စင်ကာပူမှာ ၁၀ နှစ်အတွင်း ဆရာဝန်အရေအတွက် ၅၀ ရာခိုင်နှုန်းခန့် တိုးတက်လာ၊ ၆၀ ရာခိုင်နှုန်းဟာ ပြည်တွင်းမှာသာ သင်တန်းဆင်းသူများဖြစ်

 105

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၃

စင်ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း ဆရာဝန်အင်အား သိသိသာသာမြင့်တက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်ကုန်မှာ ဆရာဝန်ဦးရေ ၁၇,၆၆၂ ဦး အထိ ရောက်ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန (MOH) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဒါဟာ ၂၀၁၃ ခုနှစ်က ရှိခဲ့တဲ့ ဆရာဝန်အရေအတွက် ၁၁,၃၃၇ ဦး နဲ့ နှိုင်းယှဉ်ရင် ၅၆ ရာခိုင်နှုန်းခန့် တိုးတက် လာခြင်းဖြစ်ပါတယ်။ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေ အနက် ၆ဝ ရာခိုင်နှုန်းဟာ စင်ကာပူရှိ ဆေးတက္ကသိုလ် (၃) ခု ဖြစ်တဲ့
-National University of Singapore (Yong Loo Lin School of Medicine)
- Duke-NUS Medical School
- Nanyang Technological University (Lee Kong Chian School of Medicine) တို့မှ ဘွဲ့ရရှိခဲ့သူများ ဖြစ်ကြပြီး ကျန်ရှိတဲ့ ၄၀ ရာခိုင်နှုန်း ကတာ့ ပြည်ပမှာ ပညာသင်ကြားခဲ့တဲ့ စင်ကာပူနိုင်ငံသားတွေနဲ့ နိုင်ငံခြားသား ဆရာဝန် တွေဖြစ်တယ်လို့ သိရပါတယ်။ ဆရာဝန်အရေအတွက် တိုးတက်လာမှုကြောင့် လူဦးရေနဲ့ ဆရာဝန်အချိုးလည်း ပိုမိုကောင်းမွန်လာခဲ့ပြီး ၂၀၁၃ ခုနှစ်က လူဦးရေ ၄၇၀ ကို ဆရာဝန် ၁ ဦးနှုန်းဆိုရင် ၂၀၂၃ ခုနှစ်မှာ လူဦးရေ ၃၃၀ ကို ဆရာဝန် ၁ ဦးနှုန်း ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
အဲဒီဆရာဝန် အင်အား စုစုပေါင်းအနက် ၄၂ ရာခိုင်နှုန်း ဟာ အထူးကုဆရာဝန်တွေ ဖြစ်ကြပြီး၊ ၂၀ ရာခိုင်နှုန်း ဟာ မိသားစုဆရာဝန် (Family Physicians) တွေ ဖြစ်ပါတယ်။ ကျန်ရှိသူတွေကတော့ ဆေးရုံတွေမှာ တာဝန် ထမ်းဆောင်နေတဲ့ အထွေထွေကု ဆရာဝန်တွေနဲ့ သင်တန်းသားဆရာဝန်တွေဖြစ်ကြတယ်လို့ သိရပါတယ်။ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆရာဝန်အင်အား တိုးမြှင့်ရခြင်းဟာ အဓိကအားဖြင့် လူဦးရေ အိုမင်းရင့် မာလာမှုနဲ့ ရောဂါရှုပ်ထွေးမှု ပိုမိုများပြားလာခြင်းကြောင့်ဖြစ်ပြီး အထူးသဖြင့် ဆေးရုံကြီးတွေတင် မကဘဲ ရပ်ကွက် အတွင်း ကျန်းမာရေးဌာနတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

