္သားလွ်င္ (၁၀၆) သိန္းက်ပ္ဝန္းက်င္ ရွိေနရာမွ လက္ရွိ ေဖေဖာ္ဝါရီ (၁၇)ရက္တြင္ (၁၀၄)သိန္း(၇)ေသာင္းက်ပ္ ဝန္းက်င္သာေပါက္ေဈးရွိ ေၾကာင္းသိရသည္။
ျပည္တြင္းေဒၚလာေဈးသည္ ယခုတစ္ပတ္အတြင္း အတက္အက်ျမန္ဆန္ခဲ့ၿပီး ေငြလဲႏႈန္းမ်ား မတည္ၿငိမ္ ေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ လတ္တေလာတြင္ ယခင္တစ္ပတ္ေပါက္ေဈးသို႔ျပန္ လည္ေရာက္ရွိေန ေသာ္လည္း အတက္အက်ျမန္ဆန္ ႏိုင္ေၾကာင္း ေငြလဲလုပ္ငန္းလုပ္ကိုင္သူမ်ားကေျပာ ၾကားသည္။ အေမရိကန္ႏိုင္ငံ ဗဟိုဘဏ္မွ အတိုးႏႈန္း အေျပာင္းအလဲ သတင္းမ်ားၿငိမ္သက္သြားျခင္းႏွင့္ အီရန္၊ အေမရိကန္စစ္ေရး အေျခအေနမ်ား သည္ ကမာၻ႔ေငြေၾကးေဈးကြက္အတြင္း အေျပာင္းအလဲမ်ား ျဖစ္ေပၚေစျခင္းျဖစ္သည္။
ထူးျခားခ်က္အေနျဖင့္ ျပည္ေထာင္စုအဆင့္ MSME ပြဲေတာ္ကို ေဖေဖာ္ဝါရီ (၈) ရက္မွ (၁၄) ရက္အထိ ေနျပည္ေတာ္၌ တစ္ပတ္ၾကာက်င္းပခဲ့ရာ ေငြက်ပ္ (၁၆) ဘီလ်ံေက်ာ္ဖိုး ေရာင္းခ်ႏိုင္ခဲ့ၿပီး ျပပြဲသို႔ ျပည္သူ (၆) သိန္း ေက်ာ္လာေရာက္ၾကည့္ရႈ အား ေပးခဲ့ၾကေၾကာင္းသိရသည္။
ျမန္မာႏိုင္ငံအႏွံ႔မွ အေသးစား၊ အလတ္စား လုပ္ငန္းရွင္မ်ားအမ်ားအျပား ပါဝင္ခဲ့ေသာ ျပည္ေထာင္စုအဆင့္ MSME ပြဲေတာ္သည္ စီးပြားေရးလုပ္ငန္းအေျခအေနကိုထင္ဟပ္ေစသည္။ ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္း (၉၉)ရာခိုင္ႏႈန္း မွာ MSME မ်ားျဖစ္ၾကၿပီး ႏိုင္ငံတကာအဆင့္မီလုပ္ငန္းမ်ားအဆင့္သို႔ေရာက္ရွိရန္ အထူးလိုအပ္ေနသည္။ လက္ရွိ အခ်ိန္အထိ MSME လုပ္ငန္းအမ်ားစုမွာ ျပည္တြင္း ေဈးကြက္ကိုမွီခိုေနရၿပီး ျပည္ပသို႔တင္ပို႔ႏိုင္သည့္ ကုန္စည္နည္းပါး ေနဆဲျဖစ္သည္။ ယခုသီတင္းပတ္ သည္ အစိုးရ႐ုံးပိတ္ရက္ရွည္မ်ား ျဖစ္သည့္အျပင္ ပြင့္လင္းရာသီျဖစ္ေသာေၾကာင့္ ခရီး သြားလာမႈမ်ားအထူးမ်ားျပားခဲ့ေၾကာင့္ ခရီးသြားလုပ္ငန္းမ်ားႏွင့္ အေဝးေျပးကားလုပ္ငန္းရွင္မ်ားထံ မွသိရသည္။ ကုမၸဏီ အလိုက္၊ အစိုးရ႐ုံးဌာနမ်ား အလိုက္ခရီးသြားျခင္းမ်ားႏွင့္ မိသားစုအလိုက္ ခရီးသြားျခင္းမ်ား အမ်ားအျပားရွိခဲ့ေၾကာင္း ကားအငွား ဝန္ေဆာင္မႈလုပ္ငန္းမ်ားက ဆိုသည္။
