လူငယ်ငြိမ်းချမ်းရေး ဖိုရမ် (2026) (Youth Peace Forum 2026) အနှစ်ချုပ် (Synopsis)

 178

NP News - ဖေဖော်ဝါရီ ၂၃

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) အနေဖြင့် Peace Talk 2025 ၊ Peace Forum 2025 တို့ကို မြန်မာ့ငြိမ်းချမ်းရေး၏ ကနဦးခြေလှမ်းများ အဖြစ်ဖော်ဆောင်ခဲ့ပြီး ငြိမ်းချမ်းရေး၏ အခြေခံအုတ်မြစ်ကို ခိုင်မာစွာစိုက်ထူနိုင်ခဲ့ပါသည်။ ယခုလူငယ် ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆ (Youth Peace For­um 2026) သည် မြန်မာ့ငြိမ်းချမ်းရေးပန်းတိုင်သို့ ဦးတည် သည့် NSPNC ၏ ခြေလှမ်းအသစ်တစ်ခုဟုဆိုနိုင်ပါသည်။ အနာဂတ်ကာလ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များပါဝင်မှုကို မြှင့်တင်ပေးရန်အလို့ငှာ လူငယ် ငြိမ်း ချမ်းရေးဖိုရမ်-၂၀၂၆ (Youth Peace Forum 2026) ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန် ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) ၌ (၂၀၂၆) ခုနှစ် ဇန်နဝါရီလ (၁၃)ရက်မှ (၁၅)ရက်အထိ နိုင်ငံအတွက် အနှစ်သာရရှိစွာဖြင့် ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ Youth Peace Forum 2026 ၏ ဆောင်ပုဒ် (Slogan) အဖြစ် “ငြိမ်းချမ်းရေးနှင့် နိုင်ငံတည် ဆောက်ရေး လူငယ်များပါဝင်မှုကို မြှင့်တင်ပေး” (Pr­omoting Youth Participation in Peace and Nation-Building) ဆောင်ပုဒ်အဖြစ်သတ်မှတ်ခဲ့ပြီး အဓိကဦးတည်ချက် (Theme) အဖြစ် “ငြိမ်းချမ်း ရေးတည်ဆောက်ရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် နိုင်ငံတစ်ဝန်းရှိ လူငယ်များ စုပေါင်းပါဝင်လာစေရန်နှင့် စွမ်းရည်ပြည့်ဝသောခေါင်းဆောင်များဖြစ်ပေါ်လာရန်အတွက် ငြိမ်းချမ်းရေးအသိ မြှင့်တင်ပေးနိုင်ရန်” (To enhance peace awareness for the collective parti -cipation of youth nationwide in peace­building, nation-building and national development, and to foster highly competent leaders) ဟုရည်ရွယ်၍ သတ်မှတ်ဆောင်ရွက်ခဲ့ပါသည်။
၃။ Youth Peace Forum 2026 ကို ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်းတည်ငြိမ်ရေးအတွက် လူငယ်များ၏ဆောင်ရွက်ချက်များ အရေးကြီးမှုကို ပေါ်လွင်စေရေး၊ လူငယ်များအတွက် အခွင့်အလမ်း များဖန်တီးပေးရန်၊ ရွေးကောက်ပွဲလွန်ကာလတွင် လူငယ်များ၏ လက်တွေ့ကျသောအခန်းကဏ္ဍကို ဖော် ထုတ်ရန်၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် အမျိုး သားပြန်လည်စည်းလုံးညီညွတ်ရေး၊ လူမှု ရေးလုပ်ငန်းဆိုင်ရာ အနာဂတ်စီမံချက်တစ်ရပ်ကို လူငယ်များ၏ အကြံပြုချက်များဖြင့်ရေးဆွဲနိုင်ရန် တို့ကိုရည်ရွယ်လျက် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
၄။ ထို့ပြင် Youth Peace Forum 2026 ကို ငြိမ်းချမ်းရေးအသိပညာနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူ ငယ်အလွှာအသီးသီး ထိတွေ့ဆက်ဆံမှုတိုးမြှင့်နိုင်ရေး၊ လူ့အသိုက်အဝန်း၏ ကြံ့ကြံ့ခံနိုင်မှုအပေါ် တက် ရောက်လာသည့်လူငယ်များအကြား ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှုမြင့်တက်စေရန်၊ ရွေးကောက်ပွဲ အလွန်ကာလတွင် တည်ငြိမ်အေးချမ်းရေးနှင့် အပြုသဘောဆောင်သည့်ပါဝင်မှုတို့ကို တွန်းအား ဖြစ် စေမည့် လူငယ်များ၏အကြံပြုချက်များထွက်ပေါ်လာစေရန်၊ မတူညီသော ဒေသအသီးသီးနှင့် နောက်ခံ အကြောင်း အရာအမျိုးမျိုးမှလူငယ်များအကြား ချိတ်ဆက်မှုကွန်ရက်ခိုင်မာလာစေရန်၊ ဒေသန္တရအဆင့် တွေ့ဆုံဆွေးနွေးမှုနှင့် အခြားအဖွဲ့အစည်းများအပေါ် ကူညီပံ့ပိုးမှုများကို အထောက်အကူဖြစ်စေမည့် ယုံကြည်မှုကို လူငယ်များအကြား တိုးမြှင့်နိုင်စေရန်၊ ငြိမ်းချမ်းရေးနှင့်လူမှုပေါင်းစည်းခြင်းဆိုင်ရာ အမျိုး သားအဆင့် ဦးစားပေးဆောင်ရွက်မှုများနှင့် လိုက်လျောညီထွေဖြစ်စေမည့် လူငယ်များ၏ ကနဦး ငြိမ်း ချမ်းရေးခြေလှမ်းများ အခြေခိုင်မြဲစေရန်အတွက်လည်း ရည်မှန်းဆောင်ရွက်ခဲ့ပါသည်။
၅။ လူငယ်ငြိမ်းချမ်းရေးဖိုရမ် -၂၀၂၆ ၏ (၁၃-၁-၂၀၂၆) ရက်(နံနက်ပိုင်း) ဖွင့်ပွဲအခမ်းအနားသို့ ယာယီ သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဝင်များ၊ တပ်မတော်မှအရာရှိကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်လူမှုရေးရာ ဝန်ကြီးများ၊ အစုအဖွဲ့အလွှာ အသီးသီးမှ လူငယ်ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ လူငယ်ကိုယ်စားလှယ်များ (NCA-S EAOs) ၊ ပါဝင်သင့် ပါဝင်ထိုက်သူများ (အသိပညာ ရှင်၊ အတတ်ပညာရှင်များ)၊ မြန်မာနိုင်ငံအခြေ စိုက်သံရုံးများမှ သံတမန်များ၊ တက္ကသိုလ်များမှ ကျောင်း သား/သူများနှင့် လေ့လာသူများ စုစုပေါင်းကိုယ်စားလှယ်(၁၁၀ဝ)ဦး တက်ရောက်ခဲ့ကြပါသည်။
