စစ်ကိုင်းမြို့၊"ထက်" ကိုယ်ပိုင်အထက်တန်းကျောင်းမှ G 5 နှင့် G 9 ကျောင်းသား (၁၆၀) ကျော် ဖြေဆိုခွင့်ကတ် ရသော်လည်း စာမေးပွဲဖြေခွင့်မရ

1246

သုတကျော် (NP News) - ဖေဖော်ဝါရီ ၂၃
စစ်ကိုင်းမြို့၊ ထက် ကိုယ်ပိုင်အထက်တန်းကျောင်းမှ G 5 နှင့် G 9 ကျောင်းသား ၁၆၀ ကျော် မှာ ဖြေဆိုခွင့် ကတ် ရပြီးသော်လည်း စာမေးပွဲ ဖြေခွင့်မရကြောင်း ကျောင်းသား၊ ကျောင်းသူများ ၏ မိဘများ၏ NP News သတင်းဌာနသို့ ပြောကြားချက်အရ သိရသည်။
အဆိုပါ ကလေးငယ်များသည် ယနေ့ (ဖေဖော်ဝါရီလ ၂၃ ရက်) နံနက်ပိုင်းတွင် အတန်းတင်စာမေးပွဲ ဖြေဆိုရန်အတွက် ကျောင်းသို့သွားရောက်မှသာ ဖြေဆိုခွင့်မရကြောင်း သိရခြင်းဖြစ်ပြီး ယင်းသို့ ဖြေဆိုခွင့်မရသူများမှာ G 5 ကျောင်းသား (၇၂) ဦး၊ G 9 ကျောင်းသား (၈၉) ဦး ဖြစ်ကြောင်း သိရသည်။
ယခင် စစ်ကိုင်းငလျင်ကြောင့်ကျောင်းကို နှစ်သုတ်တက်စနစ် ဖွင့်ရာမှ ဩဂုတ်လတွင် တစ်သုတ်တက်စနစ် ပြင်ခိုင်းရာ ဇွန်လအတွင်းကပင် ကျောင်းသားလက်ခံပြီးဖြစ်သည့် အတွက် ဒုတိယဝန်ကြီး အဆင့်အထိ တင်ပြခဲ့ကြောင်း အဆိုပါအထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဦးခင်မောင်ရေးက ပြောသည်။
“ကျွန်တော်တို့ ကျောင်းသည် တရားဝင်ကျောင်းလည်း ဖြစ်တယ်။ (၂၁) ရက်၊ (၁) လ၊ (၂၀၂၆) မှာ နေပြည်တော် သွားခဲ့တယ်။ ပညာရေး ဒုတိယဝန်ကြီးကို စာရင်းတင်ပြခဲ့တယ်။ အခု ဖြေခွင့်မရတဲ့ကလေးတွေ စာရင်းပေါ့။ ရှင်းပြတဲ့အခါကျတော့ အဓိကကျောင်းအဆင်ပြေဖို့ပါဆိုပြီး ပြောလိုက်တယ်။ စာရင်းလည်း ပေးခဲ့တယ်” ဟု ဦးခင်မောင်ရေး က ပြောသည်။
ထို့နောက် စာမေးပွဲဖြေဆိုခွင့် ကတ်ရသော်လည်း ဖြေဆိုခွင့်မရခြင်းဖြစ်ပြီး ဝင်ရောက်ဖြေဆိုရမည့် စာဖြေဌာန များတွင်လည်း တားမြစ်ခံရသော ကျောင်းသား၊ ကျောင်းသူများ၏ ခုံနံပါတ်စာရင်းများ ပါဝင်ကြောင်း သိရသည်။
“တစ်နှစ်ဆိုတစ်နှစ်ပါ ။ ငွေရေးကြေးရေးလည်း မလွယ်ကူသလို ကလေးတွေပညာရေးကို နောက်ကျမခံနိုင်လို့ အမတို့ အဆင်ပြေသလို လုပ်နေရတာပါ။ အဲဒါလေးတွေကို ငဲ့ညာပြီးတော့ ကြည့်ပေးစေချင်ပါတယ်။ ဒီထဲမှာ အရမ်းတော်တဲ့ ကလေးတွေပါပါတယ်။ အဲဒီလိုကလေးတွေရဲ့ စိတ်ထဲမှာ ဒဏ်ရာရသွားရင်။ ဆုတက်ယူရမယ့် ကလေးတွေတောင်ပါပါတယ်။ အဲဒီလိုကလေးတွေထဲမှာ ဒဏ်ရာပါသွားရင် အခုအမတို့ဆိုရင် မနက်ဖြန်အတွက် စာလုပ်ရမလား ။ ဘယ်လိုဘာဖြေမလဲ။ အဲဒီလိုဖြစ်နေပြီ” ဟု ကျောင်းသား မိဘတစ်ဦးက ပြောသည်။