ထို႔ျပင္ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ႏွင့္ခ်စ္သူမ်ားေန႔ (ဗယ္လင္တိုင္းေဒး) တို႔ေၾကာင့္ ေဈးကြက္အတြင္း ကုန္စည္ အမ်ားအျပားေရာင္းခ်ႏိုင္ခဲ့ေၾကာင္း လက္လီလုပ္ငန္းရွင္မ်ားထံမွသိရသည္။ တ႐ုတ္ႏွစ္သစ္ကူး ပြဲေတာ္သည္ ရန္ကုန္ႏွင့္ မႏၲေလးအပါအဝင္ ၿမိဳ႕ႀကီးမ်ားတြင္ တ႐ုတ္ႏြယ္ဖြား ျမန္မာႏိုင္ငံသားမ်ားက က်င္းပၾကျခင္းျဖစ္ရာ စားေသာက္ ကုန္စည္မ်ားႏွင့္ အဝတ္အထည္မ်ားအထူးေရာင္းအားတက္ခဲ့ျခင္း ျဖစ္သည္။ ထို႔အတူ ခ်စ္သူမ်ားေန႔သည္လည္း အထူး ေရပန္စားလာေသာ အေနာက္ တိုင္းယဥ္ေက်းမႈတစ္ရပ္ ျဖစ္ၿပီး ျမန္မာလူငယ္မ်ား အၾကား ေရပန္းစားေနသည္။
(အတက္အက်မတည္ၿငိမ္ေသာ ေ႐ႊေဈးႏွင့္ ေငြလဲေဈးႏႈန္းမ်ား)
ကမာၻ႔ေ႐ႊေဈးကြက္အတြင္း ႏိုင္ငံတကာစစ္ေရး စီးပြားေရးအေျခအေနမ်ားေၾကာင့္ ယခင္တစ္ပတ္က ဆက္တိုက္ ျမင့္တက္ေနခဲ့သည့္ ေ႐ႊေဈးသည္ ယခုတစ္ပတ္အတြင္း အနည္းငယ္ျပန္လည္က်ဆင္းလာ ၿပီး ေ႐ႊတစ္ ေအာင္စလွ်င္ (၄၈၉၉) ေဒၚလာ ေပါက္ေဈးရွိသည္။ လြန္ခဲ့ေသာ သီတင္းပတ္မ်ားအတြင္း ကမာၻ႔ေ႐ႊေဈးသည္ တစ္ေအာင္စလွ်င္ ေဒၚလာ (၅၀ဝဝ) အထက္သို႔ေရာက္ရွိေနခဲ့ရာ စံခ်ိန္တင္ေဈး မ်ားျဖစ္ေပၚခဲ့သည္။ လက္ရွိတြင္ ေဒၚလာငါးေထာင္ ေအာက္သို႔ျပန္လည္က်ဆင္းလာေသာ္လည္း ဆက္လက္က်ဆင္းႏိုင္ေျခနည္းပါးေၾကာင္း ႏိုင္ငံတကာ ေ႐ႊေဈးကြက္ ကြၽမ္းက်င္သူမ်ားက ခန႔္မွန္းထားသည္။
