မဟာအောင်မြေတွင် ကျောက်ကုန်သည်တစ်ဦး ပြန်ပေးဆွဲခံရ

895

စိမ့်စမ်းရေ (NP News) - ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ယမန်နေ့ (ဖေဖော်ဝါရီလ (၂၂) ရက်) ညနေပိုင်း (၅) နာရီခွဲခန့်က ကျောက်ကုန်သည်တစ်ဦး ပြန်ပေးဆွဲ ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ နှင့် နီးစပ်သူများထံက သိရသည်။
ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ်၊ မဟာနောက်ရပ်ကွက်၊ (၈၅) လမ်း၊ ၄၀ နှင့် ၄၁ လမ်းကြားတွင် ဖြစ်ပွားခဲ့ပြီး ကျောက်ရောင်းဝယ်လုပ်ကိုင်သူ အသက် (၅၃) နှစ်အရွယ် အမျိုးသား တစ်ဦးသည် ၎င်း၏ အသက် (၁၂) နှစ်အရွယ် သားဖြစ်သူနှင့် အတူ မုန့်စားရာမှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် နေအိမ်ရှေ့ အရောက်တွင် အဖြူရောင်ကားတစ်စီး က လမ်းပိတ်ရပ်တန့်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကားပေါ်တွင် Mask ဝတ်ဆင်ထားသူ (၄) ဦး ပါသည့် အနက် (၃) ဦးက ကားပေါ်သို့ အဓမ္မ ဆွဲခေါ်နေစဉ် ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို ပြန်ဆွဲရန် ကြိုးပမ်းရာ မအောင်မြင်ပဲ ကားပေါ် ပါသွားခြင်း ဖြစ်ကြောင်း သိရသည်။
ပြန်ပေးဆွဲ ခံရသူနှင့်အတူ တန်ဖိုးစိစစ်ဆဲ ကျောက်စိမ်းအပွင့်နှင့် အတုံးများပါဝင်သည့် အိတ်တစ်လုံး၊ iPhone 17 Pro Max နှင့် iPhone 14 Pro Max တို့ပါသွားကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်ပေးဆွဲ ခံရသူ လွတ်မြောက်ရေး၊ ပြစ်မှုကျူးလွန်သူများနှင့် ယာဉ်အား ဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
မဟာေအာင္ေျမတြင္ ေက်ာက္ကုန္သည္တစ္ဦး ျပန္ေပးဆြဲခံရ
စိမ့္စမ္းေရ (NP News) - ေဖေဖာ္ဝါရီ ၂၃
မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ ယမန္ေန႔ (ေဖေဖာ္ဝါရီလ (၂၂) ရက္) ညေနပိုင္း (၅) နာရီခြဲခန႔္က ေက်ာက္ကုန္သည္တစ္ဦး ျပန္ေပးဆြဲ ခံရသည့္ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရး တပ္ဖြဲ႕ ႏွင့္ နီးစပ္သူမ်ားထံက သိရသည္။
ျဖစ္စဥ္မွာ မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာေနာက္ရပ္ကြက္၊ (၈၅) လမ္း၊ ၄၀ ႏွင့္ ၄၁ လမ္းၾကားတြင္ ျဖစ္ပြားခဲ့ၿပီး ေက်ာက္ေရာင္းဝယ္လုပ္ကိုင္သူ အသက္ (၅၃) ႏွစ္အ႐ြယ္ အမ်ိဳးသား တစ္ဦးသည္ ၎၏ အသက္ (၁၂) ႏွစ္အ႐ြယ္ သားျဖစ္သူႏွင့္ အတူ မုန႔္စားရာမွ ဆိုင္ကယ္ျဖင့္ ျပန္လာစဥ္ ေနအိမ္ေရွ႕ အေရာက္တြင္ အျဖဴေရာင္ကားတစ္စီး က လမ္းပိတ္ရပ္တန္႔ကာ ဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါကားေပၚတြင္ Mask ဝတ္ဆင္ထားသူ (၄) ဦး ပါသည့္ အနက္ (၃) ဦးက ကားေပၚသို႔ အဓမၼ ဆြဲေခၚေနစဥ္ ဇနီးျဖစ္သူက ခင္ပြန္းျဖစ္သူကို ျပန္ဆြဲရန္ ႀကိဳးပမ္းရာ မေအာင္ျမင္ပဲ ကားေပၚ ပါသြားျခင္း ျဖစ္ေၾကာင္း သိရသည္။
ျပန္ေပးဆြဲ ခံရသူႏွင့္အတူ တန္ဖိုးစိစစ္ဆဲ ေက်ာက္စိမ္းအပြင့္ႏွင့္ အတုံးမ်ားပါဝင္သည့္ အိတ္တစ္လုံး၊ iPhone 17 Pro Max ႏွင့္ iPhone 14 Pro Max တို႔ပါသြားေၾကာင္း သိရသည္။
ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ျပန္ေပးဆြဲ ခံရသူ လြတ္ေျမာက္ေရး၊ ျပစ္မႈက်ဴးလြန္သူမ်ားႏွင့္ ယာဥ္အား ဖမ္းဆီးရမိေရးအတြက္ ဆက္လက္စုံစမ္းရွာေဖြလ်က္ရွိေၾကာင္း သိရသည္။