၆။ ဖွင့်ပွဲအခမ်းအနားတွင် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် လူငယ်များကိုယ်စား အမျိုးသားလူငယ်တစ်ဦးနှင့် အမျိုးသမီးလူငယ်တစ်ဦးတို့က အမှတ်တရစကားပြောကြားခြင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပါသည်။
၇။ နိုင်ငံတော်အကြီးအကဲက အမှာစကားပြောကြားရာတွင် အဓိကအားဖြင့် လူငယ်များသည် အနာဂတ် နိုင်ငံတော်၏တာဝန်များကို လက်ဆင့်ကမ်း ပခုံး ပြောင်း တာဝန်ယူကြမည့်သူများဖြစ်ပြီး နိုင်ငံတော်အတွက် အဓိကအင်အားဖြစ်ကြောင်း၊ ရေရှည်တည် တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို တည် ဆောက်ရာတွင် လူငယ်များသည် အကျိုးခံစားသူသက်သက်မဟုတ်ဘဲ မှန်ကန်သည့်အတွေးအမြင်၊ မျိုးချစ်စိတ်ဓာတ်တို့နှင့် အတူ တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရမည့် အကျိုးပြုသူများဖြစ်လာရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးကို ရည်မှန်းချက်တူညီကြလျှင် ပြည်ထောင်စုအကျိုးကို ရှေးရှုလျက် တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် အဖြေရှာရမည်ဖြစ်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသော်လည်း ၎င်းတို့ ကို ကိုင်တွယ်အသုံးပြုမည့်လူငယ်များ၏ စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားများ ကောင်းမွန်နေရန်မှာ ပို၍ အရေးကြီးကြောင်း၊ လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသည့် တာဝန်သိ နိုင်ငံ့သား ကောင်းများ ဖြစ်လာရန် ကြိုးစားကျင့်ကြံ၍ တိုင်းပြည်၏အနာဂတ်ကို ခိုင်ခိုင်မာမာ ပုံဖော်တည်ဆောက်သွားကြရ မည်ဖြစ်ကြောင်း၊ လူငယ်များ၏ တက်ကြွသည့် စိတ်ဓာတ်၊ သင်ကြားထားသည့်အတတ်ပညာနှင့် လူကြီး များ၏အတွေ့အကြုံများပေါင်းစပ်၍ တိုင်း ပြည်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ကြ ရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ဤပြောကြားမှုများသည် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် လူငယ်အားလုံး၏ စည်းလုံးညီညွတ်သည့်အင်အားဖြင့် လူငယ်များ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကြိုးပမ်းဆောင်ရွက်၍ သာ ယာလှပသည့် နိုင်ငံ့အနာဂတ်ကို အရောက်လှမ်းကြ စေရန် တိုက်တွန်းမှာကြားခြင်းဟု သုံးသပ်ရရှိပါသည်။
၈။ ဖွင့်ပွဲအခမ်းအနားအပြီး ဆက်လက်ကျင်းပသော လူငယ်ငြိမ်းချမ်းရေးဖိုရမ်သို့ နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် (၁၄)ခုမှ လူငယ်ကိုယ်စားလှယ်များ၊ လူထု အခြေ ပြုအဖွဲ့အစည်းများမှ စေတနာ့ဝန်ထမ်းလူငယ်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် NGO လူငယ်ကွန်ရက် အဖွဲ့များမှ လူငယ်များ၊ တိုင်းရင်းသားယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုအမျိုးမျိုးမှ လူငယ်ကိုယ်စားလှယ်များ၊ နယ်စပ်‌ဒေသများမှ တိုင်းရင်းသားလူငယ်ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာန များရှိ တက္ကသိုလ်များမှ လူရည်ချွန်များအပါအဝင် ကျောင်းသား/သူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ အရာထမ်းများ၊ ကိုယ်စားလှယ်များနှင့် နယ်ပယ်အသီးသီးမှကျွမ်းကျင်ပညာရှင်များ၊ အသင်းအဖွဲ့မှ လူ ငယ်များ၊ ထူးချွန်အားကစားလူငယ်များ၊ စေတနာ့ဝန်ထမ်းလူငယ်များ၊ တိုင်းရင်းသားယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုအမျိုးမျိုးမှ လူငယ်ကိုယ်စားလှယ်များ၊ အမျိုးသမီးအဖွဲ့များမှ လူငယ်ကိုယ်စားလှယ်များ၊ JMC မှ လူငယ်ကိုယ်စားလှယ်များ၊ နယ်စပ်ဒေသများမှ တိုင်းရင်းသား လူငယ် ကိုယ်စားလှယ်များနှင့် စာပေနှင့် ဂီတအနုပညာရှင် လူငယ်ကိုယ်စားလှယ်များ စုစုပေါင်း(၄၅၀)ဦးတက် ရောက်ခဲ့ကြပါသည်။
၉။ (၁၃-၁-၂၀၂၆) ပထမရက် (မွန်းလွဲပိုင်း)တွင် “ငြိမ်းချမ်းရေး လက်ဆင့်ကမ်းခြင်းနှင့် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်ခဲ့သူများက ငြိမ်းချမ်းရေး၊ စေ့စပ်ညှိနှိုင်းရေးနှင့် ပဋိပက္ခဖြေရှင်းရေးဆိုင်ရာအစီအမံများ၊ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ယုံ ကြည်မှုနှင့်ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာအစီအမံများ၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မဟာဗျူဟာအမြင်ဖြင့်လေ့လာခြင်း၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းမြှင့်တင်ခြင်းနှင့် လူငယ်များ၏ အခန်းကဏ္ဍတို့ကို ရှင်းလင်းဆွေးနွေးခြင်းဖြင့် နိုင်ငံတစ်ဝန်းရှိ လူငယ်များကို ငြိမ်းချမ်းရေးတည်ဆောက် ရေးနှင့် ငြိမ်းချမ်းရေးအသိပညာများ မြှင့်တင်ပေးနိုင်သည်ကိုတွေ့ရှိရပါသည်။