Zawgyi Version;
စင္ကာပူမွာ ၁၀ ႏွစ္အတြင္း ဆရာဝန္အေရအတြက္ ၅၀ ရာခိုင္ႏႈန္းခန႔္ တိုးတက္လာ၊ ၆၀ ရာခိုင္ႏႈန္းဟာ ျပည္တြင္းမွာသာ သင္တန္းဆင္းသူမ်ားျဖစ္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၃
စင္ကာပူႏိုင္ငံမွာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုအတြင္း ဆရာဝန္အင္အား သိသိသာသာျမင့္တက္လာခဲ့ၿပီး ၂၀၂၃ ခုႏွစ္ကုန္မွာ ဆရာဝန္ဦးေရ ၁၇,၆၆၂ ဦး အထိ ေရာက္ရွိခဲ့တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန (MOH) ရဲ႕ အခ်က္အလက္ေတြအရ သိရပါတယ္။
ဒါဟာ ၂၀၁၃ ခုႏွစ္က ရွိခဲ့တဲ့ ဆရာဝန္အေရအတြက္ ၁၁,၃၃၇ ဦး နဲ႔ ႏႈိင္းယွဥ္ရင္ ၅၆ ရာခိုင္ႏႈန္းခန႔္ တိုးတက္ လာျခင္းျဖစ္ပါတယ္။ လက္ရွိတာဝန္ထမ္းေဆာင္ေနတဲ့ ဆရာဝန္ေတြ အနက္ ၆ဝ ရာခိုင္ႏႈန္းဟာ စင္ကာပူရွိ ေဆးတကၠသိုလ္ (၃) ခု ျဖစ္တဲ့
-National University of Singapore (Yong Loo Lin School of Medicine)
- Duke-NUS Medical School
- Nanyang Technological University (Lee Kong Chian School of Medicine) တို႔မွ ဘြဲ႕ရရွိခဲ့သူမ်ား ျဖစ္ၾကၿပီး က်န္ရွိတဲ့ ၄၀ ရာခိုင္ႏႈန္း ကတာ့ ျပည္ပမွာ ပညာသင္ၾကားခဲ့တဲ့ စင္ကာပူႏိုင္ငံသားေတြနဲ႔ ႏိုင္ငံျခားသား ဆရာဝန္ ေတြျဖစ္တယ္လို႔ သိရပါတယ္။ ဆရာဝန္အေရအတြက္ တိုးတက္လာမႈေၾကာင့္ လူဦးေရနဲ႔ ဆရာဝန္အခ်ိဳးလည္း ပိုမိုေကာင္းမြန္လာခဲ့ၿပီး ၂၀၁၃ ခုႏွစ္က လူဦးေရ ၄၇၀ ကို ဆရာဝန္ ၁ ဦးႏႈန္းဆိုရင္ ၂၀၂၃ ခုႏွစ္မွာ လူဦးေရ ၃၃၀ ကို ဆရာဝန္ ၁ ဦးႏႈန္း ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။
အဲဒီဆရာဝန္ အင္အား စုစုေပါင္းအနက္ ၄၂ ရာခိုင္ႏႈန္း ဟာ အထူးကုဆရာဝန္ေတြ ျဖစ္ၾကၿပီး၊ ၂၀ ရာခိုင္ႏႈန္း ဟာ မိသားစုဆရာဝန္ (Family Physicians) ေတြ ျဖစ္ပါတယ္။ က်န္ရွိသူေတြကေတာ့ ေဆး႐ုံေတြမွာ တာဝန္ ထမ္းေဆာင္ေနတဲ့ အေထြေထြကု ဆရာဝန္ေတြနဲ႔ သင္တန္းသားဆရာဝန္ေတြျဖစ္ၾကတယ္လို႔ သိရပါတယ္။ စင္ကာပူက်န္းမာေရးဝန္ႀကီးဌာနအေနနဲ႔ ဆရာဝန္အင္အား တိုးျမႇင့္ရျခင္းဟာ အဓိကအားျဖင့္ လူဦးေရ အိုမင္းရင့္ မာလာမႈနဲ႔ ေရာဂါရႈပ္ေထြးမႈ ပိုမိုမ်ားျပားလာျခင္းေၾကာင့္ျဖစ္ၿပီး အထူးသျဖင့္ ေဆး႐ုံႀကီးေတြတင္ မကဘဲ ရပ္ကြက္ အတြင္း က်န္းမာေရးဌာနေတြမွာ က်န္းမာေရးေစာင့္ေရွာက္မႈပိုမိုေကာင္းမြန္ေစဖို႔ ရည္႐ြယ္တယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.