ႏိုင္ငံတကာေ႐ႊေဈးကြက္သည္ ကမာၻ႔ႏိုင္ငံေရးႏွင့္ စစ္ေရးမ်ားအေပၚမူတည္ကာ အေျပာင္းအလဲျဖစ္ ေပၚေန ျခင္းျဖစ္ၿပီး အတက္အက် ပမာဏျမင့္မား ျမန္ဆန္ႏိုင္ေၾကာင္းသိရသည္။ ျပည္တြင္းေ႐ႊေဈးကြက္ သည္လည္း ကမာၻ႔ ေ႐ႊေဈးအတက္အက်ေပၚမူတည္ကာ အေျပာင္းအလဲျဖစ္ေပၚခဲ့ၿပီး ယခင္တစ္ပတ္က ေ႐ႊတစ္က်ပ္သားလွ်င္ (၁၀၆) သိန္းက်ပ္ဝန္းက်င္ ရွိေနရာမွ လက္ရွိေဖေဖာ္ဝါရီ (၁၇) ရက္တြင္ (၁၀၄)သိန္း (၇)ေသာင္းက်ပ္ဝန္းက်င္သာ ေပါက္ေဈးရွိ ေၾကာင္း သိရသည္။ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ား အသင္းမွသတ္မွတ္ထားေသာေပါက္ေဈးမွာ ေ႐ႊတစ္ က်ပ္သားလွ်င္ (၉၆)သိန္းက်ပ္ဝန္းက်င္ျဖစ္သည္။
ေ႐ႊေဈးကြက္သည္ အတက္အက်ျမန္ဆန္ေနသည့္အျပင္ ေ႐ႊလုပ္ငန္းရွင္အခ်ိဳ႕ကို ေ႐ႊေဈးကြက္အတြင္း ေဈး ကစားသည့္ ျပစ္မႈျဖင့္ ဖမ္းဆီးအေရးယူ ထားရာ ေ႐ႊအေရာင္းအဝယ္ေအးေနေၾကာင္း သိရသည္။ လက္ရွိ ေ႐ႊေဈး ကြက္အတြင္း (၁၅) ပဲရည္ ေ႐ႊထည္အနည္းငယ္သာ အေရာင္းအဝယ္ရွိၿပီး အ ေခါက္ေ႐ႊေရာင္းခ်မႈကို ေ႐ႊဆိုင္အမ်ား စုက ရပ္နား ထားေၾကာင္းသိရသည္။ ေ႐ႊေဈးကြက္အတြင္း အေျပာင္းအလဲမ်ား ျဖစ္ေပၚေနသည့္အျပင္ ေငြလဲေဈးကြက္ သည္လည္း အတက္အက်ျမန္ဆန္ခဲ့ေၾကာင္း သိရသည္။ အေမရိကန္ေဒၚလာေပါက္ေဈးသည္ ေဖေဖာ္ဝါရီ (၁၁) ရက္တြင္ (၃၉၈၅)က်ပ္ရွိေနရာမွ (၁၆) ရက္တြင္ (၃၉၅၅)က်ပ္အထိက်ဆင္းသြားၿပီး လက္ရွိ (၁၇) ရက္တြင္ (၃၉၉၅) က်ပ္အထိ ျပန္ လည္ျမင့္တက္လာသည္။
တစ္ပတ္အတြင္း ေဈးႏႈန္းအတက္အက်ျမန္ ဆန္ခဲ့ၿပီး အေရာင္းအဝယ္ နည္းပါးေၾကာင္းသိရသည္။ ႏိုင္ငံျခား ေငြေဈးကြက္သည္ ပို႔ကုန္/သြင္းကုန္လုပ္ ငန္းမ်ားႏွင့္ အမ်ားဆုံးသက္ဆိုင္ေနေသာ္လည္း ကမာၻ႔ေငြေၾကးေဈးကြက္ အေျပာင္းအလဲေၾကာင့္လည္း အတက္အက်ျဖစ္ေပၚႏိုင္ေၾကာင္းသိရသည္။
ေငြလဲႏႈန္းအေျပာင္းအလဲႏွင့္အတူ စက္သုံးဆီေဈး မ်ားအနည္းငယ္ျပန္လည္ ျမင့္တက္လာေၾကာင္း ေဈး ကြက္အတြင္းမွသိရသည္။ အေျခခံကုန္ေဈးႏႈန္းႏွင့္အေထြေထြကုန္စည္ေဈးႏႈန္းမ်ားမွာ ယခင္သီတင္း ပတ္မ်ားကဲသို႔ ေဈးႏႈန္းအျမင့္ပိုင္းတြင္ ဆက္လက္ ရပ္တည္ေနဆဲျဖစ္သည္။
( ျပည္ေထာင္စုအဆင့္ MSME ပြဲေတာ္ႏွင့္ ျပည္တြင္းေဈးကြက္ )