၁၀။ ဆက်လက်၍ လူငယ်ငြိမ်းချမ်းရေးဖိုရမ်သို့တက်ရောက်လာသည့် နေပြည်တော် ကောင်စီနယ် မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များနှင့် နယ်စပ်ဒေသရှိ လူငယ်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား စာပေ၊ ယဉ်ကျေးမှုနှင့် ဘာသာရေးအဖွဲ့များမှ လူငယ်ကိုယ်စားလှယ်စုစုပေါင်း (၂၂)ဦးတို့က လက်နက်ကိုင်ပဋိ ပက္ခများလျှော့ချရပ်တန့်စေရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ လူငယ်များ၏အသံများကို နားထောင်ခြင်း နှင့် လူငယ်ထုအတွက် ငြိမ်းချမ်းရေးဆိုင်ရာ လျှပ်တစ်ပြက် စစ်တမ်းဆန္ဒ သဘောထား ကောက်ယူခြင်း များဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် လက်နက်ကိုင်ပဋိပက္ခများရပ်တန့်စေရေးနှင့် ငြိမ်းချမ်းသောလူ့အဖွဲ့အစည်းမြှင့်တင်ခြင်းတို့တွင် လူ ငယ်များ၏အခန်းကဏ္ဍနှင့်ပတ်သက်၍ ဆက် လက်ဆောင်ရွက်သင့်သည်များကို ဖော်ထုတ်ရရှိခဲ့ပါသည်။
၁၁။ (၁၄-၁-၂၀၂၆) ဒုတိယရက် (နံနက်ပိုင်း) တွင် လူငယ်များ၏အခန်းကဏ္ဍကို လူငယ်ပညာရှင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များက “လက်နက်ကိုင်ပဋိပက္ခများရပ်တန့်ရေး၊ နိုင်ငံတည် ဆောက်ရေးတွင် လူငယ်များ၏ပါဝင်မှုနှင့် ပြန်လည်ထူထောင်ရေးနှင့်တည်ဆောက်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ “လူမှုရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုမြှင့်တင်ခြင်း၊ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် အားကစား၊ လူငယ်ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနှင့်မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ စွန့်ဦးတီ ထွင်မှုနှင့် နည်းပညာအခြေပြုစီးပွားရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “သတင်းအချက်အလက် နည်း ပညာသက်ရောက်မှုများ(IT)၊ ဉာဏ်ရည်တုနည်းပညာ(AI) စနစ်ထူထောင်ရေး၊ ဆိုက်ဘာ(Cyber) ၊ Online Security ၊ လူမှုကွန်ရက်(Social Media) နှင့် ကွန်ရက်အဖွဲ့များ၊ ထိရောက်သော သတင်းမှန် ပြန်ကြားရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါခေါင်းစဉ် များအပေါ် အခြေခံ၍ အဖွဲ့(၄)ဖွဲ့ကို အခန်း(၄)ခန်းခွဲ၍ အဖွဲ့လိုက် ဆွေးနွေးအဖြေရှာခဲ့ကြပါသည်။
၁၂။ (၁၄-၁-၂၀၂၆) ဒုတိယရက် (မွန်းလွဲပိုင်း)တွင် ခန်းမကြီးအတွင်း အဖွဲ့လိုက်ရရှိလာသည့် ဖော် ထုတ်ချက်များ ပြန်လည်တင်ပြခြင်း၊ လျှပ်တစ်ပြက်ပြိုင်ပွဲ များပြုလုပ်ခြင်း၊ ပန်းချီရေးဆွဲခြင်း၊ Quiz ပြိုင်ပွဲများပြုလုပ်ခြင်း၊ ဆုများချီးမြှင့်ခြင်းနှင့် အုပ်စုအလိုက် ကွန်ရက်ဖွဲ့ဆောင်ရွက်ရန် လုပ်ငန်းစီမံချက် ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၁၃။ (၁၅-၁-၂၀၂၆) တတိယရက်(နံနက်ပိုင်း)တွင် လူငယ်ဖိုရမ်၏ အဓိက အရေးကြီးဆုံးလုပ်ငန်းစဉ် ဖြစ်သည့် လူငယ်ကွန်ရက်ဖွဲ့စည်းခြင်း၊ ချိတ်ဆက် ခြင်း၊ ကွန်ရက်အလိုက်စီမံချက်၊ အဆိုပြုချက်များကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစီအစဉ်တွင် ပဋိပက္ခဒဏ်ခံရသူများအတွက် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးဆိုင်ရာ အကြံဉာဏ်များဖော်ထုတ်ခြင်း၊ ရယူခြင်းနှင့် ငြိမ်းချမ်းရေးအမွေ လက်ဆင့် ကမ်းခြင်းအတွက် လုပ်ငန်းစီမံချက်၊ ယဉ်ကျေးမှုနှင့်အားကစားပေါင်းဖက်ပေးရေး၊ ရေရှည် ငြိမ်းချမ်းရေး အတွက် လုပ်ငန်းစီမံချက်၊ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ရှေ့ပြေးစီမံကိန်း (A Public–Private Partnership Pilot Project) လုပ်ငန်းစီမံချက်နှင့် ဘက်မလိုက်သော သတင်းမှန် ပြန်ကြားရေး လုပ်ငန်းစီမံချက်ဟူ၍ လုပ်ငန်းစီမံချက် (၄)ခုကို ဆွေးနွေးတင်ပြခဲ့ပါသည်။ ထိုသို့ တင်ပြချက်အပေါ် ပညာရှင်များက အကြံပြုဆွေးနွေးခြင်းနှင့် အဆိုပြုချက်များကို အကဲဖြတ်ခြင်းများဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် လူငယ်ထုအတွင်း လျှပ်တစ်ပြက် စစ် တမ်း၊ ဆန္ဒကောက်ယူခြင်းနှင့် ဆုချီးမြှင့်ခြင်းများကို Chatham House Rules နှင့်အညီ လွတ်လပ်စွာ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