ကလေးများ၏ စိတ်အတွင်းတွင်လည်း စိတ်ဒဏ်ရာ ရသွားနိုင်ကြောင်း ၎င်းက ပြောသည်။
“အဖြူအစိမ်းလေးနဲ့ ဒီရောက်မှ ဝယ်မယ်ဆိုပြီးတော့ အဖြူအစိမ်းဖိုး မတက်နိုင်လို့ အကျီငှားပြီး မီးပူတိုက်ပြီး သွားဝယ် ပေးခဲ့ရတဲ့ သူရှိသလို၊ တချို့ ငါ့သားလေး ဒီ(၅)တန်း အောင်မယ် (၁၂)တန်း အောင်ရင်ဘာလေးဖြစ် ရမယ်ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ ထားတာ။ ဖြစ်တဲ့ ပြဿနာတိုင်းမှာ ပိုက်ဆံရှိတဲ့သူတွေက ဘာမှမဖြစ်ပါဘူး။ အခြေခံလူတန်းစားလေးတွေ အောက်လက်ငယ်သားတွေပဲ နာတာပါ” ဟု ၎င်းက ပြောသည်။
အဆိုပါ ဖြေဆိုခွင့်မရသူ ကလေးငယ်များအနေဖြင့် ယခုဖြေမည့် အတန်းမတိုင်မီ အတန်းများကို အမှန်တကယ် အောင်ခဲ့၊ မအောင်ခဲ့ဆိုခြင်းကို စစ်ဆေးရန် အချိန်မရခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူး ရုံး မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဖြေဆိုလိုကြောင်း တင်ပြတဲ့တင်ပြချက်ကို ကျွန်တော်တို့ ၁၉ ရက် ရက်စွဲနဲ့ သူတို့ တင်ထားပေမယ့် ကျွန်တော်တို့ဆီကို ဒီနေ့ ၁၀ နာရီ ၄၀ လောက်မှ ရရှိခဲ့ပါတယ်။ အခုဖြေမယ့် စာမေးပွဲရဲ့ အတန်းမတိုင်ခင် သူတို့တက်ခဲ့သလား၊ မတက်ခဲ့သလားနဲ့ ဒီတစ်နှစ်လုံး သူတို့အမှန်တကယ် ကျောင်းတက်ရောက်ခဲ့ခြင်း ရှိ၊ မရှိ ကျွန်တော်တို့ စိစစ်နိုင်ခဲ့ခြင်း မရှိပါဘူး။ အဲဒီလို စစ်ဆေးနိုင်ခြင်း မရှိလို့၊ အတည်ပြုနိုင်ခြင်းမရှိလို့ စာမေးပွဲဖြေဆိုခွင့် မပေးခဲ့ခြင်းဖြစ်ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
ခုံနံပါတ် နှင့် ယာယီဖြေဆိုခွင့်ကတ်များကို ထုတ်ပေးခဲ့ခြင်းမှာ တိုင်းပညာရေးမှူးရုံးကို တင်ပြ၊ ခွင့်ပြုချက် ယူခဲ့ခြင်း မရှိပဲ ခရိုင်ပညာရေးမှူးရုံးက ဆောင်ရွက်ခဲ့သည့်အတွက် အတည်မဟုတ်ကြောင်း ၎င်းက ပြောသည်။
“မိမိအထက် တာဝန်ရှိသူတွေကို တင်ပြခြင်းမရှိပဲနဲ့ ၎င်းတို့ရဲ့ သဘောနဲ့ ဆောင်ရွက်ခဲ့တယ်လို့ပဲ ဖြေကြားလိုပါတယ်” ဟု ၎င်းက ပြောသည်။
ဖြစ်စဉ် အစအဆုံးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် အခြေခံပညာဦးစီးဌာနသို့ တင်ပြမည်ဖြစ်ကြောင်းလည်း အထက်ပါ တာဝန်ရှိသူမှ ပြောသည်။

Zawgyi Version:
စစ္ကိုင္းၿမိဳ႕၊"ထက္" ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ G 5 ႏွင့္ G 9 ေက်ာင္းသား (၁၆၀) ေက်ာ္ ေျဖဆိုခြင့္ကတ္ ရေသာ္လည္း စာေမးပြဲေျဖခြင့္မရ
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၂၃
စစ္ကိုင္းၿမိဳ႕၊ ထက္ ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ G 5 ႏွင့္ G 9 ေက်ာင္းသား ၁၆၀ ေက်ာ္ မွာ ေျဖဆိုခြင့္ ကတ္ ရၿပီးေသာ္လည္း စာေမးပြဲ ေျဖခြင့္မရေၾကာင္း ေက်ာင္းသား၊ ေက်ာင္းသူမ်ား ၏ မိဘမ်ား၏ NP News သတင္းဌာနသို႔ ေျပာၾကားခ်က္အရ သိရသည္။
အဆိုပါ ကေလးငယ္မ်ားသည္ ယေန႔ (ေဖေဖာ္ဝါရီလ ၂၃ ရက္) နံနက္ပိုင္းတြင္ အတန္းတင္စာေမးပြဲ ေျဖဆိုရန္အတြက္ ေက်ာင္းသို႔သြားေရာက္မွသာ ေျဖဆိုခြင့္မရေၾကာင္း သိရျခင္းျဖစ္ၿပီး ယင္းသို႔ ေျဖဆိုခြင့္မရသူမ်ားမွာ G 5 ေက်ာင္းသား (၇၂) ဦး၊ G 9 ေက်ာင္းသား (၈၉) ဦး ျဖစ္ေၾကာင္း သိရသည္။
ယခင္ စစ္ကိုင္းငလ်င္ေၾကာင့္ေက်ာင္းကို ႏွစ္သုတ္တက္စနစ္ ဖြင့္ရာမွ ဩဂုတ္လတြင္ တစ္သုတ္တက္စနစ္ ျပင္ခိုင္းရာ ဇြန္လအတြင္းကပင္ ေက်ာင္းသားလက္ခံၿပီးျဖစ္သည့္ အတြက္ ဒုတိယဝန္ႀကီး အဆင့္အထိ တင္ျပခဲ့ေၾကာင္း အဆိုပါအထက္တန္းေက်ာင္း၏ ေက်ာင္းအုပ္ႀကီး ဦးခင္ေမာင္ေရးက ေျပာသည္။
“ကြၽန္ေတာ္တို႔ ေက်ာင္းသည္ တရားဝင္ေက်ာင္းလည္း ျဖစ္တယ္။ (၂၁) ရက္၊ (၁) လ၊ (၂၀၂၆) မွာ ေနျပည္ေတာ္ သြားခဲ့တယ္။ ပညာေရး ဒုတိယဝန္ႀကီးကို စာရင္းတင္ျပခဲ့တယ္။ အခု ေျဖခြင့္မရတဲ့ကေလးေတြ စာရင္းေပါ့။ ရွင္းျပတဲ့အခါက်ေတာ့ အဓိကေက်ာင္းအဆင္ေျပဖို႔ပါဆိုၿပီး ေျပာလိုက္တယ္။ စာရင္းလည္း ေပးခဲ့တယ္” ဟု ဦးခင္ေမာင္ေရး က ေျပာသည္။
ထို႔ေနာက္ စာေမးပြဲေျဖဆိုခြင့္ ကတ္ရေသာ္လည္း ေျဖဆိုခြင့္မရျခင္းျဖစ္ၿပီး ဝင္ေရာက္ေျဖဆိုရမည့္ စာေျဖဌာန မ်ားတြင္လည္း တားျမစ္ခံရေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ခုံနံပါတ္စာရင္းမ်ား ပါဝင္ေၾကာင္း သိရသည္။
“တစ္ႏွစ္ဆိုတစ္ႏွစ္ပါ ။ ေငြေရးေၾကးေရးလည္း မလြယ္ကူသလို ကေလးေတြပညာေရးကို ေနာက္က်မခံႏိုင္လို႔ အမတို႔ အဆင္ေျပသလို လုပ္ေနရတာပါ။ အဲဒါေလးေတြကို ငဲ့ညာၿပီးေတာ့ ၾကည့္ေပးေစခ်င္ပါတယ္။ ဒီထဲမွာ အရမ္းေတာ္တဲ့ ကေလးေတြပါပါတယ္။ အဲဒီလိုကေလးေတြရဲ႕ စိတ္ထဲမွာ ဒဏ္ရာရသြားရင္။ ဆုတက္ယူရမယ့္ ကေလးေတြေတာင္ပါပါတယ္။ အဲဒီလိုကေလးေတြထဲမွာ ဒဏ္ရာပါသြားရင္ အခုအမတို႔ဆိုရင္ မနက္ျဖန္အတြက္ စာလုပ္ရမလား ။ ဘယ္လိုဘာေျဖမလဲ။ အဲဒီလိုျဖစ္ေနၿပီ” ဟု ေက်ာင္းသား မိဘတစ္ဦးက ေျပာသည္။