ျပည္ေထာင္စုအဆင့္ MSME ပြဲေတာ္ကို ေဖေဖာ္ဝါရီ (၈)ရက္မွ(၁၄)ရက္အထိ ေနျပည္ေတာ္၌ က်င္းပခဲ့ရာ ေငြက်ပ္ (၁၆) ဘီလ်ံေက်ာ္ဖိုး ေရာင္းခ်ႏိုင္ခဲ့ၿပီး ျပပြဲသို႔ ျပည္သူ (၆) သိန္းေက်ာ္ လာေရာက္ ၾကည့္ရႈအားေပးခဲ့ၾကေၾကာင္း သိရသည္။ အေသးစားအလတ္စားလုပ္ငန္းမ်ား ဖြံၿဖိဳးတိုးတက္ေရးအတြက္ ေခတ္အဆက္ဆက္သက္ဆိုင္ရာ အစိုးရမ်ား က တြန္းအားေပးေဆာင္႐ြက္ခဲ့ေသာ္လည္း ျမန္မာႏိုင္ငံရွိ MSME မ်ားသည္ ျပည္ပသို႔တင္ပို႔ႏိုင္ျခင္း အနည္းငယ္သာရွိၿပီး ျပည္တြင္းေဈးကြက္အတြင္းသာ အဓိက ေရာင္းခ်ေနျခင္းျဖစ္သည္။ ႏိုင္ငံတစ္ႏိုင္ငံ၏ စီးပြား ေရးဖြံၿဖိဳးတိုးတက္မႈသည္ MSME လုပ္ငန္းမ်ား တိုးတက္ဖြံ႕ၿဖိဳးမႈႏွင့္ အဓိကသက္ဆိုင္ေနေသာေၾကာင့္ သက္ဆိုင္ရာက အဓိကထားေဆာင္႐ြက္ ေနျခင္း ျဖစ္သည္။ သို႔ေသာ္လည္း ေငြေၾကးေဖာင္းပြမႈ၊ ႏိုင္ငံျခားေငြလဲႏႈန္းျမင့္တက္ျခင္း၊ လွ်ပ္စစ္မီးပုံမွန္မရရွိျခင္း တို႔ သည္လည္း MSME လုပ္ငန္းမ်ားအတြက္ အထူးအေရးပါေသာကိစၥရပ္မ်ားျဖစ္သည္။ MSME မ်ားအတြက္ လိုအပ္ေသာ ေခ်းေငြမ်ားထုတ္ေပးေနေသာ္လည္း ႏိုင္ငံျခားေငြလဲႏႈန္းမ်ားျမင့္တက္ၿပီး ေငြေၾကး ေဖာင္းပြမႈျမင့္မားကာ အေထြေထြ ကုန္ေဈးႏႈန္းမ်ား ျမင့္တက္ေနပါက လုပ္ငန္းမ်ားအတြက္ အျမတ္ေငြ ရရွိမႈ က်ဆင္းသြားမည္ျဖစ္သည္။
လက္ရွိေငြေၾကးေဖာင္းပြမႈရာခိုင္ႏႈန္းမွာ ကမာၻ႔ဘဏ္၏ ထုတ္ျပန္ခ်က္အရ (၂၀) ရာခိုင္ႏႈန္းဝန္းက်င္ သို႔ ေရာက္ရွိေနရာ MSME ထုတ္ကုန္မ်ားသည္ အျမတ္ရရွိရန္ ထုတ္လုပ္မႈတန္ဖိုးထက္ (၂၀) ရာခိုင္ ႏႈန္းအထက္ ေဈးေကာင္းရရွိရန္ လိုအပ္ျခင္းျဖစ္သည္။ ထို႔ျပင္ လွ်ပ္စစ္မီးပုံမွန္မရပါက ကုန္ထုတ္လုပ္မႈ စရိတ္ျမင့္တက္ေစ သည့္အျပင္ ကုန္ထုတ္စြမ္းအား က်ဆင္းျခင္းႏွင့္ရင္ဆိုင္ရမည္ျဖစ္သည္။