၁၄။ ထိုသို့ဆွေးနွေးမှုများမှတစ်ဆင့် ပဋိပက္ခကိုဖြစ် ပေါ်စေသည့်အချက်များနှင့် ငြိမ်းချမ်းရေး လုပ် ငန်းစဉ်အပေါ် သက်ရောက်မှုများ၊ လူငယ်များ၏ လုံခြုံရေးနှင့် အကာအကွယ်၊ ကျား/မကဏ္ဍအလိုက် မတူညီသော ထိလွယ်ရှလွယ်သည့်အခြေအနေ၊ အားနည်းချက်များကိုလေ့လာဖော်ထုတ်နိုင်ခဲ့ပါသည်။ ထို့ပြင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် နိုင်ငံသားများ ပူးပေါင်းပါဝင်နိုင်မှုအတွက် စိန်ခေါ်မှုများ၊ အလုပ် အကိုင်အခွင့်အလမ်းဆိုင်ရာ ကိစ္စရပ်များ၊ ပညာဆက်လက်သင်ယူနိုင်ရေးနှင့် ပညာရေးကွာဟချက်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့်အ ခြေအနေများကိုလည်း ဖော် ထုတ်ရရှိခဲ့ပါသည်။ တစ်ဆက်တည်းမှာပင် ဉာဏ်ရည်တုနည်းပညာ(AI)၊ ဆိုက်ဘာ(Cyber) ၊ လူမှုကွန် ရက် (Social Media) များတွင် လူငယ်များပါဝင်ဦးဆောင်နိုင်မှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး အတွက် လူငယ်များ၏ သဘောထားဆန္ဒအသံများကို လေ့လာဖော်ထုတ်ရရှိခဲ့ပါသည်။ ထိုဆွေးနွေး ဖော် ထုတ်ချက်များသည် အနာဂတ်စီမံကိန်းများရေးဆွဲကာ နိုင်ငံတော်တည်ငြိမ်ရေးနှင့်အနာဂတ် ကာလ တွင် လူငယ်များ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ပူးပေါင်းပါဝင်လာစေရေးနှင့် ငြိမ်းချမ်းသော အနာဂတ်ကိုပုံဖော်ရာတွင် လူငယ်များက အဓိပ္ပာယ်ပြည့်ဝသောအခန်းကဏ္ဍမှ ပါဝင်လာစေရေးတို့ အတွက် များစွာအကျိုးရှိမည်ဖြစ်ပါသည်။
၁၅။ (၁၅-၁-၂၀၂၆) တတိယရက်(မွန်းလွဲပိုင်း) လူငယ်ငြိမ်းချမ်းရေးဖိုရမ် ပိတ်ပွဲအခမ်းအနားသို့ နိုင်ငံ တော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားခဲ့ပါသည်။ အမှာစကားပြောကြား ရာတွင် အဓိကအားဖြင့် လူငယ်များအနေဖြင့် ပညာတတ်မှသာ သတင်းမှား(Fake News) များကို ခွဲခြား နိုင်မည်ဖြစ်ကြောင်း၊ အသိပညာမြင့်မားလာခြင်းသည် ငြိမ်းချမ်းရေးကို တိုက်ရိုက်အထောက်အကူ ဖြစ် ကြောင်း၊ ရင်တွင်းခံစားချက်များကို ရိုးသားစွာ ဖော်ထုတ်ဆွေးနွေးခဲ့ကြသည့်လူငယ်များ၏အသံသည် နိုင်ငံ၏ရှေ့သို့ချီတက်ခြင်း (Moving Forward) အတွက် အခြေခံအင်အားဖြစ်ကြောင်း၊ ပညာတတ်သည့် လူ့အဖွဲ့အစည်းတည်ဆောက်ခြင်းနှင့် အားလုံးလက်တွဲပူးပေါင်းဆောင်ရွက်ခြင်းတို့သည် ပဋိပက္ခကင်း ဝေးသော နိုင်ငံတော်သစ်ဆီသို့သွားရာလမ်းကြောင်းဖြစ်ကြောင်းပြောကြားချက်များသည် ငြိမ်းချမ်းသည့် နိုင်ငံ၊ ငြိမ်းချမ်းသည့်လူ့အဖွဲ့အစည်းကို တည်ဆောက်ရာတွင် စွမ်းရည်မြင့်မား၍ ထက်မြက် တက်ကြွ သော လူငယ်အင်အားစုကြီးပါဝင်လာစေရန် တိုက်တွန်းမှာကြားခြင်းဟု သုံးသပ်ရရှိပါသည်။
၁၆။ (၃)ရက်တာကျင်းပခဲ့သည့် လူငယ်ငြိမ်းချမ်းရေး ဖိုရမ်-၂၀၂၆ ဆွေးနွေးပွဲမှ အနာဂတ် မြန်မာနိုင်ငံ တော်တည်ဆောက်ရေးအတွက် လူငယ်ကြေညာစာတမ်းကို ထုတ်ပြန်ကြေညာခဲ့ကြပြီး လူငယ်ငြိမ်းချမ်း ရေးဖိုရမ်မှ ငြိမ်းချမ်းရေး၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးဆိုင်ရာအကြံပြုချက် (၅)ချက်၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် အားကစား၊ ကျန်းမာရေး၊ မူးယစ်ဆိုင်ရာ အကြံပြုချက်(၁၅)ချက်၊ စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် စွန့်ဦးတီထွင်မှုဆိုင်ရာအကြံပြုချက် (၅)ချက်နှင့် IT ၊ ဉာဏ် ရည်တု AI ၊ Cyber နှင့် လူမှုကွန်ရက်ဆိုင်ရာအကြံပြုချက် (၅)ချက် စုစုပေါင်းအကြံပြုချက် (၃၀)ချက် ရရှိ ခဲ့ပါသည်။ ရရှိလာသည့်အကြံပြုချက်များကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ဆက်လက် အကောင်အထည်ဖော်နိုင်ရန် ဖြန့်ဝေပေးခဲ့ပြီးဖြစ်ပါသည်။
၁၇။ လူငယ်ကြေညာစာတမ်းပါ သန္နိဋ္ဌာန် (၅)ရပ်အရ နိုင်ငံတော်၏အနာဂတ်ကာလတွင် ဆက်လက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ငြိမ်းချမ်းရေးကို ပြင်းပြစွာလိုလားကြသော လူငယ် များနှင့် ဖွဲ့စည်းထားသည့်လူငယ်ကွန်ရက်များ ပါဝင်ဆောင်ရွက်လာသည်ကို မြင်တွေ့ရမည်ဖြစ်ပါသည်။ ထို့ပြင် လူငယ်စွမ်းရည်မြှင့်တင်ရေးနှင့် လူငယ်ဆိုင်ရာစီမံကိန်းများ၊ စီမံချက်များပေါ်ထွက်လာပြီး မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့်စပ်လျဉ်းသည့် နိုင်ငံတကာနှင့် ပြည်တွင်း/ပြည်ပ မီဒီယာတို့၏ ရပ် တည်ချက်များအပေါ် ပြည်တွင်းလူငယ်များ၏ အမြင်နှင့်ပုံရိပ်တို့ ပြောင်းလဲလာမည်ဖြစ်ပါသည်။ ထို့ပြင် အနာဂတ်နိုင်ငံတည်ဆောက်ရေးအတွက် လူငယ်နှင့် ငြိမ်းချမ်းရေးမူဝါဒဆိုင်ရာစာတမ်း (Youth Peace Policy Paper) တစ်ရပ်လည်း ပေါ်ထွက်လာမည်ဖြစ်ပါသည်။
၁၈။ Youth Peace Forum 2026 တွင် ဆွေးနွေးမှုများမှ လူငယ်များ၏အမြင်သဘောထားများ၊ မှန်ကန် သောတွေးခေါ်မှု၊ ယုံကြည်ချက်များဖြင့်ရရှိလာသည့် အကြံပြုချက်များကို ရွေးကောက်ပွဲ အလွန် ကာလတွင် လူငယ်များအတွက် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ အကျိုး သက်ရောက်မှုရှိစေမည့် အနာဂတ်စီမံကိန်းများရေးဆွဲကာ လူငယ်များ ပါဝင်ဆောင်ရွက်နိုင်ရေးနှင့် ငြိမ်း ချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို NSPNC က ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။

Zawgyi Version;
လူငယ္ၿငိမ္းခ်မ္းေရး ဖိုရမ္ (2026) (Youth Peace Forum 2026) အႏွစ္ခ်ဳပ္ (Synopsis)
NP News - ေဖေဖာ္ဝါရီ ၂၃
အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ(NSPNC) အေနျဖင့္ Peace Talk 2025 ၊ Peace Forum 2025 တို႔ကို ျမန္မာ့ၿငိမ္းခ်မ္းေရး၏ ကနဦးေျခလွမ္းမ်ား အျဖစ္ေဖာ္ေဆာင္ခဲ့ၿပီး ၿငိမ္းခ်မ္းေရး၏ အေျခခံအုတ္ျမစ္ကို ခိုင္မာစြာစိုက္ထူႏိုင္ခဲ့ပါသည္။ ယခုလူငယ္ ၿငိမ္းခ်မ္းေရးဖိုရမ္-၂၀၂၆ (Youth Peace For­um 2026) သည္ ျမန္မာ့ၿငိမ္းခ်မ္းေရးပန္းတိုင္သို႔ ဦးတည္ သည့္ NSPNC ၏ ေျခလွမ္းအသစ္တစ္ခုဟုဆိုႏိုင္ပါသည္။ အနာဂတ္ကာလ၏ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ႏွင့္ ႏိုင္ငံတည္ေဆာက္ေရးလုပ္ငန္းစဥ္မ်ားတြင္ လူငယ္မ်ားပါဝင္မႈကို ျမႇင့္တင္ေပးရန္အလို႔ငွာ လူငယ္ ၿငိမ္း ခ်မ္းေရးဖိုရမ္-၂၀၂၆ (Youth Peace Forum 2026) ကို ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာ ကြန္ ဗင္းရွင္းဗဟိုဌာန-၁ (MICC-I) ၌ (၂၀၂၆) ခုႏွစ္ ဇန္နဝါရီလ (၁၃)ရက္မွ (၁၅)ရက္အထိ ႏိုင္ငံအတြက္ အႏွစ္သာရရွိစြာျဖင့္ ခမ္းနားထည္ဝါစြာ က်င္းပျပဳလုပ္ခဲ့ပါသည္။
၂။ Youth Peace Forum 2026 ၏ ေဆာင္ပုဒ္ (Slogan) အျဖစ္ “ၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံတည္ ေဆာက္ေရး လူငယ္မ်ားပါဝင္မႈကို ျမႇင့္တင္ေပး” (Pr­omoting Youth Participation in Peace and Nation-Building) ေဆာင္ပုဒ္အျဖစ္သတ္မွတ္ခဲ့ၿပီး အဓိကဦးတည္ခ်က္ (Theme) အျဖစ္ “ၿငိမ္းခ်မ္း ေရးတည္ေဆာက္ေရး၊ ႏိုင္ငံတည္ေဆာက္ေရးႏွင့္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔တြင္ ႏိုင္ငံတစ္ဝန္းရွိ လူငယ္မ်ား စုေပါင္းပါဝင္လာေစရန္ႏွင့္ စြမ္းရည္ျပည့္ဝေသာေခါင္းေဆာင္မ်ားျဖစ္ေပၚလာရန္အတြက္ ၿငိမ္းခ်မ္းေရးအသိ ျမႇင့္တင္ေပးႏိုင္ရန္” (To enhance peace awareness for the collective parti -cipation of youth nationwide in peace­building, nation-building and national development, and to foster highly competent leaders) ဟုရည္႐ြယ္၍ သတ္မွတ္ေဆာင္႐ြက္ခဲ့ပါသည္။
၃။ Youth Peace Forum 2026 ကို ၿငိမ္းခ်မ္းေရးႏွင့္ လူမႈအသိုက္အဝန္းတည္ၿငိမ္ေရးအတြက္ လူငယ္မ်ား၏ေဆာင္႐ြက္ခ်က္မ်ား အေရးႀကီးမႈကို ေပၚလြင္ေစေရး၊ လူငယ္မ်ားအတြက္ အခြင့္အလမ္း မ်ားဖန္တီးေပးရန္၊ ေ႐ြးေကာက္ပြဲလြန္ကာလတြင္ လူငယ္မ်ား၏ လက္ေတြ႕က်ေသာအခန္းက႑ကို ေဖာ္ ထုတ္ရန္၊ ေရရွည္တည္တံ့ခိုင္ၿမဲေသာ ၿငိမ္းခ်မ္းေရးႏွင့္ အမ်ိဳး သားျပန္လည္စည္းလုံးညီၫြတ္ေရး၊ လူမႈ ေရးလုပ္ငန္းဆိုင္ရာ အနာဂတ္စီမံခ်က္တစ္ရပ္ကို လူငယ္မ်ား၏ အႀကံျပဳခ်က္မ်ားျဖင့္ေရးဆြဲႏိုင္ရန္ တို႔ကိုရည္႐ြယ္လ်က္ က်င္းပခဲ့ျခင္းျဖစ္ပါသည္။
၄။ ထို႔ျပင္ Youth Peace Forum 2026 ကို ၿငိမ္းခ်မ္းေရးအသိပညာႏွင့္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္တြင္ လူ ငယ္အလႊာအသီးသီး ထိေတြ႕ဆက္ဆံမႈတိုးျမႇင့္ႏိုင္ေရး၊ လူ႔အသိုက္အဝန္း၏ ႀကံ့ႀကံ့ခံႏိုင္မႈအေပၚ တက္ ေရာက္လာသည့္လူငယ္မ်ားအၾကား ခ်စ္ၾကည္ရင္းႏွီးမႈ၊ နားလည္မႈျမင့္တက္ေစရန္၊ ေ႐ြးေကာက္ပြဲ အလြန္ကာလတြင္ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ အျပဳသေဘာေဆာင္သည့္ပါဝင္မႈတို႔ကို တြန္းအား ျဖစ္ ေစမည့္ လူငယ္မ်ား၏အႀကံျပဳခ်က္မ်ားထြက္ေပၚလာေစရန္၊ မတူညီေသာ ေဒသအသီးသီးႏွင့္ ေနာက္ခံ အေၾကာင္း အရာအမ်ိဳးမ်ိဳးမွလူငယ္မ်ားအၾကား ခ်ိတ္ဆက္မႈကြန္ရက္ခိုင္မာလာေစရန္၊ ေဒသႏၲရအဆင့္ ေတြ႕ဆုံေဆြးေႏြးမႈႏွင့္ အျခားအဖြဲ႕အစည္းမ်ားအေပၚ ကူညီပံ့ပိုးမႈမ်ားကို အေထာက္အကူျဖစ္ေစမည့္ ယုံၾကည္မႈကို လူငယ္မ်ားအၾကား တိုးျမႇင့္ႏိုင္ေစရန္၊ ၿငိမ္းခ်မ္းေရးႏွင့္လူမႈေပါင္းစည္းျခင္းဆိုင္ရာ အမ်ိဳး သားအဆင့္ ဦးစားေပးေဆာင္႐ြက္မႈမ်ားႏွင့္ လိုက္ေလ်ာညီေထြျဖစ္ေစမည့္ လူငယ္မ်ား၏ ကနဦး ၿငိမ္း ခ်မ္းေရးေျခလွမ္းမ်ား အေျခခိုင္ၿမဲေစရန္အတြက္လည္း ရည္မွန္းေဆာင္႐ြက္ခဲ့ပါသည္။
၅။ လူငယ္ၿငိမ္းခ်မ္းေရးဖိုရမ္ -၂၀၂၆ ၏ (၁၃-၁-၂၀၂၆) ရက္(နံနက္ပိုင္း) ဖြင့္ပြဲအခမ္းအနားသို႔ ယာယီ သမၼတ၊ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီး ခ်ဳပ္ႏွင့္ ေကာ္မရွင္အဖြဲ႕ဝင္မ်ား၊ ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းဝင္မ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ ဒုတိယဝန္ႀကီးမ်ား၊ အမ်ိဳးသား စည္းလုံးညီၫြတ္ေရး ႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ ဝင္မ်ား၊ တပ္မေတာ္မွအရာရွိႀကီးမ်ား၊ တိုင္းေဒသႀကီး/ျပည္နယ္လူမႈေရးရာ ဝန္ႀကီးမ်ား၊ အစုအဖြဲ႕အလႊာ အသီးသီးမွ လူငယ္ကိုယ္စားလွယ္မ်ား၊ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားမွ လူငယ္ကိုယ္စားလွယ္မ်ား (NCA-S EAOs) ၊ ပါဝင္သင့္ ပါဝင္ထိုက္သူမ်ား (အသိပညာ ရွင္၊ အတတ္ပညာရွင္မ်ား)၊ ျမန္မာႏိုင္ငံအေျခ စိုက္သံ႐ုံးမ်ားမွ သံတမန္မ်ား၊ တကၠသိုလ္မ်ားမွ ေက်ာင္း သား/သူမ်ားႏွင့္ ေလ့လာသူမ်ား စုစုေပါင္းကိုယ္စားလွယ္(၁၁၀ဝ)ဦး တက္ေရာက္ခဲ့ၾကပါသည္။