ကေလးမ်ား၏ စိတ္အတြင္းတြင္လည္း စိတ္ဒဏ္ရာ ရသြားႏိုင္ေၾကာင္း ၎က ေျပာသည္။
“အျဖဴအစိမ္းေလးနဲ႔ ဒီေရာက္မွ ဝယ္မယ္ဆိုၿပီးေတာ့ အျဖဴအစိမ္းဖိုး မတက္ႏိုင္လို႔ အက်ီငွားၿပီး မီးပူတိုက္ၿပီး သြားဝယ္ ေပးခဲ့ရတဲ့ သူရွိသလို၊ တခ်ိဳ႕ ငါ့သားေလး ဒီ(၅)တန္း ေအာင္မယ္ (၁၂)တန္း ေအာင္ရင္ဘာေလးျဖစ္ ရမယ္ဆိုၿပီးေတာ့ ရည္႐ြယ္ခ်က္နဲ႔ ထားတာ။ ျဖစ္တဲ့ ျပႆနာတိုင္းမွာ ပိုက္ဆံရွိတဲ့သူေတြက ဘာမွမျဖစ္ပါဘူး။ အေျခခံလူတန္းစားေလးေတြ ေအာက္လက္ငယ္သားေတြပဲ နာတာပါ” ဟု ၎က ေျပာသည္။
အဆိုပါ ေျဖဆိုခြင့္မရသူ ကေလးငယ္မ်ားအေနျဖင့္ ယခုေျဖမည့္ အတန္းမတိုင္မီ အတန္းမ်ားကို အမွန္တကယ္ ေအာင္ခဲ့၊ မေအာင္ခဲ့ဆိုျခင္းကို စစ္ေဆးရန္ အခ်ိန္မရခဲ့ျခင္းျဖစ္ေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီး ပညာေရးမႉး ႐ုံး မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
“ေျဖဆိုလိုေၾကာင္း တင္ျပတဲ့တင္ျပခ်က္ကို ကြၽန္ေတာ္တို႔ ၁၉ ရက္ ရက္စြဲနဲ႔ သူတို႔ တင္ထားေပမယ့္ ကြၽန္ေတာ္တို႔ဆီကို ဒီေန႔ ၁၀ နာရီ ၄၀ ေလာက္မွ ရရွိခဲ့ပါတယ္။ အခုေျဖမယ့္ စာေမးပြဲရဲ႕ အတန္းမတိုင္ခင္ သူတို႔တက္ခဲ့သလား၊ မတက္ခဲ့သလားနဲ႔ ဒီတစ္ႏွစ္လုံး သူတို႔အမွန္တကယ္ ေက်ာင္းတက္ေရာက္ခဲ့ျခင္း ရွိ၊ မရွိ ကြၽန္ေတာ္တို႔ စိစစ္ႏိုင္ခဲ့ျခင္း မရွိပါဘူး။ အဲဒီလို စစ္ေဆးႏိုင္ျခင္း မရွိလို႔၊ အတည္ျပဳႏိုင္ျခင္းမရွိလို႔ စာေမးပြဲေျဖဆိုခြင့္ မေပးခဲ့ျခင္းျဖစ္ပါတယ္” ဟု အထက္ပါ တာဝန္ရွိသူက ေျပာသည္။
ခုံနံပါတ္ ႏွင့္ ယာယီေျဖဆိုခြင့္ကတ္မ်ားကို ထုတ္ေပးခဲ့ျခင္းမွာ တိုင္းပညာေရးမႉး႐ုံးကို တင္ျပ၊ ခြင့္ျပဳခ်က္ ယူခဲ့ျခင္း မရွိပဲ ခ႐ိုင္ပညာေရးမႉး႐ုံးက ေဆာင္႐ြက္ခဲ့သည့္အတြက္ အတည္မဟုတ္ေၾကာင္း ၎က ေျပာသည္။
“မိမိအထက္ တာဝန္ရွိသူေတြကို တင္ျပျခင္းမရွိပဲနဲ႔ ၎တို႔ရဲ႕ သေဘာနဲ႔ ေဆာင္႐ြက္ခဲ့တယ္လို႔ပဲ ေျဖၾကားလိုပါတယ္” ဟု ၎က ေျပာသည္။
ျဖစ္စဥ္ အစအဆုံးကို တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ႏွင့္ အေျခခံပညာဦးစီးဌာနသို႔ တင္ျပမည္ျဖစ္ေၾကာင္းလည္း အထက္ပါ တာဝန္ရွိသူမွ ေျပာသည္။