သတ္တုတွင်းလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ဖို့ သဘောတူညီချက်တစ်ရပ်ကို အိန္ဒိယနဲ့ဘရာဇီးတို့ လက်မှတ်ရေးထိုး

183

Pika (NP News) - ဖေဖော်ဝါရီ ၂၃
သတ္တုတွင်းနဲ့ သတ္တုတွင်းလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ဖို့ သဘောတူညီချက်တစ်ရပ်ကို အိန္ဒိယနဲ့ ဘရာဇီးတို့က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
ပြည်တွင်းသံမဏိဝယ်လိုအား မြင့်တက်လာမှုကို ဖြည့်ဆည်းနိုင်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာကုန်ကြမ်းပစ္စည်းတွေအတွက် ပြိုင်ဆိုင်မှုတွေရှိနေတဲ့ကြားက စွမ်းဆောင်ရည်တိုးချဲ့မှုကို ပံ့ပိုးပေးနိုင်ဖို့ အိန္ဒိက ကြိုးပမ်းနေတဲ့အချိန်မှာပဲ ယခုလို သဘောတူညီချက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ ဘရာဇီးသမ္မတလူလာဒီဆေးလ်ဗားနဲ့ နယူးဒေလီမြို့မှာ တွေ့ဆုံစဉ်အချိန်အတွင်း အဲဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဘရာဇီးနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်းသံရိုင်းထုတ်လုပ်တဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး သံမဏိထုတ်လုပ်ရေး အတွက် အရေးပါတဲ့သတ္တုသိုက်များစွာကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် ဘရာဇီးနိုင်ငံနဲ့ နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ သံမဏိကဏ္ဍမှာ ရေရှည်တိုးတက်မှုကို ထိန်းသိမ်းဖို့ လိုအပ်တဲ့ကုန်ကြမ်းတွေနဲ့ နည်းပညာတွေအပေါ် အိန္ဒိယရဲ့ရယူနိုင်မှုကို မြှင့်တင်ပေးလိမ့်မယ်လို့လည်း အိန္ဒိယအစိုးရက ထုတ်ပြန်ပြောကြားခဲ့ ပါတယ်။

Zawgyi Version;
သတၱဳတြင္းလုပ္ငန္းေတြမွာ ပူးေပါင္းေဆာင္႐ြက္မႈတိုးခ်ဲ႕ဖို႔ သေဘာတူညီခ်က္တစ္ရပ္ကို အိႏၵိယနဲ႔ဘရာဇီးတို႔ လက္မွတ္ေရးထိုး
Pika (NP News) - ေဖေဖာ္ဝါရီ ၂၃
သတၱဳတြင္းနဲ႔ သတၱဳတြင္းလုပ္ငန္းေတြမွာ ပူးေပါင္းေဆာင္႐ြက္မႈတိုးခ်ဲ႕ဖို႔ သေဘာတူညီခ်က္တစ္ရပ္ကို အိႏၵိယနဲ႔ ဘရာဇီးတို႔က လက္မွတ္ေရးထိုးခဲ့ၾကတယ္လို႔ သိရပါတယ္။
ျပည္တြင္းသံမဏိဝယ္လိုအား ျမင့္တက္လာမႈကို ျဖည့္ဆည္းႏိုင္ဖို႔နဲ႔ ကမာၻလုံးဆိုင္ရာကုန္ၾကမ္းပစၥည္းေတြအတြက္ ၿပိဳင္ဆိုင္မႈေတြရွိေနတဲ့ၾကားက စြမ္းေဆာင္ရည္တိုးခ်ဲ႕မႈကို ပံ့ပိုးေပးႏိုင္ဖို႔ အိႏၵိက ႀကိဳးပမ္းေနတဲ့အခ်ိန္မွာပဲ ယခုလို သေဘာတူညီခ်က္ေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။
အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီဟာ ဘရာဇီးသမၼတလူလာဒီေဆးလ္ဗားနဲ႔ နယူးေဒလီၿမိဳ႕မွာ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း အဲဒီသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ၾကတာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဘရာဇီးႏိုင္ငံဟာ ကမာၻ႔ထိပ္တန္းသံ႐ိုင္းထုတ္လုပ္တဲ့ႏိုင္ငံေတြထဲက တစ္ႏိုင္ငံျဖစ္ၿပီး သံမဏိထုတ္လုပ္ေရး အတြက္ အေရးပါတဲ့သတၱဳသိုက္မ်ားစြာကို ပိုင္ဆိုင္ထားတာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ဘရာဇီးႏိုင္ငံနဲ႔ နီးကပ္တဲ့ ပူးေပါင္းေဆာင္႐ြက္မႈဟာ သံမဏိက႑မွာ ေရရွည္တိုးတက္မႈကို ထိန္းသိမ္းဖို႔ လိုအပ္တဲ့ကုန္ၾကမ္းေတြနဲ႔ နည္းပညာေတြအေပၚ အိႏၵိယရဲ႕ရယူႏိုင္မႈကို ျမႇင့္တင္ေပးလိမ့္မယ္လို႔လည္း အိႏၵိယအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ ပါတယ္။