၆။ ဖြင့္ပြဲအခမ္းအနားတြင္ ယာယီသမၼတ၊ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ အမ်ိဳးသား စည္းလုံးညီၫြတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈဗဟိုေကာ္မတီ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉး ႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကား ေျပာၾကားခဲ့ပါသည္။ ထို႔ေနာက္ လူငယ္မ်ားကိုယ္စား အမ်ိဳးသားလူငယ္တစ္ဦးႏွင့္ အမ်ိဳးသမီးလူငယ္တစ္ဦးတို႔က အမွတ္တရစကားေျပာၾကားျခင္းတို႔ျဖင့္ အခမ္းအနားကို စတင္ဖြင့္လွစ္ခဲ့ပါသည္။
၇။ ႏိုင္ငံေတာ္အႀကီးအကဲက အမွာစကားေျပာၾကားရာတြင္ အဓိကအားျဖင့္ လူငယ္မ်ားသည္ အနာဂတ္ ႏိုင္ငံေတာ္၏တာဝန္မ်ားကို လက္ဆင့္ကမ္း ပခုံး ေျပာင္း တာဝန္ယူၾကမည့္သူမ်ားျဖစ္ၿပီး ႏိုင္ငံေတာ္အတြက္ အဓိကအင္အားျဖစ္ေၾကာင္း၊ ေရရွည္တည္ တံ့ခိုင္ၿမဲသည့္ ၿငိမ္းခ်မ္းေရးကို တည္ ေဆာက္ရာတြင္ လူငယ္မ်ားသည္ အက်ိဳးခံစားသူသက္သက္မဟုတ္ဘဲ မွန္ကန္သည့္အေတြးအျမင္၊ မ်ိဳးခ်စ္စိတ္ဓာတ္တို႔ႏွင့္ အတူ တက္ႂကြစြာ ပါဝင္ေဆာင္႐ြက္ၾကရမည့္ အက်ိဳးျပဳသူမ်ားျဖစ္လာရန္ လိုအပ္ေၾကာင္း၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုတည္ ေဆာက္ေရးကို ရည္မွန္းခ်က္တူညီၾကလွ်င္ ျပည္ေထာင္စုအက်ိဳးကို ေရွးရႈလ်က္ ေတြ႕ဆုံေဆြးေႏြးသည့္ နည္းလမ္းျဖင့္ အေျဖရွာရမည္ျဖစ္ေၾကာင္း၊ ႐ုပ္ပိုင္းဆိုင္ရာႏွင့္ နည္းပညာမ်ား ဖြံ႕ၿဖိဳးတိုးတက္လာေသာ္လည္း ၎တို႔ ကို ကိုင္တြယ္အသုံးျပဳမည့္လူငယ္မ်ား၏ စိတ္ဓာတ္ႏွင့္ ကိုယ္က်င့္တရားမ်ား ေကာင္းမြန္ေနရန္မွာ ပို၍ အေရးႀကီးေၾကာင္း၊ လူငယ္မ်ားအေနျဖင့္ ဗလငါးတန္ႏွင့္ျပည့္စုံသည့္ တာဝန္သိ ႏိုင္ငံ့သား ေကာင္းမ်ား ျဖစ္လာရန္ ႀကိဳးစားက်င့္ႀကံ၍ တိုင္းျပည္၏အနာဂတ္ကို ခိုင္ခိုင္မာမာ ပုံေဖာ္တည္ေဆာက္သြားၾကရ မည္ျဖစ္ေၾကာင္း၊ လူငယ္မ်ား၏ တက္ႂကြသည့္ စိတ္ဓာတ္၊ သင္ၾကားထားသည့္အတတ္ပညာႏွင့္ လူႀကီး မ်ား၏အေတြ႕အႀကဳံမ်ားေပါင္းစပ္၍ တိုင္း ျပည္တည္ၿငိမ္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးကိုေဆာင္႐ြက္ၾက ရန္လိုေၾကာင္း ထည့္သြင္းေျပာၾကားခဲ့ပါသည္။ ဤေျပာၾကားမႈမ်ားသည္ ေရရွည္တည္တံ့ခိုင္ၿမဲသည့္ ၿငိမ္းခ်မ္းေရးတည္ေဆာက္ရာတြင္ လူငယ္အားလုံး၏ စည္းလုံးညီၫြတ္သည့္အင္အားျဖင့္ လူငယ္မ်ား ကိုယ္တိုင္ကိုယ္က် ပါဝင္ႀကိဳးပမ္းေဆာင္႐ြက္၍ သာ ယာလွပသည့္ ႏိုင္ငံ့အနာဂတ္ကို အေရာက္လွမ္းၾက ေစရန္ တိုက္တြန္းမွာၾကားျခင္းဟု သုံးသပ္ရရွိပါသည္။
၈။ ဖြင့္ပြဲအခမ္းအနားအၿပီး ဆက္လက္က်င္းပေသာ လူငယ္ၿငိမ္းခ်မ္းေရးဖိုရမ္သို႔ ေနျပည္ေတာ္ ေကာင္စီနယ္ေျမအပါအဝင္ တိုင္းေဒသႀကီး/ ျပည္နယ္ (၁၄)ခုမွ လူငယ္ကိုယ္စားလွယ္မ်ား၊ လူထု အေျခ ျပဳအဖြဲ႕အစည္းမ်ားမွ ေစတနာ့ဝန္ထမ္းလူငယ္မ်ား၊ ပရဟိတအသင္းအဖြဲ႕မ်ားႏွင့္ NGO လူငယ္ကြန္ရက္ အဖြဲ႕မ်ားမွ လူငယ္မ်ား၊ တိုင္းရင္းသားယဥ္ေက်းမႈႏွင့္ ဘာသာေရးဆိုင္ရာ ယုံၾကည္ကိုးကြယ္မႈအမ်ိဳးမ်ိဳးမွ လူငယ္ကိုယ္စားလွယ္မ်ား၊ နယ္စပ္‌ေဒသမ်ားမွ တိုင္းရင္းသားလူငယ္ကိုယ္စားလွယ္မ်ား၊ ဝန္ႀကီးဌာန မ်ားရွိ တကၠသိုလ္မ်ားမွ လူရည္ခြၽန္မ်ားအပါအဝင္ ေက်ာင္းသား/သူမ်ား၊ ဘာသာရပ္ဆိုင္ရာ ကြၽမ္းက်င္သူ အရာထမ္းမ်ား၊ ကိုယ္စားလွယ္မ်ားႏွင့္ နယ္ပယ္အသီးသီးမွကြၽမ္းက်င္ပညာရွင္မ်ား၊ အသင္းအဖြဲ႕မွ လူ ငယ္မ်ား၊ ထူးခြၽန္အားကစားလူငယ္မ်ား၊ ေစတနာ့ဝန္ထမ္းလူငယ္မ်ား၊ တိုင္းရင္းသားယဥ္ေက်းမႈႏွင့္ ဘာသာေရးဆိုင္ရာ ယုံၾကည္ကိုးကြယ္မႈအမ်ိဳးမ်ိဳးမွ လူငယ္ကိုယ္စားလွယ္မ်ား၊ အမ်ိဳးသမီးအဖြဲ႕မ်ားမွ လူငယ္ကိုယ္စားလွယ္မ်ား၊ JMC မွ လူငယ္ကိုယ္စားလွယ္မ်ား၊ နယ္စပ္ေဒသမ်ားမွ တိုင္းရင္းသား လူငယ္ ကိုယ္စားလွယ္မ်ားႏွင့္ စာေပႏွင့္ ဂီတအႏုပညာရွင္ လူငယ္ကိုယ္စားလွယ္မ်ား စုစုေပါင္း(၄၅၀)ဦးတက္ ေရာက္ခဲ့ၾကပါသည္။
၉။ (၁၃-၁-၂၀၂၆) ပထမရက္ (မြန္းလြဲပိုင္း)တြင္ “ၿငိမ္းခ်မ္းေရး လက္ဆင့္ကမ္းျခင္းႏွင့္ ၿငိမ္းခ်မ္းေသာ လူ႔အဖြဲ႕အစည္းျမႇင့္တင္ျခင္း” ေခါင္းစဥ္ျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ပါဝင္ခဲ့သူမ်ားက ၿငိမ္းခ်မ္းေရး၊ ေစ့စပ္ညႇိႏႈိင္းေရးႏွင့္ ပဋိပကၡေျဖရွင္းေရးဆိုင္ရာအစီအမံမ်ား၊ ၿငိမ္းခ်မ္းေရးတည္ေဆာက္ရာတြင္ ယုံ ၾကည္မႈႏွင့္ယုံၾကည္မႈတည္ေဆာက္ျခင္းဆိုင္ရာအစီအမံမ်ား၊ ျမန္မာႏိုင္ငံၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို မဟာဗ်ဴဟာအျမင္ျဖင့္ေလ့လာျခင္း၊ ၿငိမ္းခ်မ္းေသာ လူ႔အဖြဲ႕အစည္းျမႇင့္တင္ျခင္းႏွင့္ လူငယ္မ်ား၏ အခန္းက႑တို႔ကို ရွင္းလင္းေဆြးေႏြးျခင္းျဖင့္ ႏိုင္ငံတစ္ဝန္းရွိ လူငယ္မ်ားကို ၿငိမ္းခ်မ္းေရးတည္ေဆာက္ ေရးႏွင့္ ၿငိမ္းခ်မ္းေရးအသိပညာမ်ား ျမႇင့္တင္ေပးႏိုင္သည္ကိုေတြ႕ရွိရပါသည္။