ထို႔ျပင္ ျပည္တြင္းေဈးကြက္တစ္ခုတည္းကိုသာ MSME မ်ားမွီခိုေနရျခင္းသည္လည္း ေဈးကြက္ က်ဥ္းေျမာင္း ေစသည္။ ျပည္တြင္းေဈးကြက္အတြင္း ျပည္ပသြင္းကုန္မ်ား၏အရည္အေသြးကို ယွဥ္ၿပိဳင္ႏိုင္သည့္ ျပည္တြင္း MSME ထုတ္ကုန္မ်ားထုတ္လုပ္ႏိုင္ ရန္လိုအပ္ၿပီး နည္းပညာႏွင့္ ဆန္းသစ္တီထြင္မႈမ်ား တြင္ ရင္းႏွီးျမႇဳပ္ႏွံသင့္သည္။ ျပည္တြင္းရွိလုပ္ငန္း အမ်ားစုမွာ MSME လုပ္ငန္းမ်ားျဖစ္ၾကၿပီး ႏိုင္ငံတကာမွ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားႏွင့္ခ်ိတ္ဆက္ကာ ေဈးကြက္ တိုးခ်ဲ႕ႏိုင္ရန္ အထူးလိုအပ္ေနဆဲျဖစ္သည္။
ႏိုင္ငံတကာမွ ကုန္စည္ထုတ္လုပ္သူမ်ားႏွင့္ ခ်ိတ္ဆက္ႏိုင္မွသာ ကုန္စည္အရည္အေသြးႏွင့္ ေဈးကြက္ ပိုမို တိုးခ်ဲ႕ႏိုင္မည္ျဖစ္သည့္အျပင္ ကမာၻအဆင့္မီ နည္းပညာမ်ားလည္း ရရွိလာမည္ျဖစ္သည္။ ႏိုင္ငံေရးအေျပာင္းအလဲမ်ား ေၾကာင့္ (၂၀၂၆) ခုႏွစ္သည္ MSME လုပ္ငန္းမ်ားအတြက္ လိုအပ္ခ်က္မ်ားကို ရရွိႏိုင္မည္လားဆိုသည္မွာ ဆက္လက္ ေစာင့္ၾကည့္ ရမည္ျဖစ္သည္။
(ေဖေဖာ္ဝါရီ ပိတ္ရက္ရွည္ႏွင့္ ျပည္တြင္းခရီးသြားက႑)
ျပည္တြင္းခရီးသြားက႑မွာ ကိုဗစ္ကပ္ေရာဂါ အၿပီးတြင္ ဆက္တိုက္ျမင့္တက္ေနဆဲျဖစ္ၿပီး အဓိကအားျဖင့္ အစိုးရ႐ုံးပိတ္ရက္ရွည္မ်ားတြင္ ခရီးသြား လာမႈျမင့္မားေနေၾကာင္းသိရသည္။ ယခုႏွစ္ ပြင့္လင္း ရာသီတြင္ ဒီဇင္ဘာ႐ုံးပိတ္ရက္မ်ားက ခရီးမထြက္ ျဖစ္သူမ်ားသည္ ယခုတစ္ပတ္ ေဖေဖာ္ဝါရီ႐ုံးပိတ္ ရက္ရွည္မ်ားတြင္ ျမန္မာ ႏိုင္ငံ၏ထင္ရွားေသာခရီးသြား လည္ပတ္ရာေဒသမ်ားသို႔ သြားေရာက္မႈျမင့္တက္ခဲ့ သည္။ အထက္ျမန္မာျပည္ ပုဂံ ေညာင္ဦး၊ ပုပၸားခရီးစဥ္၊ ေ႐ႊစက္ေတာ္ဘုရားပြဲ၊ ေတာင္ႀကီးအင္းေလးပင္းတယ၊ ဧရာဝတီတိုင္းရွိ ပင္လယ္ကမ္း ေျခမ်ားႏွင့္ က်ိဳက္ထီး ႐ိုး ၊ ဘားအံခရီးစဥ္မ်ားသည္ ခရီးသြားလာမႈအမ်ားဆုံး ျဖစ္ေၾကာင္းသိရသည္။ သို႔ေသာ္လည္း တနသၤာရီ တိုင္းရွိ ကမ္းေျခမ်ားႏွင့္ ခရီးသြားေဒသအခ်ိဳ႕မွာ နယ္ေျမမတည္ၿငိမ္ျခင္းေၾကာင့္ ခရီးသြားလာမႈနည္းပါး ေၾကာင္းသိရသည္။
ေဖေဖာ္ဝါရီ႐ုံးပိတ္ရက္အတြင္း ေငြေဆာင္ကမ္း ေျခသို႔ ျပည္တြင္း၊ ျပည္ပခရီးသြား စုစုေပါင္း (၁၀၉ ၃၆) ဦး လာေရာက္လည္ပတ္ေၾကာင္း ၿမိဳ႕နယ္ျပန္ ဆက္မွသိရသည္။ ေငြေဆာင္ႏွင့္ ေခ်ာင္းသာကမ္းေျခသည္ ျပည္တြင္း ျပည္ပခရီးသြား အမ်ားဆုံးလာ ေရာက္လည္ပတ္သည့္ ကမ္းေျခမ်ားျဖစ္ၿပီး ေခ်ာင္း သာကမ္းေျခတြင္ ဟိုတယ္ (၃၉) လုံးႏွင့္ တည္ခိုခန္း (၅၉) လုံးရွိကာ၊ ေငြေဆာင္ကမ္းေျခတြင္ ဟိုတယ္ (၃၃) လုံးႏွင့္ တည္ခိုခန္း (၄၆) လုံးအထိရွိေၾကာင္း သိရသည္။
ထို႔ျပင္ ကမ္းေျခခရီးစဥ္မ်ားႏွင့္ဆက္စပ္ၿပီး ဆင္စခန္း၊ ေႁမြကြၽန္း၊ သမီးလွကြၽန္း၊ လိပ္ကြၽန္း စသည့္ ေနရာမ်ားသို႔လည္း သြားေရာက္လည္ပတ္ၾကေၾကာင္း သိရသည္။ ဧရာဝတီတိုင္းသည္ ရန္ကုန္ၿမိဳ႕မွ အလြယ္ တကူသြားလာႏိုင္ေသာ ေဒသျဖစ္သည့္အျပင္ လက္နက္ကိုင္ပဋိပကၡမ်ားမရွိသျဖင့္ ခရီးသြား လုပ္ ငန္းမွာ ဖြံ႕ၿဖိဳး ေနဆဲ ျဖစ္သည္။ လက္နက္ကိုင္ပဋိပကၡ မ်ားေပၚေပါက္ေနသည့္ အေလာင္းေတာ္ကႆပ ခရီးစဥ္မွာ ခရီးသြားလာမႈက် ဆင္းသြားေၾကာင္း မုံ႐ြာ အေျခစိုက္ ခရီးသြားလုပ္ငန္းမ်ားမွသိရသည္။
ယခုတစ္ပတ္႐ုံးပိတ္ရက္အတြင္း အဖြဲ႕လိုက္၊ မိသားစုအလိုက္၊ ကုမၸဏီအလိုက္ ခရီးစဥ္မ်ား မ်ားျပားခဲ့ၿပီး အေဝးေျပးလိုင္းမ်ားႏွင့္ ခရီးသြားလုပ္ငန္းအဆင္ေျပခဲ့သည္။ လာမည့္ေႏြရာသီေက်ာင္းပိတ္ရက္မ်ားတြင္ ခရီးသြားလုပ္ ငန္းမ်ားဆက္လက္ ေအာင္ျမင္ ေနႏိုင္မည္ျဖစ္သည္။
(တ႐ုတ္ႏွစ္ကူးပြဲေတာ္ႏွင့္ခ်စ္သူမ်ားေန႔ ေၾကာင့္ ကုန္စည္အခ်ိဳ႕ေရာင္းအားတက္)
တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ကာလေရာက္ရွိလာေသာေၾကာင့္ ရန္ကုန္ႏွင့္မႏၲေလးၿမိဳ႕အပါအဝင္ ျမန္မာႏိုင္ငံအႏွံ႔ရွိ ၿမိဳ႕ႀကီးမ်ားတြင္ တ႐ုတ္ႏြယ္ဖြား ျမန္မာႏိုင္ငံသားမ်ား ႏွစ္ကူးပြဲကိုက်င္းပခဲ့ၾကသည္။ သက္ဆိုင္ရာကလည္း တရားဝင္႐ုံး ပိတ္ရက္မ်ားေပးအပ္ထားျခင္းေၾကာင့္ တ႐ုတ္ႏွစ္ကူးပြဲေတာ္အတြက္အေထာက္အကူျပဳခဲ့ေၾကာင္းသိရသည္။ တ႐ုတ္ ႏွစ္ ကူးပြဲေတာ္တြင္ အသုံးျပဳေသာအစားအေသာက္ႏွင့္ကုန္စည္မ်ား အေရာင္းအဝယ္ေကာင္းမြန္ခဲ့ၿပီး အမ်ားစုမွာ စားေသာက္ကုန္ႏွင့္အဝတ္အထည္မ်ားျဖစ္သည္။ သို႔ေသာ္လည္း အေထြေထြကုန္ေဈးႏႈန္း ျမင့္တက္ျခင္းႏွင့္ စီးပြားေရး က်ဆင္းေနျခင္းတို႔ေၾကာင့္ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ က်င္းပသည့္မိသားစု အမ်ားစုမွာ ခမ္းခမ္းနားနား က်င္းပႏိုင္ ျခင္းမရွိဘဲ မိသားစုအလိုက္အက်ဥ္းခ်ဳံးကာ ပြဲေတာ္ကိုဆင္ႏႊဲခဲ့ ေၾကာင္းသိရသည္။ အေနာက္တိုင္းယဥ္ေက်းမႈ တစ္ခု ျဖစ္ေသာ ခ်စ္သူမ်ားေန႔ (ဗယ္လင္တိုင္းေဒး) သည္ ယခုတစ္ပတ္ ေဖေဖာ္ဝါရီ (၁၄) ရက္တြင္ က်ေရာက္ခဲ့ရာ လူငယ္မ်ားအၾကား အထူးေရပန္းစားေနသည္။
ထိုေန႔တြင္ ခ်စ္သူခင္သူမ်ား အခ်င္းခ်င္းၾကား၌ ခ်စ္ျခင္း၏သေကၤတအျဖစ္ အမွတ္တရလက္ေဆာင္ ပစၥည္းမ်ား ေပးျခင္း၊ ေခ်ာကလက္မ်ား ေကြၽးျခင္းတို႔ကို ျပဳလုပ္ေလ့ရွိၾကသည္။ အျခားေသာ ကုန္ပစၥည္း မ်ားေဈးတက္ေနခ်ိန္ Valentine’s Day အမွတ္တရ လက္ေဆာင္ပစၥည္းမ်ားလည္း အလိုက္သင့္ေဈးတက္ ေနျခင္းျဖစ္ၿပီး ေဈးတက္ေသာ္ လည္း အေရာင္းအဝယ္ ျဖစ္ေနေၾကာင္း သိရသည္။ ေခ်ာကလက္အမ်ိဳးမ်ိဳး၊ ပန္းစည္း၊ အေမြးပြ အ႐ုပ္ဆိုဒ္မ်ိဳးစုံ အစရွိသည့္ Valentine’s Day အတြက္ သီးသန႔္အမွတ္တရ လက္ေဆာင္ပစၥည္းမ်ားမွာ ျမန္မာႏိုင္ငံေဈးကြက္သို႔နယ္စပ္ မွတစ္ဆင့္အမ်ားဆုံး ဝင္ေရာက္ေနသည့္အျပင္ ျပည္တြင္းထုတ္ကုန္မ်ားလည္းရွိေၾကာင္း သိရသည္။
ယခင္ႏွစ္က က်ပ္တစ္သိန္းေအာက္ေဈးသာ ရွိခဲ့သည့္ အေမြးပြအ႐ုပ္တစ္ခုမွာ ယခုႏွစ္တြင္ က်ပ္ တစ္သိန္းခြဲႏွင့္ ႏွစ္သိန္းက်ပ္ၾကားအထိ ေဈးရွိေန ေသာ္လည္း ဝယ္လိုအားမ်ားေနေၾကာင္းသိရသည္။လာမည့္ႏွစ္မ်ားတြင္လည္း တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ႏွင့္ ခ်စ္သူမ်ားေန႔သည္ လက္လီလုပ္ငန္းရွင္မ်ားအတြက္ ဆက္လက္အေရး ပါေနမည္ျဖစ္ သည္။