၁၀။ ဆက္လက္၍ လူငယ္ၿငိမ္းခ်မ္းေရးဖိုရမ္သို႔တက္ေရာက္လာသည့္ ေနျပည္ေတာ္ ေကာင္စီနယ္ ေျမ၊ တိုင္းေဒသႀကီး/ျပည္နယ္မ်ားႏွင့္ နယ္စပ္ေဒသရွိ လူငယ္ကိုယ္စားလွယ္မ်ား၊ တိုင္းရင္းသား စာေပ၊ ယဥ္ေက်းမႈႏွင့္ ဘာသာေရးအဖြဲ႕မ်ားမွ လူငယ္ကိုယ္စားလွယ္စုစုေပါင္း (၂၂)ဦးတို႔က လက္နက္ကိုင္ပဋိ ပကၡမ်ားေလွ်ာ့ခ်ရပ္တန႔္ေစေရးႏွင့္စပ္လ်ဥ္း၍ ေဆြးေႏြးျခင္း၊ လူငယ္မ်ား၏အသံမ်ားကို နားေထာင္ျခင္း ႏွင့္ လူငယ္ထုအတြက္ ၿငိမ္းခ်မ္းေရးဆိုင္ရာ လွ်ပ္တစ္ျပက္ စစ္တမ္းဆႏၵ သေဘာထား ေကာက္ယူျခင္း မ်ားေဆာင္႐ြက္ခဲ့ပါသည္။ ထိုသို႔ေဆာင္႐ြက္ျခင္းျဖင့္ လက္နက္ကိုင္ပဋိပကၡမ်ားရပ္တန႔္ေစေရးႏွင့္ ၿငိမ္းခ်မ္းေသာလူ႔အဖြဲ႕အစည္းျမႇင့္တင္ျခင္းတို႔တြင္ လူ ငယ္မ်ား၏အခန္းက႑ႏွင့္ပတ္သက္၍ ဆက္ လက္ေဆာင္႐ြက္သင့္သည္မ်ားကို ေဖာ္ထုတ္ရရွိခဲ့ပါသည္။
၁၁။ (၁၄-၁-၂၀၂၆) ဒုတိယရက္ (နံနက္ပိုင္း) တြင္ လူငယ္မ်ား၏အခန္းက႑ကို လူငယ္ပညာရွင္မ်ား၊ ဝန္ႀကီးဌာနအသီးသီးမွ ကိုယ္စားလွယ္မ်ားက “လက္နက္ကိုင္ပဋိပကၡမ်ားရပ္တန႔္ေရး၊ ႏိုင္ငံတည္ ေဆာက္ေရးတြင္ လူငယ္မ်ား၏ပါဝင္မႈႏွင့္ ျပန္လည္ထူေထာင္ေရးႏွင့္တည္ေဆာက္ေရး” ေခါင္းစဥ္ျဖင့္ လည္းေကာင္း၊ “လူမႈေရး၊ ပညာေရးႏွင့္ ယဥ္ေက်းမႈျမႇင့္တင္ျခင္း၊ လူမ်ိဳးေပါင္းစုံ အတူယွဥ္တြဲေနထိုင္ေရး၊ ယဥ္ေက်းမႈဖလွယ္ေရးႏွင့္ အားကစား၊ လူငယ္က်န္းမာေရး၊ စိတ္ပိုင္းဆိုင္ရာပံ့ပိုးမႈႏွင့္မူးယစ္ေဆးဝါး တိုက္ဖ်က္ေရး” ေခါင္းစဥ္ျဖင့္လည္းေကာင္း၊ “စီးပြားေရးႏွင့္ အလုပ္အကိုင္အခြင့္အလမ္းမ်ား၊ စြန႔္ဦးတီ ထြင္မႈႏွင့္ နည္းပညာအေျချပဳစီးပြားေရး” ေခါင္းစဥ္ျဖင့္လည္းေကာင္း၊ “သတင္းအခ်က္အလက္ နည္း ပညာသက္ေရာက္မႈမ်ား(IT)၊ ဉာဏ္ရည္တုနည္းပညာ(AI) စနစ္ထူေထာင္ေရး၊ ဆိုက္ဘာ(Cyber) ၊ Online Security ၊ လူမႈကြန္ရက္(Social Media) ႏွင့္ ကြန္ရက္အဖြဲ႕မ်ား၊ ထိေရာက္ေသာ သတင္းမွန္ ျပန္ၾကားေရး” ေခါင္းစဥ္ျဖင့္လည္းေကာင္း အသီးသီး ရွင္းလင္းေဆြးေႏြးခဲ့ၾကပါသည္။ အဆိုပါေခါင္းစဥ္ မ်ားအေပၚ အေျခခံ၍ အဖြဲ႕(၄)ဖြဲ႕ကို အခန္း(၄)ခန္းခြဲ၍ အဖြဲ႕လိုက္ ေဆြးေႏြးအေျဖရွာခဲ့ၾကပါသည္။
၁၂။ (၁၄-၁-၂၀၂၆) ဒုတိယရက္ (မြန္းလြဲပိုင္း)တြင္ ခန္းမႀကီးအတြင္း အဖြဲ႕လိုက္ရရွိလာသည့္ ေဖာ္ ထုတ္ခ်က္မ်ား ျပန္လည္တင္ျပျခင္း၊ လွ်ပ္တစ္ျပက္ၿပိဳင္ပြဲ မ်ားျပဳလုပ္ျခင္း၊ ပန္းခ်ီေရးဆြဲျခင္း၊ Quiz ၿပိဳင္ပြဲမ်ားျပဳလုပ္ျခင္း၊ ဆုမ်ားခ်ီးျမႇင့္ျခင္းႏွင့္ အုပ္စုအလိုက္ ကြန္ရက္ဖြဲ႕ေဆာင္႐ြက္ရန္ လုပ္ငန္းစီမံခ်က္ ျပင္ဆင္ျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ပါသည္။
၁၃။ (၁၅-၁-၂၀၂၆) တတိယရက္(နံနက္ပိုင္း)တြင္ လူငယ္ဖိုရမ္၏ အဓိက အေရးႀကီးဆုံးလုပ္ငန္းစဥ္ ျဖစ္သည့္ လူငယ္ကြန္ရက္ဖြဲ႕စည္းျခင္း၊ ခ်ိတ္ဆက္ ျခင္း၊ ကြန္ရက္အလိုက္စီမံခ်က္၊ အဆိုျပဳခ်က္မ်ားကို ေဆြးေႏြးခဲ့ၾကပါသည္။ အဆိုပါအစီအစဥ္တြင္ ပဋိပကၡဒဏ္ခံရသူမ်ားအတြက္ ျပန္လည္ထူေထာင္ေရးႏွင့္ တည္ေဆာက္ေရးဆိုင္ရာ အႀကံဉာဏ္မ်ားေဖာ္ထုတ္ျခင္း၊ ရယူျခင္းႏွင့္ ၿငိမ္းခ်မ္းေရးအေမြ လက္ဆင့္ ကမ္းျခင္းအတြက္ လုပ္ငန္းစီမံခ်က္၊ ယဥ္ေက်းမႈႏွင့္အားကစားေပါင္းဖက္ေပးေရး၊ ေရရွည္ ၿငိမ္းခ်မ္းေရး အတြက္ လုပ္ငန္းစီမံခ်က္၊ အစိုးရႏွင့္ ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္မႈ ေရွ႕ေျပးစီမံကိန္း (A Public–Private Partnership Pilot Project) လုပ္ငန္းစီမံခ်က္ႏွင့္ ဘက္မလိုက္ေသာ သတင္းမွန္ ျပန္ၾကားေရး လုပ္ငန္းစီမံခ်က္ဟူ၍ လုပ္ငန္းစီမံခ်က္ (၄)ခုကို ေဆြးေႏြးတင္ျပခဲ့ပါသည္။ ထိုသို႔ တင္ျပခ်က္အေပၚ ပညာရွင္မ်ားက အႀကံျပဳေဆြးေႏြးျခင္းႏွင့္ အဆိုျပဳခ်က္မ်ားကို အကဲျဖတ္ျခင္းမ်ားေဆာင္႐ြက္ခဲ့ပါသည္။ ထို႔ျပင္ လူငယ္ထုအတြင္း လွ်ပ္တစ္ျပက္ စစ္ တမ္း၊ ဆႏၵေကာက္ယူျခင္းႏွင့္ ဆုခ်ီးျမႇင့္ျခင္းမ်ားကို Chatham House Rules ႏွင့္အညီ လြတ္လပ္စြာ ေဆြးေႏြးေဆာင္႐ြက္ခဲ့ပါသည္။
၁၄။ ထိုသို႔ေဆြးေႏြးမႈမ်ားမွတစ္ဆင့္ ပဋိပကၡကိုျဖစ္ ေပၚေစသည့္အခ်က္မ်ားႏွင့္ ၿငိမ္းခ်မ္းေရး လုပ္ ငန္းစဥ္အေပၚ သက္ေရာက္မႈမ်ား၊ လူငယ္မ်ား၏ လုံၿခဳံေရးႏွင့္ အကာအကြယ္၊ က်ား/မက႑အလိုက္ မတူညီေသာ ထိလြယ္ရွလြယ္သည့္အေျခအေန၊ အားနည္းခ်က္မ်ားကိုေလ့လာေဖာ္ထုတ္ႏိုင္ခဲ့ပါသည္။ ထို႔ျပင္ ၿငိမ္းခ်မ္း ေရးလုပ္ငန္းစဥ္တြင္ ႏိုင္ငံသားမ်ား ပူးေပါင္းပါဝင္ႏိုင္မႈအတြက္ စိန္ေခၚမႈမ်ား၊ အလုပ္ အကိုင္အခြင့္အလမ္းဆိုင္ရာ ကိစၥရပ္မ်ား၊ ပညာဆက္လက္သင္ယူႏိုင္ေရးႏွင့္ ပညာေရးကြာဟခ်က္မ်ား၊ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးတြင္ ပူးေပါင္းပါဝင္ေဆာင္႐ြက္ႏိုင္မည့္အ ေျခအေနမ်ားကိုလည္း ေဖာ္ ထုတ္ရရွိခဲ့ပါသည္။ တစ္ဆက္တည္းမွာပင္ ဉာဏ္ရည္တုနည္းပညာ(AI)၊ ဆိုက္ဘာ(Cyber) ၊ လူမႈကြန္ ရက္ (Social Media) မ်ားတြင္ လူငယ္မ်ားပါဝင္ဦးေဆာင္ႏိုင္မႈႏွင့္ ၿငိမ္းခ်မ္းေရးတည္ေဆာက္ေရး အတြက္ လူငယ္မ်ား၏ သေဘာထားဆႏၵအသံမ်ားကို ေလ့လာေဖာ္ထုတ္ရရွိခဲ့ပါသည္။ ထိုေဆြးေႏြး ေဖာ္ ထုတ္ခ်က္မ်ားသည္ အနာဂတ္စီမံကိန္းမ်ားေရးဆြဲကာ ႏိုင္ငံေတာ္တည္ၿငိမ္ေရးႏွင့္အနာဂတ္ ကာလ တြင္ လူငယ္မ်ား တစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳ ပူးေပါင္းပါဝင္လာေစေရးႏွင့္ ၿငိမ္းခ်မ္းေသာ အနာဂတ္ကိုပုံေဖာ္ရာတြင္ လူငယ္မ်ားက အဓိပၸာယ္ျပည့္ဝေသာအခန္းက႑မွ ပါဝင္လာေစေရးတို႔ အတြက္ မ်ားစြာအက်ိဳးရွိမည္ျဖစ္ပါသည္။
၁၅။ (၁၅-၁-၂၀၂၆) တတိယရက္(မြန္းလြဲပိုင္း) လူငယ္ၿငိမ္းခ်မ္းေရးဖိုရမ္ ပိတ္ပြဲအခမ္းအနားသို႔ ႏိုင္ငံ ေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ ဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီး ခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက အမွာစကားေျပာၾကားခဲ့ပါသည္။ အမွာစကားေျပာၾကား ရာတြင္ အဓိကအားျဖင့္ လူငယ္မ်ားအေနျဖင့္ ပညာတတ္မွသာ သတင္းမွား(Fake News) မ်ားကို ခြဲျခား ႏိုင္မည္ျဖစ္ေၾကာင္း၊ အသိပညာျမင့္မားလာျခင္းသည္ ၿငိမ္းခ်မ္းေရးကို တိုက္႐ိုက္အေထာက္အကူ ျဖစ္ ေၾကာင္း၊ ရင္တြင္းခံစားခ်က္မ်ားကို ႐ိုးသားစြာ ေဖာ္ထုတ္ေဆြးေႏြးခဲ့ၾကသည့္လူငယ္မ်ား၏အသံသည္ ႏိုင္ငံ၏ေရွ႕သို႔ခ်ီတက္ျခင္း (Moving Forward) အတြက္ အေျခခံအင္အားျဖစ္ေၾကာင္း၊ ပညာတတ္သည့္ လူ႔အဖြဲ႕အစည္းတည္ေဆာက္ျခင္းႏွင့္ အားလုံးလက္တြဲပူးေပါင္းေဆာင္႐ြက္ျခင္းတို႔သည္ ပဋိပကၡကင္း ေဝးေသာ ႏိုင္ငံေတာ္သစ္ဆီသို႔သြားရာလမ္းေၾကာင္းျဖစ္ေၾကာင္းေျပာၾကားခ်က္မ်ားသည္ ၿငိမ္းခ်မ္းသည့္ ႏိုင္ငံ၊ ၿငိမ္းခ်မ္းသည့္လူ႔အဖြဲ႕အစည္းကို တည္ေဆာက္ရာတြင္ စြမ္းရည္ျမင့္မား၍ ထက္ျမက္ တက္ႂကြ ေသာ လူငယ္အင္အားစုႀကီးပါဝင္လာေစရန္ တိုက္တြန္းမွာၾကားျခင္းဟု သုံးသပ္ရရွိပါသည္။
၁၆။ (၃)ရက္တာက်င္းပခဲ့သည့္ လူငယ္ၿငိမ္းခ်မ္းေရး ဖိုရမ္-၂၀၂၆ ေဆြးေႏြးပြဲမွ အနာဂတ္ ျမန္မာႏိုင္ငံ ေတာ္တည္ေဆာက္ေရးအတြက္ လူငယ္ေၾကညာစာတမ္းကို ထုတ္ျပန္ေၾကညာခဲ့ၾကၿပီး လူငယ္ၿငိမ္းခ်မ္း ေရးဖိုရမ္မွ ၿငိမ္းခ်မ္းေရး၊ ျပန္လည္ထူေထာင္ေရးႏွင့္ တည္ေဆာက္ေရးဆိုင္ရာအႀကံျပဳခ်က္ (၅)ခ်က္၊ လူမႈေရး၊ ပညာေရး၊ ယဥ္ေက်းမႈႏွင့္ အားကစား၊ က်န္းမာေရး၊ မူးယစ္ဆိုင္ရာ အႀကံျပဳခ်က္(၁၅)ခ်က္၊ စီးပြားေရး၊ အလုပ္အကိုင္အခြင့္အလမ္းႏွင့္ စြန႔္ဦးတီထြင္မႈဆိုင္ရာအႀကံျပဳခ်က္ (၅)ခ်က္ႏွင့္ IT ၊ ဉာဏ္ ရည္တု AI ၊ Cyber ႏွင့္ လူမႈကြန္ရက္ဆိုင္ရာအႀကံျပဳခ်က္ (၅)ခ်က္ စုစုေပါင္းအႀကံျပဳခ်က္ (၃၀)ခ်က္ ရရွိ ခဲ့ပါသည္။ ရရွိလာသည့္အႀကံျပဳခ်က္မ်ားကို သက္ဆိုင္ရာဝန္ႀကီးဌာန၊ အဖြဲ႕အစည္းမ်ားက ဆက္လက္ အေကာင္အထည္ေဖာ္ႏိုင္ရန္ ျဖန႔္ေဝေပးခဲ့ၿပီးျဖစ္ပါသည္။
၁၇။ လူငယ္ေၾကညာစာတမ္းပါ သႏၷိ႒ာန္ (၅)ရပ္အရ ႏိုင္ငံေတာ္၏အနာဂတ္ကာလတြင္ ဆက္လက္ ေဆာင္႐ြက္မည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ ၿငိမ္းခ်မ္းေရးကို ျပင္းျပစြာလိုလားၾကေသာ လူငယ္ မ်ားႏွင့္ ဖြဲ႕စည္းထားသည့္လူငယ္ကြန္ရက္မ်ား ပါဝင္ေဆာင္႐ြက္လာသည္ကို ျမင္ေတြ႕ရမည္ျဖစ္ပါသည္။ ထို႔ျပင္ လူငယ္စြမ္းရည္ျမႇင့္တင္ေရးႏွင့္ လူငယ္ဆိုင္ရာစီမံကိန္းမ်ား၊ စီမံခ်က္မ်ားေပၚထြက္လာၿပီး ျမန္မာ ႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မ်ားႏွင့္စပ္လ်ဥ္းသည့္ ႏိုင္ငံတကာႏွင့္ ျပည္တြင္း/ျပည္ပ မီဒီယာတို႔၏ ရပ္ တည္ခ်က္မ်ားအေပၚ ျပည္တြင္းလူငယ္မ်ား၏ အျမင္ႏွင့္ပုံရိပ္တို႔ ေျပာင္းလဲလာမည္ျဖစ္ပါသည္။ ထို႔ျပင္ အနာဂတ္ႏိုင္ငံတည္ေဆာက္ေရးအတြက္ လူငယ္ႏွင့္ ၿငိမ္းခ်မ္းေရးမူဝါဒဆိုင္ရာစာတမ္း (Youth Peace Policy Paper) တစ္ရပ္လည္း ေပၚထြက္လာမည္ျဖစ္ပါသည္။
၁၈။ Youth Peace Forum 2026 တြင္ ေဆြးေႏြးမႈမ်ားမွ လူငယ္မ်ား၏အျမင္သေဘာထားမ်ား၊ မွန္ကန္ ေသာေတြးေခၚမႈ၊ ယုံၾကည္ခ်က္မ်ားျဖင့္ရရွိလာသည့္ အႀကံျပဳခ်က္မ်ားကို ေ႐ြးေကာက္ပြဲ အလြန္ ကာလတြင္ လူငယ္မ်ားအတြက္ လူမႈေရး၊ ပညာေရး၊ က်န္းမာေရး၊ စီးပြားေရး၊ ႏိုင္ငံေရးဆိုင္ရာ အက်ိဳး သက္ေရာက္မႈရွိေစမည့္ အနာဂတ္စီမံကိန္းမ်ားေရးဆြဲကာ လူငယ္မ်ား ပါဝင္ေဆာင္႐ြက္ႏိုင္ေရးႏွင့္ ၿငိမ္း ခ်မ္းေရးႏွင့္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းစဥ္မ်ားကို NSPNC က ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားႏိုင္မည္ျဖစ္ပါသည္။

Related news

© 2021. All rights reserved.